bernado silva

မန္ခ်က္ စတာ စီးတီး ကြင္းလယ္လူ ဘာနာဒို ေဆးလ္ဗား က ေတာ့ အရမ္း ခင္မင္ ရတဲ့ သူငယ္ခ်င္း အေပၚ ေျပာဆို ေရးသား ခဲ့မႈ ေတြ အတြက္ အသား အေရာင္ ခြဲျခား ဆက္ဆံ တယ္ ဆုိတဲ့ စြဲခ်က္ နဲ႔ ဒုကၡ ေရာက္ ေနခဲ့ ပါတယ္ ။ ဒီကိစၥ မွာ ကာယကံရွင္ ျဖစ္သူ ၂ ဦး ဘက္က ဘယ္လိုမ်ဳိး စိတ္ ကသိ ကေအာက္ ျဖစ္ျခင္း မရွိ ခဲ့ ေပမယ့္ အဂၤလန္ ေဘာလံုး အဖြဲ႕ခ်ဳပ္ ( FA ) ကေတာ့ ဒါဟာ အသား အေရာင္ ခြဲျခား တဲ့ လုပ္ရပ္ ျဖစ္တယ္ လုိ႔ ေခါင္းစဥ္ တပ္ခဲ့တာ ပဲ ျဖစ္ ပါတယ္ ။

benardo silva

မန္ခ်က္ စတာ စီးတီး ကစား သမား ၂ ဦး ျဖစ္တဲ့ ဘာနာဒို ေဆးလ္ဗား နဲ႔ ဘင္ဂ် မင္ မန္ဒီ တို႔ ဟာ မိုနာကို အသင္း မွာ ကတည္း က အသင္းေဖာ္ေတြ အျဖစ္ အတူ ျဖတ္သန္း လာခဲ့ ၾကသူေတြ ျဖစ္ ပါတယ္ ။ သူတို႔ ၂ ဦး ဟာ အျခားသူ ေတြ ထက္ ပိုမို ရင္းႏွီး ၾကၿပီး ေလ့က်င့္ေရး ကြင္းမွာ လည္း မၾကာခဏ စေနာက္ က်ီစယ္ ေနၾက သူေတြ ျဖစ္ ပါတယ္ ။

ဒါေပမယ့္ အခု အခ်ိန္ မွာေတာ့ က်ီစယ္မႈ တစ္ခု ဟာ ဘာနာဒို ေဆးလ္ဗား ကို အက်ပ္ရိုက္ ေစခဲ့ ၿပီး ဒဏ္ေငြ သာ မက ပြဲပယ္ အျပစ္ဒဏ္ ပါ က်ခံ ရႏုိင္တဲ့ အေရး နဲ႔ ရင္ဆုိင္ ေနရၿပီ ျဖစ္ ပါတယ္ ။ ဒီ ကိစၥ ေတြ အားလံုး ဟာ ဘာနာဒို ေဆးလ္ဗား ရဲ႕ တြစ္တာ ပုိစ့္ တစ္ခု ကေန စတင္ ခဲ့တာ ျဖစ္ပါတယ္ ။

ေပၚတူဂီ ကြင္းလယ္လူ ဟာ အသင္းေဖာ္ မန္ဒီ ကို က်ီစယ္လို တာေၾကာင့္ မန္ဒီ ငယ္စဥ္ က ဓါတ္ပံု တစ္ပံု ကို အမည္းေရာင္ ကေလးကာတြန္းပံု တစ္ပံုနဲ႕ အတူ တြဲကာ တြစ္တာ မွာ တင္သြား ခဲ့ၿပီး “ဘယ္သူလဲ မွန္းၾကည့္ ၾကပါဦး” လို႔ ေရးသား သြားခဲ့ ပါတယ္ ။

mendy

ဒီလိုေရးသား မႈ ကို ကာယကံရွင္ ျဖစ္သူ မန္ဒီ က ႏွစ္သက္ သေဘာက် ၿပီး “1-0 for you will see” – ( မင္းေတာ့ ေတြ႕ဦးမယ္ ဟု သေဘာေဆာင္သည့္ အသံုးအႏႈန္း ) လုိ႔ ျပန္လည္ ေရးသား သြားခဲ့ ပါတယ္ ။ ဒီလို အျပန္ အလွန္ က်ီစယ္ ေနတဲ့ သူငယ္ခ်င္း ၂ ဦး အၾကားကို မုန္တိုင္း ထန္ခဲ့သူ ကေတာ့ အဂၤလန္ ေဘာလံုး အဖြဲ႕ခ်ဳပ္ FA ပဲ ျဖစ္ ပါတယ္ ။

FA က ဘာနာဒို ေဆးလ္ဗား ရဲ႕ လုပ္ရပ္ ဟာ အသားအေရာင္ ခြဲျခား တဲ့ ကိစၥ ျဖစ္တယ္ လုိ႔ ေခါင္းစဥ္ တပ္ ကာ ေပၚတူဂီ သား ကို စြဲခ်က္ တင္ ဖုိ႔ ႀကဳိးစား ခဲ့ ပါတယ္ ။ ဘာနာဒို ဟာ အဆုိပါ ကိစၥ ကို သိခ်ိန္ မွာ စိတ္ဆုိး ေဒါသ ထြက္ခဲ့ၿပီး “ကိုယ့္ ေဘာ္ဒါ နဲ႔ ေတာင္ ဟာသ ေတြ ေျပာလို႔ မရေတာ့ဘူးလား” လို႔ တြစ္တာ မွာ ထပ္မံ ေရးသား ခဲ့ၿပီး ျပန္ဖ်က္ သြားခဲ့ ပါတယ္ ။

အဆိုပါ ကိစၥ အေပၚ မန္စီးတီး နည္းျပ ဂြာဒီယိုလာ နဲ႔ အသင္း ေဖာ္ေတြ က ဘာနာဒို ေဆးလ္ဗား ဘက္က ေန ရပ္တည္ ေပးခဲ့ကာ ကာကြယ္ ေပးခဲ့ ၾကပါတယ္ ။ ယမန္ေန႔ က ေတာ့ ဘာနာဒို ေဆးလ္ဗား ဟာ ကိစၥ ေတြ ပုိမို ႀကီးထြား မလာေစ ဖုိ႔ အတြက္ FA ထံ ေတာင္းပန္ ေၾကာင္း စာေရးသား ေပးပု႔ိ ခဲ့တယ္ လို႔ ဘီဘီစီ သတင္းဌာန က ေဖာ္ျပ လာခဲ့ ပါတယ္ ။

ဒါေပမယ့္ ျပႆနာ ဟာ မၿပီးဆံုး သြားခဲ့ ပါဘူး ။ ယမန္ေန႔ ည ပုိင္း က ဘာနာဒို ေဆးလ္ဗား ရဲ႕ ဗီဒီယို ဖိုင္ တစ္ခု ဟာ အြန္လုိင္း မွာ ပ်ံ႕နွံ႕ ခဲ့ ပါတယ္ ။ အဆုိပါ ဗီဒီယို ဖိုင္ ဟာ ၂၀၁၈ တုန္းက ဘာနာဒို နဲ႔ ဘင္ဂ်မင္ မန္ဒီ တို႔ ဗီဒီယို ဖုန္း ေျပာဆို ခဲ့တဲ့ ဖိုင္ ျဖစ္ၿပီး အဆုိပါ ဖိုင္ ထဲ မွာ ဘာနာဒို က အသား အေရာင္ ခြဲျခားတဲ့ အသံုးအႏႈန္း ကို သံုးစြဲ ခဲ့တယ္ လို႔ စြပ္စြဲ မႈ ေတြ ရွိလာခဲ့ ျပန္ ပါတယ္ ။

ဘာနာဒို ဟာ မန္ဒီ ကို “ဘာလို႔ အက်ီ အနက္ ၀တ္ထားတဲ့ အခ်ိန္ မွာ ကိုယ္လံုးတီး ခြ်တ္ထားသလို မ်ဳိး ထင္ေနရ တာလဲ” လုိ႔ ေျပာဆိုမႈ ပါ၀င္ ခဲ့ၿပီး ဒါဟာ မန္ဒီ ရဲ႕ အသား အေရာင္ ကို ခြဲျခားတဲ့ အသံုးအႏႈန္း ျဖစ္တယ္ လို႔ ေ၀ဖန္ ေျပာဆို သူေတြ ရွိလာခဲ့ ပါတယ္ ။

မန္စီးတီး နည္းျပ ဂြာဒီယိုလာ ကေတာ့ မန္ဒီ နဲ႔ ဘာနာဒို တို႔ ဟာ ညီအကိုေတြလို ခ်စ္ခင္ ၾကၿပီး ေျပာမနာ ဆုိမနာ ေတြ ျဖစ္ၾကတာ ေၾကာင့္ သူတို႔ ၂ ဦး အၾကားမွာ ဘယ္လို စိတ္၀မ္းကြဲမႈမွ မရွိ ပါဘူး လို႔ ယခု အပတ္ ကစားမယ့္ ပရီးမီး ယားလိဂ္ ပြဲ မတုိင္ခင္ သတင္းစာ ရွင္းလင္း ပြဲမွာ ေျပာဆို သြားခဲ့ ပါတယ္ ။

mendy vs bernado silva

ဒါေပမယ့္ ဘာနာဒို ေဆးလ္ဗား က ေတာ့ အရာရာ ကို ခေရေစ့ တြင္းက် လုိက္လံ စပ္စုတတ္တဲ့ ယေန႔ ေခတ္ ႀကီးမွာ သူငယ္ခ်င္း အခ်င္းခ်င္း စေနာက္ ေျပာဆို မိခဲ့မႈ ေတြ အတြက္ ေျဖရွင္း ဖို႔ ႀကဳိးစား ေနရၿပီပဲ ျဖစ္ ပါတယ္

SPORTS MYANMAR

Unicode

ဘင်ဂျမင် မန်ဒီ က ကာကွယ်ပေးခဲ့ပေမယ့် FA ရဲ့ စွဲချက်တင်မှု ကို ခံရဖွယ်ရှိနေတဲ့ ဘာနာဒို ဆေးလ်ဗား

=======================================

မန်ချက် စတာ စီးတီး ကွင်းလယ်လူ ဘာနာဒို ဆေးလ်ဗား က တော့ အရမ်း ခင်မင် ရတဲ့ သူငယ်ချင်း အပေါ် ပြောဆို ရေးသား ခဲ့မှု တွေ အတွက် အသား အရောင် ခွဲခြား ဆက်ဆံ တယ် ဆိုတဲ့ စွဲချက် နဲ့ ဒုက္ခ ရောက် နေခဲ့ ပါတယ် ။ ဒီကိစ္စ မှာ ကာယကံရှင် ဖြစ်သူ ၂ ဦး ဘက်က ဘယ်လိုမျိုး စိတ် ကသိ ကအောက် ဖြစ်ခြင်း မရှိ ခဲ့ ပေမယ့် အင်္ဂလန် ဘောလုံး အဖွဲ့ချုပ် ( FA ) ကတော့ ဒါဟာ အသား အရောင် ခွဲခြား တဲ့ လုပ်ရပ် ဖြစ်တယ် လို့ ခေါင်းစဉ် တပ်ခဲ့တာ ပဲ ဖြစ် ပါတယ် ။

မန်ချက် စတာ စီးတီး ကစား သမား ၂ ဦး ဖြစ်တဲ့ ဘာနာဒို ဆေးလ်ဗား နဲ့ ဘင်ဂျ မင် မန်ဒီ တို့ ဟာ မိုနာကို အသင်း မှာ ကတည်း က အသင်းဖော်တွေ အဖြစ် အတူ ဖြတ်သန်း လာခဲ့ ကြသူတွေ ဖြစ် ပါတယ် ။ သူတို့ ၂ ဦး ဟာ အခြားသူ တွေ ထက် ပိုမို ရင်းနှီး ကြပြီး လေ့ကျင့်ရေး ကွင်းမှာ လည်း မကြာခဏ စနောက် ကျီစယ် နေကြ သူတွေ ဖြစ် ပါတယ် ။

ဒါပေမယ့် အခု အချိန် မှာတော့ ကျီစယ်မှု တစ်ခု ဟာ ဘာနာဒို ဆေးလ်ဗား ကို အကျပ်ရိုက် စေခဲ့ ပြီး ဒဏ်ငွေ သာ မက ပွဲပယ် အပြစ်ဒဏ် ပါ ကျခံ ရနိုင်တဲ့ အရေး နဲ့ ရင်ဆိုင် နေရပြီ ဖြစ် ပါတယ် ။ ဒီ ကိစ္စ တွေ အားလုံး ဟာ ဘာနာဒို ဆေးလ်ဗား ရဲ့ တွစ်တာ ပိုစ့် တစ်ခု ကနေ စတင် ခဲ့တာ ဖြစ်ပါတယ် ။

ပေါ်တူဂီ ကွင်းလယ်လူ ဟာ အသင်းဖော် မန်ဒီ ကို ကျီစယ်လို တာကြောင့် မန်ဒီ ငယ်စဉ် က ဓါတ်ပုံ တစ်ပုံ ကို အမည်းရောင် ကလေးကာတွန်းပုံ တစ်ပုံနဲ့ အတူ တွဲကာ တွစ်တာ မှာ တင်သွား ခဲ့ပြီး “ဘယ်သူလဲ မှန်းကြည့် ကြပါဦး” လို့ ရေးသား သွားခဲ့ ပါတယ် ။

ဒီလိုရေးသား မှု ကို ကာယကံရှင် ဖြစ်သူ မန်ဒီ က နှစ်သက် သဘောကျ ပြီး “1-0 for you will see” – ( မင်းတော့ တွေ့ဦးမယ် ဟု သဘောဆောင်သည့် အသုံးအနှုန်း ) လို့ ပြန်လည် ရေးသား သွားခဲ့ ပါတယ် ။ ဒီလို အပြန် အလှန် ကျီစယ် နေတဲ့ သူငယ်ချင်း ၂ ဦး အကြားကို မုန်တိုင်း ထန်ခဲ့သူ ကတော့ အင်္ဂလန် ဘောလုံး အဖွဲ့ချုပ် FA ပဲ ဖြစ် ပါတယ် ။

FA က ဘာနာဒို ဆေးလ်ဗား ရဲ့ လုပ်ရပ် ဟာ အသားအရောင် ခွဲခြား တဲ့ ကိစ္စ ဖြစ်တယ် လို့ ခေါင်းစဉ် တပ် ကာ ပေါ်တူဂီ သား ကို စွဲချက် တင် ဖို့ ကြိုးစား ခဲ့ ပါတယ် ။ ဘာနာဒို ဟာ အဆိုပါ ကိစ္စ ကို သိချိန် မှာ စိတ်ဆိုး ဒေါသ ထွက်ခဲ့ပြီး “ကိုယ့် ဘော်ဒါ နဲ့ တောင် ဟာသ တွေ ပြောလို့ မရတော့ဘူးလား” လို့ တွစ်တာ မှာ ထပ်မံ ရေးသား ခဲ့ပြီး ပြန်ဖျက် သွားခဲ့ ပါတယ် ။

အဆိုပါ ကိစ္စ အပေါ် မန်စီးတီး နည်းပြ ဂွာဒီယိုလာ နဲ့ အသင်း ဖော်တွေ က ဘာနာဒို ဆေးလ်ဗား ဘက်က နေ ရပ်တည် ပေးခဲ့ကာ ကာကွယ် ပေးခဲ့ ကြပါတယ် ။ ယမန်နေ့ က တော့ ဘာနာဒို ဆေးလ်ဗား ဟာ ကိစ္စ တွေ ပိုမို ကြီးထွား မလာစေ ဖို့ အတွက် FA ထံ တောင်းပန် ကြောင်း စာရေးသား ပေးပို့ ခဲ့တယ် လို့ ဘီဘီစီ သတင်းဌာန က ဖော်ပြ လာခဲ့ ပါတယ် ။

ဒါပေမယ့် ပြဿနာ ဟာ မပြီးဆုံး သွားခဲ့ ပါဘူး ။ ယမန်နေ့ ည ပိုင်း က ဘာနာဒို ဆေးလ်ဗား ရဲ့ ဗီဒီယို ဖိုင် တစ်ခု ဟာ အွန်လိုင်း မှာ ပျံ့နှံ့ ခဲ့ ပါတယ် ။ အဆိုပါ ဗီဒီယို ဖိုင် ဟာ ၂၀၁၈ တုန်းက ဘာနာဒို နဲ့ ဘင်ဂျမင် မန်ဒီ တို့ ဗီဒီယို ဖုန်း ပြောဆို ခဲ့တဲ့ ဖိုင် ဖြစ်ပြီး အဆိုပါ ဖိုင် ထဲ မှာ ဘာနာဒို က အသား အရောင် ခွဲခြားတဲ့ အသုံးအနှုန်း ကို သုံးစွဲ ခဲ့တယ် လို့ စွပ်စွဲ မှု တွေ ရှိလာခဲ့ ပြန် ပါတယ် ။

ဘာနာဒို ဟာ မန်ဒီ ကို “ဘာလို့ အကျီ အနက် ၀တ်ထားတဲ့ အချိန် မှာ ကိုယ်လုံးတီး ချွတ်ထားသလို မျိုး ထင်နေရ တာလဲ” လို့ ပြောဆိုမှု ပါ၀င် ခဲ့ပြီး ဒါဟာ မန်ဒီ ရဲ့ အသား အရောင် ကို ခွဲခြားတဲ့ အသုံးအနှုန်း ဖြစ်တယ် လို့ ဝေဖန် ပြောဆို သူတွေ ရှိလာခဲ့ ပါတယ် ။

မန်စီးတီး နည်းပြ ဂွာဒီယိုလာ ကတော့ မန်ဒီ နဲ့ ဘာနာဒို တို့ ဟာ ညီအကိုတွေလို ချစ်ခင် ကြပြီး ပြောမနာ ဆိုမနာ တွေ ဖြစ်ကြတာ ကြောင့် သူတို့ ၂ ဦး အကြားမှာ ဘယ်လို စိတ်ဝမ်းကွဲမှုမှ မရှိ ပါဘူး လို့ ယခု အပတ် ကစားမယ့် ပရီးမီး ယားလိဂ် ပွဲ မတိုင်ခင် သတင်းစာ ရှင်းလင်း ပွဲမှာ ပြောဆို သွားခဲ့ ပါတယ် ။

ဒါပေမယ့် ဘာနာဒို ဆေးလ်ဗား က တော့ အရာရာ ကို ခရေစေ့ တွင်းကျ လိုက်လံ စပ်စုတတ်တဲ့ ယနေ့ ခေတ် ကြီးမှာ သူငယ်ချင်း အချင်းချင်း စနောက် ပြောဆို မိခဲ့မှု တွေ အတွက် ဖြေရှင်း ဖို့ ကြိုးစား နေရပြီပဲ ဖြစ် ပါတယ်

SPORTS MYANMAR