carragher-glazers

လီဗာပူး အသင္း ရဲ့ ေနာက္ခံ ကစားသမား ေဟာင္း ျဖစ္သူ ေဂ်မီ ကာေရဂါ က ယူနုိက္တက္ အသင္း ရဲ့ အသင္း ပိုင္ရွင္ ေတြ ျဖစ္ၾကတဲ့ ဂေလဇာ မိသားစု ကို ျပင္းျပင္းထန္ထန္ ေဝဖန္ ထုုိးႏွက္ သြားခဲ့ လိုက္ျပီး သူတုိ႔ ေတြဟာ ကြင္းထဲ မွာ ဘယ္လို ရလဒ္ ေတြ ထြက္ေပၚ ေန သလဲ ဆုိတာ ကို စိတ္ဝင္စား ၾကသူ ေတြ မဟုတ္ေၾကာင္း ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

ဒါ့အျပင္ ယူနုိက္တက္ အသင္း ရဲ့ အမွဳေဆာင္ခ်ဳပ္ တာဝန္ ကို ယူေဆာင္ ထားျပီး ေဘာလံုး အားကစား နဲ့ ပတ္သက္ လို႔ က်ြမ္းက်င္ မွဳ မရွိတဲ့ အဒ္ဝုဝဒ္ ကိုလည္း သရုပ္ေဆာင္ ေနသူ တစ္ဦး လို႔ ဆက္လက္ ေဝဖန္ ထုိးႏွက္ သြားခဲ့ လိုက္ ပါတယ္ ။

Ed Woodward

အဒ္ဝုဝဒ္ ဟာ ဒီ ရာသီ မန္ခ်က္စတာ ယူနုိက္တက္ အသင္း ရဲ့ အထူး လိုအပ္ခ်က္ တစ္ခု ျဖစ္တ့ဲ အားကစား ဒါရိုက္တာ ရာထူး ေနရာ ကို အင္းအား မျဖည့္တင္း ခဲ့ပဲ အဆုိပါ ေနရာ အတြက္ ေရပန္းစား ေန ၾကတဲ့ ကစားသမား ေဟာင္းေတြ ကို ေခၚယူ ေတြ့ဆံု ျပီး အသင္း ရဲ့ ပံုရိပ္ တက္ေစ ဖုိ႔ပဲ လုပ္ေဆာင္ ခဲ့ေၾကာင္း ကာေရဂါ က ဆက္လက္ ထုိးႏွက္ သြားခဲ့ လိုက္ ပါတယ္ ။

ဒါေပမယ့္ ဂေလဇာ မိသားစု ဖက္က ေတာ့ အဒ္ဝုဝဒ္ ဟာ သူတုိ႔ အတြက္ ႏွစ္စဥ္ အျမတ္အစြန္း ေတြ မ်ားစြာ ရွာေပး ေနတာ ေၾကာင့္ အသင္း ရဲ့ စိတ္ပ်က္ဖြယ္ အေနအထား ကို မၾကည့္ရွဳပဲ အမွဳေဆာင္ခ်ဳပ္ ျဖစ္သူ ရဲ့ လုပ္ရပ္ ေတြနဲ့ ပတ္သက္ လို႔ ေက်နပ္ အားရျပီး ေထာက္ခံ ေပးေန ၾကမွာ ျဖစ္ေၾကာင္း ကာေရဂါ က ဆက္လက္ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

man utd

” သိပ္ မၾကာေသးခင္ ကာလ အတြင္း မွာ အဒ္ဝုဝဒ္ ဟာ ယူနုိက္တက္ အသင္း ရဲ့ တစ္ကယ့္ စပါယ္ရွယ္ ပရိသတ္ ျဖစ္ေနတယ္ ဆုိတာ မ်ိဳး သရုပ္ေဆာင္ ခဲ့တာ ကို က်ြန္ေတာ္ တုိ့ မ်က္ျမင္ ကိုယ္ေတြ့ ၾကံဳခဲ့ ၾကရ ပါတယ္ ”

” ဒါ့အျပင္ အသင္း ရဲ့ အားကစား ဒါရိုက္တာ ျဖစ္နုိင္ လိမ့္မယ္ လို့ အထူး သတင္း ၾကီး ေနခဲ့ ၾကတဲ့ ယူနုိက္တက္ အသင္း ရဲ့ ကစားသမား ေဟာင္း အေတာ္ မ်ားမ်ား ကိုလည္း သူဟာ ဆက္တုိက္ ဆုိ သလို ပဲ ေခၚယူ ေတြ့ဆံု သြားခဲ့ ပါ ေသးတယ္ ”

” ဒါေပမယ့္ သူ ေခၚေတြ့ ခဲ့တဲ့ သူေတြ ထဲမွာ ေတာ့ အသင္း အတြက္ ဒီေလာက္ အေရးၾကီး တဲ့ ရာထူး ၾကီး တစ္ခု အတြက္ အေတြ့ အၾကံဳ ျပည့္စံု ေကာင္းမြန္ တဲ့ သူေတြ ပါဝင္ ၾကသလား ဆုိတာ ကိုေတာ့ မျမင္ ေတြ့ခဲ့ ရ ပါဘူး ။ သူဟာ က်ြမ္းက်င္ မွဳထက္ ပံုရိပ္ ပိုေကာင္း နုိင္မယ့္ အေၾကာင္း ကိုပဲ ေတြးေတာ ေနခဲ့ ပါတယ္ ”

” အသင္း အတြက္ တာဝန္ ယူလို စိတ္ ရွိ ၾကတဲ့ ပိုင္ရွင္ တုိင္းက သူတုိ့ အသင္း ကို အခုလို စိတ္ပ်က္ဖြယ္ ပံုစံ နဲ့ ေမာင္းႏွင္ ေနတဲ့ သူ တစ္ေယာက္ ကို ၾကည့္ျပီး ဒီလို လူကို အသင္း မွာ ဆက္လက္ ရွိေန ေစလို ၾကမွာ မဟုတ္ ပါဘူး ”

” ဒါေပမယ့္ ဂေလဇာ ဖက္က အဲ့တာ ကို သိပ္ ဂရု မစိုက္ ပါဘူး ။ ဘာျဖစ္လို့လဲ ဆုိေတာ့ ကြင္းထဲ ဘယ္လုိ အေနအထား ပဲ ရွိေန ပါေစ ၊ သူတုိ႔ ေတြက ယူနုိက္တက္ ေၾကာင့္ ေငြေတြ မ်ားစြာ ရွာနုိင္ ၾကတယ္ ေလ ” လို့ ေဂ်မီ ကာေရဂါ က ျပင္းျပင္းထန္ထန္ ေဝဖန္ ထုိးႏွက္ သြားခဲ့ လိုက္ ပါတယ္ ။

ယူနုိက္တက္ အသင္း ဟာ ျပီးခဲ့တဲ့ ေဘာလံုး ရာသီ တုန္းက ပရီးမီးယား လိဂ္ ျပိဳင္ပြဲ မွာ ရလဒ္ ဆုိးရြား ေနမွဳ ေတြနဲ့ အတူ အဆင့္ 6 ေနရာ မွာသာ ရာသီ ပိတ္သိမ္း နုိင္ခဲ့ ေပမယ့္ ဂေလဇာ မိသားစု ဖက္မွ ေတာ့ စံခ်ိန္တင္ ဘ႑ာေငြ ျဖစ္တဲ့ ေပါင္ သန္း 600 ေက်ာ္ကို ရရွိ နုိင္ခဲ့ ပါတယ္ ။

Glazer family

ဒါေပမယ့္ အေျပာင္း အေရႊ့ ေစ်းကြက္ မွာေတာ့ ကစားသမား သစ္ သံုးဦး ေခၚယူ ဖုိ့ အတြက္ ေပါင္ 155 သန္း ဝန္းက်င္ သံုးစြဲ ခဲ့ျပီး အသင္း ကို အင္အား ျဖည့္တင္း ေနေၾကာင္း ျပသ ခဲ့ ေပမယ့္ ကစားသမား ေရာင္းခ် ရာမွ ေပါင္ 75 သန္း ဝန္းက်င္ ရရွိ ခဲ့တဲ့ အတြက္ ေစ်းကြက္ အတြင္ ယူနုိက္တက္ ရဲ့ အသားတင္ ကုန္က် စရိတ္ ဟာ ေပါင္ သန္း 80 မ်ွသာ ရွိခဲ့ ရ ပါတယ္ ။

#Sports_Myanmar

Unicode

လက်ရှိ ယူနိုက်တက်ရဲ့ အနေအထားတွေနဲ့ ပတ်သက်လို့ အသင်း ပိုင်ရှင် နဲ့ အဒ်ဝုဝဒ် တို့အပေါ် အကြီးအကျယ် ဝေဖန် ထိုးနှက်သွားတဲ့ #ကာရေဂါ

================

လီဗာပူး အသင်း ရဲ့ နောက်ခံ ကစားသမား ဟောင်း ဖြစ်သူ ဂျေမီ ကာရေဂါ က ယူနိုက်တက် အသင်း ရဲ့ အသင်း ပိုင်ရှင် တွေ ဖြစ်ကြတဲ့ ဂလေဇာ မိသားစု ကို ပြင်းပြင်းထန်ထန် ဝေဖန် ထုုိးနှက် သွားခဲ့ လိုက်ပြီး သူတို့ တွေဟာ ကွင်းထဲ မှာ ဘယ်လို ရလဒ် တွေ ထွက်ပေါ် နေ သလဲ ဆိုတာ ကို စိတ်ဝင်စား ကြသူ တွေ မဟုတ်ကြောင်း ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ဒါ့အပြင် ယူနိုက်တက် အသင်း ရဲ့ အမှုဆောင်ချုပ် တာဝန် ကို ယူဆောင် ထားပြီး ဘောလုံး အားကစား နဲ့ ပတ်သက် လို့ ကျွမ်းကျင် မှု မရှိတဲ့ အဒ်ဝုဝဒ် ကိုလည်း သရုပ်ဆောင် နေသူ တစ်ဦး လို့ ဆက်လက် ဝေဖန် ထိုးနှက် သွားခဲ့ လိုက် ပါတယ် ။

အဒ်ဝုဝဒ် ဟာ ဒီ ရာသီ မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ အထူး လိုအပ်ချက် တစ်ခု ဖြစ်တဲ့ အားကစား ဒါရိုက်တာ ရာထူး နေရာ ကို အင်းအား မဖြည့်တင်း ခဲ့ပဲ အဆိုပါ နေရာ အတွက် ရေပန်းစား နေ ကြတဲ့ ကစားသမား ဟောင်းတွေ ကို ခေါ်ယူ တွေ့ဆုံ ပြီး အသင်း ရဲ့ ပုံရိပ် တက်စေ ဖို့ပဲ လုပ်ဆောင် ခဲ့ကြောင်း ကာရေဂါ က ဆက်လက် ထိုးနှက် သွားခဲ့ လိုက် ပါတယ် ။

ဒါပေမယ့် ဂလေဇာ မိသားစု ဖက်က တော့ အဒ်ဝုဝဒ် ဟာ သူတို့ အတွက် နှစ်စဉ် အမြတ်အစွန်း တွေ များစွာ ရှာပေး နေတာ ကြောင့် အသင်း ရဲ့ စိတ်ပျက်ဖွယ် အနေအထား ကို မကြည့်ရှုပဲ အမှုဆောင်ချုပ် ဖြစ်သူ ရဲ့ လုပ်ရပ် တွေနဲ့ ပတ်သက် လို့ ကျေနပ် အားရပြီး ထောက်ခံ ပေးနေ ကြမှာ ဖြစ်ကြောင်း ကာရေဂါ က ဆက်လက် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” သိပ် မကြာသေးခင် ကာလ အတွင်း မှာ အဒ်ဝုဝဒ် ဟာ ယူနိုက်တက် အသင်း ရဲ့ တစ်ကယ့် စပါယ်ရှယ် ပရိသတ် ဖြစ်နေတယ် ဆိုတာ မျိုး သရုပ်ဆောင် ခဲ့တာ ကို ကျွန်တော် တို့ မျက်မြင် ကိုယ်တွေ့ ကြုံခဲ့ ကြရ ပါတယ် ”

” ဒါ့အပြင် အသင်း ရဲ့ အားကစား ဒါရိုက်တာ ဖြစ်နိုင် လိမ့်မယ် လို့ အထူး သတင်း ကြီး နေခဲ့ ကြတဲ့ ယူနိုက်တက် အသင်း ရဲ့ ကစားသမား ဟောင်း အတော် များများ ကိုလည်း သူဟာ ဆက်တိုက် ဆို သလို ပဲ ခေါ်ယူ တွေ့ဆုံ သွားခဲ့ ပါ သေးတယ် ”

” ဒါပေမယ့် သူ ခေါ်တွေ့ ခဲ့တဲ့ သူတွေ ထဲမှာ တော့ အသင်း အတွက် ဒီလောက် အရေးကြီး တဲ့ ရာထူး ကြီး တစ်ခု အတွက် အတွေ့ အကြံု ပြည့်စုံ ကောင်းမွန် တဲ့ သူတွေ ပါဝင် ကြသလား ဆိုတာ ကိုတော့ မမြင် တွေ့ခဲ့ ရ ပါဘူး ။ သူဟာ ကျွမ်းကျင် မှုထက် ပုံရိပ် ပိုကောင်း နိုင်မယ့် အကြောင်း ကိုပဲ တွေးတော နေခဲ့ ပါတယ် ”

” အသင်း အတွက် တာဝန် ယူလို စိတ် ရှိ ကြတဲ့ ပိုင်ရှင် တိုင်းက သူတို့ အသင်း ကို အခုလို စိတ်ပျက်ဖွယ် ပုံစံ နဲ့ မောင်းနှင် နေတဲ့ သူ တစ်ယောက် ကို ကြည့်ပြီး ဒီလို လူကို အသင်း မှာ ဆက်လက် ရှိနေ စေလို ကြမှာ မဟုတ် ပါဘူး ”

” ဒါပေမယ့် ဂလေဇာ ဖက်က အဲ့တာ ကို သိပ် ဂရု မစိုက် ပါဘူး ။ ဘာဖြစ်လို့လဲ ဆိုတော့ ကွင်းထဲ ဘယ်လို အနေအထား ပဲ ရှိနေ ပါစေ ၊ သူတို့ တွေက ယူနိုက်တက် ကြောင့် ငွေတွေ များစွာ ရှာနိုင် ကြတယ် လေ ” လို့ ဂျေမီ ကာရေဂါ က ပြင်းပြင်းထန်ထန် ဝေဖန် ထိုးနှက် သွားခဲ့ လိုက် ပါတယ် ။

ယူနိုက်တက် အသင်း ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက ပရီးမီးယား လိဂ် ပြိုင်ပွဲ မှာ ရလဒ် ဆိုးရွား နေမှု တွေနဲ့ အတူ အဆင့် 6 နေရာ မှာသာ ရာသီ ပိတ်သိမ်း နိုင်ခဲ့ ပေမယ့် ဂလေဇာ မိသားစု ဖက်မှ တော့ စံချိန်တင် ဘဏ္ဍာငွေ ဖြစ်တဲ့ ပေါင် သန်း 600 ကျော်ကို ရရှိ နိုင်ခဲ့ ပါတယ် ။

ဒါပေမယ့် အပြောင်း အရွှေ့ စျေးကွက် မှာတော့ ကစားသမား သစ် သုံးဦး ခေါ်ယူ ဖို့ အတွက် ပေါင် 155 သန်း ဝန်းကျင် သုံးစွဲ ခဲ့ပြီး အသင်း ကို အင်အား ဖြည့်တင်း နေကြောင်း ပြသ ခဲ့ ပေမယ့် ကစားသမား ရောင်းချ ရာမှ ပေါင် 75 သန်း ဝန်းကျင် ရရှိ ခဲ့တဲ့ အတွက် စျေးကွက် အတွင် ယူနိုက်တက် ရဲ့ အသားတင် ကုန်ကျ စရိတ် ဟာ ပေါင် သန်း 80 မျှသာ ရှိခဲ့ ရ ပါတယ် ။

#Sports_Myanmar