magurie
bissaka
ole-gunnar-solskjaer-aaron-wan-bissaka
#Sports_Myanmar
Unicode
ယူနိုက်တက်ရဲ့ အကောင်းဆုံး ကစားသမား တွေက ဘယ်သူတွေလဲ ဆိုတာ ဖွင့်ဟရင်း ဘယ်လို ကစားသမား တွေက အသင်းအတွက် အရေးပါဆုံး ဖြစ်နေကြပြီလဲ ဆိုတာ ရှင်းပြလိုက်တဲ့ #ဒင်းနစ်အာဝင်
===============
မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ပြီးခဲ့တဲ့ နွေ အပြောင်း အရွှေ့ တုန်းက ဒန်နီယယ် ဂျိမ်းစ် ၊ ဝမ် ဘစ်ဆာကာနဲ့ ဟယ်ရီ မက်ဂွားယား တို့ကို ခေါ်ယူ ထားခဲ့ ပြီး သူတို့ သုံးဦးလုံး ဟာ အသင်း သစ်မှာ ခြေစွမ်း ကောင်းတွေ ဆက်တိုက် ပြသ ထားနိုင် ခဲ့ကြ ပါတယ် ။
အခုတော့ မန်ချက်စတာ ယူနိုက်တက် ရဲ့ ဂန္ဓဝင် ကစားသမား ဟောင်း တစ်ဦး ဖြစ်တဲ့ ဒင်းနစ် အာဝင် က အသင်း ဟောင်းမှ ခေါ်ယူ ထားခဲ့ ကြတဲ့ ကစားသမား သစ် တွေဟာ အသင်း ရဲ့ ဒီ ရာသီ အကောင်းဆုံး ကစားသမား တွေ ဖြစ်ကြ ပြီး ဆိုးလ်ရှား ရဲ့ ပြန်လည် တည်ဆောက်ရေး အစီအစဉ် မှာ အထောက်အကူ ပေးနိုင် ကြ လိမ့်မယ် လို့ ဆိုသွား ခဲ့လိုက် ပါတယ် ။
” အာရွန် ဝမ် ဘစ်ဆာကာ နဲ့ ဒန်နီယယ် ဂျိမ်းစ် တို့ဟာ အသင်း နဲ့ လုံးဝ အသားကျ နေကြ ပါပြီ ။ ဒါ့အပြင် ဆိုးလ်ရှား ဟာ ဘောလုံး ရာသီ သစ် မတိုင်မီ မက်ဂွားယား ကို အရ ခေါ်ယူ နိုင်ခဲ့ ပါတယ် ။ ဒါ့ကြောင့် သူတို့ သုံးဦး ဟာ ကျွန်တော် တို့ အသင်း ရဲ့ အကောင်းဆုံး ကစားသမား တွေလို့ ခင်ဗျား တို့ အနီးစပ်ဆုံး ပြောလို့ ရနိုင် ပါတယ် ”
” အခု အချိန် လေးမှာ ဒီလို ပြောရတယ် ဆိုတာ စောသေးမှန်း ကျွန်တော် သိ ပါတယ် ။ ဒါပေမယ့် သုံးတို့ သုံးယောက် က တစ်ကယ့် ကို ကောင်းမွန် တဲ့ ကစားသမား ခေါ်ယူ မှုတွေ ဖြစ်ခဲ့ ကြတာ ကတော့ အသေအချာ ပါပဲ ။ ကျွန်တော် တို့ဟာ တစ်ကယ့် ကို တောင့်တင်း တဲ့ ဗဟို ခံစစ် အင်အားစု အလို ရှိခဲ့ ကြ ပါတယ် ။ ကျွန်တော် တို့ အခု ပိုင်ဆိုင် ခဲ့ကြ ပါပြီ ”
” ကျွန်တော် တို့ လျင်မြန် သွက်လက် မှုကို အလိုရှိ နေခဲ့ ကြတယ် ။ ဒီ အတွက် ဒန်နီယယ် ဂျိမ်းစ် ကို ခေါ်ယူ နိုင်ခဲ့ ကြတယ် ။ အဲ့ဒီ ထဲမှာ မယုံကြည် နိုင်ဖွယ် ကောင်းလောက် အောင် ထူးချွန် နေခဲ့ သူ ကတော့ ဝမ် ဘစ်ဆာကာ ပါပဲ ။ ဒါ့ကြောင့် သူတို့ သုံးယောက် ကို ခေါ်ယူ နိုင်ခဲ့ ခြင်းက ကောင်းမွန် လွန်ခဲ့ တာ ပါပဲ ”
” အသင်း က ထွက်ခွာ တဲ့ ကစားသမား ဆိုတာ အမြဲတမ်း တော့ ရှိနေ ကြမှာ ပါပဲ ။ ဒါပေမယ့် ကျွန်တော် တို့ဟာ တောင့်တင်း တဲ့ အင်အားစု တစ်ရပ် ပိုင်ဆိုင် ထားခဲ့ ကြ ပါတယ် ။ ကျွန်တော် တို့ ရှေ့ဆက် ပြီး လုပ်ဆောင် နိုင်ကြ သေးတဲ့ အရာ တွေ ရှိနေ တယ်လို့ ကျွန်တော် ထင်နေ ပါတယ် ”
” ဒါဟာ အိုလီ အတွက် အသင်း တစ်သင်းကို ပထမဆုံး အကြိမ် ရာသီကြို ကာလ ကနေ စတင် ကိုင်တွယ် ရတဲ့ နှစ် ဖြစ်သလို ကစားသမား သစ်တွေ ကိုလည်း ခေါ်ယူ နိုင်ခွင့် စတင် ပိုင်ဆိုင် ခဲ့ရ ပါတယ် ။ ကျွန်တော် တို့ သူ့ရဲ့ ဒီ အခွင့်အရေး ရရှိ ချိန် လုပ်ဆောင် ခဲ့တဲ့ အရာ ကနေ အပေါင်း လက္ခဏာ ဆောင်တဲ့ အရာ တွေကို မြင်တွေ့ခဲ့ ကြတယ် လို့ ထင်ပါတယ် ”
” ဇန်နဝါရီ မှာ ကျွန်တော် တို့ ဘယ် နေရာ မှ ရှိနိုင် ကြမလဲ ဆိုတာ ကို စောင့်ကြည့် ကြရ ပါ့မယ် ။ သေချာတာ ကတော့ နောက် ရာသီ စတင် တဲ့ အချိန် ဟာ ကျွန်တော် တို့ အတွက် ပိုကောင်း တဲ့ အချိန် ဖြစ်နေ မှာ ပါပဲ ။ ကျွန်တော် တို့ အခု မှန်ကန် တဲ့ လမ်းကြောင်း တစ်ခု ပေါ်ကို တစ်ဆင့်ချင်း သွားနေ ကြတယ် လို့ ထင်ပါတယ် ”
” အကယ်လို့ ခင်ဗျား ဟာ အသင်း ကြီး တစ်သင်း ရဲ့ ကစား သမား တစ်ယောက် ဖြစ်ချင် နေတယ် ၊ ဘောလုံး ကိုင် ကစား ချင်တယ် ဆိုရင် ပထမဆုံး အနေ နဲ့ ခံစစ် ကစားပုံ ကောင်းဖို့ လိုအပ် ပါတယ် ။ ကျွန်တော် တို့ ဘောလုံး ကစား ခဲ့ တုန်းက လည်း ပြိုင်ဖက် တောင်ပံ တိုက်စစ် ကစားသမား တွေဟာ အချိန် မရွေး ထိုးဖောက် ကစား နိုင််တာကြောင့် ခံစစ် ကို ကာကွယ် ဖို့ အရေးကြီး ခဲ့ ပါတယ် ”
” အကယ်လို့ ခံစစ် ကစားပုံ ဟာ ယုံကြည် ရပြီ ဆိုရင် သူတို့ တွေဟာ လိုအပ် တဲ့ အချိန် တွေမှာ တိုက်စစ် တက် ကစား နိုင်ဖို့ လည်း လိုအပ် လှ ပါတယ် ။ အခုခေတ် တောင်ပံ ခံစစ် ကစား သမား တွေဟာ အဲ့တာ ကိုပါ လုပ်ဆောင် နေကြ ရတဲ့ အတွက် သူတို့ တွေရဲ့ တန်ကြေး က ပေါင် သန်း 50 အထိ ဖြစ်နေ ခဲ့ရ တာပါ ”
” သူတို့ ရဲ့ ဦးစားပေး ရမယ့် အရာ က ခံစစ် လုံအောင် ကစား ဖို့ ပါပဲ ။ အဲ့တာ က သူတို့ တွေရဲ့ အဓိက တာဝန် ပါ ။ ဒါ့အပြင် တိုက်စစ် ကိုလည်း အလျင်း သင့်သလို လိုက်ပါရင်း အင်အား ဖြည့်တင်း ပေးရ ပါတယ် ။ အခု မော်ဒန် ဘောလုံး လောက မှာတော့ နောက်ခံ အစွန်လူ တွေက အရေး ပါလွန်း တဲ့ ကဏ္ဍ တစ်ရပ် မှာ ပါဝင် ကစား နေရ ပါပြီ ” လို့ ဒင်းနစ် အာဝင် က အဆုံးသတ် ပြောကြား သွားခဲ့ လိုက် ပါတယ် ။
#Sports_Myanmar