solsjaker

လီဗာပူး အသင်း ရဲ့ ဂန္ဓဝင် ကစားသမား ဟောင်း ဖြစ်သူ ဂျေမီ ကာရေဂါ က ပြိုင်ဖက် ဟောင်း မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ နည်းပြ ဖြစ်သူ အိုလီ ဂန်နား ဆိုးလ်ရှား ကို အသင်း ခေါင်းဆောင် တာဝန် ပေးရေး နဲ့ ပတ်သက် လို့ အကြံကောင်း တစ်ခု ပေးသွား လိုက် ပါတယ် ။

လက်ရှိ ရာသီ မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် 6 ပွဲ ကစား ပြီးချိန် မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ဒီဂီယာ ကို အသင်း ခေါင်းဆောင် လက်ပတ် သုံးကြိမ် အထိ ပေးခဲ့ ပြီး လက်ကျန် သုံးပွဲ ကိုတော့ ဒီ ရာသီ ရဲ့ အသင်း ခေါင်းဆောင် အဖြစ် ရွေးချယ် ထားတဲ့ အက်ရှ်လေ ယန်း ကို ပေးခဲ့ ပါတယ် ။

ဒါ့အပြင် အက်စတာနာ အသင်း နဲ့ ကစား ခဲ့တဲ့ ယူရို ပါလိဂ် ပွဲစဉ် မှာ နီမန်ဂျာ မာတစ် ကို အသင်း ခေါင်းဆောင် ရာထူး ပေးခဲ့ ခြင်းက ပြောစရာ ဘာမှ မဖြစ်ခဲ့ ပေမယ့် ရော့ခ်ျဒေလ် အသင်း နဲ့ ကစား ခဲ့တဲ့ ပွဲစဉ် မှာ စီနီယာ ကစားသမား တွေကို ကျော် ပြီး လူငယ် ကစားသမား တွမ်ဇီဘီ ကို အသင်း ခေါင်းဆောင် ရာထူး ပေးခဲ့ ခြင်းက ပြောစရာ ဖြစ်ခဲ့ ရ ပါတယ် ။

ဒါ့ကြောင့် လီဗာပူး အသင်း ရဲ့ ကစားသမား ဟောင်း ဖြစ်သူ ဂျေမီ ကာရေဂါ က ဒီ တစ်ပါတ် အာဆင်နယ် အသင်း နဲ့ ကစား ရမယ့် ပွဲစဉ် မှာ အတွေ့ အကြုံ ကောင်းတွေ များစွာ ပိုင်ဆိုင် ခဲ့တဲ့ ကစားသမား သစ် ဟယ်ရီ မက်ဂွားယား ကို အသင်း ခေါင်းဆောင် လက်ပတ် ပေးသွား ဖို့ ဆိုးလ်ရှား ကို အကြံ ပေသွား ခဲ့တာ ပဲ ဖြစ် ပါတယ် ။

ယူနိုက်တက် ဟာ နောက်ဆုံး ကစား ထားခဲ့တဲ့ ဝက်စ်ဟမ်း နဲ့ ပွဲစဉ် ကို 2 – 0 ဆိုတဲ့ ရလဒ် နဲ့ ရှုံးနိမ့် ထားခဲ့ သလို ရော့ခ်ျဒေလ် နဲ့ ကစား ခဲ့တဲ့ ပွဲစဉ် မှာပါ ကစား ပုံတွေ ညံ့ ခဲ့တဲ့ အတွက် ယူနိုက်တက် ပရိသတ် အချို့ က နည်းပြ ဆိုးလ်ရှား ကို ထုတ်ပယ် ဖို့ အထိ တောင် တောင်းဆို နေကြ ပြီပဲ ဖြစ် ပါတယ် ။

ဒါ့ကြောင့် ဒီ ရာသီ အမှတ်ပေး ဖလား ပြိုင်ပွဲ မှာ နိုင်ပွဲ 2 ပွဲသာ ရရှိ သေးတဲ့ နောက် ဖိအား တွေအောက် ကျရောက် နေတဲ့ ဆိုးလ်ရှား အနေ နဲ့ အသင်း နဲ့ ပတ်သက် လို့ အသေးစိတ် က အစ သတိ ထားဖို့ လိုအပ် နေတဲ့ အနေအထား တစ်ရပ် ကို ရောက်ရှိ နေခဲ့ ပါတယ် ။

အခုတော့ ဆိုးလ်ရှား အနေ နဲ့ အသင်း ခေါင်းဆောင် ရာထူး နဲ့ ပတ်သက် လို့ ခိုင်မာ တဲ့ ဆုံးဖြတ်ချက် တစ်ခု ချမှတ် သွားဖို့ လိုအပ် နေပြီ ဖြစ်ကြောင်း ၊ ခေါင်းဆောင် အရည် အသွေး ရှိတဲ့ ပေါင် သန်း 80 တန် ခံစစ် မှူးကို အသင်း ခေါင်းဆောင် ရာထူး ပေးသွား ဖို့ တိုက်တွန်း သွားခဲ့ တာပဲ ဖြစ် ပါတယ် ။

” သူ ( အိုလီ ) အနေ နဲ့ ယူနိုက်တက် ရဲ့ အသင်း ခေါင်းဆောင် ရာထူး ကို မက်ဂွားယား ဆီ ပေးအပ် ရေးနဲ့ ပတ်သက် လို့ ခိုင်မာ သေချာ တဲ့ ဆုံးဖြတ်ချက် တစ်ရပ် ကို ချမှတ် သွားဖို့ လိုအပ် နေ ပါပြီ ”

” ဒီအတွက် ဆိုးလ်ရှား အနေ နဲ့ အသင်း ခေါင်းဆောင် ရာထူး ရွေးချယ် သွားဖို့ အတွက် သူ့ရဲ့ ကိုယ်ပိုင် လုပ်ပိုင် ခွင့် တွေကို အသုံးချ သွားဖို့ လိုအပ် နေ ပါပြီ ”

” လက်ရှိ အချိန် မှာ အသင်း ရဲ့ အမှုဆောင်ချုပ် ဖြစ်တဲ့ အဒ်ဝုဝဒ် ကလည်း သူ့ကို ရေရှည် အချိန် ပေး သွားဖို့ ပြောကြား ထားတဲ့ အပြင် ယူနိုက်တက် ပရိသတ် တွေ ကလည်း အသင်း အတွင်း မှာ ပြသနာ များစွာ ရှိ နေတာ ကို သိရှိ ကြတာ တွေက သူ့ အတွက် အပေါင်း လက္ခဏာ ဆောင်တဲ့ အရာ တွေ ပါပဲ ” လို့ ဂျေမီ ကာရေဂါ က ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar