ေအာင္လန္ အန္ဆန္း နဲ႔ ဖီလစ္ပိုင္ ဟဲဗီး၀ိတ္ ခ်န္ပီယံ ဗီရာ တို႔ ထိုးသတ္မယ့္ ပြဲကို ေအာက္တိုဘာလ 13 ရက္ ေန႔မွာ ၊ ဂ်ပန္ ႏိုင္ငံမွာ ထုိးသတ္ဖို႔ စီစဥ္ ထားခဲ့တာပါ။

အဲဒီပြဲကို ေအာင္လ အန္ဆန္း က ဟာဆီဂါ၀ါ ကို အႏိုင္ယူတဲ့ ပြဲစဥ္ အျပီး ၊ ပရိသတ္ေတြ ေရွ႕ေမွာက္မွာ အတည္ျပဳ ခဲ့တာ ျဖစ္ျပီး ၊ ဗီရာဟာ ေအာင္လ အန္ဆန္းရဲ႕ Light Heavyweight Champion ဆု ကို စိန္ေခၚ ခဲ့ရာ ကေန ၊ ေအာင္လ က လက္ခံခဲ့တာ ျဖစ္ပါတယ္။

ျပီးခဲ့တဲ့ ေသာၾကာေန႔ ကေတာ့ ေအာင္လ အန္ဆန္းဟာ သူ႔ရဲ႕ ေလ့က်င့္ေဖာ္ မာတင္ငုယင္ ရဲ႕ ပြဲကို လိုက္ပါ အားေပးဖို႔ ဖိလစ္ပိုင္ ႏိုင္ငံ မနီလာ ျမိဳ႕ကို ေရာက္ရွိ လာခဲ့ ပါတယ္။

သူဟာ မာတင္ ငုယင္ အတြက္ ဖယ္သာ၀ိတ္ ခ်န္ပီယံဆု ကာကြယ္ ႏုိင္ဖို႔ အတြက္ ကူညီေလ့က်င့္ေပးခဲ့သူ ျဖစ္ျပီး ၊ ငုယင္ ကလဲ မြန္ဂိုလီယား ဖိုက္တာကို အႏိုင္ယူ အျပီးမွာ ေအာင္လကို ရည္ညႊန္းျပီး ေအာင္ပြဲ ခံသြားခဲ့တာ ျဖစ္ပါတယ္။

အဲဒီေနာက္ သတင္းသမားေတြ နဲ႔ ေတြ႔ဆံုခိုက္မွာေတာ့ ေအာင္လန္ အန္ဆန္း က ဗီရာ နဲ႔ ပြဲကို ဖိလစ္ပိုင္က ပရိသတ္ေတြ ရဲ႕ ေရွ႕ေမွာက္မွာ ထိုးသတ္ခ်င္တဲ့ အေၾကာင္းကို ထုတ္ေဖာ္ ေျပာဆုိ သြားခဲ့တာ ျဖစ္ပါတယ္။

” ဘရန္ဒြန္ ဗီရာ နဲ႔ ပြဲကို ဘာျဖစ္လို႔ ဖိလစ္ပိုင္ မွာ မစီစဥ္ ၾကတာလဲ? ဒီပြဲဟာ အံ့အား သင့္စရာေတြ နဲ႔ ျပည့္ႏွက္ ေနမွာ မဟုတ္လား?

ဘာျဖစ္လို႔ ဂ်ပန္မွာ စီစဥ္ေနမွာလဲ ၊ ဖိလစ္ပိုင္မွာေရာ မျဖစ္ႏိုင္ဘူးလား ။ က်ေနာ္ ကေတာ့ ဖိလစ္ပိုင္ ပရိသတ္ေတြ ေရွ႕မွာ ထိုးခ်င္တယ္ဗ်ာ….

ဖိလစ္ပိုင္ ပရိသတ္ေတြက တကယ့္ကို MMA ရဲ႕ အမာခံ ပရိသတ္ေတြပါ ။ ဒါကို က်ေနာ္ ခံစားမိပါတယ္။ ဒါေၾကာင့္ သူတို႔ ေရွ႕ေမွာက္မွာ ထုိးသတ္ခ်င္မိတာပါ” လို႔ ထုတ္ေဖာ္ ေျပာဆုိသြားခဲ့ ပါတယ္။

ဗီရာ နဲ႔ ပတ္သက္လို႔ မွတ္ခ်က္ စကားေျပာဆို ရာမွာေတာ့ ေအာင္လ က ” ဗီရာက က်ေနာ္နဲ႔ ထိုးခ်င္တဲ့ အေၾကာင္း ကမ္းလွမ္းထားတာ ေတာ္ေတာ္ေလး ၾကာပါျပီ ဒါေပမယ့္ ဂ်ပန္ ေရာက္မွပဲ တရား၀င္ အတည္ျပဳ ျဖစ္သြားခဲ့တာပါ။

က်ေနာ္ အဲဒီ စိန္ေခၚမႈကို လက္ခံမိခဲ့တာက ၊ ကိုယ္ ကိုယ္တုိင္ က ဗီရာ ရဲ႕ ဖန္ ျဖစ္ေနလို႔ ပါပဲ။ သူ ဒီေလာကထဲမွာ စတင္ အေျခခ်ခဲ့တဲ့ အခ်ိန္က စလို႔ ၊ က်ေနာ္က သူ႔ကို အားေပးခဲ့တာဗ်။ အခုေတာ့ ကိုယ္ အားေပးတဲ့ ဖိုက္တာ နဲ႔ ျပန္ထိုး ရေတာ့မယ္ ဆိုေတာ့ စိတ္လႈပ္ရွားမိတာေပါ့။

သူဟာ က်ေနာ့္ ဖိုက္တာ ဘ၀ အခက္ခဲဆံုး ျပိဳင္ဘက္ ျဖစ္လာမလား ဆိုတာေတာ့ မေျပာတတ္ေသး ပါဘူး ၊ တကယ္တမ္း ထိုးသတ္ၾကည့္တဲ့ အခ်ိန္မွပဲ သိၾကမွာပါ။

ေသခ်ာတာ သူဟာ က်ေနာ့္ထက္ အရပ္ ပိုရွည္တယ္ ၊ ပိုျပီးေတာ့ ၀ိတ္ၾကီးတယ္ ၊ အား ပိုျပင္းတယ္ ၊ နဗန္း သတ္တဲ့ ေနရာမွာလဲ ထူးခႊ်န္တဲ့သူေလ။ ဒါေၾကာင့္ က်ေနာ့္ ကို အမ်ားၾကီး ျခိမ္းေျခာက္လာမွာ ေသခ်ာပါတယ္။

က်ေနာ့္ အတြက္ တစ္ခုတည္းေသာ အားကိုး စရာကေတာ့ စိတ္ဓါတ္ နဲ႔ ႏွလံုးသား ေပါ့။ သူဟာ က်ေနာ့္ကို အသာစီး နဲ႔ 5 ခ်ီ စလံုး ထိုးခ်င္ ထိုးႏိုင္ပါလိမ့္မယ္ ၊ ဒါေပမယ့္ က်ေနာ္ကလဲ ရသေလာက္ ျပန္တိုက္ မွာပါ။

က်ေနာ့္မွာ ခိုင္မာတဲ့ ဆံုးျဖတ္ခ်က္ ရွိတယ္ ၊ ဘယ္ေတာ့မွ အရႈံးမေပးခ်င္တဲ့ ခံယူခ်က္ရွိတယ္ ၊ ျပီးေတာ့ အရမ္းကို အားကိုးရတယ္ Hard Knocks 365 အဖြဲ႔လဲ ရွိေနတယ္ေလ။ ဒါေတြက ဗီရာ ရဲ႕ တိုက္ကြက္ေတြကို တုန္႔ျပန္ဖို႔ အားကိုးရာေတြ ခ်ည္းပါပဲ” လို႔ မွတ္ခ်က္ေပး ေျပာဆုိ သြားခဲ့ ပါတယ္။

ဗီရာ နဲ့ ထိုးသတ်မယ့် ပွဲကို မနီလာမြို့ က ဖိလစ်ပိုင် ပရိသတ်တွေ ရှေ့မှာ ထိုးသတ်ချင်လို့ ပြောဆိုလိုက်တဲ့ #အောင်လန်အန်ဆန်း
********************************************************************

အောင်လန် အန်ဆန်း နဲ့ ဖီလစ်ပိုင် ဟဲဗီးဝိတ် ချန်ပီယံ ဗီရာ တို့ ထိုးသတ်မယ့် ပွဲကို အောက်တိုဘာလ 13 ရက် နေ့မှာ ၊ ဂျပန် နိုင်ငံမှာ ထိုးသတ်ဖို့ စီစဉ် ထားခဲ့တာပါ။

အဲဒီပွဲကို အောင်လ အန်ဆန်း က ဟာဆီဂါ၀ါ ကို အနိုင်ယူတဲ့ ပွဲစဉ် အပြီး ၊ ပရိသတ်တွေ ရှေ့မှောက်မှာ အတည်ပြု ခဲ့တာ ဖြစ်ပြီး ၊ ဗီရာဟာ အောင်လ အန်ဆန်းရဲ့ Light Heavyweight Champion ဆု ကို စိန်ခေါ် ခဲ့ရာ ကနေ ၊ အောင်လ က လက်ခံခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့ ကတော့ အောင်လ အန်ဆန်းဟာ သူ့ရဲ့ လေ့ကျင့်ဖော် မာတင်ငုယင် ရဲ့ ပွဲကို လိုက်ပါ အားပေးဖို့ ဖိလစ်ပိုင် နိုင်ငံ မနီလာ မြို့ကို ရောက်ရှိ လာခဲ့ ပါတယ်။

သူဟာ မာတင် ငုယင် အတွက် ဖယ်သာဝိတ် ချန်ပီယံဆု ကာကွယ် နိုင်ဖို့ အတွက် ကူညီလေ့ကျင့်ပေးခဲ့သူ ဖြစ်ပြီး ၊ ငုယင် ကလဲ မွန်ဂိုလီယား ဖိုက်တာကို အနိုင်ယူ အပြီးမှာ အောင်လကို ရည်ညွှန်းပြီး အောင်ပွဲ ခံသွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် သတင်းသမားတွေ နဲ့ တွေ့ဆုံခိုက်မှာတော့ အောင်လန် အန်ဆန်း က ဗီရာ နဲ့ ပွဲကို ဖိလစ်ပိုင်က ပရိသတ်တွေ ရဲ့ ရှေ့မှောက်မှာ ထိုးသတ်ချင်တဲ့ အကြောင်းကို ထုတ်ဖော် ပြောဆို သွားခဲ့တာ ဖြစ်ပါတယ်။

” ဘရန်ဒွန် ဗီရာ နဲ့ ပွဲကို ဘာဖြစ်လို့ ဖိလစ်ပိုင် မှာ မစီစဉ် ကြတာလဲ? ဒီပွဲဟာ အံ့အား သင့်စရာတွေ နဲ့ ပြည့်နှက် နေမှာ မဟုတ်လား?

ဘာဖြစ်လို့ ဂျပန်မှာ စီစဉ်နေမှာလဲ ၊ ဖိလစ်ပိုင်မှာရော မဖြစ်နိုင်ဘူးလား ။ ကျနော် ကတော့ ဖိလစ်ပိုင် ပရိသတ်တွေ ရှေ့မှာ ထိုးချင်တယ်ဗျာ….

ဖိလစ်ပိုင် ပရိသတ်တွေက တကယ့်ကို MMA ရဲ့ အမာခံ ပရိသတ်တွေပါ ။ ဒါကို ကျနော် ခံစားမိပါတယ်။ ဒါကြောင့် သူတို့ ရှေ့မှောက်မှာ ထိုးသတ်ချင်မိတာပါ” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

ဗီရာ နဲ့ ပတ်သက်လို့ မှတ်ချက် စကားပြောဆို ရာမှာတော့ အောင်လ က ” ဗီရာက ကျနော်နဲ့ ထိုးချင်တဲ့ အကြောင်း ကမ်းလှမ်းထားတာ တော်တော်လေး ကြာပါပြီ ဒါပေမယ့် ဂျပန် ရောက်မှပဲ တရားဝင် အတည်ပြု ဖြစ်သွားခဲ့တာပါ။

ကျနော် အဲဒီ စိန်ခေါ်မှုကို လက်ခံမိခဲ့တာက ၊ ကိုယ် ကိုယ်တိုင် က ဗီရာ ရဲ့ ဖန် ဖြစ်နေလို့ ပါပဲ။ သူ ဒီလောကထဲမှာ စတင် အခြေချခဲ့တဲ့ အချိန်က စလို့ ၊ ကျနော်က သူ့ကို အားပေးခဲ့တာဗျ။ အခုတော့ ကိုယ် အားပေးတဲ့ ဖိုက်တာ နဲ့ ပြန်ထိုး ရတော့မယ် ဆိုတော့ စိတ်လှုပ်ရှားမိတာပေါ့။

သူဟာ ကျနော့် ဖိုက်တာ ဘဝ အခက်ခဲဆုံး ပြိုင်ဘက် ဖြစ်လာမလား ဆိုတာတော့ မပြောတတ်သေး ပါဘူး ၊ တကယ်တမ်း ထိုးသတ်ကြည့်တဲ့ အချိန်မှပဲ သိကြမှာပါ။

သေချာတာ သူဟာ ကျနော့်ထက် အရပ် ပိုရှည်တယ် ၊ ပိုပြီးတော့ ၀ိတ်ကြီးတယ် ၊ အား ပိုပြင်းတယ် ၊ နဗန်း သတ်တဲ့ နေရာမှာလဲ ထူးချွှန်တဲ့သူလေ။ ဒါကြောင့် ကျနော့် ကို အများကြီး ခြိမ်းခြောက်လာမှာ သေချာပါတယ်။

ကျနော့် အတွက် တစ်ခုတည်းသော အားကိုး စရာကတော့ စိတ်ဓါတ် နဲ့ နှလုံးသား ပေါ့။ သူဟာ ကျနော့်ကို အသာစီး နဲ့ 5 ချီ စလုံး ထိုးချင် ထိုးနိုင်ပါလိမ့်မယ် ၊ ဒါပေမယ့် ကျနော်ကလဲ ရသလောက် ပြန်တိုက် မှာပါ။

ကျနော့်မှာ ခိုင်မာတဲ့ ဆုံးဖြတ်ချက် ရှိတယ် ၊ ဘယ်တော့မှ အရှုံးမပေးချင်တဲ့ ခံယူချက်ရှိတယ် ၊ ပြီးတော့ အရမ်းကို အားကိုးရတယ် Hard Knocks 365 အဖွဲ့လဲ ရှိနေတယ်လေ။ ဒါတွေက ဗီရာ ရဲ့ တိုက်ကွက်တွေကို တုန့်ပြန်ဖို့ အားကိုးရာတွေ ချည်းပါပဲ” လို့ မှတ်ချက်ပေး ပြောဆို သွားခဲ့ ပါတယ်။