benzema

ဒီတစ္ပါတ္ ပြဲစဥ္ မ်ား …

ဂီတာေဖး Vs ဘာစီလိုနာ ( ဒီည 8:30 )
ေအတီကို Vs ရီးယဲ မက္ဒရစ္ ( မနက္ျဖန္ နံနက္ 1:30 )

ဘာစီလိုနာ အသင္း ဟာ ဒီေန့ ညမွာ ဂီတာေဖး အသင္း နဲ့ ရင္ဆုိင္ ကစား ရ ပါ့မယ္ ။ အျခား တစ္ဖက္ မွာေတာ့ အမွတ္ေပး ဇယား ထိပ္က ျပိဳင္ဖက္ ရီးယဲ နဲ့ ေအတီကို တုိ့ ထိပ္တုိက္ ေတြ့ဆံု ေန ၾကတာ ေၾကာင့္ အနည္းဆံုး တစ္သင္း ( သို့ ) နွစ္သင္းလံုး အမွတ္ ေလ်ာ့သြား နုိင္ ပါတယ္ ။ ဒါ့ေၾကာင့္ ဘာစီလိုနာ တုိ့ ျပိဳင္ဖက္ အသင္း နဲ့ နီးစပ္ ဖုိ႔ အတြက္ ဒီည အေဝးကြင္း ပြဲစဥ္ ကို ေသခ်ာေပါက္ အနုိင္ ကစား ဖုိ႔ လိုအပ္ ေန ပါတယ္ ။

messi

ထြက္ေပၚ လာတဲ့ သတင္း အရ မက္ဆီ ရဲ့ ဒဏ္ရာ ဟာ အနည္းဆံုး တစ္ပါတ္ မွ ဆယ္ရက္ အထိ အနားယူ ဖုိ့ လုိအပ္ တာမို႔ သူဟာ ဂီတာေဖး နဲ့ ပြဲစဥ္ ကို ပါဝင္ နုိင္မွာ မဟုတ္ဘူး လို့ သိရွိ ရ ပါတယ္ ။ ဘာစီလိုနာ အသင္း နည္းျပ ဗယ္လ္ဗာဒီ ကေတာ့ မက္ဆီ ဘယ္ေလာက္ အထိ အနားယူ ရမလဲ ဆုိတာ သူလည္း မသိ ေသးေၾကာင္း ေျပာၾကား သြားခဲ့ ပါတယ္ ။

မက္ဆီ မပါဝင္ နုိင္တဲ့ အခ်ိန္ မွာ ဒမ္ဘီလီ ( သို့ ) ဖာတီ တုိ့ဟာ ပြဲထြက္ ကစားသမား စာရင္း ထဲ ပါဝင္ လာ လိမ့္မယ္ လုိ့ သိရ ပါတယ္ ။

frati

ဂီတာေဖး အသင္း နည္းျပ ကေတာ့ မက္ဆီ ဟာ ကမ႓ာ့ အေကာင္းဆံုး ကစားသမား ျဖစ္တဲ့ အတြက္ ထိပ္တုိက္ ရင္ဆုိင္ ပြဲမွာ သူ့ကို ပါဝင္ ကစား ေစလို ေၾကာင္း ဖြင့္ဟ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

ဘာစီလိုနာ အသင္း ဟာ ျပီးခဲ့တဲ့ ေဘာလံုး ရာသီ တုန္းက ခ်န္ပီယံ လိဂ္ ျပိဳင္ပြဲ မွာ လီဗာပူး ကို အနုိင္ယူ နုိင္ ခဲ့တဲ့ ေနာက္ပိုင္း ျပိဳင္ပြဲစံု မွာ 2 ပြဲဆက္ နုိင္ပြဲ မရရွိ ခဲ့တာ အခ်ိန္ 6 လ အထိ ရွိသြားခဲ့ ပါျပီ ။ အခုေတာ့ ဘာကာ တုိ႔ဟာ အဆုိပါ မွတ္တမ္းဆုိး ကို ေခ်ဖ်က္ နုိင္ခြင့္ ပိုင္ဆုိင္ ထားၾက ပါတယ္ ။

ေနမာ ရဲ့ အနာဂတ္ ေပ်ာ္ရႊင္မွဳ ဟာ ဘာစီလိုနာ အသင္း မွာ တည္ရွိ ေနတယ္ လို႔ ဘရာဇီး နဲ့ ဘာစီလိုနာ လက္ေရြးစင္ အသင္းေဖာ္ ဒန္နီ အဲလ္ဗတ္စ္ က ဖြင့္ဟ ေျပာၾကား သြားခဲ့ ပါတယ္ ။

neymar

စပိန္ FA ကေတာ့ ဘာစီလိုနာ စတားေလး ဖာတီ ကို U-21 အသင္း မွာ ပါဝင္ ေစလို ေပမယ့္ U-17 ကမ႓ာ့ ဖလား ျပိဳင္ပြဲ မွာလည္း ကစား ခြင့္ ေပးလို ေနတယ္ လို့ သိရွိ ရ ပါတယ္ ။

ဗယ္လ္ဗာဒီ ကေတာ့ နုိင္ငံ့ အသင္း အတြက္ ကစား ေပး ရဖုိ့ သတင္းၾကီး ေနတဲ့ ဖာတီ ကို ဘာစီလိုနာ နဲ့ အတူ အခ်ိန္ ပိုမို ျဖတ္သန္း ေစလို ေၾကာင္း ဖြင့္ဟ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

ဒါ့အျပင္ သတင္းစာ ရွင္းလင္းပြဲ လုပ္တဲ့ အခါတုိင္း ေနမာ နဲ့ ပတ္သက္ လို့ အျမဲ အေမး ခံရမွဳ အေပၚ ‘ သတင္းစာ ရွင္းပြဲ လုပ္တဲ့ အခါတိုင္း သူ႔ နာမည္ မပါတဲ့ ေန့ ဆုိတာ မရွိဘူး ေနာ္ ၊ ဟုတ္တယ္ မလား ‘ လို့ ျပန္လည္ တုန့္ျပန္ ေျဖၾကား သြားခဲ့ လိုက္ ပါတယ္ ။

ေတာင္ အေမ႐ိက ေဘာလံုး အဖြဲ့ခ်ဳပ္ ကေတာ့ မက္ဆီ ရဲ့ သံုးလ ပြဲပယ္ ပစ္ဒဏ္ ကုိ ေလ်ာ့ခ် ေပးဖုိ႔ ေတာင္းဆုိ သြားခဲ့တဲ့ အာဂ်င္တီးနား ေဘာလံုး အဖြဲ့ခ်ဳပ္ ရဲ့ အယူခံ ဝင္မဳွ ကို ပယ္ခ် ခဲ့တယ္ လို့ သိရွိ လိုက္ရ ပါတယ္ ။

ဘာစီလိုနာ အသင္း ဟာ နာပိုလီ ကြင္းလယ္လူ ေဖဘီယန္ ရုဇ္ ကို ေစာင့္ၾကည့္ ေနတယ္ လုိ့ သိရွိ ရ ပါတယ္ ။

ေနမာ ဟာ လက္ရွိ အခ်ိန္ မွာ တရား ရင္ဆိုင္ ဖုိ႔ အတြက္ ဘာစီလိုနာ ကို ဖခင္ ျဖစ္သူ နဲ႔ အတူ ေရာက္ရွိ ေနတယ္ လုိ့ သိရွိ ရ ပါတယ္ ။ ဒါေပမယ့္ သူတုိ႔ အၾကား ညွိႏွိဳင္း စရာ ေတြ ရွိေန ေသးတဲ့ အတြက္ တရား ရင္ဆုိင္ မွဳကို ဒီေန့ မလုပ္ဖုိ႔ နွစ္ဦး ႏွစ္ဖက္ က သေဘာ တူညီမွဳ ရရွိ ထားတယ္ လုိ့ သိရွိ ရ ပါတယ္ ။

ဘာစီလိုနာ အသင္း ဟာ အသက္ 21 နွစ္ အရြယ္ တုိက္စစ္ ကစားသမားေလး ကားလပ္စ္ ပီးရက္ဇ္ ကို အသင္း မွာ 2022 အထိ ရွိေန ေစဖုိ႔ စာခ်ဳပ္ သက္တမ္း 2 နွစ္ တုိးနုိင္ ခဲ့ ပါျပီ ။

ဖီဖာ ကေတာ့ တစ္ႏွစ္တာ အေကာင္းဆံုး ကစားသမား ဆုကုိ မက္ဆီ ရရွိ ခဲ့တာ နဲ့ ပတ္သက္လို႔ မဲလိမ္ မွဳ လံုးဝ မရွိ ေၾကာင္း ျငင္းဆန္ခ်က္ ထုတ္ျပန္ သြားခဲ့ လိုက္ ပါတယ္ ။

ဘာစီလိုနာ အသင္း ကေတာ့ အာသာ ဟာ ေနမာ နဲ့ အတူ ညဖက္ အျပင္ထြက္ လည္ပတ္ ခဲ့တာ နဲ့ ပတ္သက္ လို႔ မေပ်ာ္မရႊင္ ျဖစ္ ေနတယ္ လုိ့ သိရိွ ရ ပါတယ္ ။

ဘာစီလိုနာ အသင္း ရဲ့ ကစားသမား ေဟာင္းေတြ ျဖစ္ၾက တဲ့ အင္နီေယစတာ နဲ့ ေဒးဗစ္ ဗီလာ တုိ႔ဟာ အားလပ္ရက္ မွာ ဂ်ပန္ ေျမက အိုကာနာ ပန္းျခံ တစ္ဝိုင္ အတူ အလည္အပတ္ ထြက္ အပန္းေျဖ ခဲ့ၾက ပါတယ္ ။

ineiasta vs villa

 

ဒီတစ္ပါတ္ မွာေတာ့ လာလီဂါ ရဲ့ ျပိဳင္ဆုိင္ မွဳ ျပင္းထန္ လွတဲ့ မက္ဒရစ္ ဒါဘီ ပြဲစဥ္ ကို ၾကည့္ရွဳ ရပါ ေတာ့မယ္ ။ ဒီေန့ ပြဲစဥ္ ကို အနိုင္ ကစား နုိင္မယ့္ အသင္း ဟာ အမွတ္ေပး ဇယား ကို ဦးေဆာင္ ခြင့္ ရရွိ နုိင္မွာ ျဖစ္တာေၾကာင့္ ယခင္ တုန္းက ထက္ ပုိေကာင္းတဲ့ ဒါဘီ ပြဲ တစ္ပြဲ ကို ျမင္ေတြ့ ရနုိင္ဖုိ႔ ရွိေန ပါတယ္ ။

ရီးယဲ မက္ဒရစ္ အသင္း ရဲ့ ဒဏ္ရာရ ကြင္းလယ္ ကစားသမား ႏွစ္ဦး ျဖစ္ၾက တဲ့ မိုဒရစ္ နဲ့ အစၥကို တုိ႔ဟာ ေအတီကို နဲ့ ပြဲစဥ္မွာ ျပန္လည္ ပါဝင္ လာနိုင္ဖြယ္ ရွိေန တယ္လို့ သိရွိ ရ ပါတယ္ ။

modric

ရီးယဲ မက္ဒရစ္ အသင္း ရဲ့ ခံစစ္ ဟာ ေနာက္ဆံုး ကစား ခဲ့တဲ့ ပြဲစဥ္ ႏွစ္ပြဲ မွာ ဂိုးေပါက္ ျခိမ္းေျခာက္ ခံရမွဳ လံုးဝ မရွိ ခဲ့ဘူး လို့ သိရွိ ရ ပါတယ္ ။

ရီးယဲ နည္းျပ ဇီဒန္း ကေတာ့ သူတုိ႔ ဟာ အနုိင္ ရယူ လိုစိတ္ အျပည့္ ရွိေန ေၾကာင္း ၊ သူတုိ့ ရဲ့ အစီအစဥ္ ေတြမွာ အေျပာင္း အလဲ လံုးဝ မရွိ ေၾကာင္း ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

ဒါ့အျပင္ လူေတြ က ရီးယဲ မက္ဒရစ္ ကို ခ်မ္းသာ တဲ့ ကလပ္ ၊ ေအတီကို မက္ဒရစ္ အသင္း ကို အမ်ားပိုင္ ကလပ္ လို့ သတ္မွတ္ ထားေၾကာင္း ဇီဒန္း က ဆက္လက္ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

ရီးယဲ မက္ဒရစ္ အသင္း ဟာ တုိက္စစ္ ကစားသမား မာရီယာနုိ ဒီယက္ဇ္ ကို ဇန္နဝါရီ အေျပာင္း အေရႊ့ မွာ ေရာင္းခ် သြားဖုိ႔ ရွိ ေနတယ္ လို့ သတင္း ထြက္ေပၚ လာခဲ့ ပါတယ္ ။

အလုပ္ အကုိင္ အခြင့္ အလမ္း မ်ားစြာ ရရွိ ခဲ့ ေပမယ့္ ပယ္ခ် ခဲ့တဲ့ ေပၚတူဂီ သား ဟုိေဆး ေမာ္ရင္ဟို ဟာ ရီးယဲ မက္ဒရစ္ ကို ျပန္လည္ ကိုင္တြယ္ လို ေနတယ္ လို့ သိရွိ ရ ပါတယ္ ။ အျခား သတင္း တစ္ရပ္ ကေတာ့ ဇီဒန္း ရဲ့ အေနအထား မတည္မျငိမ္ ျဖစ္ ေနတဲ့ အခ်ိန္ ရီးယဲ ဟာ ပိုခ်က္တီနုိ ကို ျပန္လည္ ေစာင့္ၾကည့္ ေနတယ္ လို့ ေဖာ္ျပ သြားခဲ့ ပါတယ္ ။

ရီးယဲ မက္ဒရစ္ အသင္း ကေတာ့ အသက္ အရြယ္ ရရွိ လာျပီ ျဖစ္ျပီး အဓိက ဗဟို ေနာက္ခံလူ ရာမို့စ္ ရဲ့ ေနရာ ကို အစားထုိး နုိင္ဖုိ့ အတြက္ အင္တာ ေနာက္ခံလူ စကၠရီနဲ ကို ေစာင့္ၾကည့္ ေနတယ္ လုိ့ သိရိွ ရ ပါတယ္ ။

sergio ramos

ရီးယဲ မက္ဒရစ္ အသင္း ကေတာ့ ေအဂ်က္ ကြင္းလယ္လူ ဘန္ဒီ ဘိခ္ ကို ဆက္လက္ ခ်ိတ္ဆက္ ေနဆဲ လို႔ သိရွိ ရ ပါတယ္ ။

အက္သလက္တီကို မက္ဒရစ္ အသင္း ရဲ့ တုိက္စစ္မွဴး ဒီေယဂို ေကာ္စတာ ဟာ ဇီဒန္း အတြက္ အိပ္မက္ဆုိး ေတြ သယ္ေဆာင္ လာနိုင္ လိမ့္မယ္လို႔ သတင္း ေတြက သံုးသပ္ ေနၾက ပါတယ္ ။ ဆီျမြန္နီ ကေတာ့ တုိက္စစ္ ပိုင္းမွာ စပါယ္ရွယ္ ကစားသမား ေတြ ပိုင္ဆုိင္ ထားျခင္း က တစ္ကယ့္ ကို ေကာင္းမြြန္ တဲ့ အရာ ျဖစ္ေၾကာင္း ေျပာၾကား သြားခဲ့ ပါတယ္ ။

costa

ဒါ့အျပင္ ရီးယဲ မက္ဒရစ္ အသင္း ကို ရင္ဆုိင္ ဖုိ့ အတြက္ အေကာင္းဆံုး ခံစစ္ ကစားသမား ေတြကို ေရြးခ်ယ္ အသံုးျပဳ သြားဖုိ့ ဆီျမြန္နီ က ၾကံေဆာင္ ေနတယ္ လို့ သိရွိ ရ ပါတယ္ ။

မိုရာတာ ရဲ့ အနီကဒ္ အတြက္ အယူခံ ဝင္မွဳ မေအာင္ျမင္ ခဲ့တဲ့ အတြက္ အက္သလက္တီကို မက္ဒရစ္ အသင္း ဟာ ဒါဘီ ပြဲစဥ္ မွာ သူ့ကို ထည့္သြင္း ကစား ေစနုိင္ ေတာ့မွာ မဟုတ္ဘူး လို့ သိရွိ ရ ပါတယ္ ။

ဒါ့အျပင္ အနီးကဒ္ ျပသ ခံခဲ့ ရစဥ္ က မိုရာတာ ဟာ ကြင္းထဲ ဘာေတြ ေျပာခဲ့ သလဲ ဆုိတာ သူလည္း မသိေၾကာင္း ၊ ကစား သမား ကိုယ္တုိင္ ပဲ သိလိမ့္မယ္ လို႔ ဆီျမြန္နီ က ေျဖၾကား ခဲ့လိုက္ ပါတယ္ ။

အခုေတာ့ ရီးယဲ မက္ဒရစ္ အသင္း ဟာ ပိုမို တုိးတက္ ေကာင္းမြန္ တဲ့ အေနအထား တစ္ရပ္ ကုိ ပိုင္ဆုိင္ ေနျပီ ျဖစ္တဲ့ အတြက္ ခက္ခဲ လွတဲ့ ပြဲစဥ္ တစ္ပြဲ ကို ရင္ဆုိင္ ကစား ရဖုိ႔ ေမွ်ာ္လင့္ ထားေၾကာင္း ဆီျမြန္နီ က ေျပာၾကား သြားခဲ့ ပါတယ္ ။

အဲ့ဒီေနာက္ ခ်န္ပီယံ လိဂ္ နဲ့ မက္ဒရစ္ ဒါဘီ ဘယ္ ေအာင္ပြဲ ကို လုိခ်င္ သလဲ လို႔ အေမး ခံလိုက္ ရတဲ့ အခါ မွာေတာ့ ဒီေန့ ကစား ရမယ့္ မက္ဒရစ္ ဒါဘီ ကို ပိုျပီး အနုိင္လို ခ်င္ေၾကာင္း ၊ လက္ရွိ အခ်ိန္ ကိုပဲ ပိုျပီး အာရံုစိုက္ ထားေၾကာင္း ဆီျမြန္နီ က ေျဖၾကား သြားခဲ့ ပါတယ္ ။

ေအတီကို အသင္း ရဲ့ ကြင္းလယ္ ကစားသမား ျဖစ္တဲ့ ေဆာလ္ နီဂြက္ဇ္ ကေတာ့ မက္ဒရစ္ ဒါဘီ ဆုိတာ သူတုိ႔ လို ကစား သမား ေတြ အေန နဲ့ အထူး ပါဝင္ ကစား လိုတဲ့ ပြဲစဥ္ မ်ိဳး ျဖစ္ေၾကာင္း ထုတ္ေဖာ္ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

ဆီျမြန္နီ ကေတာ့ ေဘးလ္ ရဲ တုိးတက္ လာမွဳ ၊ ဘန္ဇီမား ရဲ့ ဂိုးသြင္း စြမ္းရည္ အထူး ေကာင္းမြန္ ေနမွဳ နဲ့ ဟာဇက္ ရဲ့ နည္း စနစ္ ပိုင္းနဲ့ အရည္ အေသြး ပိုင္းေတြ ေၾကာင့္ ပြဲစဥ္ ေသးငယ္ တဲ့ အမွား ျပဳလုပ္ ခဲ့ရင္ ေတာင္ ပြဲ အေျဖ ဟာ ေျပာင္းလဲ သြားနုိင္ ေၾကာင္း အသင္းသား ေတြကို သတိေပး ခဲ့ ပါတယ္ ။

#Sports_Myanmar

Unicode

ရီးယဲ မက်ဒရစ်နဲ့ အက်သလက်တီကိုတို့ ထိပ်တိုက် တွေ့ဆုံ ကြတဲ့ မက်ဒရစ် ဒါဘီ ၊ ဒါဘီ ပွဲစဉ်ကို အခွင့်ကောင်း ယူရမယ့် ဘာစီလိုနာ သတင်းတိုများ

==================

ဒီတစ်ပါတ် ပွဲစဉ် များ …

ဂီတာဖေး Vs ဘာစီလိုနာ ( ဒီည 8:30 )
အေတီကို Vs ရီးယဲ မက်ဒရစ် ( မနက်ဖြန် နံနက် 1:30 )

ဘာစီလိုနာ အသင်း ဟာ ဒီနေ့ ညမှာ ဂီတာဖေး အသင်း နဲ့ ရင်ဆိုင် ကစား ရ ပါ့မယ် ။ အခြား တစ်ဖက် မှာတော့ အမှတ်ပေး ဇယား ထိပ်က ပြိုင်ဖက် ရီးယဲ နဲ့ အေတီကို တို့ ထိပ်တိုက် တွေ့ဆုံ နေ ကြတာ ကြောင့် အနည်းဆုံး တစ်သင်း ( သို့ ) နှစ်သင်းလုံး အမှတ် လျော့သွား နိုင် ပါတယ် ။ ဒါ့ကြောင့် ဘာစီလိုနာ တို့ ပြိုင်ဖက် အသင်း နဲ့ နီးစပ် ဖို့ အတွက် ဒီည အဝေးကွင်း ပွဲစဉ် ကို သေချာပေါက် အနိုင် ကစား ဖို့ လိုအပ် နေ ပါတယ် ။

ထွက်ပေါ် လာတဲ့ သတင်း အရ မက်ဆီ ရဲ့ ဒဏ်ရာ ဟာ အနည်းဆုံး တစ်ပါတ် မှ ဆယ်ရက် အထိ အနားယူ ဖို့ လိုအပ် တာမို့ သူဟာ ဂီတာဖေး နဲ့ ပွဲစဉ် ကို ပါဝင် နိုင်မှာ မဟုတ်ဘူး လို့ သိရှိ ရ ပါတယ် ။ ဘာစီလိုနာ အသင်း နည်းပြ ဗယ်လ်ဗာဒီ ကတော့ မက်ဆီ ဘယ်လောက် အထိ အနားယူ ရမလဲ ဆိုတာ သူလည်း မသိ သေးကြောင်း ပြောကြား သွားခဲ့ ပါတယ် ။

မက်ဆီ မပါဝင် နိုင်တဲ့ အချိန် မှာ ဒမ်ဘီလီ ( သို့ ) ဖာတီ တို့ဟာ ပွဲထွက် ကစားသမား စာရင်း ထဲ ပါဝင် လာ လိမ့်မယ် လို့ သိရ ပါတယ် ။

ဂီတာဖေး အသင်း နည်းပြ ကတော့ မက်ဆီ ဟာ ကမ႓ာ့ အကောင်းဆုံး ကစားသမား ဖြစ်တဲ့ အတွက် ထိပ်တိုက် ရင်ဆိုင် ပွဲမှာ သူ့ကို ပါဝင် ကစား စေလို ကြောင်း ဖွင့်ဟ ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ဘာစီလိုနာ အသင်း ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက ချန်ပီယံ လိဂ် ပြိုင်ပွဲ မှာ လီဗာပူး ကို အနိုင်ယူ နိုင် ခဲ့တဲ့ နောက်ပိုင်း ပြိုင်ပွဲစုံ မှာ 2 ပွဲဆက် နိုင်ပွဲ မရရှိ ခဲ့တာ အချိန် 6 လ အထိ ရှိသွားခဲ့ ပါပြီ ။ အခုတော့ ဘာကာ တို့ဟာ အဆိုပါ မှတ်တမ်းဆိုး ကို ချေဖျက် နိုင်ခွင့် ပိုင်ဆိုင် ထားကြ ပါတယ် ။

နေမာ ရဲ့ အနာဂတ် ပျော်ရွှင်မှု ဟာ ဘာစီလိုနာ အသင်း မှာ တည်ရှိ နေတယ် လို့ ဘရာဇီး နဲ့ ဘာစီလိုနာ လက်ရွေးစင် အသင်းဖော် ဒန်နီ အဲလ်ဗတ်စ် က ဖွင့်ဟ ပြောကြား သွားခဲ့ ပါတယ် ။

စပိန် FA ကတော့ ဘာစီလိုနာ စတားလေး ဖာတီ ကို U-21 အသင်း မှာ ပါဝင် စေလို ပေမယ့် U-17 ကမ႓ာ့ ဖလား ပြိုင်ပွဲ မှာလည်း ကစား ခွင့် ပေးလို နေတယ် လို့ သိရှိ ရ ပါတယ် ။

ဗယ်လ်ဗာဒီ ကတော့ နိုင်ငံ့ အသင်း အတွက် ကစား ပေး ရဖို့ သတင်းကြီး နေတဲ့ ဖာတီ ကို ဘာစီလိုနာ နဲ့ အတူ အချိန် ပိုမို ဖြတ်သန်း စေလို ကြောင်း ဖွင့်ဟ ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ဒါ့အပြင် သတင်းစာ ရှင်းလင်းပွဲ လုပ်တဲ့ အခါတိုင်း နေမာ နဲ့ ပတ်သက် လို့ အမြဲ အမေး ခံရမှု အပေါ် ‘ သတင်းစာ ရှင်းပွဲ လုပ်တဲ့ အခါတိုင်း သူ့ နာမည် မပါတဲ့ နေ့ ဆိုတာ မရှိဘူး နော် ၊ ဟုတ်တယ် မလား ‘ လို့ ပြန်လည် တုန့်ပြန် ဖြေကြား သွားခဲ့ လိုက် ပါတယ် ။

တောင် အမေရိက ဘောလုံး အဖွဲ့ချုပ် ကတော့ မက်ဆီ ရဲ့ သုံးလ ပွဲပယ် ပစ်ဒဏ် ကို လျော့ချ ပေးဖို့ တောင်းဆို သွားခဲ့တဲ့ အာဂျင်တီးနား ဘောလုံး အဖွဲ့ချုပ် ရဲ့ အယူခံ ဝင်မုှ ကို ပယ်ချ ခဲ့တယ် လို့ သိရှိ လိုက်ရ ပါတယ် ။

ဘာစီလိုနာ အသင်း ဟာ နာပိုလီ ကွင်းလယ်လူ ဖေဘီယန် ရုဇ် ကို စောင့်ကြည့် နေတယ် လို့ သိရှိ ရ ပါတယ် ။

နေမာ ဟာ လက်ရှိ အချိန် မှာ တရား ရင်ဆိုင် ဖို့ အတွက် ဘာစီလိုနာ ကို ဖခင် ဖြစ်သူ နဲ့ အတူ ရောက်ရှိ နေတယ် လို့ သိရှိ ရ ပါတယ် ။ ဒါပေမယ့် သူတို့ အကြား ညှိနှိုင်း စရာ တွေ ရှိနေ သေးတဲ့ အတွက် တရား ရင်ဆိုင် မှုကို ဒီနေ့ မလုပ်ဖို့ နှစ်ဦး နှစ်ဖက် က သဘော တူညီမှု ရရှိ ထားတယ် လို့ သိရှိ ရ ပါတယ် ။

ဘာစီလိုနာ အသင်း ဟာ အသက် 21 နှစ် အရွယ် တိုက်စစ် ကစားသမားလေး ကားလပ်စ် ပီးရက်ဇ် ကို အသင်း မှာ 2022 အထိ ရှိနေ စေဖို့ စာချုပ် သက်တမ်း 2 နှစ် တိုးနိုင် ခဲ့ ပါပြီ ။

ဖီဖာ ကတော့ တစ်နှစ်တာ အကောင်းဆုံး ကစားသမား ဆုကို မက်ဆီ ရရှိ ခဲ့တာ နဲ့ ပတ်သက်လို့ မဲလိမ် မှု လုံးဝ မရှိ ကြောင်း ငြင်းဆန်ချက် ထုတ်ပြန် သွားခဲ့ လိုက် ပါတယ် ။

ဘာစီလိုနာ အသင်း ကတော့ အာသာ ဟာ နေမာ နဲ့ အတူ ညဖက် အပြင်ထွက် လည်ပတ် ခဲ့တာ နဲ့ ပတ်သက် လို့ မပျော်မရွှင် ဖြစ် နေတယ် လို့ သိရှိ ရ ပါတယ် ။

ဘာစီလိုနာ အသင်း ရဲ့ ကစားသမား ဟောင်းတွေ ဖြစ်ကြ တဲ့ အင်နီယေစတာ နဲ့ ဒေးဗစ် ဗီလာ တို့ဟာ အားလပ်ရက် မှာ ဂျပန် မြေက အိုကာနာ ပန်းခြံ တစ်ဝိုင် အတူ အလည်အပတ် ထွက် အပန်းဖြေ ခဲ့ကြ ပါတယ် ။

ဒီတစ်ပါတ် မှာတော့ လာလီဂါ ရဲ့ ပြိုင်ဆိုင် မှု ပြင်းထန် လှတဲ့ မက်ဒရစ် ဒါဘီ ပွဲစဉ် ကို ကြည့်ရှု ရပါ တော့မယ် ။ ဒီနေ့ ပွဲစဉ် ကို အနိုင် ကစား နိုင်မယ့် အသင်း ဟာ အမှတ်ပေး ဇယား ကို ဦးဆောင် ခွင့် ရရှိ နိုင်မှာ ဖြစ်တာကြောင့် ယခင် တုန်းက ထက် ပိုကောင်းတဲ့ ဒါဘီ ပွဲ တစ်ပွဲ ကို မြင်တွေ့ ရနိုင်ဖို့ ရှိနေ ပါတယ် ။

ရီးယဲ မက်ဒရစ် အသင်း ရဲ့ ဒဏ်ရာရ ကွင်းလယ် ကစားသမား နှစ်ဦး ဖြစ်ကြ တဲ့ မိုဒရစ် နဲ့ အစ္စကို တို့ဟာ အေတီကို နဲ့ ပွဲစဉ်မှာ ပြန်လည် ပါဝင် လာနိုင်ဖွယ် ရှိနေ တယ်လို့ သိရှိ ရ ပါတယ် ။

ရီးယဲ မက်ဒရစ် အသင်း ရဲ့ ခံစစ် ဟာ နောက်ဆုံး ကစား ခဲ့တဲ့ ပွဲစဉ် နှစ်ပွဲ မှာ ဂိုးပေါက် ခြိမ်းခြောက် ခံရမှု လုံးဝ မရှိ ခဲ့ဘူး လို့ သိရှိ ရ ပါတယ် ။

ရီးယဲ နည်းပြ ဇီဒန်း ကတော့ သူတို့ ဟာ အနိုင် ရယူ လိုစိတ် အပြည့် ရှိနေ ကြောင်း ၊ သူတို့ ရဲ့ အစီအစဉ် တွေမှာ အပြောင်း အလဲ လုံးဝ မရှိ ကြောင်း ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ဒါ့အပြင် လူတွေ က ရီးယဲ မက်ဒရစ် ကို ချမ်းသာ တဲ့ ကလပ် ၊ အေတီကို မက်ဒရစ် အသင်း ကို အများပိုင် ကလပ် လို့ သတ်မှတ် ထားကြောင်း ဇီဒန်း က ဆက်လက် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ရီးယဲ မက်ဒရစ် အသင်း ဟာ တိုက်စစ် ကစားသမား မာရီယာနို ဒီယက်ဇ် ကို ဇန်နဝါရီ အပြောင်း အရွှေ့ မှာ ရောင်းချ သွားဖို့ ရှိ နေတယ် လို့ သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

အလုပ် အကိုင် အခွင့် အလမ်း များစွာ ရရှိ ခဲ့ ပေမယ့် ပယ်ချ ခဲ့တဲ့ ပေါ်တူဂီ သား ဟိုဆေး မော်ရင်ဟို ဟာ ရီးယဲ မက်ဒရစ် ကို ပြန်လည် ကိုင်တွယ် လို နေတယ် လို့ သိရှိ ရ ပါတယ် ။ အခြား သတင်း တစ်ရပ် ကတော့ ဇီဒန်း ရဲ့ အနေအထား မတည်မငြိမ် ဖြစ် နေတဲ့ အချိန် ရီးယဲ ဟာ ပိုချက်တီနို ကို ပြန်လည် စောင့်ကြည့် နေတယ် လို့ ဖော်ပြ သွားခဲ့ ပါတယ် ။
ရီးယဲ မက်ဒရစ် အသင်း ကတော့ အသက် အရွယ် ရရှိ လာပြီ ဖြစ်ပြီး အဓိက ဗဟို နောက်ခံလူ ရာမို့စ် ရဲ့ နေရာ ကို အစားထိုး နိုင်ဖို့ အတွက် အင်တာ နောက်ခံလူ စက္ကရီနဲ ကို စောင့်ကြည့် နေတယ် လို့ သိရှိ ရ ပါတယ် ။

ရီးယဲ မက်ဒရစ် အသင်း ကတော့ အေဂျက် ကွင်းလယ်လူ ဘန်ဒီ ဘိခ် ကို ဆက်လက် ချိတ်ဆက် နေဆဲ လို့ သိရှိ ရ ပါတယ် ။

အက်သလက်တီကို မက်ဒရစ် အသင်း ရဲ့ တိုက်စစ်မှူး ဒီယေဂို ကော်စတာ ဟာ ဇီဒန်း အတွက် အိပ်မက်ဆိုး တွေ သယ်ဆောင် လာနိုင် လိမ့်မယ်လို့ သတင်း တွေက သုံးသပ် နေကြ ပါတယ် ။ ဆီမြွန်နီ ကတော့ တိုက်စစ် ပိုင်းမှာ စပါယ်ရှယ် ကစားသမား တွေ ပိုင်ဆိုင် ထားခြင်း က တစ်ကယ့် ကို ကောင်းမွွန် တဲ့ အရာ ဖြစ်ကြောင်း ပြောကြား သွားခဲ့ ပါတယ် ။

ဒါ့အပြင် ရီးယဲ မက်ဒရစ် အသင်း ကို ရင်ဆိုင် ဖို့ အတွက် အကောင်းဆုံး ခံစစ် ကစားသမား တွေကို ရွေးချယ် အသုံးပြု သွားဖို့ ဆီမြွန်နီ က ကြံဆောင် နေတယ် လို့ သိရှိ ရ ပါတယ် ။

မိုရာတာ ရဲ့ အနီကဒ် အတွက် အယူခံ ဝင်မှု မအောင်မြင် ခဲ့တဲ့ အတွက် အက်သလက်တီကို မက်ဒရစ် အသင်း ဟာ ဒါဘီ ပွဲစဉ် မှာ သူ့ကို ထည့်သွင်း ကစား စေနိုင် တော့မှာ မဟုတ်ဘူး လို့ သိရှိ ရ ပါတယ် ။

ဒါ့အပြင် အနီးကဒ် ပြသ ခံခဲ့ ရစဉ် က မိုရာတာ ဟာ ကွင်းထဲ ဘာတွေ ပြောခဲ့ သလဲ ဆိုတာ သူလည်း မသိကြောင်း ၊ ကစား သမား ကိုယ်တိုင် ပဲ သိလိမ့်မယ် လို့ ဆီမြွန်နီ က ဖြေကြား ခဲ့လိုက် ပါတယ် ။

အခုတော့ ရီးယဲ မက်ဒရစ် အသင်း ဟာ ပိုမို တိုးတက် ကောင်းမွန် တဲ့ အနေအထား တစ်ရပ် ကို ပိုင်ဆိုင် နေပြီ ဖြစ်တဲ့ အတွက် ခက်ခဲ လှတဲ့ ပွဲစဉ် တစ်ပွဲ ကို ရင်ဆိုင် ကစား ရဖို့ မျှော်လင့် ထားကြောင်း ဆီမြွန်နီ က ပြောကြား သွားခဲ့ ပါတယ် ။

အဲ့ဒီနောက် ချန်ပီယံ လိဂ် နဲ့ မက်ဒရစ် ဒါဘီ ဘယ် အောင်ပွဲ ကို လိုချင် သလဲ လို့ အမေး ခံလိုက် ရတဲ့ အခါ မှာတော့ ဒီနေ့ ကစား ရမယ့် မက်ဒရစ် ဒါဘီ ကို ပိုပြီး အနိုင်လို ချင်ကြောင်း ၊ လက်ရှိ အချိန် ကိုပဲ ပိုပြီး အာရုံစိုက် ထားကြောင်း ဆီမြွန်နီ က ဖြေကြား သွားခဲ့ ပါတယ် ။

အေတီကို အသင်း ရဲ့ ကွင်းလယ် ကစားသမား ဖြစ်တဲ့ ဆောလ် နီဂွက်ဇ် ကတော့ မက်ဒရစ် ဒါဘီ ဆိုတာ သူတို့ လို ကစား သမား တွေ အနေ နဲ့ အထူး ပါဝင် ကစား လိုတဲ့ ပွဲစဉ် မျိုး ဖြစ်ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ဆီမြွန်နီ ကတော့ ဘေးလ် ရဲ တိုးတက် လာမှု ၊ ဘန်ဇီမား ရဲ့ ဂိုးသွင်း စွမ်းရည် အထူး ကောင်းမွန် နေမှု နဲ့ ဟာဇက် ရဲ့ နည်း စနစ် ပိုင်းနဲ့ အရည် အသွေး ပိုင်းတွေ ကြောင့် ပွဲစဉ် သေးငယ် တဲ့ အမှား ပြုလုပ် ခဲ့ရင် တောင် ပွဲ အဖြေ ဟာ ပြောင်းလဲ သွားနိုင် ကြောင်း အသင်းသား တွေကို သတိပေး ခဲ့ ပါတယ် ။

#Sports_Myanmar