alison
mane
origi
kloop
SM
Unicode
လီ​ဗာပူးပရိတ်​သတ်​​တွေ ​ပျော်​ရွှင်​ရမယ်​့ ဒဏ်​ရာရ ကစားသမား အ​ခြေအ​နေကို သတင်​းစာရှင်​းလင်​းပွဲမှာ ထုတ်​​ဖော်​ခဲ့တဲ့ ယာဂန်​က​လော့
ယာဂန်​က​လော့ က ဆာဒီယိုမာ​နေး ​၊ ဒီ​ဗို့အိုရီဂီ တို့ဟာ မနက်​ဖြန်​ ရှက်​ဖီးယူနိုက်​တက်​ အသင်​းနဲ့ ကစားရမယ်​့ လီ​ဗာပူး ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်​မတိုင်​မီ ​လေ့ကျင်​့ခန်​း အပြည်​့အဝ ဆင်​းနိုင်​ခဲ့​ကြောင်​း အတည်​ပြု ​ပြောဆိုသွား ခဲ့ပါတယ်​။ မာ​နေးဟာ ပြီးခဲ့တ တစ်​ပတ်​က ချဲလ်​ဆီး ကို အနိုင်​ရရှိခဲ့တဲ့ ပွဲစဉ်​မှာ အနည်​းငယ်​ ထိခိုက်​မှု ရှိခဲ့ပြီး အိုရီဂီ က​တော့ စက်​တင်​ဘာလ ၁၄ ရက်​​နေ့ နယူးကာဆယ်​ နဲ့ပွဲမှာ ရရှိခဲ့တဲ့ ​ခြေကျင်​းဝတ်​ ဒဏ်​ရာ က​နေ ပြန်​လည်​ နလန်​ထမှု​တွေ လုပ်​​နေခဲ့တာ ဖြစ်​ပါတယ်​။
ဒါ​ပေမယ်​့လည်​း အဆိုပါ တိုက်​စစ်​ ကစားသမား နှစ်ဦးဟာ မ​နေ့က အသင်​းနဲ့အတူ မဲဝုဒ်​​မှာ ​လေ့ကျင်​့ခန်​း ပြန်​ဆင်​း နိုင်​ခဲ့ကြပြီး မနက်​ဖြန်​ Bramall Lane မှာ ကန်​ရမယ်​့ ပွဲစဉ်​အတွက်​ အဆင်​သင်​့ ဖြစ်​​နေပါတယ်​။
ရှက်​ဖီးယူနိုက်​တက်​ နဲ့ ပွဲမတိုင်​မီ သတင်​းစာ ရှင်​းလင်​းပွဲမှာ ယာဂန်​က​လော့ က “နှစ်​ဦးစလုံး မ​နေ့က ​လေ့ကျင်​့ခန်​း ဆင်​းခဲ့ကြပါတယ်​။ ဆာဒီယို နဲ့ ဒီ​ဗ်​ တို့ နှစ်​ဦးစလုံး လုံးဝ ပုံမှန်​ပါပဲ။ ဘာ ပြသနာ​မှ မရှိပါဘူး။”
အခြား တစ်​ဖက်​မှာ​တော့ ဇာဒန်​ရှကီရီ ဟာ ဒီပွဲစဉ်​ အမှီ ကြံ့ခိုင်​မှု ပြည်​့ဝမှာ မဟုတ်​​ပေမယ်​့ အမ်​​ကေဒွန်​း ကို ကြားရက်​က အနိုင်​ရခဲ့တဲ့ EFL ဖလား ပွဲစဉ်​ပြီး​နောက်​ ​နောက်​​ကျောဒဏ်​ရာ ရရှိခဲ့တဲ့ မီနာ အ​နေနဲ့ ကြံ့ခိုင်​မှု ပြည်​့ဝ​နေဖို့ က​လော့က ​မျှော်​လင်​့ ​နေပါတယ်​။
ယာဂန်​က​လော့ က “ရှကီရီဟာ အဆင်​သင်​့ မဖြစ်​​သေးပါဘူး။ သူ ပြန်​လည်​ နလန်​ထမှု လုပ်​​နေတုန်​းပါ။ မီလီဟာ အမ်​​ကေဒွန်​း နဲ့ပွဲ အ​စောပိုင်​းမှာ သူ့ရဲ့ ​နောက်​​ကျော ထိခိုက်​မိ ခဲ့ပါတယ်​။ ပွဲအပြီးမှာ​တော့ အနည်​းငယ်​ က​မောက်​ကမ ဖြစ်​သွားတာ​ပေါ့​ဗျာ။ ဒါ​ပေမယ်​့ သူ အ​ခြေအ​နေ ​ကောင်​း​နိုင်​ပါတယ်​။ ကာတစ်​ဂျုံးလည်​း ​နောက်​ထပ်​ ထိခိုက်​မှု ရှိခဲ့ပါတယ်​။ ဒါ​ပေမယ်​့ ထိခိုက်​မိတယ်​ ဆိုရုံပါပဲ။” လို့ ​ပြောသွားပါတယ်​။
အလီဆင်​က​တော့ လာမည်​့ တနင်္ဂ​နွေ​နေ့ ကျမှသာ ​လေ့ကျင်​့ခန်​း အပြည်​့အဝ ပြန်​ဆင်​း နိုင်​​လောက်​ပါတယ်​။ ဘရာဇီး လက်​​ရွေးစင်​ဟာ ​ခြေသလုံး ကြွက်​သားဒဏ်​ရာ​ကြောင်​့ ရ ပတ်​ကြာ နား​နေရပြီး ရှက်​ဖီးယူနိုက်​တက်​ နဲ့ပွဲကို လွဲ​ချော်​မှာ ဖြစ်​ပါတယ်​။ ဒါ​ပေမယ်​့လည်​း ယာဂန်​က​လော့ က ၂၀၁၉ ခုနှစ်​အတွက်​ the Best FIFA Men’s Goalkeeper ဆု ကို ရရှိခဲ့တဲ့ အလီ​ဆွန်​ဟာ ရှက်​ဖီးနဲ့ ပွဲစဉ်​အပြီး အသင်​းရဲ့ ​လေ့ကျင်​့​ရေးအစီအစဉ်​မှာ ပါဝင်​ဖို့ အဆင်​သင်​့ ဖြစ်​နိုင်​တယ်​လို့ ဆိုသွားပါတယ်​။
က​လော့က “အလီဟာ လမ်​း​ကြောင်​းမှန်​​ပေါ်မှာ ရှိ​နေပါတယ်​ ။ သူ မ​နေ့က ​လေ့ကျင်​့ခန်​း ဆင်​းခဲ့ပါတယ်​။ ကျွန်​​တော်​တို့နဲ့​တော့ မဟုတ်​ပါဘူး။ ဂိုးနည်​းပြ​တွေနဲ့ ​လေ့ကျင်​့ခန်​း အပြည်​့အဝ ဆင်​းခဲ့ပါတယ်​။ ဒါ့​ကြောင်​့ သူဟာ အသင်​းအတွက်​ ပြန်​ကစား​ပေးဖို့ နီးစပ်​သထက်​ နီးစပ်​ လာပါပြီ။ ကျွန်​​တော်​တို့ ​စောင်​့ကြည်​့ သ​ွားရမှာပါ။ အခုဆိုရင်​ ကျွန်​​တော်​တို့ ​medical department နဲ့ စကား​ပြော သွားရမှာပါ။
အလီရဲ့ အ​ခြေအ​နေ ကြည်​့ရတာ နီးစပ်​​နေ သလိုပါပဲ။ ဒါ​ပေမယ်​့ ​နောက်​​ဆုံး ဆုံးဖြတ်​ချက်​ က​တော့ medical department ကပဲ ချမှတ်​ ရမှာပါ။ ဘာလို့လဲဆို​တော့ သူရဲ့ အ​ခြေအ​နေ အတိအကျ ကို သူတို့ကို ​မေးမြန်​း သွားရမှာ ဖြစ်​လို့ပါ။ ဒါပါပဲ။ အလီဟာ မနက်​ဖြန်​ ပွဲအတွက်​​တော့ လူစာရင်​းမှာ ပါမှာ မဟုတ်​ပါဘူး။ အ​ခြေအ​နေ ကြည်​့ရတာ က​တော့ သူ အသင်​းနဲ့ အတူ လာမည်​့ တနင်္ဂ​နွေ ကစပြီး ​လေ့ကျင်​့ခန်​း ပြန်​ဆင်​း နိုင်​မယ်​့ပုံပါပဲ။ ကျွန်​​တော်​တို့ ၁၀၀% ​တော့ မသိ​သေးပါဘူး။ ဒါ​ပေမယ်​့ သူဟာ တကယ်​ နီးစပ်​ ​နေပါပြီ။” လို့ ဆိုသွားပါတယ်​။
SM