Lampard

ခ်ယ္လ္ဆီး အသင္း ဟာ ယေန႕ ည ၈နာရီခြဲ အခ်ိန္ မွာ ပရီးမီးယားလိဂ္ ပြဲစဥ္ ၇ အျဖစ္ ဘရိုက္တန္ အသင္း ကို အိမ္ကြင္း စတမ္းဖို႕ဒ္ ဘရစ္ခ်္ မွာ လက္ခံ ကစားသြားမွာ ျဖစ္ပါတယ္ ။ ျပီးခဲ့တဲ့ ၾကားရက္ က ကာရာေဘာင္ ဖလား တတိယ အဆင့္ ပြဲစဥ္ မွာ လိဂ္တူး ကလပ္ ဂရင္စဘီေတာင္း အသင္း ကို အိမ္ကြင္း မွာ ၇ – ၁ နဲ႕ ဂိုးျပတ္ ေျချပတ္ အႏိုင္ရ ခဲ့ျပီးေနာက္ ဒီရာသီ ပထမဆံုး အိမ္ကြင္း ႏိုင္ပြဲ ကို ခ်ယ္လ္ဆီး အသင္း ရွာေဖြ ႏိုင္ခဲ့ပါတယ္ ။

CHELSEA-GRIMSBY

တဖက္ မွာလည္း ဒဏ္ရာ ျပႆနာ ေတြနဲ႕ ရင္ဆိုင္ ေနရတဲ့ ကစားသမား တခ်ိဳ႕ ရွိေနေသးသလို ၊ ဒဏ္ရာ က ျပန္ေကာင္းလာစ ကစားသမား ေတြနဲ႕ ၾကံ့ခိုင္မႈ မျပည့္ဝ ေသးတဲ့ ကစားသမား ေတြလည္း ရွိေနျပန္ပါတယ္ ။ ဘယ္လိုပဲ ျဖစ္ျဖစ္ ၊ နည္းျပ ဖရန္႕ လမ္းပတ္ ကေတာ့ ၾကံ့ခိုင္မႈ မျပည့္ေသးတဲ့ ကစားသမား ေတြကို အရဲစြန္႕ အသံုးျပဳဦးမွာ မဟုတ္ပါဘူး ။

မေန႕က ပြဲၾကိဳ သတင္းစာ ရွင္းလင္းပြဲ မွာေတာ့ လမ္းပတ္ က ေနာက္ခံလူ ရူဒီဂါ ၊ ခရစ္တန္ဆန္ ၊ အီ္မာဆင္ ၊ ကြင္းလယ္လူ ရူဘင္ ေလာ့ဖ္တပ္စ္ခ်ိခ္ ၊ တိုက္စစ္မွဴး အိုလီဗီယာ ဂ်ရူး တို႕ရဲ႕ ဒဏ္ရာ အေျခအေန အေၾကာင္း ရွင္းလင္း ေျပာဆို ခဲ့သလို ၊ ျပီးခဲ့တဲ့ ဂရင္စဘီ အသင္း နဲ႕ ကာရာေဘာင္ ဖလား ပြဲစဥ္ မွာ ပါဝင္ ကစားေပးခဲ့တဲ့ ဟတ္ဒ္ဆန္ အိုဒိြဳင္း ၊ ရိစ္ဂ်ိမ္းစ္ တို႕ကိုလည္း ယေန႕ည ပြဲမွာ ထည့္သြင္း အသံုးျပဳ ႏိုင္တယ္ လို႕ ဆိုလာခဲ့ပါတယ္ ။

လမ္းပတ္ က ” တိုနီ ရူဒီဂါ ဟာ ေပါင္ျခံ ေနရာ တဝိုက္မွာ ဒဏ္ရာ ရေနပါတယ္ ။ အရင္ က ရခဲ့ဖူးတဲ့ ဒူးဒဏ္ရာ ေတာ့ မဟုတ္ပါဘူး ။ ဒါေၾကာင့္မို႕ သူဟာ မနက္ျဖန္ ပြဲကို လြဲေခ်ာ္ ဦးမွာပါ ။ သူနဲ႕ ပတ္သက္ျပီး ကြ်န္ေတာ္ တို႕ ေျဖရွင္းခ်က္ တခုခု ကို အလ်င္အျမန္ ရွာေဖြ သြားမွာ ျဖစ္ပါတယ္ ။ ကြ်န္ေတာ္ တို႕ဖက္ ကေတာ့ သူ ဒဏ္ရာေၾကာင့္ ၾကာၾကာ အနားမယူ ရဖို႕ပဲ ေမွ်ာ္လင့္ မိပါတယ္ ။ ဒါေပမယ့္ ဘယ္ေန႕ အထိ အနားယူ ရမယ္ ဆိုတာေတာ့ ကြ်န္ေတာ္ တို႕လည္း အတိအက် မထုတ္ျပန္ ႏိုင္ေသးပါဘူး ။ ”

rudeger

” အန္ဒရီယာစ္ ( ခရစ္တန္ဆန္ ) ကေတာ့ အဆင္ေျပ ေနပါတယ္ ။ ဒီေန႕ေတာင္ သူ ကြ်န္ေတာ္ တို႕နဲ႕ အတူ ေလ့က်င့္ခန္း ဆင္းခဲ့ပါတယ္ ။ ဒီ တပတ္လံုး နီးပါး ကြ်န္ေတာ္ တို႕ရဲ႕ ေလ့က်င့္ေရး အစီအစဥ္ ေတြကို လြဲေခ်ာ္ ခဲ့ပါတယ္ ။ ဒါေပမယ့္ သူဟာ နာက်င္မႈ အနည္းငယ္ ခံစား ေနရတုန္းပဲ လို႕ သိရပါတယ္ ။ ျပင္းျပင္းထန္ထန္ မျဖစ္လာဖို႕ပဲ ကြ်န္ေတာ္ တို႕ ေမွ်ာ္လင့္ ထားပါတယ္ ။ မနက္ျဖန္ ပြဲအတြက္ အသင္း ရဲ႕ ကစားသမား စာရင္း မွာ သူ ျပန္ပါ လာပါလိမ့္မယ္ ။ ”

 Christensen

” ဟုတ္ပါတယ္ ။ အိုလီ ( ဂ်ရူး ) ဟာ ျပီးခဲ့တဲ့ တပတ္လံုး ေနမေကာင္း ျဖစ္ခဲ့ပါတယ္ ။ သူ႕ အတြက္ ေတာ့ တကယ္ ခက္ခဲတဲ့ ရက္သတၱပတ္ ပါ ။ ဒီ အဖ်ား ေဝဒနာ က ေတာ္ေတာ္ ျပင္းထန္တယ္ လို႕ ယူဆ ရပါတယ္ ။ သူ႕လို ေဒါင္ေဒါင္ျမည္ လူ တေယာက္ ကိုေတာင္ အားနည္း ေစခဲ့ပါတယ္ ။ အခု ရက္ပိုင္း မွာ သူ အေတာ္ေလး ျပန္သက္သာ လာပါျပီ ။ မနက္ျဖန္ ပြဲစဥ္ မွာ သူ ျပန္ပါလာဦးမလား ဆိုတာေတာ့ ေစာင့္ၾကည့္ ရမွာပါ ။ ”

giroud

” ဟုတ္ပါတယ္ ။ အီမာဆင္ ဟာ ေပါင္ၾကြက္သား ဒဏ္ရာေၾကာင့္ ေနာက္ လာမယ့္ ႏိုင္ငံ အသင္း ပြဲစဥ္ ေတြ ျပီးတဲ့ အထိ ကို အနားယူ ရဦးမွာပါ ။ ရူဘင္ ျပန္လာမယ့္ ေန႕ကို ေတာ့ အတိအက် ကြ်န္ေတာ္ မေျပာႏိုင္ေသးပါဘူး ။ ဒါေပမယ့္ ေလာေလာဆယ္ ေတာ့ သူဟာ သူ႕နည္းသူ႕ဟန္ နဲ႕ အေျပး အခုန္ အစမ္း ေလ့က်င့္ ေနပါျပီ ။ ဒါဟာ သူ႕ အတြက္ေတာ့ အေပါင္း လကၡဏာ ေဆာင္တဲ့ အရာ တခုပါ ။ လာမယ့္ အပတ္ ေတြမွာ သူ႕ရဲ႕ အေျခအေန တိုးတက္လာဖို႕ ကိုေတာ့ ကြ်န္ေတာ္ တို႕ ဆက္လက္ ေစာင့္ၾကည့္ ေနမွာပါ ။ ”

emerson

” ေကာ္လမ္ ( အိုဒိြဳင္း ) နဲ႕ ရိစ္ ( ဂ်ိမ္းစ္ ) တို႕ကေတာ့ မနက္ျဖန္ အသင္း ရဲ႕ ကစားသမား စာရင္း မွာ ျပန္ပါလာမွာပါ ။ သူတို႕ဟာ ၾကားရက္ က ပြဲစဥ္ က အေတာ္ေလး စြမ္းေဆာင္ရည္ ေကာင္းခဲ့ပါတယ္ ။ ခ်ယ္လ္ဆီး စီနီယာ အသင္း အတြက္ ရိစ္ ရဲ႕ ပထမဆံုး သြင္းဂိုး အတြက္ ကြ်န္ေတာ္ ဝမ္းသာ မိသလို ၊ ေကာ္လမ္ ဟာလည္း ဒီရာသီ သူ႕ရဲ႕ ပထမဆံုး သြင္းဂိုး ကို ရခဲ့ပါတယ္ ။ ”

” ရိစ္ ကေတာ့ ဒီလို ပရီးမီးယားလိဂ္ ပြဲစဥ္ တပြဲ မွာ အိမ္ကြင္း ပရိသတ္ ေတြနဲ႕ စတင္ ထိေတြ႕ ရမွာ ျဖစ္လို႕ ပရိသတ္ ေတြကေတာ့ သူ႕ကို ျမင္ေတြ႕ ရဖို႕ စိတ္လႈပ္ရွား ေနၾကမွာပါ ။ ေကာ္လမ္ ဟာ ကြ်န္ေတာ္ တို႕ အသင္း အတြက္ ဘာေတြ စြမ္းေဆာင္ ေပးႏိုင္လဲ ဆိုတာ သိျပီးသားပါ ။ အခုဆို သူတို႕ ၂ေယာက္လံုး ၾကံ့ခိုင္မႈ ျပည့္ဝ ေနၾကျပီး အသင္း အတြက္ တြန္းအား တခု လည္း ျဖစ္လာ ေစပါျပီ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

SPORTS MYANMAR

Unicode

ဒဏ်ရာ ရ ကစားသမား တွေရဲ့ နောက်ဆုံးရ အခြေအနေ တချို့ ကို ချယ်လ်ဆီး ပရိသတ် တွေ အတွက် အသိပေး ပြောကြား ခဲ့တဲ့ #လမ်းပတ်

ချယ်လ်ဆီး အသင်း ဟာ ယနေ့ ည ၈နာရီခွဲ အချိန် မှာ ပရီးမီးယားလိဂ် ပွဲစဉ် ရ အဖြစ် ဘရိုက်တန် အသင်း ကို အိမ်ကွင်း စတမ်းဖို့ဒ် ဘရစ်ချ် မှာ လက်ခံ ကစားသွားမှာ ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ ကြားရက် က ကာရာဘောင် ဖလား တတိယ အဆင့် ပွဲစဉ် မှာ လိဂ်တူး ကလပ် ဂရင်စဘီတောင်း အသင်း ကို အိမ်ကွင်း မှာ ရ – ၁ နဲ့ ဂိုးပြတ် ခြေပြတ် အနိုင်ရ ခဲ့ပြီးနောက် ဒီရာသီ ပထမဆုံး အိမ်ကွင်း နိုင်ပွဲ ကို ချယ်လ်ဆီး အသင်း ရှာဖွေ နိုင်ခဲ့ပါတယ် ။

တဖက် မှာလည်း ဒဏ်ရာ ပြဿနာ တွေနဲ့ ရင်ဆိုင် နေရတဲ့ ကစားသမား တချို့ ရှိနေသေးသလို ၊ ဒဏ်ရာ က ပြန်ကောင်းလာစ ကစားသမား တွေနဲ့ ကြံ့ခိုင်မှု မပြည့်ဝ သေးတဲ့ ကစားသမား တွေလည်း ရှိနေပြန်ပါတယ် ။ ဘယ်လိုပဲ ဖြစ်ဖြစ် ၊ နည်းပြ ဖရန့် လမ်းပတ် ကတော့ ကြံ့ခိုင်မှု မပြည့်သေးတဲ့ ကစားသမား တွေကို အရဲစွန့် အသုံးပြုဦးမှာ မဟုတ်ပါဘူး ။

မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲ မှာတော့ လမ်းပတ် က နောက်ခံလူ ရူဒီဂါ ၊ ခရစ်တန်ဆန် ၊ အီ်မာဆင် ၊ ကွင်းလယ်လူ ရူဘင် လော့ဖ်တပ်စ်ချိခ် ၊ တိုက်စစ်မှူး အိုလီဗီယာ ဂျရူး တို့ရဲ့ ဒဏ်ရာ အခြေအနေ အကြောင်း ရှင်းလင်း ပြောဆို ခဲ့သလို ၊ ပြီးခဲ့တဲ့ ဂရင်စဘီ အသင်း နဲ့ ကာရာဘောင် ဖလား ပွဲစဉ် မှာ ပါဝင် ကစားပေးခဲ့တဲ့ ဟတ်ဒ်ဆန် အိုဒွိုင်း ၊ ရိစ်ဂျိမ်းစ် တို့ကိုလည်း ယနေ့ည ပွဲမှာ ထည့်သွင်း အသုံးပြု နိုင်တယ် လို့ ဆိုလာခဲ့ပါတယ် ။

လမ်းပတ် က ” တိုနီ ရူဒီဂါ ဟာ ပေါင်ခြံ နေရာ တဝိုက်မှာ ဒဏ်ရာ ရနေပါတယ် ။ အရင် က ရခဲ့ဖူးတဲ့ ဒူးဒဏ်ရာ တော့ မဟုတ်ပါဘူး ။ ဒါကြောင့်မို့ သူဟာ မနက်ဖြန် ပွဲကို လွဲချော် ဦးမှာပါ ။ သူနဲ့ ပတ်သက်ပြီး ကျွန်တော် တို့ ဖြေရှင်းချက် တခုခု ကို အလျင်အမြန် ရှာဖွေ သွားမှာ ဖြစ်ပါတယ် ။ ကျွန်တော် တို့ဖက် ကတော့ သူ ဒဏ်ရာကြောင့် ကြာကြာ အနားမယူ ရဖို့ပဲ မျှော်လင့် မိပါတယ် ။ ဒါပေမယ့် ဘယ်နေ့ အထိ အနားယူ ရမယ် ဆိုတာတော့ ကျွန်တော် တို့လည်း အတိအကျ မထုတ်ပြန် နိုင်သေးပါဘူး ။ ”

” အန်ဒရီယာစ် ( ခရစ်တန်ဆန် ) ကတော့ အဆင်ပြေ နေပါတယ် ။ ဒီနေ့တောင် သူ ကျွန်တော် တို့နဲ့ အတူ လေ့ကျင့်ခန်း ဆင်းခဲ့ပါတယ် ။ ဒီ တပတ်လုံး နီးပါး ကျွန်တော် တို့ရဲ့ လေ့ကျင့်ရေး အစီအစဉ် တွေကို လွဲချော် ခဲ့ပါတယ် ။ ဒါပေမယ့် သူဟာ နာကျင်မှု အနည်းငယ် ခံစား နေရတုန်းပဲ လို့ သိရပါတယ် ။ ပြင်းပြင်းထန်ထန် မဖြစ်လာဖို့ပဲ ကျွန်တော် တို့ မျှော်လင့် ထားပါတယ် ။ မနက်ဖြန် ပွဲအတွက် အသင်း ရဲ့ ကစားသမား စာရင်း မှာ သူ ပြန်ပါ လာပါလိမ့်မယ် ။ ”

” ဟုတ်ပါတယ် ။ အိုလီ ( ဂျရူး ) ဟာ ပြီးခဲ့တဲ့ တပတ်လုံး နေမကောင်း ဖြစ်ခဲ့ပါတယ် ။ သူ့ အတွက် တော့ တကယ် ခက်ခဲတဲ့ ရက်သတ္တပတ် ပါ ။ ဒီ အဖျား ဝေဒနာ က တော်တော် ပြင်းထန်တယ် လို့ ယူဆ ရပါတယ် ။ သူ့လို ဒေါင်ဒေါင်မြည် လူ တယောက် ကိုတောင် အားနည်း စေခဲ့ပါတယ် ။ အခု ရက်ပိုင်း မှာ သူ အတော်လေး ပြန်သက်သာ လာပါပြီ ။ မနက်ဖြန် ပွဲစဉ် မှာ သူ ပြန်ပါလာဦးမလား ဆိုတာတော့ စောင့်ကြည့် ရမှာပါ ။ ”

” ဟုတ်ပါတယ် ။ အီမာဆင် ဟာ ပေါင်ကြွက်သား ဒဏ်ရာကြောင့် နောက် လာမယ့် နိုင်ငံ အသင်း ပွဲစဉ် တွေ ပြီးတဲ့ အထိ ကို အနားယူ ရဦးမှာပါ ။ ရူဘင် ပြန်လာမယ့် နေ့ကို တော့ အတိအကျ ကျွန်တော် မပြောနိုင်သေးပါဘူး ။ ဒါပေမယ့် လောလောဆယ် တော့ သူဟာ သူ့နည်းသူ့ဟန် နဲ့ အပြေး အခုန် အစမ်း လေ့ကျင့် နေပါပြီ ။ ဒါဟာ သူ့ အတွက်တော့ အပေါင်း လက္ခဏာ ဆောင်တဲ့ အရာ တခုပါ ။ လာမယ့် အပတ် တွေမှာ သူ့ရဲ့ အခြေအနေ တိုးတက်လာဖို့ ကိုတော့ ကျွန်တော် တို့ ဆက်လက် စောင့်ကြည့် နေမှာပါ ။ ”

” ကော်လမ် ( အိုဒွိုင်း ) နဲ့ ရိစ် ( ဂျိမ်းစ် ) တို့ကတော့ မနက်ဖြန် အသင်း ရဲ့ ကစားသမား စာရင်း မှာ ပြန်ပါလာမှာပါ ။ သူတို့ဟာ ကြားရက် က ပွဲစဉ် က အတော်လေး စွမ်းဆောင်ရည် ကောင်းခဲ့ပါတယ် ။ ချယ်လ်ဆီး စီနီယာ အသင်း အတွက် ရိစ် ရဲ့ ပထမဆုံး သွင်းဂိုး အတွက် ကျွန်တော် ဝမ်းသာ မိသလို ၊ ကော်လမ် ဟာလည်း ဒီရာသီ သူ့ရဲ့ ပထမဆုံး သွင်းဂိုး ကို ရခဲ့ပါတယ် ။ ”

” ရိစ် ကတော့ ဒီလို ပရီးမီးယားလိဂ် ပွဲစဉ် တပွဲ မှာ အိမ်ကွင်း ပရိသတ် တွေနဲ့ စတင် ထိတွေ့ ရမှာ ဖြစ်လို့ ပရိသတ် တွေကတော့ သူ့ကို မြင်တွေ့ ရဖို့ စိတ်လှုပ်ရှား နေကြမှာပါ ။ ကော်လမ် ဟာ ကျွန်တော် တို့ အသင်း အတွက် ဘာတွေ စွမ်းဆောင် ပေးနိုင်လဲ ဆိုတာ သိပြီးသားပါ ။ အခုဆို သူတို့ ၂ယောက်လုံး ကြံ့ခိုင်မှု ပြည့်ဝ နေကြပြီး အသင်း အတွက် တွန်းအား တခု လည်း ဖြစ်လာ စေပါပြီ ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR