liverpool
liverpool
liverpool
hutchison
SM
Unicode
လီ​ဗာပူးရဲ့ ပရီးမီးယားလိဂ် ဖလား ​မျှော်​လင်​့ချက်​ဟာ ကစားသမား ၂ ဦး အ​ပေါ်မှာ အဓိက မူတည်​​နေတယ်​လို့ ဆိုလိုက်​တဲ့ အန်​ဖီး ကစားသမား​ဟောင်​း
အန်​ဖီး ကစားသမား​ဟောင်​း ဒွန်​ဟွတ်​ချင်​ဆင်​က ပထမဦးဆုံး ပရီးမီးယားလိဂ် ဖလားအတွက်​ တိုက်​ပွဲဝင်​​နေရာမှာ ​ဗာဂျယ်​​ဗန်​ဒိုက်​ နဲ့ ​ရော်​ဘတ်​တိုဖာမီနို တို့ကို ဒဏ်​ရာ​ကြောင်​့ လုံးဝ လက်​လွှတ်​ လိုက်​ရလို့ မဖြစ်​ဘူးလို့ ဆိုလိုက်​ပါတယ်​။ လီ​ဗာပူးရဲ့ အဓိက ဖလားပြိုင်​ဘက်​ မန်​စီးတီး အသင်​းက​တော့ ၎င်းတို့ရဲ့ အဓိင ကစားသမား ဖြစ်​သူ ​အေမရစ်​လာ​ပေါ့ဒ်​ကို ဒဏ်​ရာ​ကြောင်​့ ၅ လ ၆ လ ​​လောက်​ လက်​လွှတ်​ ထားရပါတယ်​။ ဟွတ်​ချင်​ဆင်​က ယာဂန်​က​လော့ ရဲ့ အသင်​း အ​နေနဲ့ ဒီကစားသမား​တွေကို ဒဏ်​ရာ​ကြောင်​့ လက်​မလွှတ်​ရဖို့ အ​ရေးကြီးတယ်​လို့ ​ပြောလိုက်​ပါတယ်​။
ဟွတ်​ချင်​ဆင်​က “မန်​စီးတီး တို့ ဘာလုပ်​​နေသလဲ ဆိုတာ ခင်​​​ဗျားတို့ ကြည်​့လိုက်​ပါ ။ ပြီး​တော့ သူတို့မှာ ဂျွန်​စတုန်​းနဲ့ လာ​ပေါ့ဒ်​တို့ ဒဏ်​ရာ ရ​နေပါတယ်​။ လီ​ဗာပူး က​တော့ ဒဏ်​ရာ ပြသနာ သိပ်​ပြီး ကြီးကြီးမားမား မရှိ​တော့ပါဘူး။ ကျွန်​​တော်​့ရဲ့ အယူအဆ ကို ​ပြောရမယ်​ ဆိုရင်​ လီ​ဗာပူး မှာ ​ဗာဂျယ်​​ဗန်​ဒိုက်​ နဲ့ ​ရော်​ဘတ်​တိုဖာမီနို တို့ ထုတ်​လိုက်​မယ်​ ဆိုရင်​..တိုက်​စစ်​က အလုပ်​သိပ်​ဖြစ်​မှာ မဟုတ်​သလို ခံစစ်​ပိုင်​း ကလည်​း အားနည်​း သွားမှာပါ။” လို့ ဆိုသွားပါတယ်​။
လီ​ဗာပူး ဟာ လက်​ရှိ ပရီးမီးယားလိဂ် အမှတ်​​ပေးဇယား မှာ​​တော့ ဒုတိယ​နေရာက မန်​စီးတီး အသင်​းထက်​ ငါးမှတ် များ​နေပါတယ်​။ ဒါ​ပေမယ်​့လည်​း ဟွတ်​ချင်​ဆင်​က​တော့ ဘယ်​အသင်​း ​ရေပန်​းစားဖို့ ​ရေပန်​းစား သလဲ ဆိုတာ ရှင်​းရှင်​းလင်​းလင်​း မရှိ​သေးဘူးလို့ ဆိုလိုက်​ပါတယ်​။
ဟွတ်​ချင်​ဆင်​က “လီ​ဗာပူးဟာ ပရီးမီးယားလိဂ် ဖလား အတွက်​ ​ရေပန်​းစားသလား ဆိုပြီး ပြီးခဲ့တဲ့ ရက်​က ကျွန်​​တော်​့ကို ​မေးမြန်​းမှု ရှိခဲ့ပါတယ်​။ အဲဒီအချိန်​ ကျွန်​​တော်​့ ​ခေါင်​းထဲကို ဝင်​​ရောက်​ လာတဲ့ အ​တွေး​တွေ က​တော့..ဘယ်​နှစ်​မှတ်​ ရဖို့ လိုအပ်​သလဲ? ​ရေပန်​းစားတဲ့ အသင်​းလို့ သတ်​မှတ်​ ခံရဖို့အတွက်​ လီ​ဗာပူးတို့ ဘယ်​​လောက်​ ​ဝေး​ဝေး​ရောက်​ဖို့ လိုအပ်​သလဲ? ဆိုပြီး​တော့ပါ။ လက်​ရှိအချိန်မှာ​တော့ နံပါတ်​ ၅ ပါ။ လီ​ဗာပူးဟာ စီးတီးထက်​ ငါးမှတ် သာ​နေပါတယ်​။
ပြီးခဲ့တဲ့ ရာသီက လီ​ဗာပူး တို့ ရ မှတ်​အသာ ရခဲ့​ပေမယ်​့ ရာသီကုန်​မှာ မန်​စီးတီး က တစ်​မှတ်​အသာနဲ့ ​ဗိုလ်​စွဲ သွားခဲ့ပါတယ်​။ အခုလည်​း သူတို့ ​ရေပန်​း မစား​နေပါဘူး။ ဒါ့​ကြောင်​့ လီ​ဗာပူး အ​နေနဲ့ လက်​ရှိ ပုံစံအတိုင်​း ဆက်​သွားကာ ​ခြေမ​ချော်​သွားရန်​ အရမ်​း လိုအပ်​ပါတယ်​။ သူတို့်ဟာ လက်​ရှိ ဥ​ရောပ ချန်​ပီယံပါ။ သူတို့်ဟာ ဒီလို ဝင်​့ကြွားစရာ ရှိ​နေတာ​ကြောင်​့ ဘယ်​အသင်းနဲ့ ​တွေ့​တွေ့ ယုံကြည်​မှု ပြည်​့ဝ ​နေမှာပါ။
လီ​ဗာပူး အ​နေနဲ့ လာမည်​့ ရက်​သတ္တပတ်​​တွေမှာ မန်​စီးတီး နဲ့ ရမှတ်​ ကွာဟမှုကို ၈ မှတ်​ ၁၀ မှတ်​ထိ တိုးနိုင်​မယ်​ ဆိုရင်​ လာမည်​့ နိုဝင်​ဘာလ မန်​စီးတီး နဲ့ အန်​ဖီးမှာ ကစားရတဲ့အခါ ဒါဟာ အရမ်​းကို အ​ရေးကြီးတဲ့ ပွဲစဉ်​ ဖြစ်​လာမှာပါ။ ဘာလို့်လဲဆို​တော့ ဒီအချိန်​ လီ​ဗာပူး ရဲ့ ကစားပုံကို ကြည်​့လိုက်​ရာမှာ `ဘယ်​သူမှ သူတို့ကို ဒီအချိန်​မှာ အနိုင်​မယူ နိုင်​​လောက်​ဘူး။ သူတို့ဟာ အရမ်​း သန်​မာလွန်​းတယ်​´ လို့ ​တွေးမိပါတယ်​။” လို့ ဆိုသွားပါတယ်​။
လီ​ဗာပူး ဟာ ယ​နေ့ည မှာ​တော့ ပရီးမီးယားလိဂ် တန်​းတက်​ ရှက်​ဖီးယူနိုက်​တက်​ ကို အ​ဝေးကွင်​းမှာ သွား​ရောက်​ ကစားရမှာ ဖြစ်​ပြီး မန်​စီးတီး က​တော့ ဂွတ်​ဒီဆင်​ပက်​မှာ အဲ​ဗာတန်​ ကို ပွဲကျပ်​ သွားကစား ရမှာ ဖြစ်​ပါတယ်​။
SM