ျပီးခဲ့တဲ့ ဒီဇင္ဘာလ တုန္းက ယူနုိက္တက္ နည္းျပ ျဖစ္လာသူ အိုလီ ဂန္နား ဆုိးလ္ရွား ဟာ ဒီ ရာသီ မွသာ အသင္း ကို ရာသီ ၾကိဳ ပြဲစဥ္ ေတြမွ အျပည့္အဝ စတင္ ကိုင္တြယ္ ေနခဲ့ ရသူ ျဖစ္ျပီး အသင္း ရဲ့ အေျပာင္း အေ႐ႊ့ ေစ်းကြက္ အတြင္း မွာလည္း ပါဝင္ ခြင့္ ရရွိ ခဲ့သူပဲ ျဖစ္ပါတယ္ ။

ဒါေပမယ့္ ဒီ ရာသီ သစ္မွာ ေတာ့ ယူနုိက္တက္ တုိ႔ ပြဲစဥ္ 8 ပြဲ အထိ ကစား ထား ခဲ့ရာ မွာ အဖြင့္ ပြဲစဥ္ အျဖစ္ ခ်ဲလ္ဆီး အသင္း ကို 4 – 0 ဆုိတဲ့ ရလဒ္ နဲ့ အနုိင္ ရရွိ ခဲ့တဲ့ ပြဲစဥ္ တစ္ပြဲ သာ ေက်နပ္ ဖြယ္ ရလဒ္ နဲ့ ပံုစံ မ်ိဳး ျပသ နုိင္ခဲ့ ပါတယ္ ။

ယူနုိက္တက္ တုိ႔ ေနာက္ဆံုး ကစား ခဲ့တဲ့ ဝက္စ္ဟမ္း နဲ့ ပြဲစဥ္ မွာ 2 – 0 နဲ့ ရွံဳးနိမ့္ ထားခဲ့ သလို ေရာ့ခ်္ေဒလ္ အသင္း နဲ့ ရင္ဆုိင္ ခဲ့တဲ့ ကာရာေဘာင္ ဖလား ျပိဳင္ပြဲ မွာလည္း သေရ ရလဒ္ ထြက္ေပၚ ၊ အဆံုးသတ္ ညံ့ဖ်င္း မွဳ ေတြေၾကာင့္ ပရိသတ္ ေတြရဲ့ ေဝဖန္ မွဳ ေတြကုိ အထူး ခံခဲ့ ရ ပါတယ္ ။

ဒါေပမယ့္ ယူနုိက္တက္ ကစားသမားေဟာင္း ျဖစ္သူ ဂ်ြန္ အိုေရွး က ရာသီ အစ အထေနွး ခဲ့တဲ့ ဆုိးလ္ရွား အေပၚ ေထာက္ခံ အားေပး စကား ဆုိသြား ခဲ့လိုက္ ျပီး အသင္း ကို ျပန္လည္ တည္ေဆာက္ လို ေနတဲ့ ဆုိးလ္ရွား ရဲ့ စီမံကိန္း အေပၚ စိတ္ရွည္ ေပးဖုိ႔ ပရိသတ္ ေတြကို တုိက္တြန္း သြားခဲ့ ပါတယ္ ။

” စီမံကိန္း တစ္ခု ကို အေကာင္အထည္ ေဖာ္ဖုိ႔ လုပ္ေဆာင္ ေနတဲ့ ဆုိးလ္ရွား ဖက္မွာ သူတုိ႔ ရပ္တည္ ေနေၾကာင္း အသင္း ဖက္မွ မၾကာေသးခင္ က ထုတ္ျပန္ ေၾကျငား ထားခဲ့ ပါတယ္ ။ ဒီ အတြက္ အခ်ိန္ ေတာ့ ေပးရ ပါ လိမ့္မယ္ ”

” ဒါေပမယ့္ ဒီၾကား ကာလထဲ အိုလီ နဲ့ သူ့ရဲ့ အဖြဲ့သား ေတြလည္း ရလဒ္ ေကာင္းေတြ ရယူ နုိင္ဖုိ႔ လိုအပ္တယ္ ဆုိတာ ေကာင္းေကာင္း သိထား ၾကပါ လိမ့္မယ္ ။ ဒီလို အခ်ိန္ မွာ စြမ္းေဆာင္ရည္ ေတြ အထူး က်ဆင္း သြားလို႔ မရနုိင္ ပါဘူး ။ သူတုိ့ အေနနဲ့ အသင္း ရဲ့ အဆင့္အတန္း ကို ထိန္းသိမ္း ထားရ ပါမယ္ ”

” အသင္း မွာ ရွိတဲ့ တာဝန္ ရွိသူ တုိင္းက မွန္ထဲ မွာ မိမိ ကိုယ္ကို ၾကည့္ရွဳ ေနၾက ျပီး သူတုိ့ ေတြဟာ အသင္း ရဲ့ ကစားသမား ေတြ အတြက္ နည္းျပ နဲ့ နည္းျပ အဖြဲ့ဝင္ ေတြ အတြက္ အေကာင္းဆံုး လုပ္ေပး ေနၾက ျပီလား ဆုိတဲ့ ေမးခြန္း ထုတ္ေန ၾက ပါတယ္ ”

” လက္ရွိ လုပ္ငန္း တစ္ခု ဟာ ေဆာင္ရြက္ ေနဆဲ ကာလ တစ္ခု မွာပဲ ရွိေန ပါ ေသးတယ္ ။ လက္ရွိ ကြင္း အတြင္း မွာ ေအာင္ျမင္ မွဳေတြ ဟာလည္း ရွိ မေန ပါဘူး ။ ဒါ့ေၾကာင့္ လူေတြ က ကြင္း အျပင္ က ျပသနာ ေတြ အေၾကာင္း လိုတာ ထက္ ပိုျပီး ခ်ဲ့ကား ေျပာဆုိ ေနၾက ပါတယ္ ”

” အသင္း ရဲ့ တာဝန္ ရွိသူ ေတြ ဟာလည္း တက္နုိင္ သမ်ွ ေတာ့ ဒီ ကလပ္ အတြက္ အေကာင္းဆံုး ျဖစ္နုိင္ ေအာင္ ၾကိဳးစား ေနၾက တာ ပါပဲ ။ သူတုိ႔ အေန နဲ့ အိမ္နီး နားခ်င္း က ျမိဳ့သား ေတြဟာ ပိုျပီး ေတာက္ပ ေန ၾကတာ ကို ၾကည့္ျပီး နာက်င္ ခံစား ေန ၾကမွာ အေသအခ်ာ ပါပဲ ”

” အသင္း ရဲ့ တာဝန္ ရွိသူ ေတြ အေန နဲ့လည္း အသင္း မွာ သူတုိ႔ ေနရာ ေပးထား ၾကတဲ့ သူေတြ အေပၚ ယံုၾကည္ မွဳ အျပည့္ အဝ ထားရွိ ၾကရ ပါ့မယ္ ။ အကယ္လို႔ သူတုိ႔ ေတြသာ လာမယ့္ အေျပာင္း အေရႊ့ အနည္းငယ္ အတြင္း မွာ မွန္ကန္ တဲ့ ဆံုးျဖတ္ခ်က္ ေတြကုိ ခ်မွတ္ နုိင္မယ္ ဆုိရင္ အသင္း ကို အျမန္ဆံုး ေျပာင္းလဲ ေပးနုိင္ ပါ လိမ့္မယ္ ”

” လိဂ္ ဖလား မွာ ဂိုးျပတ္ နုိင္ပြဲ ႐ရွိ ခဲ့တဲ့ အာဆင္နယ္ အသင္း ဟာ အခုလို အခိုက္အတန့္ မ်ိဳးမွာ မန္ခ်က္စတာ ယူနုိက္တက္ အသင္း ကို ရင္ဆုိင္ ရတဲ့ အတြက္ ေပ်ာ္ရႊင္ ေနၾက မွာ ပါပဲ ။ ယူနုိက္တက္ က ေၾကာက္စရာ ေကာင္းတဲ့ အေနအထား တစ္ရပ္ မွာ ရွိမေန ေသးဘူး ေလ ”

” လက္ရွိ အခ်ိန္ မွာ ယူနိုက္တက္ဟာ တုိက္စစ္ပိုင္း အားနည္း ေနတယ္ လို့ ထင္ရ ပါတယ္ ။ ဒါေပမယ့္ သူတုိ့ ေတြဟာ လူငယ္ ေတြကို ေနရာ ေပးေန ၾက ပါတယ္ ။ တနလာၤ ေန့မွာ ( အာဆင္နယ္ နဲ့ ပြဲစဥ္ ) ေတာ့ မာဆြန္ ဂရင္းဝုဒ္ ဟာ ေတာက္ပ ခြင့္ ရရွိ ပါေစ လို့ပဲ ေမ်ွာ္လင့္ ေန ပါတယ္ ” လို့ အိုေရွး က အဆံုးသတ္ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

#Sports_Myanmar

Unicode

ရာသီသစ်မှာ အထနှေး နေတဲ့ ဆိုးလ်ရှားဆီ မက်ဆေ့ ပို့သွားလိုက်တဲ့ ယူနိုက်တက် ကစားသမားဟောင်း #အိုရှေး

================

ပြီးခဲ့တဲ့ ဒီဇင်ဘာလ တုန်းက ယူနိုက်တက် နည်းပြ ဖြစ်လာသူ အိုလီ ဂန်နား ဆိုးလ်ရှား ဟာ ဒီ ရာသီ မှသာ အသင်း ကို ရာသီ ကြို ပွဲစဉ် တွေမှ အပြည့်အဝ စတင် ကိုင်တွယ် နေခဲ့ ရသူ ဖြစ်ပြီး အသင်း ရဲ့ အပြောင်း အရွှေ့ စျေးကွက် အတွင်း မှာလည်း ပါဝင် ခွင့် ရရှိ ခဲ့သူပဲ ဖြစ်ပါတယ် ။

ဒါပေမယ့် ဒီ ရာသီ သစ်မှာ တော့ ယူနိုက်တက် တို့ ပွဲစဉ် 8 ပွဲ အထိ ကစား ထား ခဲ့ရာ မှာ အဖွင့် ပွဲစဉ် အဖြစ် ချဲလ်ဆီး အသင်း ကို 4 – 0 ဆိုတဲ့ ရလဒ် နဲ့ အနိုင် ရရှိ ခဲ့တဲ့ ပွဲစဉ် တစ်ပွဲ သာ ကျေနပ် ဖွယ် ရလဒ် နဲ့ ပုံစံ မျိုး ပြသ နိုင်ခဲ့ ပါတယ် ။

ယူနိုက်တက် တို့ နောက်ဆုံး ကစား ခဲ့တဲ့ ဝက်စ်ဟမ်း နဲ့ ပွဲစဉ် မှာ 2 – 0 နဲ့ ရှုံးနိမ့် ထားခဲ့ သလို ရော့ချ်ဒေလ် အသင်း နဲ့ ရင်ဆိုင် ခဲ့တဲ့ ကာရာဘောင် ဖလား ပြိုင်ပွဲ မှာလည်း သရေ ရလဒ် ထွက်ပေါ် ၊ အဆုံးသတ် ညံ့ဖျင်း မှု တွေကြောင့် ပရိသတ် တွေရဲ့ ဝေဖန် မှု တွေကို အထူး ခံခဲ့ ရ ပါတယ် ။

ဒါပေမယ့် ယူနိုက်တက် ကစားသမားဟောင်း ဖြစ်သူ ဂျွန် အိုရှေး က ရာသီ အစ အထနှေး ခဲ့တဲ့ ဆိုးလ်ရှား အပေါ် ထောက်ခံ အားပေး စကား ဆိုသွား ခဲ့လိုက် ပြီး အသင်း ကို ပြန်လည် တည်ဆောက် လို နေတဲ့ ဆိုးလ်ရှား ရဲ့ စီမံကိန်း အပေါ် စိတ်ရှည် ပေးဖို့ ပရိသတ် တွေကို တိုက်တွန်း သွားခဲ့ ပါတယ် ။

” စီမံကိန်း တစ်ခု ကို အကောင်အထည် ဖော်ဖို့ လုပ်ဆောင် နေတဲ့ ဆိုးလ်ရှား ဖက်မှာ သူတို့ ရပ်တည် နေကြောင်း အသင်း ဖက်မှ မကြာသေးခင် က ထုတ်ပြန် ကြေငြား ထားခဲ့ ပါတယ် ။ ဒီ အတွက် အချိန် တော့ ပေးရ ပါ လိမ့်မယ် ”

” ဒါပေမယ့် ဒီကြား ကာလထဲ အိုလီ နဲ့ သူ့ရဲ့ အဖွဲ့သား တွေလည်း ရလဒ် ကောင်းတွေ ရယူ နိုင်ဖို့ လိုအပ်တယ် ဆိုတာ ကောင်းကောင်း သိထား ကြပါ လိမ့်မယ် ။ ဒီလို အချိန် မှာ စွမ်းဆောင်ရည် တွေ အထူး ကျဆင်း သွားလို့ မရနိုင် ပါဘူး ။ သူတို့ အနေနဲ့ အသင်း ရဲ့ အဆင့်အတန်း ကို ထိန်းသိမ်း ထားရ ပါမယ် ”

” အသင်း မှာ ရှိတဲ့ တာဝန် ရှိသူ တိုင်းက မှန်ထဲ မှာ မိမိ ကိုယ်ကို ကြည့်ရှု နေကြ ပြီး သူတို့ တွေဟာ အသင်း ရဲ့ ကစားသမား တွေ အတွက် နည်းပြ နဲ့ နည်းပြ အဖွဲ့ဝင် တွေ အတွက် အကောင်းဆုံး လုပ်ပေး နေကြ ပြီလား ဆိုတဲ့ မေးခွန်း ထုတ်နေ ကြ ပါတယ် ”

” လက်ရှိ လုပ်ငန်း တစ်ခု ဟာ ဆောင်ရွက် နေဆဲ ကာလ တစ်ခု မှာပဲ ရှိနေ ပါ သေးတယ် ။ လက်ရှိ ကွင်း အတွင်း မှာ အောင်မြင် မှုတွေ ဟာလည်း ရှိ မနေ ပါဘူး ။ ဒါ့ကြောင့် လူတွေ က ကွင်း အပြင် က ပြသနာ တွေ အကြောင်း လိုတာ ထက် ပိုပြီး ချဲ့ကား ပြောဆို နေကြ ပါတယ် ”

” အသင်း ရဲ့ တာဝန် ရှိသူ တွေ ဟာလည်း တက်နိုင် သမျှ တော့ ဒီ ကလပ် အတွက် အကောင်းဆုံး ဖြစ်နိုင် အောင် ကြိုးစား နေကြ တာ ပါပဲ ။ သူတို့ အနေ နဲ့ အိမ်နီး နားချင်း က မြို့သား တွေဟာ ပိုပြီး တောက်ပ နေ ကြတာ ကို ကြည့်ပြီး နာကျင် ခံစား နေ ကြမှာ အသေအချာ ပါပဲ ”

” အသင်း ရဲ့ တာဝန် ရှိသူ တွေ အနေ နဲ့လည်း အသင်း မှာ သူတို့ နေရာ ပေးထား ကြတဲ့ သူတွေ အပေါ် ယုံကြည် မှု အပြည့် အဝ ထားရှိ ကြရ ပါ့မယ် ။ အကယ်လို့ သူတို့ တွေသာ လာမယ့် အပြောင်း အရွှေ့ အနည်းငယ် အတွင်း မှာ မှန်ကန် တဲ့ ဆုံးဖြတ်ချက် တွေကို ချမှတ် နိုင်မယ် ဆိုရင် အသင်း ကို အမြန်ဆုံး ပြောင်းလဲ ပေးနိုင် ပါ လိမ့်မယ် ”

” လိဂ် ဖလား မှာ ဂိုးပြတ် နိုင်ပွဲ ရရှိ ခဲ့တဲ့ အာဆင်နယ် အသင်း ဟာ အခုလို အခိုက်အတန့် မျိုးမှာ မန်ချက်စတာ ယူနိုက်တက် အသင်း ကို ရင်ဆိုင် ရတဲ့ အတွက် ပျော်ရွှင် နေကြ မှာ ပါပဲ ။ ယူနိုက်တက် က ကြောက်စရာ ကောင်းတဲ့ အနေအထား တစ်ရပ် မှာ ရှိမနေ သေးဘူး လေ ”

” လက်ရှိ အချိန် မှာ ယူနိုက်တက်ဟာ တိုက်စစ်ပိုင်း အားနည်း နေတယ် လို့ ထင်ရ ပါတယ် ။ ဒါပေမယ့် သူတို့ တွေဟာ လူငယ် တွေကို နေရာ ပေးနေ ကြ ပါတယ် ။ တနလာင်္ နေ့မှာ ( အာဆင်နယ် နဲ့ ပွဲစဉ် ) တော့ မာဆွန် ဂရင်းဝုဒ် ဟာ တောက်ပ ခွင့် ရရှိ ပါစေ လို့ပဲ မျှော်လင့် နေ ပါတယ် ” လို့ အိုရှေး က အဆုံးသတ် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar