BT Sports ရဲ့ အစီအစဉ်​ တင်​ဆက်​သူဟာ ဒီတစ်​ပတ်​ ပရီးမီးယားလိဂ် ပွဲစဉ်​​တွေ အားလုံး အတွက်​ ရလဒ်​ ခန့်​မှန်းမှု ​တွေကို ပြုလုပ်​ သွားခဲ့ပြီး မန်​ချက်​စတာယူနိုက်​တက်​ နဲ့ အာဆင်​နယ်​ တို့ရဲ့ ပွဲကြီးပွဲ​ကောင်းမှာ ဘယ်​သူ အနိုင်​ရသွားမလဲ ဆိုတာကို ​ရွေးချယ်​ လိုက်​ပါတယ်​။ 

ရော်​ဘီဆား​ဗေ့ခ်ျ​က လာမည့်​ တနင်္လာ​နေ့ အာဆင်​နယ်​ အသင်းကို အိုးထရပ်​ဖို့ဒ်​မှာ လက်​ခံ ကစား ရတဲ့ အခါ မန်​ယူနိုက်​တက်​ အသင်းရဲ့ ဒုက္ခ​တွေဟာ ဆက်​လက်​ ဖြစ်​​ပေါ် ​နေအုံးမယ်​လို့ ယုံကြည်​ ​နေပါတယ်​ ။ သရဲနီ တို့ဟာ ဒီရာသီ ပရီးမီးယားလိဂ် ရာသီအစမှာ ရလဒ်​​တွေ ဆိုးတစ်​လှည့်​ ​ကောင်းတစ်​လှည့်​ ဖြစ်​​နေပြီး ​ခြေစွမ်းကလည်း အားရစရာ မရှိ ဖြစ်​​နေကာ ချက်​ချင်း ကြီး​တော့ အ​ခြေအ​နေ​တွေ ပြန်​​ကောင်းလာမယ့်​ပုံ မရှိ​သေးပါဘူး။

ဆားေ​ဗ့ခ်ျ​ က အိုးထရပ်​ဖို့ဒ်​ က တိုက်​ပွဲဟာ ပြိုင်​ဆိုင်​မှု ပြင်းထန်​ ​နေလိမ့်​မယ်​လို့ ဆိုလိုက်​ပြီး အဆိုပါ နှစ်​သင်းကြား သွင်းဂိုး ကွာဟမှုဟာ တစ်​ဂိုးသာ ရှိလိမ့်​မယ်​လို့ ဆိုလိုက်​ကာ အိမ်​အပြန်​ကို အနိုင်​ ၃ မှတ်​ ရယူ သွားလိမ့်​မယ်​လို့ ​ပြောခဲ့ပါတယ်​။ အာဆင်​နယ်​ ရဲ့ အနိုင်​ ရလဒ်​ဟာ လက်​စတာနဲ့ အမှတ်​ပေးဇယား ထိပ်​ပိုင်းမှာ ပြိုင်​ဆိုင်​မှု ဆက်​လက်​ ပြင်းထန်​​နေအုံးမှာ ဖြစ်​ပြီး ပြီးခဲ့တဲ့ တစ်​ပတ်​က ​တော့တင်​ဟမ်​ ကို ​ခြေစွမ်းပြကာ အနိုင်​ယူ ခဲ့တဲ့ ဘရန်​ဒန်​​ရော်​ဂျာရဲ့ အသင်းဟာ ကင်းပါဝါမှာ နယူးကာဆယ်​ကို နိုင်​ကာ နိုင်​ပွဲဆက်​မယ်​လို့ ဆားေ​ဗ့ခ်ျ​က ယူဆ​နေပါတယ်​။

အမှတ်​​ပေးဖလား အတွက်​ ပြိုင်​​ဆိုင်​မှု ပြင်းထန်​​နေတဲ့ လီ​ဗာပူး နဲ့ မန်​စီးတီး တို့ဟာ ဒီ​နေ့ညမှာ​တော့ အ​ဝေးကွင်း ပွဲ​တွေ သွားကစား ရမှာ ဖြစ်​ပါတယ်​။ လီ​ဗာပူး ဟာ စ​နေ​နေ့ညရဲ့ အ​စောဆုံး ပွဲစဉ်​မှာ ရှက်​ဖီးယူနိုက်​တက်​ ကို bramall lane မှာ သွားကစား ရမှာ ဖြစ်​ပြီး ယာဂန်​က​လော့ ရဲ့ အသင်းဟာ ဒီရာသီ ပြီးပြည့်​စုံတဲ့ နိုင်​ပွဲအပြင်​ ၁၆ ပွဲဆက်​ လိဂ်​နိုင်​ပွဲ မှတ်​တမ်းကို ရယူချင်​​နေပါတယ်​။ မန်​စီးတီး က​တော့ လီ​ဗာပူးထက်​ စာရင်​ ပွဲကျပ်​​နေပြီး ​နောက်​ပိုင်း ပွဲ​တွေမှာ ရလဒ်​​တွေ ဆိုး​နေတဲ့ အဲ​ဗာတန်​ကို မာ​ဆေးဆိုက်​မှာ သွားကန်​ရမှာပါ။

ဆားေ​ဗ့ခ်ျ​က ပရီးမီးယားလိဂ် ဖလားအတွက်​ ပြိုင်​ဆိုင်​​နေတဲ့ ၂သင်းစလုံး ရမှတ်​ ကွာခြားမှု တစ်​စုံတစ်​ရာ မရှိဘဲ ဆက်​လက်​ ​ရှေ့ဆက်​ ​နေအုံးမယ်​လို့ ဆိုသွားပါတယ်​။ Top 4 ပြိုင်​ဘက်​ အသင်း​တွေ ဖြစ်​ကြတဲ့ ချဲလ်​ဆီး နဲ့ ​တော့တင်​ဟမ်​ တို့ဟာ ဒီတစ်​ပတ်​မှာ south coast က အသင်း​တွေကို လက်​ခံ ကစားသွား ရမှာ ဖြစ်​ပြီး ဘရိုက်​တန် နဲ့ ​ဆောက်​သမ်​တန်​ တို့ကို လက်​ခံ ကစားရမှာ ဖြစ်​ကာ ဘလက်​ဘန်း ကွင်းလယ်​လူ​ဟောင်း က​တော့ ဧည့်​သည်​​ နှစ်​သင်​စလုံး အမှတ်​​ဗလာနဲ့ အိမ်​ပြန်​ သွားရမယ်​လို့ မှန်းလိုက်​ပါတယ်​။

ပုံစံ​ကောင်း ရ​နေတဲ့ ဝက်​ဟမ်းဟာ ဘုန်း​မောက်​ကို အ​ဝေးကွင်းမှာ ပွဲကျပ်​ သွားကစား ရမှာ ဖြစ်​ပြီး ဒီရာသီ ရလဒ်​​တွေ မ​ကောင်း ဖြစ်​​နေတဲ့ ဝုဖ်​က​တော့ သူနဲ့ ထူးမခြားနား အသင်းကို အိမ်​ကွင်းမှာ လက်​ခံ ကစား သွားရမှာပါ။ တန်းတက်​ ​နော့ဝှစ်​ က​တော့ ခရစ်​စတယ်​ပဲ​လေ့စ်​ ကို ဆဲဟတ်​ပက်​မှာ သွားကစား ရမှာပါ။ အက်​စတွန်​​ဗီလာ က​​တော့ ဘန်​​လေကို အ​ဝေးကွင်းမှာ သွား​ရောက်​ ကစားရမှာ ဖြစ်​ပါတယ်​။

ဒီတစ်​ပတ်​ ပွဲစဉ်​​တွေ အတွက်​ မိုက်​ကယ်​အိုဝင်​ရဲ့ ပရီးမီးယားလိဂ် ခန့်​မှန်းချက်​​တွေ က​တော့…

ရှက်​ဖီးယူနိုက်​တက်​ ၀ – ၃ လီ​ဗာပူး
အက်​စတွန်​​ဗီလာ ၁ – ၁ ဘန်​​လေ
ဘုန်း​မောက်​ ၁ – ၂ ဝက်​ဟမ်း
ချဲလ်​ဆီး ၃ – ၁ ဘရိုက်​တန်
ခရစ်​စတယ်​ပဲ​လေ့စ်​ ၁ – ၁ ​နော့ဝှစ်
တော့တင်​ဟမ်​ ၂ – ၀ ​ဆောက်​သမ်​တန်
ဝုဖ်​ ၂ – ၀ ဝက်​ဖို့ဒ်
အဲ​ဗာတန်​ ၁ – ၃ မန်​စီးတီး
လက်​စတာ ၂ – ၀ နယူးကာဆယ်
မန်​ယူနိုက်​တက်​ ၁ – ၂ နယူးကာဆယ်

SM