xhaka

ဂန္းနား ဂႏၲဝင္ ကစားသမားေဟာင္း မာတင္ကီယြန္ က ကြင္းလယ္လူ ဂရန္းနစ္ ရွာကာ ကို အသင္း ေခါင္းေဆာင္ အျဖစ္ ခန႔္အပ္ခဲ့တဲ့ နည္းၿပ အူနိုင္း အမ္မရီ ရဲ့ ဆုံးျဖတ္ခ်က္ ကို ျပင္းျပင္းထန္ထန္ ေဝဖန္ ကန႔္ကြက္ လိုက္ပါတယ္ ။

အာဆင္နယ္ အသင္း နည္းၿပ အူနိုင္း အမ္မရီ ဟာ အသင္း ေခါင္းေဆာင္ ငါးဦးကို အသင္းသားေတြကို မဲေပးေရြးခ်ယ္ခိုင္းခဲ့တာျဖစ္ၿပီး ရွာကာ က ပထမ အသင္း ေခါင္းေဆာင္ အျဖစ္ ခန႔္အပ္ျခင္း ခံခဲ့ရပါတယ္ ။ တိုက္စစ္မွူး အူဘာမီယန္းကေတာ့ ဒုတိယ အသင္းေခါင္းေဆာင္ အျဖစ္ ေရြးခ်ယ္ခံခဲ့ရၿပီး ဘယ္လာရင္၊လာကာဇက္၊အိုေဇးလ္ တို႔လည္း အသင္းေခါင္းေဆာင္ ငါးဦးစာရင္းမွာ ပါဝင္ခဲ့ပါတယ္ ။

ဂန္းနား ေနာက္ခံလူေဟာင္း မာတင္ကီယြန္ က ပရိသတ္ေတြရဲ့ ေလွာင္ေျပာင္မွု နဲ႔ ရင္ဆိုင္ေနရၿပီး အမွားမၾကာခဏ လုပ္ေလ့ ရွိတဲ့ ရွာကာ ကို အသင္းေခါင္းေဆာင္ အျဖစ္ ခန႔္အပ္ ခဲ့တဲ့ နည္းၿပ အူနိုင္း အမ္မရီ ရဲ့ လုပ္ရပ္ကို နားမလည္နိုင္ေအာင္ ​ျဖစ္ေနၿပီး အသင္းေခါင္းေဆာင္ ျဖစ္သင့္သူဟာ တိုက္စစ္မွူး အူဘာမီယန္းသာ ျဖစ္တယ္လို႔ ဆိုပါတယ္။

မာတင္ကီယြန္က ရွာကာကို အသင္းေခါင္းေဆာင္ အျဖစ္ ခန႔္အပ္ လိုက္တဲ့ အေပၚ ” တကယ့္ကို အံ့ဩစရာပဲ မဟုတ္ဘူးလားဗ်ာ၊ရွာကာက ၿပီးခဲ့တဲ့ တစ္ပတ္ကတင္ ပရိသတ္ေတြရဲ့ ေလွာင္ေျပာင္မွုနဲ႔ ရင္ဆိုင္ ခဲ့ရသူပါ။တကယ့္ကို ရဲတင္းလြန္းတဲ့ ဆုံးျဖတ္ခ်က္ပါပဲဗ်ာ ။ ”

” က်ေနာ္ ကိုယ္တိုင္ေတာင္ အံဩသင့္ခဲ့ ရပါတယ္။ပထမဆုံးအေနနဲ႔ ေျပာရမယ္ ဆိုရင္ သူ႔ကို အသင္းရဲ့ ပြဲထြက္ လူစာရင္းမွာ ေနရာေပးနိုင္တာ ေသခ်ာရဲ့လားလို႔ ေမးရပါမယ္ ။ ကြင္းလယ္မွာ ေတာ္ရီးယား ၊ ဂြမ္ဒူဇီ တို႔လို ကစားသမားေတြ ရွိေနပါတယ္ ။ ”

” က်ေနာ္ကေတာ့ အသင္းေခါင္းေဆာင္ အျဖစ္ တိုက္စစ္မွူး အူဘာမီယန္းကိုပဲ ခန႔္အပ္ ေစခ်င္ပါတယ္ ။ သူကမွ ပုံမွန္ ပြဲထြက္ခြင့္လည္း အျမဲ ရသလို ေျခစြမ္းျပၿပီး ဂိုးေတြလည္း သြင္းနိုင္သူပါ ၊ စိတ္ခ်ရတဲ့ ကစားသမားတစ္ဦး လည္း ျဖစ္ပါတယ္၊နည္းၿပ အမ္မရီရဲ့ ဆုံးျဖတ္ခ်က္က ပရိသတ္ေတြကို စိတ္ဝမ္းကြဲေအာင္ လုပ္လိုက္သလိုပါပဲ။ ရွာကာကို အသင္းေခါင္းေဆာင္ ခန႔္တာ လုံးဝ မွားယြင္းပါတယ္။” လို႔ ဆိုပါတယ္။

နည္းၿပ အမ္မရီ ကေတာ့ ရွာကာ ကို အျမဲတမ္း အသင္းေခါင္းေဆာင္ ခန႔္အပ္ ရျခင္း အေၾကာင္းအရင္းကို အခုလို ရွင္းလင္း ေျပာၾကား လိုက္ပါတယ္။

အမ္မရီ က ” ပထမဆုံး အေနနဲ႔ သူ(ရွာကာ) က ရင့္က်က္ၿပီး အေတြ႕အၾကဳံ ရွိတဲ့ ကစားသမား တစ္ဦးပါ၊ က်ေနာ္တို႔ တစ္ေတြ အားလုံး က ဖိအားေတြ ၊ ေဝဖန္မွုေတြနဲ႔ အျမဲလိုလို ထိပ္တိုက္ ရင္ဆိုင္ ေနရတာပါ ၊ ဒါေပမယ့္ အေရးႀကီးဆုံးကေတာ့ ပြဲတိုင္းကို ႀကိဳးစား အားထုတ္မွု ေကာင္းေကာင္း၊ စြမ္းေဆာင္ရည္ေကာင္းေတြနဲ႔ ေက်ာ္ျဖတ္ျပဖို႔ပါပဲ။”

“အဝတ္လဲခန္း အတြင္းမွာ ကစားသမားေတြက သူ႔ကို အသင္းကို ဦးေဆာင္မယ့္သူ အျဖစ္ မဲေပး ေရြးခ်ယ္ခဲ့ၾကတာပါ ။ က်ေနာ္ သူနဲ႔ စကားေျပာျဖစ္ခဲ့ၿပီး က်ေနာ္တို႔ ႏွစ္ေယာက္စလုံးက အျပင္လူေတြရဲ့ အျမင္ ေျပာင္းလဲေအာင္ လုပ္ဖို႔ ဆႏၵ ရွိၾကပါတယ္။ ”

” သူ႔ရဲ့ အတြင္းစိတ္ထဲမွာ ပရိသတ္ေတြအေပၚ ေလးစားမွု ရွိဖို႔ လိုအပ္သလို ကြင္းထဲမွာလည္း စြမ္းေဆာင္ရည္ေကာင္းေတြ ျပသနိုင္ဖို႔ ႀကိဳးစား အားထုတ္မွု ရွိရပါမယ္ ။ ပြဲတိုင္းကေတာ့ သူ႔အတြက္ေကာ က်ေနာ့္အတြက္ေကာ တစ္သင္းလုံးအတြက္ေကာ စြမ္းေဆာင္ရည္ေကာင္းေတြ ျပသဖို႔ အခြင့္အလမ္းေကာင္းပါပဲ။”

” က်ေနာ္ကိုယ္တိုင္လည္း ရွာကာ့ အေပၚ ယုံၾကည္မွု အျပည့္ ရွိပါတယ္၊သူက လူေကာင္းတစ္ဦး၊ပေရာ္ဖက္ရွင္နယ္ ပီသတဲ့ ကစားသမားေကာင္း တစ္ဦးပါ။တစ္ခါတစ္ေလမွာေတာ့ သူ အမွားေတြ လုပ္ေလ့ ရွိပါတယ္၊ ဒါေပမယ့္ အမွားေတြကေန ဆန္းစစ္ေလ့လာၿပီး သင္ခန္းစာ ယူတတ္ဖို႔က အေရးႀကီး ျဖစ္ပါတယ္။ ”

” က်ေနာ္နဲ႔ သူ႔ရဲ့ အဓိက ရည္မွန္းခ်က္ကလည္း သူ႔အေပၚ ျမင္ေနၾကတဲ့ အဆိုးေတြကို ေျပာင္းလဲသြားေအာင္ လုပ္နိုင္ဖို႔ပါ ။ ပြဲတိုင္းကို အရည္အေသြးေကာင္းေတြ ျပသၿပီး အသင္းကို အေထာက္အကူ ျပဳနိုင္ေအာင္ လုပ္ဖို႔ ႀကိဳးစား ရမွာပါ။ “လို႔ ေျဖရွင္း သြားခဲ့ပါတယ္။

SPORTS MYANMAR

Unicode

ရှာကာ အစား အာဆင်နယ် အသင်းခေါင်းဆောင် အဖြစ်သင့်ဆုံး ကစားသမားက ဘယ်သူလဲဆိုတာ ပြောပြလိုက်တဲ့ မာတင်ကီယွန်
==================================

ဂန်းနား ဂန္တဝင် ကစားသမားဟောင်း မာတင်ကီယွန် က ကွင်းလယ်လူ ဂရန်းနစ် ရှာကာ ကို အသင်း ခေါင်းဆောင် အဖြစ် ခန့်အပ်ခဲ့တဲ့ နည်းပြ အူနိုင်း အမ်မရီ ရဲ့ ဆုံးဖြတ်ချက် ကို ပြင်းပြင်းထန်ထန် ဝေဖန် ကန့်ကွက် လိုက်ပါတယ် ။

အာဆင်နယ် အသင်း နည်းပြ အူနိုင်း အမ်မရီ ဟာ အသင်း ခေါင်းဆောင် ငါးဦးကို အသင်းသားတွေကို မဲပေးရွေးချယ်ခိုင်းခဲ့တာဖြစ်ပြီး ရှာကာ က ပထမ အသင်း ခေါင်းဆောင် အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရပါတယ် ။ တိုက်စစ်မှူး အူဘာမီယန်းကတော့ ဒုတိယ အသင်းခေါင်းဆောင် အဖြစ် ရွေးချယ်ခံခဲ့ရပြီး ဘယ်လာရင်၊လာကာဇက်၊အိုဇေးလ် တို့လည်း အသင်းခေါင်းဆောင် ငါးဦးစာရင်းမှာ ပါဝင်ခဲ့ပါတယ် ။

ဂန်းနား နောက်ခံလူဟောင်း မာတင်ကီယွန် က ပရိသတ်တွေရဲ့ လှောင်ပြောင်မှု နဲ့ ရင်ဆိုင်နေရပြီး အမှားမကြာခဏ လုပ်လေ့ ရှိတဲ့ ရှာကာ ကို အသင်းခေါင်းဆောင် အဖြစ် ခန့်အပ် ခဲ့တဲ့ နည်းပြ အူနိုင်း အမ်မရီ ရဲ့ လုပ်ရပ်ကို နားမလည်နိုင်အောင် ​ဖြစ်နေပြီး အသင်းခေါင်းဆောင် ဖြစ်သင့်သူဟာ တိုက်စစ်မှူး အူဘာမီယန်းသာ ဖြစ်တယ်လို့ ဆိုပါတယ်။

မာတင်ကီယွန်က ရှာကာကို အသင်းခေါင်းဆောင် အဖြစ် ခန့်အပ် လိုက်တဲ့ အပေါ် ” တကယ့်ကို အံ့ဩစရာပဲ မဟုတ်ဘူးလားဗျာ၊ရှာကာက ပြီးခဲ့တဲ့ တစ်ပတ်ကတင် ပရိသတ်တွေရဲ့ လှောင်ပြောင်မှုနဲ့ ရင်ဆိုင် ခဲ့ရသူပါ။တကယ့်ကို ရဲတင်းလွန်းတဲ့ ဆုံးဖြတ်ချက်ပါပဲဗျာ ။ ”

” ကျနော် ကိုယ်တိုင်တောင် အံဩသင့်ခဲ့ ရပါတယ်။ပထမဆုံးအနေနဲ့ ပြောရမယ် ဆိုရင် သူ့ကို အသင်းရဲ့ ပွဲထွက် လူစာရင်းမှာ နေရာပေးနိုင်တာ သေချာရဲ့လားလို့ မေးရပါမယ် ။ ကွင်းလယ်မှာ တော်ရီးယား ၊ ဂွမ်ဒူဇီ တို့လို ကစားသမားတွေ ရှိနေပါတယ် ။ ”

” ကျနော်ကတော့ အသင်းခေါင်းဆောင် အဖြစ် တိုက်စစ်မှူး အူဘာမီယန်းကိုပဲ ခန့်အပ် စေချင်ပါတယ် ။ သူကမှ ပုံမှန် ပွဲထွက်ခွင့်လည်း အမြဲ ရသလို ခြေစွမ်းပြပြီး ဂိုးတွေလည်း သွင်းနိုင်သူပါ ၊ စိတ်ချရတဲ့ ကစားသမားတစ်ဦး လည်း ဖြစ်ပါတယ်၊နည်းပြ အမ်မရီရဲ့ ဆုံးဖြတ်ချက်က ပရိသတ်တွေကို စိတ်ဝမ်းကွဲအောင် လုပ်လိုက်သလိုပါပဲ။ ရှာကာကို အသင်းခေါင်းဆောင် ခန့်တာ လုံးဝ မှားယွင်းပါတယ်။” လို့ ဆိုပါတယ်။

နည်းပြ အမ်မရီ ကတော့ ရှာကာ ကို အမြဲတမ်း အသင်းခေါင်းဆောင် ခန့်အပ် ရခြင်း အကြောင်းအရင်းကို အခုလို ရှင်းလင်း ပြောကြား လိုက်ပါတယ်။

အမ်မရီ က ” ပထမဆုံး အနေနဲ့ သူ(ရှာကာ) က ရင့်ကျက်ပြီး အတွေ့အကြုံ ရှိတဲ့ ကစားသမား တစ်ဦးပါ၊ ကျနော်တို့ တစ်တွေ အားလုံး က ဖိအားတွေ ၊ ဝေဖန်မှုတွေနဲ့ အမြဲလိုလို ထိပ်တိုက် ရင်ဆိုင် နေရတာပါ ၊ ဒါပေမယ့် အရေးကြီးဆုံးကတော့ ပွဲတိုင်းကို ကြိုးစား အားထုတ်မှု ကောင်းကောင်း၊ စွမ်းဆောင်ရည်ကောင်းတွေနဲ့ ကျော်ဖြတ်ပြဖို့ပါပဲ။”

“အဝတ်လဲခန်း အတွင်းမှာ ကစားသမားတွေက သူ့ကို အသင်းကို ဦးဆောင်မယ့်သူ အဖြစ် မဲပေး ရွေးချယ်ခဲ့ကြတာပါ ။ ကျနော် သူနဲ့ စကားပြောဖြစ်ခဲ့ပြီး ကျနော်တို့ နှစ်ယောက်စလုံးက အပြင်လူတွေရဲ့ အမြင် ပြောင်းလဲအောင် လုပ်ဖို့ ဆန္ဒ ရှိကြပါတယ်။ ”

” သူ့ရဲ့ အတွင်းစိတ်ထဲမှာ ပရိသတ်တွေအပေါ် လေးစားမှု ရှိဖို့ လိုအပ်သလို ကွင်းထဲမှာလည်း စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ဖို့ ကြိုးစား အားထုတ်မှု ရှိရပါမယ် ။ ပွဲတိုင်းကတော့ သူ့အတွက်ကော ကျနော့်အတွက်ကော တစ်သင်းလုံးအတွက်ကော စွမ်းဆောင်ရည်ကောင်းတွေ ပြသဖို့ အခွင့်အလမ်းကောင်းပါပဲ။”

” ကျနော်ကိုယ်တိုင်လည်း ရှာကာ့ အပေါ် ယုံကြည်မှု အပြည့် ရှိပါတယ်၊သူက လူကောင်းတစ်ဦး၊ပရော်ဖက်ရှင်နယ် ပီသတဲ့ ကစားသမားကောင်း တစ်ဦးပါ။တစ်ခါတစ်လေမှာတော့ သူ အမှားတွေ လုပ်လေ့ ရှိပါတယ်၊ ဒါပေမယ့် အမှားတွေကနေ ဆန်းစစ်လေ့လာပြီး သင်ခန်းစာ ယူတတ်ဖို့က အရေးကြီး ဖြစ်ပါတယ်။ ”

” ကျနော်နဲ့ သူ့ရဲ့ အဓိက ရည်မှန်းချက်ကလည်း သူ့အပေါ် မြင်နေကြတဲ့ အဆိုးတွေကို ပြောင်းလဲသွားအောင် လုပ်နိုင်ဖို့ပါ ။ ပွဲတိုင်းကို အရည်အသွေးကောင်းတွေ ပြသပြီး အသင်းကို အထောက်အကူ ပြုနိုင်အောင် လုပ်ဖို့ ကြိုးစား ရမှာပါ။ “လို့ ဖြေရှင်း သွားခဲ့ပါတယ်။

SPORTS MYANMAR