ယူဗင်တပ် အသင်း ဟာ ပြီးခဲ့တဲ့ ကြားရက် တုန်းက စီးရီးအေ ပွဲစဉ် အဖြစ် ဘရက်စီယာ အသင်း နဲ့ ယှဉ်ပြိုင် ကစား ခဲ့ပြီး ၂ – ၁ ဖြင့် အနိုင် ရခဲ့ ပါတယ် ။ အသင်းရဲ့ အားထား ရတဲ့ တိုက်စစ်မှုးကြီး ခရစ္စတီယာနို ရိုနယ်ဒို ကတော့ ကြံ့ခိုင်မှု အခြေ အနေ ကြောင့် အဆိုပါ ပွဲ ကို မပါဝင် ခဲ့ ပါဘူး ။ ဒါကြောင့် ပွဲချိန် အတွင်း ရရှိ တဲ့ ဖရီးကစ် တွေကို ပေါ်လို ဒိုင်ဘားလား နဲ့ မီယာလန် ယာနစ် တို့ က ကန်သွင်း ခဲ့ကြရ ပါတယ် ။

ပွဲအပြီး မှာတော့ ယူဗင်တပ် ပရိသတ် တွေ ဟာ အသင်းရဲ့ တည်ကန် ဘော ကိစ္စ နဲ့ ပတ်သက် ပြီး ဆိုရှယ် မီဒီယာ ပေါ် မှာ ဆွေးနွေး ပြောဆို ခဲ့ကြ ပါတယ် ။ ဒီ အထဲ မှာ ပရိသတ် အများစု ဟာ ခရစ္စတီယာနို ရိုနယ်ဒို ကို ဖရီးကစ် တွေ ကန်သွင်း ခြင်း မပြုလို ကြ ကြောင်း ပါရှိ လာခဲ့ ပါတယ် ။

ပေါ်တူဂီ တိုက်စစ် မှုးကြီး ဟာ ပရော်ဖက်ရှင် နယ် ကစား သမား ဘ၀ တစ်လျောက် ဖရီးကစ် က နေ ဂိုးပေါင်း ၅၃ ဂိုး အထိ သွင်းယူ ထားနိုင် ခဲ့ ပါတယ် ။ ၂၀၀၆ ခုနှစ် ဖေဖော်ဝါရီလ မှာ ကစား ခဲ့တဲ့ ပရီးမီး ယားလိဂ် ပွဲ မှာ ဖူလ်ဟမ် အသင်း ဘက်ကို ဂိုးသွင်းယူ ပြီး သူ့ရဲ့ ကစား သမား ဘ၀ ပထမဆုံး ဖရီးကစ် ဂိုး ကို ရိုနယ်ဒို သွင်းယူ ခဲ့ ပါတယ် ။

အဆိုပါ အချိန် က စလို့ ရိုနယ်ဒို ဟာ မန်ချက်စတာ ယူနိုက်တက် ၊ ရီးရဲ မက်ဒရစ် နဲ့ ပေါ်တူဂီ အသင်းတွေ မှာ ဖရီးကစ် တွေ က နေ ဂိုးတွေ သွင်းယူ လာနိုင် ခဲ့ ပါတယ် ။ ရိုနယ်ဒို ဟာ မန်ချက်စတာ ယူနိုက်တက် အတွက် ၁၃ ဂိုး ၊ ရီးရဲ မက်ဒရစ် အတွက် ၃၂ ဂိုး ၊ ပေါ်တူဂီ လက်ရွေးစင် အသင်း အတွက် ၈ ဂိုး တို့ကို ဖရီးကစ် က နေ သွင်းယူ ပေးခဲ့ ပါတယ် ။

ဒီ အထဲ မှာ ပိုစ့်မောက် ဘက်ကို သွင်းယူ ခဲ့တဲ့ ဖရီးကစ် ဂိုး ၊ ၂၀၁၈ ကမ္ဘာ့ ဖလား ပြိုင်ပွဲ မှာ စပိန် ဘက်ကို သွင်းယူ ခဲ့တဲ့ ဖရီးကစ် ဂိုးတွေ ဟာ ရိုနယ်ဒို အတွက် အထင် ကရ ဖရီးကစ် တွေ ဖြစ်ခဲ့ ပါတယ် ။ ဒါပေမယ့် ရိုနယ်ဒို ဟာ အီတလီ ကို ပြောင်းေ၇ွှ့ လာ အပြီး မှာတော့ ဖရီးကစ် စွမ်းရည်တွေ ကျဆင်း သွားခဲ့ကာ တစ်နှစ် ကျော် ကြာသည် အထိ ဖရီးကစ် ကနေ ဂိုး သွင်းယူ နိုင်ခြင်း မရှိ ခဲ့ ပါဘူး ။

ရိုနယ်ဒို ဟာ ယူဗင်တပ် ကို စတင် ရောက်ရှိ ပြီးချိန် က စလို့ အခု အချိန် အထိ ဖရီးကစ် သွင်းဂိုး မရှိ ခဲ့သလို ယမန်နှစ် ရာသိ တုန်းက လည်း စီးရီးအေ ရဲ့ အဆိုးရွားဆုံး ဖရီးကစ် ရှင် အဖြစ် မှတ်တမ်း ၀င်ခဲ့ ပါတယ် ။ ဒါဟာ တစ်ချိန်တုန်းက ဒေးဗစ် ဘက်ခမ်း ရဲ့ ကျောနံပါတ် ၇ ကို ဆက်ခံ ခဲ့ပြီး ဖရီးကစ် မာစတာ တစ်ဦး ဖြစ်ခဲ့တဲ့ ရိုနယ်ဒို အတွက် တော့ အရှက်ရ စရာ မှတ်တမ်း တစ်ခု ဖြစ်စေခဲ့ ပါတယ် ။

မနှစ် က ရာသီ မှာ ခရစ္စတီယာနို ဟာ ယူဗင်တပ် ရဲ့ ဖရီးကစ် ပေါင်း ၂၄ လုံး ကို ဂိုးပေါက် ထဲ ကန်ထဲ့ ခဲ့ ပါတယ် ။ ဒီ ၂၄ လုံး မှာ တစ်လုံးမှ ဂိုးပိုက် ကို လှုပ်ခါ စေခြင်း မရှိ ခဲ့ ပါဘူး ။ ဖရီးကစ် ၁၅ လုံး ဟာ လူတံတိုင်း ကို မကျော် ခဲ့သလို ၂ လုံး ကတော့ ဂိုးပေါက် ကို ကျော်ကာ ထွက်သွား ခဲ့ပါတယ် ။ ဂိုးပေါက် ထဲ ကို ၇ ကြိမ်သာ ၀င်ရောက် ခဲ့ပြီး အနည်းငယ် က သာ ပြိုင်ဘက် ဂိုး သမား ကို ရင်ခုန် စိတ်လှုပ်ရှား စေခဲ့ ပါတယ် ။

ဒီလိုမျိုး လွဲချော် မှု ဟာ ရိုနယ်ဒို ကို စီးရီးအေ သမိုင်း တစ်လျောက် တစ်ရာသီ အတွင်း အဆိုးရွားဆုံး ဖရီးကစ် ရှင် အဖြစ် မှတ်တမ်း ၀င်သွား စေခဲ့ သလို ယူဗင်တပ် ပရိသတ် တွေ အကြားမှာ လည်း ပေါ်တူဂီသား ကြီးရဲ့ တည်ကန်ဘော စွမ်းရည် ကို သံသယရှိ သူတွေ ပေါ်ပေါက် လာစေခဲ့ ပါတယ် ။

ယူဗင်တပ် အသင်း မှာ ဒိုင်ဘားလား ၊ ယာနစ် တို့လို ဖရီးကစ် ကောင်းသူတွေ ရှိခဲ့ကြပြီး ဒိုင်ဘားလား ဟာ ယူဗင်တပ် အတွက် ၉ ဂိုး ၊ ယာနစ် က ၇ ဂိုး အသီးသီး ကို ဖရီးကစ် ကနေ သွင်းယူ ပေးထားခဲ့ ကြပါတယ် ။ ဒါကြောင့်လည်း ယူဗင်တပ် ပရိသတ်တွေ ဟာ နောက်လာမယ့် ပွဲတွေ မှာ တည်ကန်ဘော ကို ရိုနယ်ဒို ကိုပေးမကန် စေလို ကြကြောင်း ပြောဆို ခဲ့တာပဲ ဖြစ် ပါတယ် ။

ရိုနယ်ဒို က တော့ ဒီလို အဖြစ်ဆိုးမျိုး ကို ရပ်တန်ု့ ဖို့ အတွက် ဖရီးကစ် တွေကို ဂိုး အဖြစ် ပြောင်းလဲ နိုင်ဖို့ လိုအပ် နေပြီ ပဲ ဖြစ် ပါတယ် ။

SPORTS MYANMAR