solsjaker

မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ လာမယ့် တနင်္လာ နေ့ ည မှာ ပရီး မီးယား လိဂ် ပွဲစဉ် ( ၇ ) အဖြစ် အာဆင်နယ် အသင်း ကို အိမ်ကွင်း အိုးထရက်ဖိုဒ့် မှာ ယှဉ်ပြိုင် ကစား ရမှာ ဖြစ် ပါတယ် ။ ယူနိုက်တက် ဟာ ပြီး ခဲ့တဲ့ အပတ် က ၀က်စ်ဟမ်း အသင်း ကို အဝေးကွင်း မှာ အရေးနိမ့် ခဲ့ သလို ကြားရက် မှာ ကစား ခဲ့တဲ့ ကာရာဘောင် ဖလား ပွဲမှာ လည်း လိဂ်တူး ကလပ် ကို ပင်နယ်တီ အထိ ရောက်ခဲ့တာ ကြောင့် ဝေဖန်မှု တွေ နဲ့ ရင်ဆိုင် နေခဲ့ရ ပါတယ် ။

ဒါကြောင့် ယူနိုက်တက် ဟာ အသင်း ပရိသတ်တွေ ကို ပျော်ရွှင် စေဖို့ အတွက် နိုင်ပွဲ တစ်ပွဲ ကို ရှာဖွေ ဖို့ အပြင်း အထန် လိုအပ် နေပြီဖြစ် ပါတယ် ။ ဒါပေမယ့် အာဆင်နယ် ဟာ ယူနိုက်တက် တို့ အလွယ် တကူ အနိုင် ယူနိုင် တဲ့ အသင်း မျိုး မဟုတ် သလို နောက်ဆုံး ကစား ခဲ့တဲ့ ပွဲ တွေ မှာ လည်း ရလဒ် ကောင်းတွေ ပိုင်ဆိုင် ထားခဲ့ ပါတယ် ။

ဒါ့ အပြင် ယနေ့ ပေါ်ထွက် လာတဲ့ နောက်ဆုံးရ သတင်း တွေ ဟာ ယူနိုက်တက် ပရိသတ် တွေ အတွက် အကောင်း ထက် အဆိုး ဘက်ကို လျောက်လှမ်း ရဖို့ အလား အလာ တွေ ပိုမို စေခဲ့ ပါတယ် ။ ယူနိုက်တက် ဟာ လာမယ့် တနင်္လာနေ့ မှာ အသင်း ရဲ့ အားထား ရတဲ့ ကစား သမားတွေ ဖြစ်တဲ့ ပေါ့ဘာ ၊ မာရှယ် နဲ့ ရက်ဖိုဒ့် တို့ ကို ဆုံးရှုံး ရဖွယ် ရှိနိုင် တယ်လို့ သတင်း ထွက်ပေါ် လာခဲ့တာ ပဲ ဖြစ် ပါတယ် ။

pogba

အန်တိုနီ မာရှယ် ဟာ ယူနိုက်တက် အတွက် မကစား ပေးနိုင်တာ တစ်လ လောက် ရှိပြီ ဖြစ် သလို ရော့ခ်ျ ဒဲလ် နဲ့ ပွဲစဉ် မှာ ပြန်လည် ပါဝင် လာမယ် လို့ သတင်း ထွက်ခဲ့ ပေမယ့် အာဆင်နယ် နဲ့ ပွဲ ကိုပါ လွဲချော် မယ့် အနေ အထား မှာ ရှိ နေတယ် လို့ သတင်း ထွက်လာ ခဲ့ပြီ ဖြစ် ပါတယ် ။

ဝက်စ်ဟမ်း နဲ့ ပွဲ မှာ ဒဏ်ရာ ရရှိ သွားခဲ့တဲ့ အဓိက တိုက်စစ်မှုး မားကပ် ရက်ဖိုဒ့် ဟာ လည်း ရော့ခ်ျ ဒဲလ် နဲ့ ပွဲစဉ် ကို လွဲချော် ခဲ့ သလို အာဆင်နယ် နဲ့ ပွဲ ကို ပါ ဆက်လက် လွဲချော်မယ် လို့ ပြီးခဲ့တဲ့ ရက်ပိုင်း ကတည်း က သတင်း ထွက်ပေါ် ပြီး ဖြစ်ပါတယ် ။

rashford-martial

ရော့ခ်ျ ဒဲလ် နဲ့ ပွဲမှာ ပါဝင် ကစား သွားခဲ့တဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဘာ ဟာ လည်း ဒဏ်ရာ ဟောင်း ပြန်ပေါ် လာခဲ့တာ ကြောင့် အာဆင်နယ် နဲ့ ပွဲ ကို လွဲချော် တော့ မယ် လို့ သတင်းထွက် ပေါ် လာခဲ့တာပဲ ဖြစ် ပါတယ် ။ ဒါ့အပြင် နောက်ခံလူ လုခ်ရှော ဟာ လည်း ပြန်လည် သက်သာ လာပြီ ဖြစ်ပေမယ့် အာဆင်နယ် နဲ့ ပွဲ ကို တော့ ပါဝင် ကစားပေး နိုင်ဖို့ အဆင်သင့် မဖြစ်သေး ဘူးလို့ သိရ ပါတယ် ။

martial

ပေါ်တူဂီ ကစား သမား ဒီယေဂို ဒါးလော့ နဲ့ လူငယ် တိုက်စစ် သမားလေး အိန်ဂျယ် ဂိုးမက် တို့ ဟာလည်း ဒဏ်ရာ အသီးသီး ရှိနေကြောင်း နည်းပြ ဆိုးရှား က အတည်ပြု ပြောဆို ထားခဲ့ ပါတယ် ။ ဒါကြောင့် လက်ရှိ မန်ချက် စတာ ယူနိုကတက် မှာ ဒဏ်ရာ ကစား သမားတွေ များပြား နေပြီး အာဆင်နယ် နဲ့ ပွဲစဉ် ကို အရန် အသင်း သာသာ စာရင်း နဲ့ ယှဉ်ပြိုင် ကစား ရဖို့ ရှိနေပြီ ဖြစ် ပါတယ် ။

ဆိုးရှား ဟာ တိုက်စစ် ပိုင်း အတွက် ရွေးချယ် စရာ မရှိနိုင် တော့ ဘဲ လူငယ် တိုက်စစ်မှုးလေး မေဆင် ဂရင်းဝုဒ် ကို သာ ထည့်သွင်း ကစား ရတော့ မှာဖြစ် ပါတယ် ။ ကွင်းလယ် မှာ လည်း ပေါ့ဘာ မပါနိုင်တာ ကြောင့် ပါရဲရား ၊ ဖရက် နဲ့ မာတစ် တို့ကို ပွဲထုတ် ရမှာ ဖြစ်ပြီး နောက်တန်း မှာ အက်ရှ်လေယန်း ကို ဆက်လက် မြင်တွေ့ ရဦး မှာပဲ ဖြစ် ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ အာဆင်နယ် ကို အိမ်ကွင်း မှာ လက်ခံ ကစားတဲ့ မှတ်တမ်း ကောင်းတွေ ရှိခဲ့ ပါတယ် ။ ဒါပေမယ့် အခုလို လူမစုံ မှု ၊ ခြေစွမ်း ကျဆင်း နေမှု တွေ က အာဆင်နယ် ကို အနိုင် ရ ဖို့ ခက်ခဲ နေနိုင်ပြီး ခန့်မှန်း သုံးသပ်သူ အားလုံးက ယူနိုက်တက် တို့ အနိုင် ရမယ် လို့ မထင်မိ ကြောင်း ခန့်မှန်း ထားခဲ့ ကြပါတယ် ။

SPORTS MYANMAR