ဘောလုံး သမား တွေ ရဲ့ အပြောင်းအရွှေ့ တန်ဖိုးတွေ ကို အပတ်စဉ် တွက်ချက် သတ်မှတ် ဖော်ပြ ပေးနေတဲ့ Transfer Market သတင်း ဌာန ဟာ လက်ရှိ ဥရောပ ထိပ်သီး လိဂ် ၅ ခု က ကလပ် အသင်းတွေ က ကစား သမားတွေ ရဲ့ ပြောင်းရွှေ့ကြေး တွေကို စုပေါင်းပြီး တန်ကြေး အမြင့်ဆုံး အသင်းတွေ ကို စာရင်း ပြုစု ခဲ့ ပါတယ် ။ ဒီ စာရင်း မှာ တော့ ဘာစီလိုနာ ၊ မန်စီးတီး ၊ PSG ၊ ဘိုင်ယန်မြုးနစ် နဲ့ ဂျုဗင်တပ် တို့ ဟာ သက်ဆိုင်ရာ လိဂ် တွေ ရဲ့ တန်ကြေး အမြင့်ဆုံး အသင်းတွေ အဖြစ် ရပ်တည် နိုင်ခဲ့ကြ ပါတယ် ။

အင်္ဂလန် ပရီးမီး ယားလိဂ် မှာတော့ မန်ချက် စတာ စီးတီး ဟာ ကစား သမား အားလုံး ရဲ့ တန်ကြေး စုစု ပေါင်း ယူရို ၁.၁၄ ဘီလီယံ နဲ့ ထိပ်ဆုံး ကနေ ဦးဆောင် နေခဲ့ ပါတယ် ။ မန်စီးတီး အသင်း မှာ တန်ကြေးမြင့် ကစား သမားများစွာ ပိုင်ဆိုင် ထားပြီး အများစု ဟာ ဈေးကွက် အတက်ဘက်မှာ ရှိနေတာ ကြောင့် ယခုလို တန်ကြေး အမြင့်ဆုံး အသင်း အဖြစ် ရှိနေခဲ့တာ ဖြစ် ပါတယ် ။

မန်စီးတီး ရဲ့ နောက်မှာတော့ လီဗာပူး အသင်း က စုစုပေါင်း တန်ကြေး ယူရို သန်း ၉၅၀ နဲ့ ဒုတိယ နေရာက ရပ်တည် နေခဲ့ ပါတယ် ။ လီဗာပူး တိုက်စစ် အတွဲ ဖြစ်တဲ့ မာနေး ၊ ဖာမီနို ၊ ဆာလာ တို့ ဟာ တန်ကြေးမြင့် ကစား သမားတွေ ဖြစ်သလို ယခုရာသီ မှာ အစွမ်းပြ နေတဲ့ ဗန်ဒိုက် အပါအ၀င် အခြား ကစားသမား တွေဟာလည်း ဈေးကွက် ထဲ မှာ တန်ကြေးမြင့်တဲ့ သူတွေ ဖြစ်ကြပါတယ် ။

မန်စီးတီး ၊ လီဗာပူး တို့ရဲ့ နောက်မှာတော့ ချဲလ်ဆီး ၊ စပါး နဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းတွေ က အဆင့် ၃-၄-၅ နေရာ တွေ ကို အသီးသီး ရယူထားနိုင် ခဲ့ ပါတယ် ။ ဒါ့အပြင် အာဆင်နယ် က အဆင့် ၆ ၊ အဲဗာတန် ၊ လက်စတာ ၊ ၀က်စ်ဟမ်း နဲ့ ပဲလေ့စ် တို့ ဟာ အဆင့် ၇ ကနေ ၁၀ အတွင်း မှာ ပါဝင် လာခဲ့ကြ ပါတယ် ။

စပိန် လာလီဂါ မှာတော့ ဘာစီလိုနာ အသင်း ဟာ စုစုပေါင်း တန်ကြေး ယူရို ၁.၁၈ ဘီလီယံ နဲ့ ထိပ်ဆုံး ကနေ ဦးဆောင် နေပါတယ် ။ မက်ဆီ ၊ ဒမ်ဘီလီ ၊ ကော်တင်ဟို တို့လို တန်ကြေး သန်း ရာချီ ကစား သမားတွေ ပါဝင် နေတဲ့ ဘာစီလိုနာ ရဲ့ တန်ကြေး ဟာ ဥရောပ ထိပ်သီး ကလပ် တွေ အားလုံးထဲ မှာ အမြင့်ဆုံး အဖြစ် လည်း ရပ်တည် နေခဲ့ ပါတယ် ။

ဘာစီလိုနာ ရဲ့ နောက်မှာတော့ ရီးရဲ မက်ဒရစ် အသင်း က စုစုပေါင်း တန်ကြေး ယူရို ၉၆၅ သန်း နဲ့ ရပ်တည် နေကာ အေတီကို မက်ဒရစ် က တတိယ နေရာမှာ ယူရို ၉၅၅ သန်း နဲ့ ရှိနေခဲ့ ပါတယ် ။ ကျန် အသင်းတွေ ဖြစ်တဲ့ ဗလင်စီယာ ၊ ဆီဗီးလား ဘက်တစ် တို့ရဲ့ တန်ကြေး တွေ ကတော့ ယူရို သန်း ၃၅၀ အောက်တွေ မှာ သာ ရှိခဲ့ပြီး လက်စတာ စီးတီး အသင်းရဲ့ တန်ကြေး ခန့်မှာသာ ရှိနေကြ ပါတယ် ။

အီတလီ စီးရီးအေ မှာ ဂျုဗင်တပ် အသင်း က တန်ကြေး ယူရို ၇၈၂ သန်း နဲ့ ဦးဆောင် နေခဲ့ ပါတယ် ။ နာပိုလီ နဲ့ မီလန် ၂ သင်းတို့ ရဲ့ တန်ကြေးတွေ ကတော့ ယူရို သန်း ၅၅၀ ၀န်းကျင်မှာသာ ရှိခဲ့ ကြ ပါတယ် ။ ဂျာမန် မှာတော့ ဘိုင်ယန်မြုးနစ် က ယူရို သန်း ၇၇၀ နဲ့ အများဆုံး အဖြစ် ရပ်တည် နေခဲ့ပြီး ဒေါ့မွန် က သန်း ၆၀၀ နဲ့ ဒုတိယ နေရာမှာ ရှိနေကာ ကျန် အသင်းတွေ ကတော့ သန်း ၄၃၀ အောက်မှာ သာ ရှိခဲ့ကြ ပါတယ် ။

ဂျုဗီ ၊ ဘိုင်ယန် တို့ ထက် တန်ကြေးများပြား တဲ့ ကလပ် ကတော့ ပြင်သစ် ထိပ်သီး PSG ပဲ ဖြစ် ပါတယ် ။ နေမာ ၊ ဘာပေ တို့ လို စူပါကြေးမြင့် ကစား သမားတွေ ကို ပိုင်ဆိုင် ထားတာ ကြောင့် အခုလို စုစုပေါင်း တန်ကြေး မြင့်မား နေရာတာပဲ ဖြစ် ပါတယ် ။

ဥရောပ ရဲ့ တန်ကြေးအမြင့်မားဆုံး သော ကလပ် အသင်း ၁၀ သင်း –

၁ ။ ဘာစီလိုနာ ( ယူရို ၁.၁၈ ဘီလီယံ )
၂ ။ မန်စီးတီး ( ယူရို ၁.၁၄ ဘီလီယံ )
၃ ။ ရီးရဲမက်ဒရစ် ( ယူရို ၉၆၅ သန်း )

၎ ။ အသက်လက်တီကိုမက်ဒရစ် ( ယူရို ၉၅၅ သန်း )
၅ ။ လီဗာပူး ( ယူရို သန်း ၉၅၀ )
၆ ။ PSG ( ယူရို ၉၂၇ သန်း )
၇ ။ ချဲလ်ဆီး ( ယူရို ၈၈၅ သန်း )

၈ ။ တော့တင်ဟမ် ဟော့စပါး ( ယူရို ၈၃၅ သန်း )
၉ ။ မန်ချက်စတာ ယူနိုက်တက် ( ယူရို ၇၉၆ သန်း )
၁၀ ။ ဂျုဗင်တပ် ( ယူရို ၇၈၂ သန်း )