berbatov

မန္ယူနိုက္တက္ အသင္း နဲ႔ ေတာ့တင္ဟမ္ တိုက္စစ္မွူးေဟာင္း ဘာဘာေတာ့ဗ္ ဟာ ဒီတစ္ပတ္ အိုးထရက္ဖိုဒ့္မွာ ကစားမယ့္ မန္ယူနိုက္တက္ နဲ႔ အာဆင္နယ္ အသင္းပြဲကို ပြဲႀကိဳ သုံးသပ္ လိုက္ပါတယ္ ။ မန္ယူနိုက္တက္ အသင္း နဲ႔ အာဆင္နယ္ အသင္းဟာ အဂၤါေန႔ ျမန္မာစံေတာ္ခ်ိန္ နံနက္ ၁:၃၀ မွာ ယွဥ္ၿပိဳင္ ကစားၾကမွာပါ ။

ဘာဘာေတာ့ဗ္ က အာဆင္နယ္ အသင္း တိုက္စစ္မွူး ႏွစ္ဦး ျဖစ္တဲ့ နီကိုလပ္စ္ ပီပီ နဲ႔ အူဘာမီယန္း တို႔ဟာ ပြဲအေျဖကို ေျပာင္းလဲေအာင္ လုပ္ေဆာင္ နိုင္စြမ္းရွိတဲ့ ကစားသမားေတြလို႔ ခ်ီးက်ဴး စကားဆိုလိုက္ၿပီး သူတို႔ ႏွစ္ဦးကို ထိန္းခ်ဳပ္နိုင္ဖို႔ လိုလိမ့္မယ္လို႔ အသင္းေဟာင္းကို သတိေပးသြားခဲ့ပါတယ္ ။

အာဆင္နယ္ အသင္းဟာ ပရီးမီးယားလိဂ္ ေနာက္ဆုံး ငါးပြဲဆက္တိုက္ ဂိုးေပးထားရတဲ့ အသင္း ျဖစ္ေပမယ့္ ၿပိဳင္ပြဲစုံ ေနာက္ဆုံး သုံးပြဲဆက္တိုက္ အနိုင္ ရရွိေအာင္ေတာ့ စြမ္းေဆာင္ ထားနိုင္ပါတယ္ ။ ဘာဘာေတာ့ဗ္ ကေတာ့ အာဆင္နယ္ အသင္းမွာ မန္ယူနိုက္တက္ အသင္း ေနာက္တန္းကို အခက္ေတြ႕ေအာင္ လုပ္နိုင္စြမ္း ရွိတဲ့ ကစားသမားေတြ ရွိတယ္လို႔ ဆိုပါတယ္။

ဘူလ္ေဂးရီးယား တိုက္စစ္မွူးေဟာင္း ဘာဘာေတာ့ဗ္ က betfair မွာ ” အာဆင္နယ္ အသင္း ေရွ႕တန္း တိုက္စစ္မွူးေတြေၾကာင့္ က်ေနာ္ကေတာ့ ယူနိုက္တက္ အတြက္ စိတ္ပူပါတယ္။အထူးသျဖင့္ အူဘာမီယန္းေပါ့ဗ်ာ ၊ သူက ထိပ္တန္း ကစားသမား တစ္ဦးပါ ။ ”

” ပီပီ ကိုလည္း က်ေနာ္ သေဘာက်ပါတယ္။သူက အမ်ားနဲ႔ မတူတဲ့ တစ္မူ ထူးျခားတဲ့ ကစားသမား တစ္ဦးပါ။အရမ္းလည္း ျမန္သလို တစ္ဦးခ်င္း ေက်ာ္ျဖတ္မွုလည္း ေကာင္းပါတယ္၊တစ္ဖက္ ေနာက္တန္းကို ေကာင္းေကာင္း ဒုကၡ ေပးနိုင္သူပါ ။ ”

pepe vs arsenal

” အာဆင္နယ္ အသင္း တိုက္စစ္က တကယ္ အႏၲရယ္ ရွိပါတယ္ ၊ သူတို႔ရဲ့ လ်င္ျမန္မွုေတြနဲ႔ ေကာင္းေကာင္းႀကီး ဒုကၡေပးသြားပါလိမ့္မယ္ ၊ ဒါေၾကာင့္ ယူနိုက္တက္ အေနနဲ႔ သတိထား ကစားရပါလိမ့္မယ္ ၊ သူတို႔ကို ေနရာလြတ္ေတြ ေပးလို႔ မရပါဘူး ။ ”

အာဆင္နယ္ အသင္း တိုက္စစ္မွူး အူဘာမီယန္း ဟာ ၿပီးခဲ့တဲ့ ရာသီက ေရႊဖိနပ္ဆုကို ရယူနိုင္ခဲ့သလို ဒီရာသီမွာလည္း ပရီးမီးယားလိဂ္ သြင္းဂိုး ၆ ဂိုး အထိ ရယူ ထားနိုင္ပါတယ္ ။ လိုင္လီ အသင္းကေန စံခ်ိန္တင္ ေျပာင္းေရြ႕ေရာက္ရွိလာတဲ့ နီကိုလပ္စ္ ပီပီ ဟာလည္း အက္စတြန္ဗီလာ အသင္းနဲ႔ ပြဲမွာ သူ႔ရဲ့ အာဆင္နယ္ ကစားသမား ဘဝ ပထမဆုံးဂိုးကို သြင္းယူနိုင္ခဲ့ပါတယ္။

ဆက္လက္ၿပီး ဘာဘာေတာ့ဗ္ က ” အာဆင္နယ္ အသင္း ေနာက္တန္းကလည္း အေကာင္းဆုံး ပုံစံမွာ ရွိမေနေတာ့ မန္ယူနိုက္တက္ အသင္း တိုက္စစ္ ကစားသမားေတြ အခြင့္အေရး ရပါလိမ့္မယ္ ။ ႏွစ္သင္းစလုံးမွာ အားသာခ်က္ေတြ အားနည္းခ်က္ေတြ ကိုယ္စီ ရွိၾကပါတယ္ ။ ဒါ့ေၾကာင့္ ႏွစ္သင္းစလုံး အစြမ္းကုန္ ကစားသြားၾကမွာပါ။” လို႔ ေျပာၾကား သြားခဲ့ပါတယ္ ။

SPORTS MYANMAR

Unicode

အာဆင်နယ် ကြယ်ပွင့်နှစ်ဦးဟာ မန်ယူနိုက်တက် အသင်းကို ဒုက္ခပေးလိမ့်မယ်လို့ သတိပေး စကားဆိုလိုက်တဲ့ ဘာဘာတော့ဗ်
==================================

မန်ယူနိုက်တက် အသင်း နဲ့ တော့တင်ဟမ် တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ် ဟာ ဒီတစ်ပတ် အိုးထရက်ဖိုဒ့်မှာ ကစားမယ့် မန်ယူနိုက်တက် နဲ့ အာဆင်နယ် အသင်းပွဲကို ပွဲကြို သုံးသပ် လိုက်ပါတယ် ။ မန်ယူနိုက်တက် အသင်း နဲ့ အာဆင်နယ် အသင်းဟာ အင်္ဂါနေ့ မြန်မာစံတော်ချိန် နံနက် ၁:၃၀ မှာ ယှဉ်ပြိုင် ကစားကြမှာပါ ။

ဘာဘာတော့ဗ် က အာဆင်နယ် အသင်း တိုက်စစ်မှူး နှစ်ဦး ဖြစ်တဲ့ နီကိုလပ်စ် ပီပီ နဲ့ အူဘာမီယန်း တို့ဟာ ပွဲအဖြေကို ပြောင်းလဲအောင် လုပ်ဆောင် နိုင်စွမ်းရှိတဲ့ ကစားသမားတွေလို့ ချီးကျူး စကားဆိုလိုက်ပြီး သူတို့ နှစ်ဦးကို ထိန်းချုပ်နိုင်ဖို့ လိုလိမ့်မယ်လို့ အသင်းဟောင်းကို သတိပေးသွားခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ ပရီးမီးယားလိဂ် နောက်ဆုံး ငါးပွဲဆက်တိုက် ဂိုးပေးထားရတဲ့ အသင်း ဖြစ်ပေမယ့် ပြိုင်ပွဲစုံ နောက်ဆုံး သုံးပွဲဆက်တိုက် အနိုင် ရရှိအောင်တော့ စွမ်းဆောင် ထားနိုင်ပါတယ် ။ ဘာဘာတော့ဗ် ကတော့ အာဆင်နယ် အသင်းမှာ မန်ယူနိုက်တက် အသင်း နောက်တန်းကို အခက်တွေ့အောင် လုပ်နိုင်စွမ်း ရှိတဲ့ ကစားသမားတွေ ရှိတယ်လို့ ဆိုပါတယ်။

ဘူလ်ဂေးရီးယား တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ် က betfair မှာ ” အာဆင်နယ် အသင်း ရှေ့တန်း တိုက်စစ်မှူးတွေကြောင့် ကျနော်ကတော့ ယူနိုက်တက် အတွက် စိတ်ပူပါတယ်။အထူးသဖြင့် အူဘာမီယန်းပေါ့ဗျာ ၊ သူက ထိပ်တန်း ကစားသမား တစ်ဦးပါ ။ ”

” ပီပီ ကိုလည်း ကျနော် သဘောကျပါတယ်။သူက အများနဲ့ မတူတဲ့ တစ်မူ ထူးခြားတဲ့ ကစားသမား တစ်ဦးပါ။အရမ်းလည်း မြန်သလို တစ်ဦးချင်း ကျော်ဖြတ်မှုလည်း ကောင်းပါတယ်၊တစ်ဖက် နောက်တန်းကို ကောင်းကောင်း ဒုက္ခ ပေးနိုင်သူပါ ။ ”

” အာဆင်နယ် အသင်း တိုက်စစ်က တကယ် အန္တရယ် ရှိပါတယ် ၊ သူတို့ရဲ့ လျင်မြန်မှုတွေနဲ့ ကောင်းကောင်းကြီး ဒုက္ခပေးသွားပါလိမ့်မယ် ၊ ဒါကြောင့် ယူနိုက်တက် အနေနဲ့ သတိထား ကစားရပါလိမ့်မယ် ၊ သူတို့ကို နေရာလွတ်တွေ ပေးလို့ မရပါဘူး ။ ”

အာဆင်နယ် အသင်း တိုက်စစ်မှူး အူဘာမီယန်း ဟာ ပြီးခဲ့တဲ့ ရာသီက ရွှေဖိနပ်ဆုကို ရယူနိုင်ခဲ့သလို ဒီရာသီမှာလည်း ပရီးမီးယားလိဂ် သွင်းဂိုး ၆ ဂိုး အထိ ရယူ ထားနိုင်ပါတယ် ။ လိုင်လီ အသင်းကနေ စံချိန်တင် ပြောင်းရွေ့ရောက်ရှိလာတဲ့ နီကိုလပ်စ် ပီပီ ဟာလည်း အက်စတွန်ဗီလာ အသင်းနဲ့ ပွဲမှာ သူ့ရဲ့ အာဆင်နယ် ကစားသမား ဘဝ ပထမဆုံးဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။

ဆက်လက်ပြီး ဘာဘာတော့ဗ် က ” အာဆင်နယ် အသင်း နောက်တန်းကလည်း အကောင်းဆုံး ပုံစံမှာ ရှိမနေတော့ မန်ယူနိုက်တက် အသင်း တိုက်စစ် ကစားသမားတွေ အခွင့်အရေး ရပါလိမ့်မယ် ။ နှစ်သင်းစလုံးမှာ အားသာချက်တွေ အားနည်းချက်တွေ ကိုယ်စီ ရှိကြပါတယ် ။ ဒါ့ကြောင့် နှစ်သင်းစလုံး အစွမ်းကုန် ကစားသွားကြမှာပါ။” လို့ ပြောကြား သွားခဲ့ပါတယ် ။

SPORTS MYANMAR