စပါး အသင္းရဲ႕ ေတာင္ကိုရီးယား တိုက္စစ္မႈး ဆြန္ေယာင္မင္ ကေတာ့ ဒီလ အေစာပိုင္းမွာ ေလာင္ကြ်မ္းခဲ့တဲ့ ေတာမီးေၾကာင့္ အတိ ဒုကၡေရာက္ခဲ့ရတဲ့ ေတာင္ကိုရီးယား ျပည္သူေတြကို ေငြက်ပ္ သိန္းေပါင္း 2000 လွဴဒါန္း သြားခဲ့ ပါတယ္။

ဒီေတာမီးဟာ ေတာင္ကိုရီးယား ႏိုင္ငံ အေရွ႕ေျမာက္ပိုင္း ေဒသမွာ ျဖစ္ပြားခဲ့တာ ျဖစ္ျပီး ၊ ေျမာက္ကိုရီးယား နယ္စပ္ အနီးမွာ ျဖစ္ပြားခဲ့တာ ျဖစ္ပါတယ္။ သတင္းေတြ အရေတာ့ 2 ဦး ေသဆံုးခဲ့ျပီး ၊ ရာနဲ႔ ခ်ီတဲ့ ျပည္သူေတြ အိုးမဲ့ အိမ္မဲ့ ျဖစ္ခဲ့ရတယ္လို႔ သိရပါတယ္။

ေတာင္ကိုရီးယား အစိုးရ တာ၀န္ရွိ သူေတြ ကေတာ့ ဒီမီးဟာ သူတို႔ရဲ႕ သမိုင္းေၾကာင္း တစ္ေလွ်ာက္ အဆိုး၀ါးဆံုး ေတာမီးေတြ ထဲက တစ္ခု ျဖစ္တယ္လို႔ မွတ္ခ်က္ ေပးခဲ့သလုိ ၊ စံုစမ္း စစ္ေဆးမႈ ေတြ အရ ထရန္စ္ေဖာ္မာ မီးခတ္ ရာကေန စတင္ ေလာင္ကြ်မ္းမွဳေတြ ျဖစ္ေပၚခဲ့တာလို႔ ေကာက္ခ်က္ ခ်ထားခဲ့ၾကပါတယ္။

ဆြန္ေယာင္မင္ ကေတာ့ အခုလို ရက္ရက္ေရာေရာ လွဴဒါန္မႈေတြကို ဟတ္ဒါဖီးလ္ ကို 4-0 နဲ႔ အႏိုင္ယူ တဲ့ ပြဲစဥ္ အျပီးမွာ လုပ္ေဆာင္ သြားခဲ့တာ ျဖစ္ျပီး ၊ လွဴဒါန္း မွဳ နဲ႔ ပတ္သက္လို႔ အခုလို မွတ္ခ်က္ ေပးသြားခဲ့ ပါတယ္။

” ဒီပမာဏ ေလာက္ လွဴဒါန္းတာက တကယ္တမ္း ဒုကၡ ခံစားလိုက္ရတဲ့ မီးေဘး ဒုကၡသည္ေတြ ရဲ႕ ခံစားခ်က္နဲ႔ စာရင္ ဘာမွ မဟုတ္ပါဘူး။ က်ေနာ္ ကိုယ္တိုင္လဲ အဂၤလန္မွာ ေနတယ္ ဆိုေပမယ့္ ၊ ကိုယ့္ ႏိုင္ငံက ဘာေတြ ျဖစ္ေနလဲ ဆိုတာ ၾကားေနရတယ္ေလ။

သဘာ၀ ကပ္ဆိုးၾကီးေတြ ဆိုက္ေရာက္လာျပီ ဆိုရင္ ၊ က်ေနာ္တို႔ ႏိုင္ငံမွာ ဒီလုိ လွဴဒါန္းမွဳေတြ ၀ိုင္း၀န္း လုပ္ေဆာင္သင့္တယ္ လို႔လဲ ထင္ပါတယ္။

က်ေနာ္ လွဴဒါန္းလုိက္တဲ့ ေငြေတြက ဘာမွေတာ့ ထိေရာက္မွာ မဟုတ္ပါဘူး။ အေရးၾကီး တာက ဒုကၡသည္ေတြ အတြက္ ျပန္လည္ ထူေထာင္ေရး လုပ္ငန္းေတြ လုပ္ေဆာင္ဖို႔ စိတ္ဓါတ္ပိုင္း ဆိုရာေတြ ၀ိုင္း၀န္း ျမွင့္တင္ ေပးၾကဖို႔ပါ” လို႔ ထုတ္ေဖာ္ ေျပာဆုိသြားခဲ့ ပါတယ္။

ဆြန္ေယာင္မင္ ေတာင္ကိုရီးယား ရဲ႕ ႏိုင္ငံ့ဂုဏ္ေဆာင္ ကစားသမား တစ္ဦးျဖစ္ျပီး ၊ စက္တင္ဘာလ အတြင္းက က်င္းပခဲ့တဲ့ အာရွဖလား ျပိဳင္ပြဲမွာ ေအာင္ျမင္မႈ ရယူေပး ႏိုင္ခဲ့မႈေၾကာင့္ ၊ စစ္မွဳထမ္းခြင့္ ကင္းလြတ္ခံခဲ့ရတဲ့ ေဘာလံုးသမား တစ္ဦးလဲ ျဖစ္ပါတယ္။ သူဟာ ဒီရာသီမွာ စပါးအတြက္ ျပိဳင္ပြဲ ေပါင္းစံု 18 ဂိုး အထိ သြင္းယူ ထားျပီး ၊ ဟယ္ရီကိန္း မစားႏိုင္တဲ့ အခ်ိန္ေတြ ဆိုရင္ စပါး အသင္းရဲ႕ တုိက္စစ္ကို ဦးေဆာင္ ကစားေပးလွ်က္ ရွိေနတာပါ။

ဆက္လက္ျပီး ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္ ဒုတိယ အေက်ာ့ ပြဲစဥ္ နဲ႔ ပတ္သက္လုိ႔ ဆြန္ က ” မန္စီးတီး နဲ႔ ပြဲဟာ ခက္ခဲေနဦးမွာပါ ၊ ဒါေပမယ့္ အသင္းလိုက္ စုစည္းမႈ အျပည့္ နဲ႔ ကစားမယ္ ဆိုရင္ ရလာဒ္ေကာင္း ရလိမ့္မယ္လို႔ ယံုၾကည္ ထားျပီးသားပါ။

အိမ္ကြင္းမွာ ကစားခဲ့တဲ့ ပံုစံအတုိင္း ကစားႏိုင္မယ္ ဆိုရင္ ၊ က်ေနာ္တို႔ရဲ႕ ေနာက္တစ္ဆင့္ကို တက္ေရာက္ခ်င္တဲ့ ေမွ်ာ္လင့္ခ်က္ေတြဟာ ျဖစ္ႏိုင္ေခ်ေတြ အမ်ားၾကီး ရွိေနမွာပါ” လို႔ မွတ္ခ်က္ ေပးသြားခဲ့ ပါတယ္။

မီးဘေး ဒုက္ခသည်တွေကို အလှူငွေ သိန်း 2000 လှူဒါန်းလိုက်တဲ့ ဆွန်ယောင်မင်
*****************************************************

စပါး အသင်းရဲ့ တောင်ကိုရီးယား တိုက်စစ်မှုး ဆွန်ယောင်မင် ကတော့ ဒီလ အစောပိုင်းမှာ လောင်ကျွမ်းခဲ့တဲ့ တောမီးကြောင့် အတိ ဒုက္ခရောက်ခဲ့ရတဲ့ တောင်ကိုရီးယား ပြည်သူတွေကို ငွေကျပ် သိန်းပေါင်း 2000 လှူဒါန်း သွားခဲ့ ပါတယ်။

ဒီတောမီးဟာ တောင်ကိုရီးယား နိုင်ငံ အရှေ့မြောက်ပိုင်း ဒေသမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ၊ မြောက်ကိုရီးယား နယ်စပ် အနီးမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ သတင်းတွေ အရတော့ 2 ဦး သေဆုံးခဲ့ပြီး ၊ ရာနဲ့ ချီတဲ့ ပြည်သူတွေ အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။

တောင်ကိုရီးယား အစိုးရ တာဝန်ရှိ သူတွေ ကတော့ ဒီမီးဟာ သူတို့ရဲ့ သမိုင်းကြောင်း တစ်လျှောက် အဆိုးဝါးဆုံး တောမီးတွေ ထဲက တစ်ခု ဖြစ်တယ်လို့ မှတ်ချက် ပေးခဲ့သလို ၊ စုံစမ်း စစ်ဆေးမှု တွေ အရ ထရန်စ်ဖော်မာ မီးခတ် ရာကနေ စတင် လောင်ကျွမ်းမှုတွေ ဖြစ်ပေါ်ခဲ့တာလို့ ကောက်ချက် ချထားခဲ့ကြပါတယ်။

ဆွန်ယောင်မင် ကတော့ အခုလို ရက်ရက်ရောရော လှူဒါန်မှုတွေကို ဟတ်ဒါဖီးလ် ကို 4-0 နဲ့ အနိုင်ယူ တဲ့ ပွဲစဉ် အပြီးမှာ လုပ်ဆောင် သွားခဲ့တာ ဖြစ်ပြီး ၊ လှူဒါန်း မှု နဲ့ ပတ်သက်လို့ အခုလို မှတ်ချက် ပေးသွားခဲ့ ပါတယ်။

” ဒီပမာဏ လောက် လှူဒါန်းတာက တကယ်တမ်း ဒုက္ခ ခံစားလိုက်ရတဲ့ မီးဘေး ဒုက္ခသည်တွေ ရဲ့ ခံစားချက်နဲ့ စာရင် ဘာမှ မဟုတ်ပါဘူး။ ကျနော် ကိုယ်တိုင်လဲ အင်္ဂလန်မှာ နေတယ် ဆိုပေမယ့် ၊ ကိုယ့် နိုင်ငံက ဘာတွေ ဖြစ်နေလဲ ဆိုတာ ကြားနေရတယ်လေ။

သဘာဝ ကပ်ဆိုးကြီးတွေ ဆိုက်ရောက်လာပြီ ဆိုရင် ၊ ကျနော်တို့ နိုင်ငံမှာ ဒီလို လှူဒါန်းမှုတွေ ၀ိုင်းဝန်း လုပ်ဆောင်သင့်တယ် လို့လဲ ထင်ပါတယ်။

ကျနော် လှူဒါန်းလိုက်တဲ့ ငွေတွေက ဘာမှတော့ ထိရောက်မှာ မဟုတ်ပါဘူး။ အရေးကြီး တာက ဒုက္ခသည်တွေ အတွက် ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေ လုပ်ဆောင်ဖို့ စိတ်ဓါတ်ပိုင်း ဆိုရာတွေ ၀ိုင်းဝန်း မြှင့်တင် ပေးကြဖို့ပါ” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

ဆွန်ယောင်မင် တောင်ကိုရီးယား ရဲ့ နိုင်ငံ့ဂုဏ်ဆောင် ကစားသမား တစ်ဦးဖြစ်ပြီး ၊ စက်တင်ဘာလ အတွင်းက ကျင်းပခဲ့တဲ့ အာရှဖလား ပြိုင်ပွဲမှာ အောင်မြင်မှု ရယူပေး နိုင်ခဲ့မှုကြောင့် ၊ စစ်မှုထမ်းခွင့် ကင်းလွတ်ခံခဲ့ရတဲ့ ဘောလုံးသမား တစ်ဦးလဲ ဖြစ်ပါတယ်။ သူဟာ ဒီရာသီမှာ စပါးအတွက် ပြိုင်ပွဲ ပေါင်းစုံ 18 ဂိုး အထိ သွင်းယူ ထားပြီး ၊ ဟယ်ရီကိန်း မစားနိုင်တဲ့ အချိန်တွေ ဆိုရင် စပါး အသင်းရဲ့ တိုက်စစ်ကို ဦးဆောင် ကစားပေးလျှက် ရှိနေတာပါ။

ဆက်လက်ပြီး ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယ အကျော့ ပွဲစဉ် နဲ့ ပတ်သက်လို့ ဆွန် က ” မန်စီးတီး နဲ့ ပွဲဟာ ခက်ခဲနေဦးမှာပါ ၊ ဒါပေမယ့် အသင်းလိုက် စုစည်းမှု အပြည့် နဲ့ ကစားမယ် ဆိုရင် ရလာဒ်ကောင်း ရလိမ့်မယ်လို့ ယုံကြည် ထားပြီးသားပါ။

အိမ်ကွင်းမှာ ကစားခဲ့တဲ့ ပုံစံအတိုင်း ကစားနိုင်မယ် ဆိုရင် ၊ ကျနော်တို့ရဲ့ နောက်တစ်ဆင့်ကို တက်ရောက်ချင်တဲ့ မျှော်လင့်ချက်တွေဟာ ဖြစ်နိုင်ချေတွေ အများကြီး ရှိနေမှာပါ” လို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။