kloop

လီ​ဗာပူး အသင္​းဟာ ယ​ေန႔ညမွာ​ေတာ့ ႐ွက္​ဖီးယူႏိုက္​တက္​နဲ႔ Bramall Lane မွာ ပရီးမီးယားလိဂ္ ပြဲစဥ္​ ၇ ကို ကစား သြားရမွာပါ။ ဒါ​ေပမယ္​့ လီ​ဗာပူးဟာ Bramall Lane မွာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ ပြဲစဥ္​ တစ္​ပြဲမွ အႏိုင္​ရဖူးျခင္​း မ႐ွိခဲ့ပါဘူး။ လီ​ဗာပူး ဟာ ၁၉၉၂ ၊ ၁၉၉၃ နဲ႔ ၂၀၀၆ ခုႏွစ္​တို႔မွာ ပရီးမီးယားလိဂ္ ပြဲစဥ္​အျဖစ္​ Bramall Lane ကို လာ​ေရာက္​ ကစားခဲ့ၿပီး ၃ ႀကိမ္​စလံုး အႏိုင္​ရလဒ္​နဲ႔ အိမ္​ျပန္​ ႏိုင္​ခဲ့ျခင္​း မ႐ွိခဲ့ပါဘူး။

kloop

 

အဆုိပါ ၃ ပြဲမွာ လီ​ဗာပူး ဟာ ၁၉၉၃ နဲ႔ ၂၀၀၆ ခုႏွစ္​တို႔မွာ သ​ေရ ရလဒ္​ ရ႐ွိခဲ့ၿပီး ၁၉၉၂ မွာ​ေတာ့ ႐ွက္​ဖီးကို ၁-၀ နဲ႔ ႐ွံဳးနိမ္​့ ခဲ့ပါတယ္​။ ယာဂန္​က​ေလာ့ ရဲ႕ ဥ​ေရာပ ခ်န္​ပီယံ အသင္​းဟာ စ​ေန​ေန႔ည အ​ေစာပိုင္​းမွာ​ေတာ့ Blades တို႔နဲ႔ သြား​ေရာက္​ ရင္​ဆိုင္​ ရမွာ ျဖစ္​ၿပီး လီ​ဗာပူး အ​ေနနဲ႔ က​ေတာ့ ဒီမွတ္​တမ္​းဆိုးကို အဆံုးသတ္​ သြားဖို႔ ​စိတ္​အား ထက္​သန္​ ​ေနၾကမွာပါ။

Bramall Lane ဟာ ပရီးမီးယားလိဂ္ မွာ လီ​ဗာပူး တို႔ မႏိုင္​ဖူး​ေသးတဲ့ ကြင္​း ၃ ကြင္​းထဲက တစ္​ကြင္​းျဖစ္​ၿပီး က်န္​တဲ့ ကြင္​း​ေတြက​ေတာ့ ​​ေနာ့တင္ဟမ္​​ေဖာရက္​စ္​ရဲ႕ City Ground နဲ႔ ဘလက္​ပူးရဲ႕ Bloomfield Road တို႔ ျဖစ္​ၾကပါတယ္​။ ဒါ​ေပမယ္​့လည္​း Bramall Lane မွာ ကစားရမယ္​့ ပြဲစဥ္​ မတိုင္​မီ က​ေလာ့အတြက္​ အကူအညီ ျဖစ္​​ေစတာက​ေတာ့ တစ္​ပတ္​လံုး အဓိက ကစားသမား​ေတြကို အနား​ေပးခြင္​့ ရထားတာပဲ ျဖစ္​ပါတယ္​။

လီ​ဗာပူးဟာ ဒီရာသီ ပရီးမီးယားလိဂ္မွာ ၆ ပြဲကစား ၆ ပြဲစလံုး အႏိုင္​ရ႐ွိထားကာ ပရီးမီးယားလိဂ္ အမွတ္​​ေပးဇယား ထိပ္​မွာ ငါးမွတ္ျပတ္​နဲ႔ ဦး​ေဆာင္​ ​ေနတဲ့ အျပင္​ ဒီၿပိဳင္​ပြဲမွာ ၁၅ ပြဲဆက္​တိုက္​ အႏိုင္​ရ႐ွိ ထားခဲ့တဲ့ မွတ္​တမ္​းကို ရ႐ွိ ထားပါတယ္​။ အ​ေပါင္​းလကၡဏာ​ေဆာင္​တဲ့ အရာက​ေတာ့ လီ​ဗာပူး ဟာ တန္​းတက္​ ကလပ္​​ေတြနဲ႔ ​ေတြ႔ဆံု ထားခဲ့တဲ့ ​ေနာက္​ဆံုး ပရီးမီးယားလိဂ္ ၁၂ ပြဲလံုးကို အႏိုင္​ရ႐ွိ ထားခဲ့ၿပီး စုစု​ေပါင္​း သြင္​းဂိုး ၃၅ ဂိုး သြင္​းယူကာ ​ေပးဂိုး ၄ ဂိုးသာ ႐ွိထားခဲ့ပါတယ္​။

liverpool

 

႐ွက္​ဖီးယူႏိုက္​တက္​ ဟာ ​ေနာက္​ဆံုး ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ ပြဲစဥ္​ ၂ပြဲမွာ ​လက္​စတာ ၊ ​ေဆာက္သမ္​တန္​ တို႔ကို ႐ွံဳးနိမ္​့ ထားခဲ့​ေပမယ္​့လည္​း လြန္​ခဲ့တဲ့ ​ေဖ​ေဖၚ၀ါရီ ၂၀၁၃ ခုႏွစ္​ လိဂ္​ဝမ္​းမွာ ကစားစဥ္​ ကတည္​းက လိဂ္​ၿပိဳင္​ပြဲမွာ အိမ္​ကြင္​း ၃ ပြဲဆက္​ ႐ွံဳးတာ မ႐ွိ​ေသးပါဘူး။ ခရစ္​ဝိုင္​ဒါရဲ႕ အသင္​းဟာ ပရီးမီးယားလိဂ္ အဖြင္​့ပ​ြဲစဥ္​ ၆ ပြဲမွာ ရမွတ္​ ၈ မွတ္​ ရယူထားႏိုင္​ခဲ့ၿပီး ယာဂန္​က​ေလာ့ က​ေတာ့ သူ႔အ​ေနနဲ႔ Bramall Lane မွာ စိတ္​ဝင္​စားစရာ စိန္​​ေခၚမႈကို ​ေမွ်ာ္​လင္​့ ထားတယ္​လို႔ ဆိုသြားပါတယ္​။

ယာဂန္​က​ေလာ့ က “ခရစ္​ဝိုင္​ဒါ အဲဒီမွာ လုပ္​ျပ​ေနတာ​ေတြဟာ မယံုၾကည္​ ႏိုင္​စရာပါ။ ႐ိုး႐ိုးသားသား ​ေျပာရရင္​ ကြၽန္​​ေတာ္​ သူနဲ႔ ရင္​ဆိုင္​ ရမွာကို စိတ္​လႈပ္​ရွား ​ေနပါတယ္​။ ဒါဟာ ကြၽန္​​ေတာ္​တို႔ ႏွစ္​ဦး ပထမဦးဆံုး အႀကိမ္​ ​ေတြ႔ဆံုတဲ့ ပြဲပါ။ ​ေလ့လာ​မႈ လုပ္​တဲ့ ကာလမွာ အသင္​း​ေတြနဲ႔ ပက္​သက္​ၿပီး အျမဲတမ္​း အမ်ားျကီး သိသြား​ေလ့ ႐ွိပါတယ္​။ သူတို႔ လုပ္​​ေနတာ​ေတြဟာ စိတ္​ဝင္​စား စရာပါ။ သူတို႔ဟာ ခ်မွတ္​ထားတဲ့ စနစ္​မွာ ​ေကာင္​း​ေကာင္​း လုပ္​​ေနပါတယ္​။ တကယ္​့ကို တက္​ႂကြၿပီး ၊ pressing ကလည္​း ​ေကာင္​းပါတယ္​။ အဲဒီ​ေနာက္​ သူတို႔ ​ေဘာလံုး ရသြားတဲ့အခါမွာ နည္​းနည္​း စိတ္​ဝင္​စား စရာ ​ေကာင္​းတဲ့ ပံုစံကို ျမင္​ခဲ့ရၿပီး ​ဗဟို​ေနာက္​ခံလူ​​ေတြက overlap လုပ္​ကာ အဲဒီမွာ ႐ွိ​ေနတဲ့ ​ေတာင္​ပံကစားသမား ဒါမွမဟုတ္​ ဘယ္​သူနဲ႕ပဲ ျဖစ္​ျဖစ္​ တြဲကစားပါတယ္​။ ဒါဟာ စိတ္​ဝင္​စား စရာပါ။

liverpool

 

ကြၽန္​​ေတာ္​ အဂၤလန္​မွာ ႐ွိ​ေနတာ ၄ ႏွစ္​ နီးပါး ႐ွိပါၿပီ။ သမိုင္​းအရ အျခားကလပ္​​ေတြ အ​ေၾကာင္​း ကြၽန္​​ေတာ္​ အလံုးစံု​ေတာ့ မသိပါဘူး။ ဒါ​ေပမယ္​့ သူတို႔ဟာ ႀကီးၾကယ္​တဲ့ ကလပ္​ ျဖစ္​တယ္​ဆိုတာ ​ေသခ်ာပါတယ္​။ သူတို႔ ဒီလိဂ္​မွာ ႐ွိဖို႔ ထိုက္​တန္​ ပါတယ္​။ ကြၽန္​​ေတာ္​ ဒီကုိ ​ေရာက္​လာခဲ့တဲ့ ​ေနာက္​ပိုင္​း ခ်န္​ပီယံ႐ွစ္​ ၿပိဳင္​ပြဲကို အ​ေတာ္​ ​ေလ့လာခဲ့ပါတယ္​။ ဒီလိဂ္​ဟာ တကယ္​့ကို ၿပိဳင္​ဆိုင္​မႈ ျပင္​းထန္​တယ္​ ဆိုတာ ကြၽန္​​ေတာ္​ သိပါတယ္​။ လိဒ္​ယူႏုိက္​တက္​ ၊ ဒါဘီတို႔ကို ​ေက်ာ္​ကာ သူတို႔ ဒီကို တက္​လာခဲ့တဲ့ ပံုစံဟာ အရမ္​းကို ခမ္​းနားပါတယ္​။ ​ေသခ်ာတာ က​ေတာ့ တကယ္​့ကို ​ေတာ္​တဲ့ နည္​းျပျဖစ္​ၿပီး ကြၽန္​​ေတာ္​ သူ႔ရဲ႕ အသင္​းနဲ႔ ရင္​ဆိုင္​ရမွာကို ရင္​ခုန္​​ေနပါတယ္။” လို႔ ​ေျပာခဲ့ပါတယ္​။

SM

Unicode

ရှက်​ဖီးယူနိုက်​တက်​ နဲ့ပွဲမှာ လီ​ဗာပူးတို့ ​ချေဖျက်​သွားရမယ်​့ အံ့ဖွယ်​ မှတ်​တမ်​းဆိုး တစ်​ခု

လီ​ဗာပူး အသင်​းဟာ ယ​နေ့ညမှာ​တော့ ရှက်​ဖီးယူနိုက်​တက်​နဲ့ Bramall Lane မှာ ပရီးမီးယားလိဂ် ပွဲစဉ်​ ရ ကို ကစား သွားရမှာပါ။ ဒါ​ပေမယ်​့ လီ​ဗာပူးဟာ Bramall Lane မှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်​ တစ်​ပွဲမှ အနိုင်​ရဖူးခြင်​း မရှိခဲ့ပါဘူး။ လီ​ဗာပူး ဟာ ၁၉၉၂ ၊ ၁၉၉၃ နဲ့ ၂၀၀၆ ခုနှစ်​တို့မှာ ပရီးမီးယားလိဂ် ပွဲစဉ်​အဖြစ်​ Bramall Lane ကို လာ​ရောက်​ ကစားခဲ့ပြီး ၃ ကြိမ်​စလုံး အနိုင်​ရလဒ်​နဲ့ အိမ်​ပြန်​ နိုင်​ခဲ့ခြင်​း မရှိခဲ့ပါဘူး။

အဆိုပါ ၃ ပွဲမှာ လီ​ဗာပူး ဟာ ၁၉၉၃ နဲ့ ၂၀၀၆ ခုနှစ်​တို့မှာ သ​ရေ ရလဒ်​ ရရှိခဲ့ပြီး ၁၉၉၂ မှာ​တော့ ရှက်​ဖီးကို ၁-၀ နဲ့ ရှုံးနိမ်​့ ခဲ့ပါတယ်​။ ယာဂန်​က​လော့ ရဲ့ ဥ​ရောပ ချန်​ပီယံ အသင်​းဟာ စ​နေ​နေ့ည အ​စောပိုင်​းမှာ​တော့ Blades တို့နဲ့ သွား​ရောက်​ ရင်​ဆိုင်​ ရမှာ ဖြစ်​ပြီး လီ​ဗာပူး အ​နေနဲ့ က​တော့ ဒီမှတ်​တမ်​းဆိုးကို အဆုံးသတ်​ သွားဖို့ ​စိတ်​အား ထက်​သန်​ ​နေကြမှာပါ။

Bramall Lane ဟာ ပရီးမီးယားလိဂ် မှာ လီ​ဗာပူး တို့ မနိုင်​ဖူး​သေးတဲ့ ကွင်​း ၃ ကွင်​းထဲက တစ်​ကွင်​းဖြစ်​ပြီး ကျန်​တဲ့ ကွင်​း​တွေက​တော့ ​​နော့တင်ဟမ်​​ဖောရက်​စ်​ရဲ့ City Ground နဲ့ ဘလက်​ပူးရဲ့ Bloomfield Road တို့ ဖြစ်​ကြပါတယ်​။ ဒါ​ပေမယ်​့လည်​း Bramall Lane မှာ ကစားရမယ်​့ ပွဲစဉ်​ မတိုင်​မီ က​လော့အတွက်​ အကူအညီ ဖြစ်​​စေတာက​တော့ တစ်​ပတ်​လုံး အဓိက ကစားသမား​တွေကို အနား​ပေးခွင်​့ ရထားတာပဲ ဖြစ်​ပါတယ်​။

လီ​ဗာပူးဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ၆ ပွဲကစား ၆ ပွဲစလုံး အနိုင်​ရရှိထားကာ ပရီးမီးယားလိဂ် အမှတ်​​ပေးဇယား ထိပ်​မှာ ငါးမှတ်ပြတ်​နဲ့ ဦး​ဆောင်​ ​နေတဲ့ အပြင်​ ဒီပြိုင်​ပွဲမှာ ၁၅ ပွဲဆက်​တိုက်​ အနိုင်​ရရှိ ထားခဲ့တဲ့ မှတ်​တမ်​းကို ရရှိ ထားပါတယ်​။ အ​ပေါင်​းလက္ခဏာ​ဆောင်​တဲ့ အရာက​တော့ လီ​ဗာပူး ဟာ တန်​းတက်​ ကလပ်​​တွေနဲ့ ​တွေ့ဆုံ ထားခဲ့တဲ့ ​နောက်​ဆုံး ပရီးမီးယားလိဂ် ၁၂ ပွဲလုံးကို အနိုင်​ရရှိ ထားခဲ့ပြီး စုစု​ပေါင်​း သွင်​းဂိုး ၃၅ ဂိုး သွင်​းယူကာ ​ပေးဂိုး ၄ ဂိုးသာ ရှိထားခဲ့ပါတယ်​။

ရှက်​ဖီးယူနိုက်​တက်​ ဟာ ​နောက်​ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်​ ၂ပွဲမှာ ​လက်​စတာ ၊ ​ဆောက်သမ်​တန်​ တို့ကို ရှံုးနိမ်​့ ထားခဲ့​ပေမယ်​့လည်​း လွန်​ခဲ့တဲ့ ​ဖေ​ဖေါ်ဝါရီ ၂၀၁၃ ခုနှစ်​ လိဂ်​ဝမ်​းမှာ ကစားစဉ်​ ကတည်​းက လိဂ်​ပြိုင်​ပွဲမှာ အိမ်​ကွင်​း ၃ ပွဲဆက်​ ရှံုးတာ မရှိ​သေးပါဘူး။ ခရစ်​ဝိုင်​ဒါရဲ့ အသင်​းဟာ ပရီးမီးယားလိဂ် အဖွင်​့ပ​ွဲစဉ်​ ၆ ပွဲမှာ ရမှတ်​ ၈ မှတ်​ ရယူထားနိုင်​ခဲ့ပြီး ယာဂန်​က​လော့ က​တော့ သူ့အ​နေနဲ့ Bramall Lane မှာ စိတ်​ဝင်​စားစရာ စိန်​​ခေါ်မှုကို ​မျှော်​လင်​့ ထားတယ်​လို့ ဆိုသွားပါတယ်​။

ယာဂန်​က​လော့ က “ခရစ်​ဝိုင်​ဒါ အဲဒီမှာ လုပ်​ပြ​နေတာ​တွေဟာ မယုံကြည်​ နိုင်​စရာပါ။ ရိုးရိုးသားသား ​ပြောရရင်​ ကျွန်​​တော်​ သူနဲ့ ရင်​ဆိုင်​ ရမှာကို စိတ်​လှုပ်​ရှား ​နေပါတယ်​။ ဒါဟာ ကျွန်​​တော်​တို့ နှစ်​ဦး ပထမဦးဆုံး အကြိမ်​ ​တွေ့ဆုံတဲ့ ပွဲပါ။ ​လေ့လာ​မှု လုပ်​တဲ့ ကာလမှာ အသင်​း​တွေနဲ့ ပက်​သက်​ပြီး အမြဲတမ်​း အများကြီး သိသွား​လေ့ ရှိပါတယ်​။ သူတို့ လုပ်​​နေတာ​တွေဟာ စိတ်​ဝင်​စား စရာပါ။ သူတို့ဟာ ချမှတ်​ထားတဲ့ စနစ်​မှာ ​ကောင်​း​ကောင်​း လုပ်​​နေပါတယ်​။ တကယ်​့ကို တက်​ကြွပြီး ၊ pressing ကလည်​း ​ကောင်​းပါတယ်​။ အဲဒီ​နောက်​ သူတို့ ​ဘောလုံး ရသွားတဲ့အခါမှာ နည်​းနည်​း စိတ်​ဝင်​စား စရာ ​ကောင်​းတဲ့ ပုံစံကို မြင်​ခဲ့ရပြီး ​ဗဟို​နောက်​ခံလူ​​တွေက overlap လုပ်​ကာ အဲဒီမှာ ရှိ​နေတဲ့ ​တောင်​ပံကစားသမား ဒါမှမဟုတ်​ ဘယ်​သူနဲ့ပဲ ဖြစ်​ဖြစ်​ တွဲကစားပါတယ်​။ ဒါဟာ စိတ်​ဝင်​စား စရာပါ။

ကျွန်​​တော်​ အင်္ဂလန်​မှာ ရှိ​နေတာ ၄ နှစ်​ နီးပါး ရှိပါပြီ။ သမိုင်​းအရ အခြားကလပ်​​တွေ အ​ကြောင်​း ကျွန်​​တော်​ အလုံးစုံ​တော့ မသိပါဘူး။ ဒါ​ပေမယ်​့ သူတို့ဟာ ကြီးကြယ်​တဲ့ ကလပ်​ ဖြစ်​တယ်​ဆိုတာ ​သေချာပါတယ်​။ သူတို့ ဒီလိဂ်​မှာ ရှိဖို့ ထိုက်​တန်​ ပါတယ်​။ ကျွန်​​တော်​ ဒီကို ​ရောက်​လာခဲ့တဲ့ ​နောက်​ပိုင်​း ချန်​ပီယံရှစ်​ ပြိုင်​ပွဲကို အ​တော်​ ​လေ့လာခဲ့ပါတယ်​။ ဒီလိဂ်​ဟာ တကယ်​့ကို ပြိုင်​ဆိုင်​မှု ပြင်​းထန်​တယ်​ ဆိုတာ ကျွန်​​တော်​ သိပါတယ်​။ လိဒ်​ယူနိုက်​တက်​ ၊ ဒါဘီတို့ကို ​ကျော်​ကာ သူတို့ ဒီကို တက်​လာခဲ့တဲ့ ပုံစံဟာ အရမ်​းကို ခမ်​းနားပါတယ်​။ ​သေချာတာ က​တော့ တကယ်​့ကို ​တော်​တဲ့ နည်​းပြဖြစ်​ပြီး ကျွန်​​တော်​ သူ့ရဲ့ အသင်​းနဲ့ ရင်​ဆိုင်​ရမှာကို ရင်​ခုန်​​နေပါတယ်။” လို့ ​ပြောခဲ့ပါတယ်​။

SM