lindelof
မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ဗဟို နောက်ခံလူ ဗစ်တာ လင်ဒီလော့ဖ် က ဝက်စ်ဟမ်း နဲ့ ရှုံးပွဲ အပြီး နည်းပြ ဟောင်း ဖြစ်သူ ဟိုဆေး မော်ရင်ဟို မှ သူ့ အပေါ် ဝေဖန် ခဲ့ခြင်း နဲ့ ပတ်သက် လို့ တစ်ကယ် ပဲ သတိ မထား မိ ခဲ့တဲ့ အကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။
lindelof
lindelof
magurie
#Sports_Myanmar
Unicode
ဝက်စ်ဟမ်းနဲ့ ရှုံးပွဲအပြီး သူ့အပေါ် ဝေဖန်ခဲ့တဲ့ နည်းပြဟောင်း ဟိုဆေး မော်ရင်ဟိုနဲဲ့ ပတ်သက်လို့ အကောင်းဆုံး အဖြေ တစ်ခု ဖြေကြားလိုက်တဲ့ #လင်ဒီလော့ဖ်
=====================
မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ဗဟို နောက်ခံလူ ဗစ်တာ လင်ဒီလော့ဖ် က ဝက်စ်ဟမ်း နဲ့ ရှံုးပွဲ အပြီး နည်းပြ ဟောင်း ဖြစ်သူ ဟိုဆေး မော်ရင်ဟို မှ သူ့ အပေါ် ဝေဖန် ခဲ့ခြင်း နဲ့ ပတ်သက် လို့ တစ်ကယ် ပဲ သတိ မထား မိ ခဲ့တဲ့ အကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။
ဒါ့အပြင် ဘောလုံး နဲ့ ပတ်သက် သူတိုင်း က ပွဲစဉ် အပြီး ကိုယ်စီ ကွင်းထဲ က အကြောင်း အရာ နဲ့ ပတ်သက် လို့ သူတို့ ရဲ့ ကိုယ်ပိုင် အမြင် တွေကို ဝေဖန် ကြ သလို ဟိုဆေး မော်ရင်ဟို ကလည်း သူ့ရဲ့ အမြင် ကို ခေါင်းစဉ် ပေး ပြောကြား ခဲ့ခြင်း သာ ဖြစ်ကြောင်း လင်ဒီလော့ဖ် က ဆက်လက် ပြောကြား သွားခဲ့ လိုက် ပါတယ် ။
” ကျွန်တော့် အတွက် ကတော့ အဲ့တာ တွေက ပြသနာ တစ်ခု မဟုတ် ရ ပါဘူူး ။ ကျွန်တော် ဟာ အဲ့တာ တွေနဲ့ ပတ်သက် လို့ ခေါင်းထဲ သိပ် မထည့် တက်တဲ့ သူ တစ်ယောက် ပါ ။ ပွဲစဉ် ပြီးဆုံး သွားတဲ့ အခါ မှာ တစ်ဦး မဟုတ် တစ်ဦး ကတော့ သူတို့ ထင်မြင် ချက်ကို ပြောကြား ကြတာ ပါပဲ ”
” အကယ်လို့ ခင်ဗျား ဟာ ဒီလို ကလပ် အသင်း ကြီး တစ်သင်း အတွက် ကစား ပေး နေရ ပြီ ဆိုရင် ခင်ဗျား နဲ့ ပတ်သက် လို့ ခင်ဗျား ရဲ့ ကစား ပုံ တွေနဲ့ ပတ်သက် လို့ ဝေဖန် ကြမ့ယ် သူတွေ ဟာ အမြဲ တမ်းလို ရှိနေ ကြမှာ ပါပဲ ။ ဒါဟာ ဖြစ်လေ့ ရှိတဲ့ အရာ တစ်ခု ပဲလေ ”
” အကယ်လို့ ကျွန်တော် ကွင်းထဲ မှာ ကစား ပုံ တစ်ကယ် ပဲ ကောင်းမွန် ခဲ့တယ် ဆိုရင် တောင်မှ လူတွေ အတွက် တော့ ဝေဖန် ပြောစရာ တစ်ခု မဟုတ် တစ်ခု ရှိနေ ဦးမှာ ပါပဲ ။ ဒီလို ဝေဖန် ခံ ရတယ် ဆိုတာ ကျွန်တော် တို့ အလုပ် ရဲ့ အစိတ် အပိုင်း တစ်ခု ပါပဲ ။ တစ်ယောက် မဟုတ် တစ်ယောက် က ဒါနဲ့ ပတ်သက် လို့ ခေါင်းစဉ် တပ်ကြ မှာ ပဲလေ ”
” ကျွန်တော် ကတော့ ကျွန်တော် လုပ်ဆောင် ရမယ့် အရာတွေ အကြောင်း ကိုပဲ တွေးတော နေပြီး အဲဒီ လို ဝေဖန် မှုတွေ အပေါ် သိပ်ပြီး အာရုံ စိုက်လေ့ မရှိ ပါဘူး ။ ခင်ဗျား ကျွန်တော့် ကို ဒီ အကြောင်း မမေးခင် အထိ တောင် ကျွန်တော် နဲ့ ပတ်သက် လို့ အဲ့ဒီ လိုတွေ ပြောခဲ့ ကြ ပါလား ဆိုတာ ကျွန်တော် တစ်ကယ် ပဲ မသိ ခဲ့ရ သူပါ ”
” ကျွန်တော့် ဘဝ ကြီး ကိုတော့ ကျွန်တော် ဒီလို ပုံစံ အတိုင်း ပဲ ရှင်သန် နေထိုင် ပါတယ် ။ ကျွန်တော် လုပ်ဆောင် ရမယ့် အလုပ် အပေါ် ကိုပဲ အဓိက ထား အာရုံ စိုက်လေ့ ရှိတက် ပါတယ် ။ ကျွန်တော့် အနာဂတ် ကို ဒီမှာ ပဲ ဆက်လက် မြင်တွေ့ နေရ ပါတယ် ” လို့ လင်ဒီလော့ဖ် က ပြန်လည် ဖြေကြား သွားခဲ့ လိုက် ပါတယ် ။
လက်ရှိ ဘောလုံး ရာသီ မှာတော့ ယူနိုက်တက် အသင်း ရဲ့ ခံစစ် ပိုင်းမှာ လက်စတာ မှ ဟယ်ရီ မက်ဂွားယား ရောက်ရှိ လာ ခဲ့တဲ့ နောက် ယူနိုက်တက် အသင်း ရဲ့ ခံစစ် ကစား ပုံဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက ထက် အတော် လေးကို တိုးတက် ကောင်းမွန် လာခဲ့ ပါတယ် ။
မက်ဂွားယား နဲ့ လင်ဒီလော့ဖ် တို့ နှစ်ဦး စလုံး ကတော့ သူတို့ အနေ နဲ့ ပွဲစဉ် များစွာ ကို အခုလို အတူ တွဲ ကစား ကြဖို့ လိုအပ် နေတဲ့ အကြောင်း ၊ ပွဲတွေ ကစား လာတာ နဲ့ အမျှ တစ်ဦး အပေါ် တစ်ဦး နားလည်း မှုတွေ အားကောင်း လာခြင်း နဲ့ အတူ သူတို့ ဟာ ပိုပြီး တိုးတက် ကောင်းမွန် လာကြ ဦးမှာ ဖြစ်ကြောင်း ကိုယ်စီ ပြောကြား ထားခဲ့ ကြပါ သေးတယ် ။
#Sports_Myanmar