lampard

ခ်ယ္လ္ဆီး အသင္း ဟာ ယေန႕ ည ၈နာရီခြဲ အခ်ိန္ မွာ ပရီးမီးယားလိဂ္ ပြဲစဥ္ ၇ အျဖစ္ ဘရိုက္တန္ အသင္း ကို အိမ္ကြင္း စတမ္းဖို႕ဒ္ ဘရစ္ခ်္ မွာ လက္ခံ ကစားသြားမွာ ျဖစ္ပါတယ္ ။ ျပီးခဲ့တဲ့ ၾကားရက္ က ကာရာေဘာင္ ဖလား တတိယ အဆင့္ ပြဲစဥ္ မွာ လိဂ္တူး ကလပ္ ဂရင္စဘီေတာင္း အသင္း ကို အိမ္ကြင္း မွာ ၇ – ၁ နဲ႕ ဂိုးျပတ္ ေျချပတ္ အႏိုင္ရ ခဲ့ျပီးေနာက္ ဒီရာသီ ပထမဆံုး အိမ္ကြင္း ႏိုင္ပြဲ ကို ခ်ယ္လ္ဆီး အသင္း ရွာေဖြ ႏိုင္ခဲ့ပါတယ္ ။

guehi vs gilmour

သို႕ေပမယ့္ လည္း ဒီရာသီ ပထမဆံုး ပရီးမီးယားလိဂ္ အိမ္ကြင္း ႏိုင္ပြဲ ကို ယေန႕ည ဘရိုက္တန္ နဲ႕ ပြဲစဥ္ မွာ ခ်ယ္လ္ဆီး တို႕ စတင္ ရွာေဖြ သြားဖို႕ လိုေနပါတယ္ ။ ကစား ခဲ့သမွ် အိမ္ကြင္း ပြဲစဥ္ ၃ ပြဲမွာ ခ်ယ္လ္ဆီး အသင္း ဟာ ၂ပြဲ သေရ ၊ တပြဲရႈံး ရလဒ္ ထြက္ေပၚ ထားတာေၾကာင့္ တရာသီ လံုး အတြက္ အိမ္ကြင္း လက္က်န္ ပြဲစဥ္ ေတြမွာ ရလဒ္ေကာင္း ေတြ ရခ်င္ရင္ေတာ့ လမ္းပတ္ အဖို႕ ယေန႕ည ဘရိုက္တန္ ကို အႏိုင္ယူျပီး စတင္ရေတာ့မွာ ျဖစ္ပါတယ္ ။

ထို႕အျပင္ ဘရိုက္တန္ ကို ခ်ယ္လ္ဆီး တို႕ အိမ္ကြင္း မွာ လက္ခံ ကစားခဲ့ဖူးတဲ့ ပြဲစဥ္ အားလံုး ကို ရာႏႈန္းျပည့္ ႏိုင္ထား ျပန္တဲ့ အတြက္ လမ္းပတ္ အေနနဲ႕ ထို မွတ္တမ္းေကာင္း ကို ဆက္လက္ ထိန္းသိမ္း ႏိုင္ဖို႕ ပိုျပီးေတာင္ လိုအပ္ လာပါတယ္ ။ မေန႕က ပြဲၾကိဳ သတင္းစာ ရွင္းလင္းပြဲ မွာေတာ့ လမ္းပတ္ က အိမ္ကြင္း ႏိုင္ပြဲ ရဖို႕ ဆိုတာ အေရးၾကီးတဲ့ အတြက္ ယေန႕ည ပြဲစဥ္ မွာ ႏိုင္ပြဲ စတင္ ရယူသြားဖို႕ အေကာင္းဆံုး ၾကိဳးစား သြားမွာ ျဖစ္ေၾကာင္း ေျပာဆို ခဲ့ပါတယ္ ။

lampard

လမ္းပတ္ က ” ဟုတ္ပါတယ္ ။ ပရီးမီးယားလိဂ္ ရဲ႕ အပတ္စဥ္ ပြဲတိုင္း ဟာ အေရးၾကီးပါတယ္ ။ အခု အခ်ိန္ အထိ ပရီးမီးယားလိဂ္ မွာ အိမ္ကြင္း ႏိုင္ပြဲ မရေသးဘူး ဆိုတဲ့ မွတ္တမ္းဆိုး ကို ကြ်န္ေတာ္ တို႕ ေခ်ဖ်က္ဖို႕ အရမ္း ဆႏၵ ျပင္းျပ ေနၾကပါတယ္ ။ ကြ်န္ေတာ္ တို႕ အေနနဲ႕ ရာသီကုန္ မွာ လိုခ်င္တဲ့ အဆင့္ တေနရာ မွာ ရပ္တည္ ခ်င္တယ္ ဆိုရင္ေတာ့ အိမ္ကြင္း ႏိုင္ပြဲ ေတြကို စတင္ ရယူ သြားဖို႕ အခ်ိန္တန္ပါျပီ ။ ”

” ျပီးခဲ့တဲ့ အပတ္ က ကြ်န္ေတာ္ တို႕ဟာ လီဗာပူး နဲ႕ ပြဲမွာ ကံဆိုးစြာနဲ႕ အႏိုင္မရခဲ့ပါဘူး ။ ဒါေပမယ့္ ဒီ အေနအထား ဟာ ကြ်န္ေတာ္ တို႕ လိုခ်င္ေနတဲ့ ရမွတ္ ေတြအတြက္ ဘာမွ အကူအညီ မေပးႏိုင္ခဲ့ပါဘူး ။ လီဗာပူး နဲ႕ ပြဲက စြမ္းေဆာင္ရည္ အတိုင္း ကြ်န္ေတာ္ တို႕ မနက္ျဖန္ ညမွာ ဆက္ျပီး ျပသ သြားႏိုင္ဖို႕ လိုပါတယ္ ။ လီဗာပူး ကို ကြ်န္ေတာ္ တို႕ဟာ ပထမပိုင္း မွာ သူတင္ ကိုယ္တင္ ယွဥ္ကစား ႏိုင္ခဲ့ျပီး ဒုတိယပိုင္း မွာ ကြ်န္ေတာ္ တို႕ဟာ ဂိုးရလိုစိတ္ နဲ႕ ပိုျပီး တိုက္စစ္ဆင္ ကစား ႏိုင္ခဲ့ပါတယ္ ။ ”

” အကယ္၍ ကြ်န္ေတာ္ တို႕သာ ဒီပံုစံေကာင္း ကို ဆက္လက္ ထိန္းသိမ္း ႏိုင္မယ္ ဆိုရင္ ေမွွ်ာ္မွန္း ထားတဲ့ အိမ္ကြင္း ႏိုင္ပြဲ ေတြက အလွမ္းေဝးေတာ့မွာ မဟုတ္ပါဘူး ။ အခု အခ်ိန္ မွာ ကြ်န္ေတာ္ တို႕ဟာ ျပိဳင္ပြဲစံု အိမ္ကြင္း ပြဲစဥ္ တခ်ိဳ႕ ကို ဆက္တိုက္ ကစား ေနရပါတယ္ ။ ဒါေပမယ့္ မနက္ျဖန္ ညမွာ ရင္ဆိုင္ ရမယ့္ ဘရိုက္တန္ အသင္း ဟာလည္း ျပိဳင္ဖက္ေကာင္း တသင္း ျဖစ္တာေၾကာင့္ ကြ်န္ေတာ္ တို႕ သူတို႕ကို ေလးစား ရမွာ ျဖစ္ပါတယ္ ။ ”

chelsea

” လက္ရွိ ဘရိုက္တန္ အသင္း ဟာ ကစားပံု ၊ နည္းစနစ္ ၊ အေတြးအေခၚ ေတြက အစ ေျပာင္းလဲ ေနသလို ၊ လိုခ်င္တဲ့ ရမွတ္ ေတြ မရေသးတဲ့ တိုင္ေအာင္ နည္းျပသစ္ နဲ႕ အတူ ေကာင္းမြန္တဲ့ ကစားပံု ေတြကို ထုတ္ျပ ထားႏိုင္ ခဲ့ပါတယ္ ။ ရလဒ္ဆိုး တခ်ိဳ႕ ကို ဘရိုက္တန္ ပိုင္ဆိုင္ ထားသလို ၊ ကြ်န္ေတာ္ တို႕ အသင္း ကလည္း အိမ္ကြင္း ႏိုင္ပြဲ အသည္းအသန္ လိုေနတယ္ ဆိုျပီး မနက္ျဖန္ ပြဲမွာ ကြ်န္ေတာ္ တို႕ကပဲ အႏိုင္ ရသြားႏိုင္တယ္ လို႕ တသမတ္တည္း မမွန္းထား သင့္ပါဘူး ။ ”

” ကြ်န္ေတာ္ တို႕ဟာ ျပိဳင္ဖက္ အေပၚ ေလးေလးစားစား ကစား သြားမွာ ျဖစ္သလို ၊ အႏိုင္ရဖို႕ အတြက္ ၾကိဳးစား သြားမွာပါ ။ ခင္ဗ်ား တို႕ ေျပာၾကတဲ့ အတိုင္း မွတ္တမ္း အခ်က္အလက္ ေတြကေတာ့ ရွိေနပါတယ္ ။ တကယ္တမ္း ေျပာရရင္ ဒီလို မွတ္တမ္းေကာင္း ေၾကာင့္ မနက္ျဖန္ ပြဲကို အႏိုင္ရဖို႕ ကြ်န္ေတာ့ ကို ပိုျပီး စိုးရိမ္ ၾကီးေစပါတယ္ ။ ကြ်န္ေတာ္ တို႕ဖက္ ကေတာ့ ဘရိုက္တန္ နဲ႕ အိမ္ကြင္း မွာ ေတြ႕ဆံုတိုင္း ရာႏႈန္းျပည့္ ႏိုင္ပြဲ ရထားတယ္ ဆိုတဲ့ မွတ္တမ္းေကာင္း ကိုေတာ့ မျဖစ္မေန ထိန္းသိမ္းသြားဖို႕ အေကာင္းဆံုး ၾကိဳးစား သြားမွာပါ ။ ”

chelsea

” ပြဲစဥ္ တပြဲ စီကို သူနဲ႕ ပတ္သက္တဲ့ အခ်က္အလက္ ေတြ ၊ ျပိဳင္ဖက္ ရဲ႕ နည္းဗ်ဴဟာ ေတြကို ၾကည့္ရႈ ေလ့လာျပီး ပြဲခ်ဥ္းကပ္ပံု ကို ျပင္ဆင္ ရပါတယ္ ။ ကြ်န္ေတာ္ ဟာ ဘရိုက္တန္ အသင္း ကစားတဲ့ ပြဲစဥ္ အေတာ္မ်ားမ်ား ၾကည့္ရႈ ျဖစ္ေပမယ့္ ဂယ္ရီ ေပၚတာ ( ဘရိုက္တန္ နည္းျပ ) အေၾကာင္းေတာ့ အသိနည္း ေနပါတယ္ ။ ဒါေပမယ့္ ဒီ အသင္း အတြက္ သူ ျပင္ဆင္ ထားတာေတြ ၊ ဒီ အသင္း နဲ႕ အတူ သူ ဘယ္လို စြမ္းေဆာင္ရည္ ေတြ ထုတ္ျပ ထားတာေတြကို ကြ်န္ေတာ္ တို႕ သိထားတဲ့ အတြက္ အဆင္သင့္ ျဖစ္ေအာင္ေတာ့ ၾကိဳးစား ရမွာပါ ။ ဒါေပမယ့္ မွတ္တမ္း အခ်က္အလက္ နဲ႕ သမိုင္းေၾကာင္း ကေတာ့ မနက္ျဖန္ ပြဲစဥ္ မွာ အေရးပါလာမွာ မဟုတ္ပါဘူး ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

SPORTS MYANMAR

Unicode

ယနေ့ည ပွဲစဉ် မှာ ဘရိုက်တန် ကို အနိုင်ယူပြီး ဒီရာသီ ပထမဆုံး ပရီးမီးယားလိဂ် အိမ်ကွင်း နိုင်ပွဲ ကို ရှာဖွေ သွားမယ် လို့ ကတိပြု ပြောဆိုလိုက်တဲ့ #လမ်းပတ်

ချယ်လ်ဆီး အသင်း ဟာ ယနေ့ ည ၈နာရီခွဲ အချိန် မှာ ပရီးမီးယားလိဂ် ပွဲစဉ် ရ အဖြစ် ဘရိုက်တန် အသင်း ကို အိမ်ကွင်း စတမ်းဖို့ဒ် ဘရစ်ချ် မှာ လက်ခံ ကစားသွားမှာ ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ ကြားရက် က ကာရာဘောင် ဖလား တတိယ အဆင့် ပွဲစဉ် မှာ လိဂ်တူး ကလပ် ဂရင်စဘီတောင်း အသင်း ကို အိမ်ကွင်း မှာ ရ – ၁ နဲ့ ဂိုးပြတ် ခြေပြတ် အနိုင်ရ ခဲ့ပြီးနောက် ဒီရာသီ ပထမဆုံး အိမ်ကွင်း နိုင်ပွဲ ကို ချယ်လ်ဆီး အသင်း ရှာဖွေ နိုင်ခဲ့ပါတယ် ။

သို့ပေမယ့် လည်း ဒီရာသီ ပထမဆုံး ပရီးမီးယားလိဂ် အိမ်ကွင်း နိုင်ပွဲ ကို ယနေ့ည ဘရိုက်တန် နဲ့ ပွဲစဉ် မှာ ချယ်လ်ဆီး တို့ စတင် ရှာဖွေ သွားဖို့ လိုနေပါတယ် ။ ကစား ခဲ့သမျှ အိမ်ကွင်း ပွဲစဉ် ၃ ပွဲမှာ ချယ်လ်ဆီး အသင်း ဟာ ၂ပွဲ သရေ ၊ တပွဲရှုံး ရလဒ် ထွက်ပေါ် ထားတာကြောင့် တရာသီ လုံး အတွက် အိမ်ကွင်း လက်ကျန် ပွဲစဉ် တွေမှာ ရလဒ်ကောင်း တွေ ရချင်ရင်တော့ လမ်းပတ် အဖို့ ယနေ့ည ဘရိုက်တန် ကို အနိုင်ယူပြီး စတင်ရတော့မှာ ဖြစ်ပါတယ် ။

ထို့အပြင် ဘရိုက်တန် ကို ချယ်လ်ဆီး တို့ အိမ်ကွင်း မှာ လက်ခံ ကစားခဲ့ဖူးတဲ့ ပွဲစဉ် အားလုံး ကို ရာနှုန်းပြည့် နိုင်ထား ပြန်တဲ့ အတွက် လမ်းပတ် အနေနဲ့ ထို မှတ်တမ်းကောင်း ကို ဆက်လက် ထိန်းသိမ်း နိုင်ဖို့ ပိုပြီးတောင် လိုအပ် လာပါတယ် ။ မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲ မှာတော့ လမ်းပတ် က အိမ်ကွင်း နိုင်ပွဲ ရဖို့ ဆိုတာ အရေးကြီးတဲ့ အတွက် ယနေ့ည ပွဲစဉ် မှာ နိုင်ပွဲ စတင် ရယူသွားဖို့ အကောင်းဆုံး ကြိုးစား သွားမှာ ဖြစ်ကြောင်း ပြောဆို ခဲ့ပါတယ် ။

လမ်းပတ် က ” ဟုတ်ပါတယ် ။ ပရီးမီးယားလိဂ် ရဲ့ အပတ်စဉ် ပွဲတိုင်း ဟာ အရေးကြီးပါတယ် ။ အခု အချိန် အထိ ပရီးမီးယားလိဂ် မှာ အိမ်ကွင်း နိုင်ပွဲ မရသေးဘူး ဆိုတဲ့ မှတ်တမ်းဆိုး ကို ကျွန်တော် တို့ ချေဖျက်ဖို့ အရမ်း ဆန္ဒ ပြင်းပြ နေကြပါတယ် ။ ကျွန်တော် တို့ အနေနဲ့ ရာသီကုန် မှာ လိုချင်တဲ့ အဆင့် တနေရာ မှာ ရပ်တည် ချင်တယ် ဆိုရင်တော့ အိမ်ကွင်း နိုင်ပွဲ တွေကို စတင် ရယူ သွားဖို့ အချိန်တန်ပါပြီ ။ ”

” ပြီးခဲ့တဲ့ အပတ် က ကျွန်တော် တို့ဟာ လီဗာပူး နဲ့ ပွဲမှာ ကံဆိုးစွာနဲ့ အနိုင်မရခဲ့ပါဘူး ။ ဒါပေမယ့် ဒီ အနေအထား ဟာ ကျွန်တော် တို့ လိုချင်နေတဲ့ ရမှတ် တွေအတွက် ဘာမှ အကူအညီ မပေးနိုင်ခဲ့ပါဘူး ။ လီဗာပူး နဲ့ ပွဲက စွမ်းဆောင်ရည် အတိုင်း ကျွန်တော် တို့ မနက်ဖြန် ညမှာ ဆက်ပြီး ပြသ သွားနိုင်ဖို့ လိုပါတယ် ။ လီဗာပူး ကို ကျွန်တော် တို့ဟာ ပထမပိုင်း မှာ သူတင် ကိုယ်တင် ယှဉ်ကစား နိုင်ခဲ့ပြီး ဒုတိယပိုင်း မှာ ကျွန်တော် တို့ဟာ ဂိုးရလိုစိတ် နဲ့ ပိုပြီး တိုက်စစ်ဆင် ကစား နိုင်ခဲ့ပါတယ် ။ ”

” အကယ်၍ ကျွန်တော် တို့သာ ဒီပုံစံကောင်း ကို ဆက်လက် ထိန်းသိမ်း နိုင်မယ် ဆိုရင် မျှှော်မှန်း ထားတဲ့ အိမ်ကွင်း နိုင်ပွဲ တွေက အလှမ်းဝေးတော့မှာ မဟုတ်ပါဘူး ။ အခု အချိန် မှာ ကျွန်တော် တို့ဟာ ပြိုင်ပွဲစုံ အိမ်ကွင်း ပွဲစဉ် တချို့ ကို ဆက်တိုက် ကစား နေရပါတယ် ။ ဒါပေမယ့် မနက်ဖြန် ညမှာ ရင်ဆိုင် ရမယ့် ဘရိုက်တန် အသင်း ဟာလည်း ပြိုင်ဖက်ကောင်း တသင်း ဖြစ်တာကြောင့် ကျွန်တော် တို့ သူတို့ကို လေးစား ရမှာ ဖြစ်ပါတယ် ။ ”

” လက်ရှိ ဘရိုက်တန် အသင်း ဟာ ကစားပုံ ၊ နည်းစနစ် ၊ အတွေးအခေါ် တွေက အစ ပြောင်းလဲ နေသလို ၊ လိုချင်တဲ့ ရမှတ် တွေ မရသေးတဲ့ တိုင်အောင် နည်းပြသစ် နဲ့ အတူ ကောင်းမွန်တဲ့ ကစားပုံ တွေကို ထုတ်ပြ ထားနိုင် ခဲ့ပါတယ် ။ ရလဒ်ဆိုး တချို့ ကို ဘရိုက်တန် ပိုင်ဆိုင် ထားသလို ၊ ကျွန်တော် တို့ အသင်း ကလည်း အိမ်ကွင်း နိုင်ပွဲ အသည်းအသန် လိုနေတယ် ဆိုပြီး မနက်ဖြန် ပွဲမှာ ကျွန်တော် တို့ကပဲ အနိုင် ရသွားနိုင်တယ် လို့ တသမတ်တည်း မမှန်းထား သင့်ပါဘူး ။ ”

” ကျွန်တော် တို့ဟာ ပြိုင်ဖက် အပေါ် လေးလေးစားစား ကစား သွားမှာ ဖြစ်သလို ၊ အနိုင်ရဖို့ အတွက် ကြိုးစား သွားမှာပါ ။ ခင်ဗျား တို့ ပြောကြတဲ့ အတိုင်း မှတ်တမ်း အချက်အလက် တွေကတော့ ရှိနေပါတယ် ။ တကယ်တမ်း ပြောရရင် ဒီလို မှတ်တမ်းကောင်း ကြောင့် မနက်ဖြန် ပွဲကို အနိုင်ရဖို့ ကျွန်တော့ ကို ပိုပြီး စိုးရိမ် ကြီးစေပါတယ် ။ ကျွန်တော် တို့ဖက် ကတော့ ဘရိုက်တန် နဲ့ အိမ်ကွင်း မှာ တွေ့ဆုံတိုင်း ရာနှုန်းပြည့် နိုင်ပွဲ ရထားတယ် ဆိုတဲ့ မှတ်တမ်းကောင်း ကိုတော့ မဖြစ်မနေ ထိန်းသိမ်းသွားဖို့ အကောင်းဆုံး ကြိုးစား သွားမှာပါ ။ ”

” ပွဲစဉ် တပွဲ စီကို သူနဲ့ ပတ်သက်တဲ့ အချက်အလက် တွေ ၊ ပြိုင်ဖက် ရဲ့ နည်းဗျူဟာ တွေကို ကြည့်ရှု လေ့လာပြီး ပွဲချဉ်းကပ်ပုံ ကို ပြင်ဆင် ရပါတယ် ။ ကျွန်တော် ဟာ ဘရိုက်တန် အသင်း ကစားတဲ့ ပွဲစဉ် အတော်များများ ကြည့်ရှု ဖြစ်ပေမယ့် ဂယ်ရီ ပေါ်တာ ( ဘရိုက်တန် နည်းပြ ) အကြောင်းတော့ အသိနည်း နေပါတယ် ။ ဒါပေမယ့် ဒီ အသင်း အတွက် သူ ပြင်ဆင် ထားတာတွေ ၊ ဒီ အသင်း နဲ့ အတူ သူ ဘယ်လို စွမ်းဆောင်ရည် တွေ ထုတ်ပြ ထားတာတွေကို ကျွန်တော် တို့ သိထားတဲ့ အတွက် အဆင်သင့် ဖြစ်အောင်တော့ ကြိုးစား ရမှာပါ ။ ဒါပေမယ့် မှတ်တမ်း အချက်အလက် နဲ့ သမိုင်းကြောင်း ကတော့ မနက်ဖြန် ပွဲစဉ် မှာ အရေးပါလာမှာ မဟုတ်ပါဘူး ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR