liv

လီဗာပူး အသင္းဟာ ကာရာေဘာင္ ဖလား တတိယ အဆင့္ ပြဲစဥ္မွာ အမ္ေကဒြန္း အသင္းကို အႏိုင္ရရွိခဲ့ေပမယ့္ ၊ ျပိဳင္ပြဲနဲ႔ ကိုက္ညီမႈ မရွိတဲ့ ကစားသမား တစ္ဦးကို ထည့္သြင္း အသံုးျပဳခဲ့မိတယ္ ဆိုတဲ့ သံသယ စြပ္စြဲခ်က္ ထြက္ေပၚလာတာေၾကာင့္ ျပိဳင္ပြဲကေန ထုတ္ပယ္ခံရမယ့္ အေရးတစ္ရပ္ နဲ႔ ရင္ဆိုင္ရလွ်က္ ရွိေနပါတယ္။

milner

လက္ရွိမွာေတာ့ အဆိုပါ ျပိဳင္ပြဲကို ဦးစီး က်င္းပေနတဲ့ EFL တာ၀န္ ရွိသူေတြ က ၊ အဲဒီပြဲစဥ္က လီဗာပူး အသင္း အသံုးျပဳခဲ့တဲ့ ကစားတစ္ဦးရဲ႕ မွတ္ပံုတင္ျခင္း ဆိုင္ရာ အခ်က္အလက္ေတြကို စံုစမ္းေနဆဲ ျဖစ္ပါတယ္။

လီဗာပူးဟာ အဆိုပါ ပြဲစဥ္မွာေတာ့ ေမလ္နာ ၊ ဟိုဗာ တို႔ရဲ႕ သြင္းဂိုးေတြ နဲ႔ အႏိုင္ရရွိခဲ့တာ ျဖစ္ျပီး ၊ စတုတၳအဆင့္ ပြဲစဥ္မွာ အာဆင္နယ္ နဲ႔ ရင္ဆိုင္ရမယ္လို႔ ၊ မဲခြဲရလာဒ္ေတြ ထြက္ေပၚထားခဲ့တာျဖစ္ပါတယ္။

လီဗာပူး ကလပ္ နဲ႔ တာ၀န္ရွိသူ တစ္ေယာက္ ကလဲ “ ေလာေလာဆယ္မွာ ကာရာေဘာင္ ဖလားပြဲ စဥ္ နဲ႔ ပတ္သက္လို႔ ကိစၥေလး တစ္ခု ေပၚေနတာ က်ေနာ္တို႔ဘက္ကလဲ သတိထားမိပါတယ္။ ဒါေၾကာင့္မို႔ တာ၀န္ရွိသူေတြ နဲ႔ အတူ ပူးေပါင္း လုပ္ေဆာင္မႈေတြ ျပဳလုပ္ေနသလုိ ၊ လိုအပ္တဲ့ အခ်က္အလက္ေတြကိုလဲ ရွာေဖြေနဆဲပါ။ တရား၀င္ အဆံုးအျဖတ္ ထြက္ေပၚလာျခင္း မရွိတဲ့ အခ်ိန္ထိေတာ့ ဒီထက္ ပိုျပီး မွတ္ခ်က္ေပးလို႔ ရမွာ မဟုတ္ေသးပါဘူး” လို႔ ထုတ္ေဖာ္ ေျပာဆုိသြားခဲ့ ပါတယ္။

အကယ္၍ လီဗာပူး အသင္းဟာ ကာရာေဘာင္ ျပိဳင္ပြဲက ခ်မွတ္ထားတဲ့ စည္းကမ္းခ်က္ကို ခ်ိဳးေဖာက္မိခဲ့တယ္လို႔ ထင္ရွားပါ EFL ရဲ႕ ဆံုးျဖတ္ခ်က္ကို နာခံရမွာ ျဖစ္ျပီး ၊ ဒဏ္ေၾကးေသာ္လည္းေကာင္း ၊ ျပိဳင္ပြဲကေန ထုတ္ပယ္ခံရတဲ့ ျပစ္ဒဏ္ေသာ္လည္းေကာင္း က်ခံရမွာ ျဖစ္ပါတယ္။

2014 ခုႏွစ္ ကေတာ့ ဆန္းဒါးလန္း အသင္းဟာလဲ အလားတူ ျဖစ္ရပ္မ်ိဳးနဲ႔ ၾကံဳေတြ႔ဖူးပါတယ္။ သူတို႔ဟာ တိုက္စစ္မႈး ဂ်ီေဒါင္၀န္ ကို ေအာ့စ္ဘတ္ အသင္းကေန အငွားနဲ႔ ျပန္လည္ ေရာက္ရွိလာခ်ိန္မွာ ၊ လိုအပ္တဲ့ စာရြက္ စာတမ္း တင္ျပမႈေတြ ျပဳလုပ္ဖို႔ ပ်က္ကြက္ခဲ့တာ ျဖစ္ျပီး ၊ ကာရာေဘာင္ ဖလားပြဲစဥ္မွာေတာ့ အသံုးျပဳမိခဲ့တာ ျဖစ္ပါတယ္။

ဒါေၾကာင့္ EFL ျပိဳင္ပြဲ တာ၀န္ရွိသူေတြဟာ ဆန္းဒါးလန္းကို ဒဏ္ေငြ မခ်ခဲ့ပဲ ၊ ျပိဳင္ပြဲကေန ထုတ္ပယ္ပစ္ခဲ့ဖူးပါတယ္။

လီဗာပူး ဟာ အမ္ေကဒြန္း နဲ႔ ကစားခဲ့တဲံ ပြဲစဥ္မွာ ကစားသမား အေျပာင္းအလဲကို 11 ေယာက္ အထိ ျပဳလုပ္ခဲ့တာ ျဖစ္ျပီး လူငယ္ ကစားသမားေတြ ျဖစ္တဲ့ ရီယန္ ဘရူစတာ ၊ ကယ္လီဟာ ၊ အယ္လီေယာ့ တို႔ကို ပြဲထြက္ေပးခဲ့သလုိ ၊ အကယ္ဒမီ ကစားသမားေလးေတြ ျဖစ္တဲ့ ဟာဘီကိန္း ၊ ဗန္ဒန္ဘာ့ခ်္ တို႔ကိုလဲ စီနီယာ ပြဲထြက္ခြင့္ စတင္ ေပးအပ္ခဲ့တာ ျဖစ္ပါတယ္။

လက္ရွိ အခ်ိန္ထိေတာ့ ဘယ္ကစားသမားက EFL ရဲ႕ စည္းမ်ဥ္းေတြ နဲ႔ ကိုက္ညီမႈ မရွိတာလဲ ဆိုတဲ့ အခ်က္ကိုေတာ့ တိတိက်က် ထြက္ေပၚလာျခင္း မရွိေသးပါဘူး။

EFL ရဲ႕ တာ၀န္ ရွိသူ တစ္ဦးကလဲ ဒီကိစၥနဲ႔ ပတ္သက္လို႔ စံုစမ္းမႈေတြ ျပဳလုပ္ေနဆဲ ျဖစ္တယ္လို႔သာ မွတ္ခ်က္ ေပးသြားခဲ့ပါတယ္။

SPORT MYANMAR

Unicode

#Breaking_News : ကာရာဘောင် ဖလားပြိုင်ပွဲ ကနေ ထုတ်ပယ်ခံရမယ့် အကြောင်းအရင်း တစ်ရပ် နဲ့ ရင်ဆိုင်နေရတဲ့ #လီဗာပူး
********************************************

လီဗာပူး အသင်းဟာ ကာရာဘောင် ဖလား တတိယ အဆင့် ပွဲစဉ်မှာ အမ်ကေဒွန်း အသင်းကို အနိုင်ရရှိခဲ့ပေမယ့် ၊ ပြိုင်ပွဲနဲ့ ကိုက်ညီမှု မရှိတဲ့ ကစားသမား တစ်ဦးကို ထည့်သွင်း အသုံးပြုခဲ့မိတယ် ဆိုတဲ့ သံသယ စွပ်စွဲချက် ထွက်ပေါ်လာတာကြောင့် ပြိုင်ပွဲကနေ ထုတ်ပယ်ခံရမယ့် အရေးတစ်ရပ် နဲ့ ရင်ဆိုင်ရလျှက် ရှိနေပါတယ်။

လက်ရှိမှာတော့ အဆိုပါ ပြိုင်ပွဲကို ဦးစီး ကျင်းပနေတဲ့ EFL တာဝန် ရှိသူတွေ က ၊ အဲဒီပွဲစဉ်က လီဗာပူး အသင်း အသုံးပြုခဲ့တဲ့ ကစားတစ်ဦးရဲ့ မှတ်ပုံတင်ခြင်း ဆိုင်ရာ အချက်အလက်တွေကို စုံစမ်းနေဆဲ ဖြစ်ပါတယ်။

လီဗာပူးဟာ အဆိုပါ ပွဲစဉ်မှာတော့ မေလ်နာ ၊ ဟိုဗာ တို့ရဲ့ သွင်းဂိုးတွေ နဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပြီး ၊ စတုတ္ထအဆင့် ပွဲစဉ်မှာ အာဆင်နယ် နဲ့ ရင်ဆိုင်ရမယ်လို့ ၊ မဲခွဲရလာဒ်တွေ ထွက်ပေါ်ထားခဲ့တာဖြစ်ပါတယ်။

လီဗာပူး ကလပ် နဲ့ တာဝန်ရှိသူ တစ်ယောက် ကလဲ “ လောလောဆယ်မှာ ကာရာဘောင် ဖလားပွဲ စဉ် နဲ့ ပတ်သက်လို့ ကိစ္စလေး တစ်ခု ပေါ်နေတာ ကျနော်တို့ဘက်ကလဲ သတိထားမိပါတယ်။ ဒါကြောင့်မို့ တာဝန်ရှိသူတွေ နဲ့ အတူ ပူးပေါင်း လုပ်ဆောင်မှုတွေ ပြုလုပ်နေသလို ၊ လိုအပ်တဲ့ အချက်အလက်တွေကိုလဲ ရှာဖွေနေဆဲပါ။ တရားဝင် အဆုံးအဖြတ် ထွက်ပေါ်လာခြင်း မရှိတဲ့ အချိန်ထိတော့ ဒီထက် ပိုပြီး မှတ်ချက်ပေးလို့ ရမှာ မဟုတ်သေးပါဘူး” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

အကယ်၍ လီဗာပူး အသင်းဟာ ကာရာဘောင် ပြိုင်ပွဲက ချမှတ်ထားတဲ့ စည်းကမ်းချက်ကို ချိုးဖောက်မိခဲ့တယ်လို့ ထင်ရှားပါ EFL ရဲ့ ဆုံးဖြတ်ချက်ကို နာခံရမှာ ဖြစ်ပြီး ၊ ဒဏ်ကြေးသော်လည်းကောင်း ၊ ပြိုင်ပွဲကနေ ထုတ်ပယ်ခံရတဲ့ ပြစ်ဒဏ်သော်လည်းကောင်း ကျခံရမှာ ဖြစ်ပါတယ်။

2014 ခုနှစ် ကတော့ ဆန်းဒါးလန်း အသင်းဟာလဲ အလားတူ ဖြစ်ရပ်မျိုးနဲ့ ကြုံတွေ့ဖူးပါတယ်။ သူတို့ဟာ တိုက်စစ်မှုး ဂျီဒေါင်ဝန် ကို အော့စ်ဘတ် အသင်းကနေ အငှားနဲ့ ပြန်လည် ရောက်ရှိလာချိန်မှာ ၊ လိုအပ်တဲ့ စာရွက် စာတမ်း တင်ပြမှုတွေ ပြုလုပ်ဖို့ ပျက်ကွက်ခဲ့တာ ဖြစ်ပြီး ၊ ကာရာဘောင် ဖလားပွဲစဉ်မှာတော့ အသုံးပြုမိခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် EFL ပြိုင်ပွဲ တာဝန်ရှိသူတွေဟာ ဆန်းဒါးလန်းကို ဒဏ်ငွေ မချခဲ့ပဲ ၊ ပြိုင်ပွဲကနေ ထုတ်ပယ်ပစ်ခဲ့ဖူးပါတယ်။

လီဗာပူး ဟာ အမ်ကေဒွန်း နဲ့ ကစားခဲ့တဲံ ပွဲစဉ်မှာ ကစားသမား အပြောင်းအလဲကို 11 ယောက် အထိ ပြုလုပ်ခဲ့တာ ဖြစ်ပြီး လူငယ် ကစားသမားတွေ ဖြစ်တဲ့ ရီယန် ဘရူစတာ ၊ ကယ်လီဟာ ၊ အယ်လီယော့ တို့ကို ပွဲထွက်ပေးခဲ့သလို ၊ အကယ်ဒမီ ကစားသမားလေးတွေ ဖြစ်တဲ့ ဟာဘီကိန်း ၊ ဗန်ဒန်ဘာ့ချ် တို့ကိုလဲ စီနီယာ ပွဲထွက်ခွင့် စတင် ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ အချိန်ထိတော့ ဘယ်ကစားသမားက EFL ရဲ့ စည်းမျဉ်းတွေ နဲ့ ကိုက်ညီမှု မရှိတာလဲ ဆိုတဲ့ အချက်ကိုတော့ တိတိကျကျ ထွက်ပေါ်လာခြင်း မရှိသေးပါဘူး။

EFL ရဲ့ တာဝန် ရှိသူ တစ်ဦးကလဲ ဒီကိစ္စနဲ့ ပတ်သက်လို့ စုံစမ်းမှုတွေ ပြုလုပ်နေဆဲ ဖြစ်တယ်လို့သာ မှတ်ချက် ပေးသွားခဲ့ပါတယ်။