mourinho

လတ္တေလာထြက္ေပၚေနတဲ႔ သတင္းေတြအရေပၚတူဂီ နာမည္ေက်ာ္ နည္းျပျကီး ေမာ္ရင္ဟို တေယာက္ ဘာေနဗ်ဴးကို ျပန္လာခ်င္ေနတယ္လို႔ သိရပါတယ္။ေမာ္ရင္ဟာ ျပီးခဲ႔တဲ႔ႏွစ္ ဒီဇင္ဘာလအတြင္းမွာ ယူႏိုက္တက္ အသင္း ကေန ထုတ္ပယ္ ခံလိုက္ရအျပီးကတည္းက နည္းျပေလာကအတြင္းကို ျပန္လည္ဝင္ေရာက္လာျခင္း မရွိေသးတာျဖစ္ပါတယ္။

mourinho

အသင္းလက္မဲ႔ ျဖစ္ေနတဲ႔ သူ႔ကို အလိုရွိေနတဲ႕ ဥေရာပ ထိပ္တန္း အသင္း ေတြ က အမ်ားအျပားရွိေနတာျဖစ္ျပီးမိုနာကို၊လိုင္လီ၊ ဝုလ္ဘတ္၊ ေရွာ္လ္ေကး၊ ေအစီမီလန္ အသင္းေတြကို ကိုင္တြယ္ခြင့္ရမယ့္အခြင့္အေရးေတြရခဲ့ေသးတာျဖစ္ပါတယ္။ဒါေပမယ့္ သူကပယ္ခ်ထားခဲ႔တာျဖစ္ျပီး ရီးရဲလ္အသင္းကိုျပန္လာခ်င္ေနပံုရေနတာျဖစ္ပါတယ္။

ျပီးခဲ႔တဲ႔ ေမလကေန အခုစက္တင္ဘာလအတြင္း မွာေမာ္ရင္နဲ႔အံကိုက္ျဖစ္ေလာက္မယ့္အသင္းေတြအျဖစ္ PSG ၊ ဂ်ဴဗီ နဲ႔ ဘိုင္ယန္ ျမဴးနစ္တို႔နဲ႔ သတင္းေတြလည္းထြက္ေပၚခဲ႕ေသးတာျဖစ္ပါတယ္။။ေမာ္ရင္ဟုိဟာမျကာေသးမီကမွဂ်ာမန္ ဘာသာစကားကို ေလ့လာသင့္ယူထားခဲ႔တာျဖစ္ျပီး စပါးအသင္းကိုေျပာင္းေရႊ႕ခ်င္တဲ႔အေျကာင္းကိုအခုႏွစ္အေစာပိုင္းမွာဖြင့္ဟထားခဲ႔ဖူးတာျဖစ္ပါတယ္။

ထိုစဥ္က ရီးရဲလ္အသင္းဟာ နည္းျပ ဆိုလာရီကုိ ရာထူးကေန ထုတ္ပယ္ျပီး နည္းျပသစ္ရွာေဖြ ေနခ်ိန္ မွာ ပိုခ်က္တီႏို နဲ႔ သတင္းေတြ အေတာ္ေလးထြက္ေပၚခဲ႔ေသးတာျဖစ္ပါတယ္။ဒါေပမယ့္ရီးရဲလ္အသင္းဟာေနာက္ဆံုးမွာေတာ့သူတို႔ရဲ႕ နည္းျပေဟာင္း ဇီဒန္းကို ျပန္ေခၚခဲ့လို႕ ပံုျပင္ေတြအဆံုးသတ္သြားခဲ႔တာျဖစ္ပါတယ္။

zidane

PSG နဲ႔ ဘိုင္ယန္ျမဴးနစ္ တို႔ကေတာ့ သူတို႔ရဲ႕ နည္းျပေတြျဖစ္တဲ႔ တူခ်ယ္နဲ႔ ကိုဗက္စ္တို႔ရဲ႕ စြမ္းေဆာင္ရည္အေပၚ အားရေက်နပ္မွဳ မရွိသလို အတက္အက်ေတြ တရာသီလံုးျကံုေတြ႔ထားခဲ႔ လို႕ေမာ္ရင္ဟိုကို အလိုရွိေနတယ္ဆိုတဲ႔ ေလသံမ်ိဳးထြက္ခဲ႔တာျဖစ္ပါတယ္။

ဒါေပမယ့္ အဲ႔ဒီ၂သင္းလံုးဟာ အဆိုပါနည္းျပ ၂ေယာက္နဲ႔ ပဲ ရာသီသစ္ကိုခရီးဆက္ဖို႔ ဆံုျဖတ္ထားခဲ႔တာျဖစ္ပါတယ္။ဒါ့အျပင္ ဂ်ဴဗီ အသင္းကလည္းအယ္လီဂရီရဲ႕ ေနရာမွာ ခ်ဲဆီးလ္ နည္းျပေဟာင္း ဆာရီကို ပဲ တာဝန္ေပးထားခဲ႔ပါတယ္။

ဒါေျကာင့္လည္း လက္ရွိအခ်ိန္မွာေတာ့ ေမာ္ရင္ဟိုဟာ ရီးရဲလ္အသင္းနည္းျပ ေနရာကို စိတ္ဝင္စားေနတယ္လို႔ သတင္းေတြကေဖာ္ျပလာတာျဖစ္ပါတယ္။ရီးရဲလ္ အသင္းဟာ လာလီဂါ အမွတ္ေပးဇယားကို ဦးေဆာင္ေနေပမယ့္ ေျခစြမ္းနဲ႔ရလဒ္ပိုင္း တည္ျငိမ္မွဳမရေသးသလိုခ်န္ပီယံလိဂ္အဖြင့္ပြဲမွာလည္း PSG အသင္းကို ၃-၀ ဂိုးနဲ႔ အရွက္တကြဲ အေရးနိမ့္ထားခဲ႔တာ ျဖစ္ပါတယ္။

zidane

ဒါေျကာင့္ တေက်ာ့ျပန္ နည္းျပဇီဒန္းရဲ႕ ဘာေနဗ်ဴး ခရီးစဥ္ဟာ ပန္းခင္းလမ္း ျဖစ္မေနပဲ ဖိအားေတြရွိေနျပီး ေဝဖန္ျပစ္တင္မွဳေတြကို ခံထားခဲ႕ရတာျဖစ္ပါတယ္။ဒါေပမယ့္ လည္း အသင္းကို ခ်န္ပီယံလိဂ္ ၃ႏွစ္ဆက္ရယူေပးခဲ႔တဲ့ ဒီျပင္သစ္သားျကီးကို ဘုတ္အဖြဲ႔ဝင္ေတြက စိတ္ပ်က္မွဳ တစံုတရာျပသထားျခင္းေတာ့ မရွိေသးတာျဖစ္ပါတယ္။

ရီးရဲလ္အသင္းဟာ ျပီးခဲ႔တဲ႔ ရာသီကုန္မွာ ဇီဒန္း ႏုတ္ထြက္သြားခဲ႔လို႔ လိုပက္တီဂီ၊ ဆုိလာရီတို႔ကို အစားထုိးခဲ႔ေပမယ့္ အလုပ္မျဖစ္ခဲ႔လို႕ ဇီဒန္းကိုပဲ ျပန္ေခၚခဲ႔ရတာျဖစ္ပါတယ္။ဒါေပမယ့္ အခ်ိန္သိပ္မရခဲ႔တာေျကာင့္လည္း ဖလားလက္မဲ႔ရာသီတခုကိုပဲျကုံေတြ႔ျဖတ္သန္းလိုက္ရတာျဖစ္ပါတယ္။

ဒါေပမယ့္ အဆိုပါအေနအေနဆိုးေတြကို ထပ္မျကုံရေစဖို႔ ေႏြရာသီေစ်းကြက္ အတြင္းမွာယူရိုသန္း၃၀၀ ေက်ာ္အသံုးျပဳျပီးအသင္းကိုအင္အားျဖည့္တင္းထားျပီးျပီလည္းျဖစ္ပါတယ္။သူတို႔ဟာ ယေန႔ ညမွာေတာ့ လာလီဂါ ပြဲစဥ္အျဖစ္ ေအတီနဲ႔ မက္ဒရစ္ဒါဘီပြဲကိုဆင္ႏႊဲရမွာျဖစ္ျပီး ျကားရက္မွာေတာ့ ခ်န္ပီယံလိဂ္ပြဲအျဖစ္ဘရုေဂးအသင္းနဲ႕ ရင္ဆိုင္သြားရမွာျဖစ္ပါတယ္။

SPORT MYANMAR

Unicode

အခွင့်အရေးကောင်းတွေကိုပယ်ချထားခဲ့တဲ့ မော်ရင်ဟိုတယောက်ဘာနေဗျူးကိုပြန်လာချင်နေတာလား ?
=================================

လတ်တလောထွက်ပေါ်နေတဲ့ သတင်းတွေအရပေါ်တူဂီ နာမည်ကျော် နည်းပြကြီး မော်ရင်ဟို တယောက် ဘာနေဗျူးကို ပြန်လာချင်နေတယ်လို့ သိရပါတယ်။မော်ရင်ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်းမှာ ယူနိုက်တက် အသင်း ကနေ ထုတ်ပယ် ခံလိုက်ရအပြီးကတည်းက နည်းပြလောကအတွင်းကို ပြန်လည်ဝင်ရောက်လာခြင်း မရှိသေးတာဖြစ်ပါတယ်။

အသင်းလက်မဲ့ ဖြစ်နေတဲ့ သူ့ကို အလိုရှိနေတဲ့ ဥရောပ ထိပ်တန်း အသင်း တွေ က အများအပြားရှိနေတာဖြစ်ပြီးမိုနာကို၊လိုင်လီ၊ ဝုလ်ဘတ်၊ ရှော်လ်ကေး၊ အေစီမီလန် အသင်းတွေကို ကိုင်တွယ်ခွင့်ရမယ့်အခွင့်အရေးတွေရခဲ့သေးတာဖြစ်ပါတယ်။ဒါပေမယ့် သူကပယ်ချထားခဲ့တာဖြစ်ပြီး ရီးရဲလ်အသင်းကိုပြန်လာချင်နေပုံရနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလကနေ အခုစက်တင်ဘာလအတွင်း မှာမော်ရင်နဲ့အံကိုက်ဖြစ်လောက်မယ့်အသင်းတွေအဖြစ် PSG ၊ ဂျူဗီ နဲ့ ဘိုင်ယန် မြူးနစ်တို့နဲ့ သတင်းတွေလည်းထွက်ပေါ်ခဲ့သေးတာဖြစ်ပါတယ်။။မော်ရင်ဟိုဟာမကြာသေးမီကမှဂျာမန် ဘာသာစကားကို လေ့လာသင့်ယူထားခဲ့တာဖြစ်ပြီး စပါးအသင်းကိုပြောင်းရွှေ့ချင်တဲ့အကြောင်းကိုအခုနှစ်အစောပိုင်းမှာဖွင့်ဟထားခဲ့ဖူးတာဖြစ်ပါတယ်။

ထိုစဉ်က ရီးရဲလ်အသင်းဟာ နည်းပြ ဆိုလာရီကို ရာထူးကနေ ထုတ်ပယ်ပြီး နည်းပြသစ်ရှာဖွေ နေချိန် မှာ ပိုချက်တီနို နဲ့ သတင်းတွေ အတော်လေးထွက်ပေါ်ခဲ့သေးတာဖြစ်ပါတယ်။ဒါပေမယ့်ရီးရဲလ်အသင်းဟာနောက်ဆုံးမှာတော့သူတို့ရဲ့ နည်းပြဟောင်း ဇီဒန်းကို ပြန်ခေါ်ခဲ့လို့ ပုံပြင်တွေအဆုံးသတ်သွားခဲ့တာဖြစ်ပါတယ်။

PSG နဲ့ ဘိုင်ယန်မြူးနစ် တို့ကတော့ သူတို့ရဲ့ နည်းပြတွေဖြစ်တဲ့ တူချယ်နဲ့ ကိုဗက်စ်တို့ရဲ့ စွမ်းဆောင်ရည်အပေါ် အားရကျေနပ်မှု မရှိသလို အတက်အကျတွေ တရာသီလုံးကြုံတွေ့ထားခဲ့ လို့
မော်ရင်ဟိုကို အလိုရှိနေတယ်ဆိုတဲ့ လေသံမျိုးထွက်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် အဲ့ဒီ၂သင်းလုံးဟာ အဆိုပါနည်းပြ ၂ယောက်နဲ့ ပဲ ရာသီသစ်ကိုခရီးဆက်ဖို့ ဆုံဖြတ်ထားခဲ့တာဖြစ်ပါတယ်။ဒါ့အပြင် ဂျူဗီ အသင်းကလည်းအယ်လီဂရီရဲ့ နေရာမှာ ချဲဆီးလ် နည်းပြဟောင်း ဆာရီကို ပဲ တာဝန်ပေးထားခဲ့ပါတယ်။

ဒါကြောင့်လည်း လက်ရှိအချိန်မှာတော့ မော်ရင်ဟိုဟာ ရီးရဲလ်အသင်းနည်းပြ နေရာကို စိတ်ဝင်စားနေတယ်လို့ သတင်းတွေကဖော်ပြလာတာဖြစ်ပါတယ်။ရီးရဲလ် အသင်းဟာ လာလီဂါ အမှတ်ပေးဇယားကို ဦးဆောင်နေပေမယ့် ခြေစွမ်းနဲ့ရလဒ်ပိုင်း တည်ငြိမ်မှုမရသေးသလိုချန်ပီယံလိဂ်အဖွင့်ပွဲမှာလည်း PSG အသင်းကို ၃-၀ ဂိုးနဲ့ အရှက်တကွဲ အရေးနိမ့်ထားခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် တကျော့ပြန် နည်းပြဇီဒန်းရဲ့ ဘာနေဗျူး ခရီးစဉ်ဟာ ပန်းခင်းလမ်း ဖြစ်မနေပဲ ဖိအားတွေရှိနေပြီး ဝေဖန်ပြစ်တင်မှုတွေကို ခံထားခဲ့ရတာဖြစ်ပါတယ်။ဒါပေမယ့် လည်း အသင်းကို ချန်ပီယံလိဂ် ၃နှစ်ဆက်ရယူပေးခဲ့တဲ့ ဒီပြင်သစ်သားကြီးကို ဘုတ်အဖွဲ့ဝင်တွေက စိတ်ပျက်မှု တစုံတရာပြသထားခြင်းတော့ မရှိသေးတာဖြစ်ပါတယ်။

ရီးရဲလ်အသင်းဟာ ပြီးခဲ့တဲ့ ရာသီကုန်မှာ ဇီဒန်း နုတ်ထွက်သွားခဲ့လို့ လိုပက်တီဂီ၊ ဆိုလာရီတို့ကို အစားထိုးခဲ့ပေမယ့် အလုပ်မဖြစ်ခဲ့လို့ ဇီဒန်းကိုပဲ ပြန်ခေါ်ခဲ့ရတာဖြစ်ပါတယ်။ဒါပေမယ့် အချိန်သိပ်မရခဲ့တာကြောင့်လည်း ဖလားလက်မဲ့ရာသီတခုကိုပဲကြုံတွေ့ဖြတ်သန်းလိုက်ရတာဖြစ်ပါတယ်။

ဒါပေမယ့် အဆိုပါအနေအနေဆိုးတွေကို ထပ်မကြုံရစေဖို့ နွေရာသီစျေးကွက် အတွင်းမှာယူရိုသန်း၃၀၀ ကျော်အသုံးပြုပြီးအသင်းကိုအင်အားဖြည့်တင်းထားပြီးပြီလည်းဖြစ်ပါတယ်။သူတို့ဟာ ယနေ့ ညမှာတော့ လာလီဂါ ပွဲစဉ်အဖြစ် အေတီနဲ့ မက်ဒရစ်ဒါဘီပွဲကိုဆင်နွှဲရမှာဖြစ်ပြီး ကြားရက်မှာတော့ ချန်ပီယံလိဂ်ပွဲအဖြစ်ဘရုဂေးအသင်းနဲ့ ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။

SPORT MYANMAR