chelsea-vs-brighton

* ခ်ယ္လ္ဆီး အသင္း နဲ႕ ဘရိုက္တန္ အသင္း တို႕ဟာ ပရီးမီးယားလိဂ္ ( ယခင္ အဂၤလန္ ပထမတန္းလိဂ္ လို႕ သတ္မွတ္တုန္းက အပါအဝင္ ) မွာ စုစုေပါင္း ၈ ၾကိမ္သာ ေတြ႕ဆံု ခဲ့ျပီး ျပိဳင္ပြဲစံု ၁၃ ၾကိမ္ အထိသာ ထိပ္တိုက္ ရင္ဆိုင္ ခဲ့ရဖူးပါတယ္ ။ ဒါ့အျပင္ ခ်ယ္လ္ဆီး အသင္း ဟာ ျပည္တြင္းလိဂ္ မွာ ဘရိုက္တန္ ကို ရာႏႈန္းျပည့္ အႏိုင္ ရထားသလို ၊ ျပိဳင္ပြဲစံု ထိပ္တိုက္ ရင္ဆိုင္ ခဲ့ရာမွာလည္း ၁၀ ၾကိမ္ အထိ အႏိုင္ ရခဲ့ပါတယ္ ။

Chelsea-vs-Brighton

* အဂၤလန္ ျပည္တြင္းလိဂ္ ေတြမွာ ဘရုိက္တန္ အသင္း ဟာ တျခား အသင္း ေတြကို အကုန္လံုး အႏိုင္ရခဲ့ေပမယ့္ ခ်ယ္လ္ဆီး တသင္းတည္းသာ အႏိုင္မရဖူးေသးတာ ျဖစ္ပါတယ္ ။ ခ်ယ္လ္ဆီး အသင္း ကို ဘရိုက္တန္ ေနာက္ဆံုး အႏိုင္ရခဲ့ဖူးတာ ဟာ ၁၉၃၂ – ၃၃ ေဘာလံုး ရာသီ က အက္ဖ္ေအ ဖလား တတိယ အဆင့္ မွာ ၁ – ၂ နဲ႕ အေရးနိမ့္ ခဲ့ပါတယ္ ။

* ခ်ယ္လ္ဆီး အသင္း ဟာ ဒီႏွစ္ ပရီးမီးယားလိဂ္ မွာ ရဂိုး + ေပးဂိုး ဒုတိယ အမ်ားဆံုး အသင္း အျဖစ္ ရပ္တည္ ေနျပီး ရဂိုး ၁၂ဂိုး ၊ ေပးဂိုး ၁၃ ဂိုး ရွိေနပါတယ္ ။ ခ်ယ္လ္ဆီး အသင္း ဟာ ယေန႕ည ပြဲစဥ္ မွာ ဒီရာသီ အတြက္ ပထမဆံုး Clean Sheet ရရွိဖို႕ ၾကိဳးစား လာမွာ ျဖစ္ျပီး ရာသီ အဖြင့္ ၇ပြဲဆက္ Clean Sheet မရတာ ေနာက္ဆံုး ၁၉၉၀ – ၉၁ ရာသီ က ျဖစ္ပါတယ္ ။

* ဘရိုက္တန္ အသင္း ဟာ ေနာက္ဆံုး ကစား ခဲ့တဲ့ ပရီးမီးယားလိဂ္ ၅ပဲြဆက္ ႏိုင္ပဲြ ေပ်ာက္ဆံုး ေနခဲ့ပါတယ္ ။ အေဝးကြင္း ေနာက္ဆံုး ၃ ပြဲကေန လည္း ၄မွတ္သာ ရခဲ့ပါတယ္ ။ အသင္းၾကီး ၆သင္း နဲ႕ ထိပ္တိုက္ ေတြ႕ဆံု ခဲ့တဲ့ အေဝးကြင္း ေနာက္ဆံုး ၁၃ ပြဲမွာလည္း တမွတ္သာ ရခဲ့ပါတယ္ ။

* ယေန႕ည ၈နာရီခြဲ အခ်ိန္ မွာ ကစားမယ့္ ခ်ယ္လ္ဆီး – ဘရိုက္တန္ ပြဲစဥ္ ကို ကြင္းလယ္ဒိုင္ ခရစ္ ကာဗာနာ က တာဝန္ယူ ကိုင္တြယ္ သြားမွာ ျဖစ္ျပီး VAR ကိုေတာ့ တင္မ္ ေရာ္ဘင္ဆင္ က တာဝန္ယူ သြားမွာ ျဖစ္ပါတယ္ ။

chris kavanagh referee

* ခ်ယ္လ္ဆီး အသင္း နည္းျပ ဖရန္႕ လမ္းပတ္ က လက္ရွိ အခ်ိန္ မွာ သူ႕ အေနနဲ႕ လူငယ္ ေတာင္ပံ ကစားသမား ခရစ္တီယန္ ပူလီဆစ္ ကို ကစားခြင့္ မေပးေနျခင္း ဟာ သူ႕ရဲ႕ ေျပာင္းေရႊ႕ေၾကး ေၾကာင့္ ျဖစ္သလို ၊ ငယ္ငယ္ရြယ္ရြယ္ နဲ႕ ပရီးမီးယားလိဂ္ ကို ေရာက္လာတာေၾကာင့္ မတူညီတဲ့ လိဂ္ တခု မွာ အံဝင္ဖို႕ ၾကိဳးစား ေနရတာတို႕ေၾကာင့္ ျဖစ္ေၾကာင္း မေန႕က သတင္းစာ ရွင္းလင္းပြဲ မွာ ဆုိခဲ့ပါတယ္ ။

* လီဗာပူး ၊ ခ်ယ္လ္ဆီး အသင္း တို႕ရဲ႕ နည္းျပေဟာင္း ျဖစ္သူ ရာေဖးလ္ ဘင္နီတက္ဇ္ က လက္ရွိ ခ်ယ္လ္ဆီး အသင္း နည္းျပ ဖရန္႕ လမ္းပတ္ ဟာ အနာဂတ္ မွာ ေအာင္ျမင္တဲ့ နည္းျပ တဦး ျဖစ္လာႏိုင္ေၾကာင္း ၊ ကစားသမား ဘဝ မွာ ကတည္းက နည္းျပ ေပါင္းစံု နဲ႕ အတူ လက္တြဲ အလုပ္လုပ္ ခဲ့ဖူးတာေၾကာင့္ တျခား လူငယ္ နည္းျပ ေတြထက္ စာရင္ အေတြ႕အၾကံဳ ပိုရွိေနေၾကာင္း သံုးသပ္ ခဲ့ပါတယ္ ။

lampard

* ခ်ယ္လ္ဆီး နည္းျပ ဖရန္႕ လမ္းပတ္ က ယခုႏွစ္ ေဘာလံုး ရာသီ မွာ အလယ္အလတ္ အသင္း ေတြ ျဖစ္တဲ့ အဲဗာတန္ ၊ ဝက္စ္ဟမ္း ၊ လက္စတာ တို႕လို အသင္း ေတြကေတာင္ ေပါင္သန္း ၂၀၀ နီးပါး အထိ ေငြေၾကး ရင္းႏွီး ျမွဳပ္ႏွံမႈ ေတြ ျပဳလုပ္ လာျပီ ျဖစ္လို႕ ဥေရာပ ဝင္ခြင့္ ရဖို႕ ခါတိုင္းထက္ ပိုမို ခက္ခဲ လာျပီ ျဖစ္ေၾကာင္း သံုးသပ္ ေျပာဆို ခဲ့ပါတယ္ ။

* အာဆင္နယ္ အသင္း ေနာက္ခံလူ ေဟာင္း ဆိုးလ္ ကမ္းဘဲလ္ က ဖရန္႕ လမ္းပတ္ ဟာ လူငယ္ တိုက္စစ္မွဴး တမ္မီ ေအဘရာဟမ္ အေပၚ ယံုၾကည္မႈ အျပည့္ ေပးခဲ့တာေၾကာင့္ အခုလို အားထား ရတဲ့ တိုက္စစ္မွဴး တဦး ျဖစ္လာေၾကာင္း ၊ ေအဘရာဟမ္ ကိုယ္တိုင္ ကလည္း ယံုၾကည္မႈ အျပည့္ နဲ႕ ခ်ယ္လ္ဆီး မွာ ဆက္ေနဖို႕ ဆံုးျဖတ္ ခဲ့တာေၾကာင့္ အခုလို ၂ဦး ၂ဖက္ အက်ိဳးရွိလာေၾကာင္း Sky Sports ရဲ႕ အစီအစဥ္ တခု မွာ သံုးသပ္ ေျပာဆို ခဲ့ပါတယ္ ။

* ယေန႕ည မွာ ခ်ယ္လ္ဆီး အသင္း နဲ႕ ရင္ဆိုင္ ရမယ့္ ဘရိုက္တန္ အသင္း နည္းျပ ဂယ္ရီ ေပၚတာ က ျပီးခဲ့တဲ့ ရာသီ က ၄င္း ဆြမ္ဆီး အသင္း ကို ကိုင္တြယ္ ခဲ့စဥ္ ကတည္းက လက္ရွိ ခ်ယ္လ္ဆီး လူငယ္ ကစားသမား ၃ဦး ျဖစ္တဲ့ ေအဘရာဟမ္ ၊ ေမဆင္ေမာင့္ ၊ တိုမိုရီ တို႕ကို ေစာင့္ၾကည့္ ခဲ့ဖူးေၾကာင္း ၊ အခု အခါမွာေတာ့ သူတို႕ ေတြဟာ ခ်ယ္လ္ဆီး အတြက္ အက်ိဳးျပဳ ေနတဲ့ အားထား ရတဲ့ လူငယ္ ေတြ ျဖစ္လာေၾကာင္း ခ်ီးက်ဴး ေျပာဆို ခဲ့ပါတယ္ ။

SPORTS MYANMAR

Unicode

ဘရိုက်တန် နဲ့ ပွဲစဉ် မတိုင်မီ အချက်အလက် တချို့ နဲ့ အခြား ချယ်လ်ဆီး သတင်းတိုများ

* ချယ်လ်ဆီး အသင်း နဲ့ ဘရိုက်တန် အသင်း တို့ဟာ ပရီးမီးယားလိဂ် ( ယခင် အင်္ဂလန် ပထမတန်းလိဂ် လို့ သတ်မှတ်တုန်းက အပါအဝင် ) မှာ စုစုပေါင်း ၈ ကြိမ်သာ တွေ့ဆုံ ခဲ့ပြီး ပြိုင်ပွဲစုံ ၁၃ ကြိမ် အထိသာ ထိပ်တိုက် ရင်ဆိုင် ခဲ့ရဖူးပါတယ် ။ ဒါ့အပြင် ချယ်လ်ဆီး အသင်း ဟာ ပြည်တွင်းလိဂ် မှာ ဘရိုက်တန် ကို ရာနှုန်းပြည့် အနိုင် ရထားသလို ၊ ပြိုင်ပွဲစုံ ထိပ်တိုက် ရင်ဆိုင် ခဲ့ရာမှာလည်း ၁၀ ကြိမ် အထိ အနိုင် ရခဲ့ပါတယ် ။

* အင်္ဂလန် ပြည်တွင်းလိဂ် တွေမှာ ဘရိုက်တန် အသင်း ဟာ တခြား အသင်း တွေကို အကုန်လုံး အနိုင်ရခဲ့ပေမယ့် ချယ်လ်ဆီး တသင်းတည်းသာ အနိုင်မရဖူးသေးတာ ဖြစ်ပါတယ် ။ ချယ်လ်ဆီး အသင်း ကို ဘရိုက်တန် နောက်ဆုံး အနိုင်ရခဲ့ဖူးတာ ဟာ ၁၉၃၂ – ၃၃ ဘောလုံး ရာသီ က အက်ဖ်အေ ဖလား တတိယ အဆင့် မှာ ၁ – ၂ နဲ့ အရေးနိမ့် ခဲ့ပါတယ် ။

* ချယ်လ်ဆီး အသင်း ဟာ ဒီနှစ် ပရီးမီးယားလိဂ် မှာ ရဂိုး + ပေးဂိုး ဒုတိယ အများဆုံး အသင်း အဖြစ် ရပ်တည် နေပြီး ရဂိုး ၁၂ဂိုး ၊ ပေးဂိုး ၁၃ ဂိုး ရှိနေပါတယ် ။ ချယ်လ်ဆီး အသင်း ဟာ ယနေ့ည ပွဲစဉ် မှာ ဒီရာသီ အတွက် ပထမဆုံး Clean Sheet ရရှိဖို့ ကြိုးစား လာမှာ ဖြစ်ပြီး ရာသီ အဖွင့် ရပွဲဆက် Clean Sheet မရတာ နောက်ဆုံး ၁၉၉၀ – ၉၁ ရာသီ က ဖြစ်ပါတယ် ။

* ဘရိုက်တန် အသင်း ဟာ နောက်ဆုံး ကစား ခဲ့တဲ့ ပရီးမီးယားလိဂ် ၅ပွဲဆက် နိုင်ပွဲ ပျောက်ဆုံး နေခဲ့ပါတယ် ။ အဝေးကွင်း နောက်ဆုံး ၃ ပွဲကနေ လည်း ၄မှတ်သာ ရခဲ့ပါတယ် ။ အသင်းကြီး ၆သင်း နဲ့ ထိပ်တိုက် တွေ့ဆုံ ခဲ့တဲ့ အဝေးကွင်း နောက်ဆုံး ၁၃ ပွဲမှာလည်း တမှတ်သာ ရခဲ့ပါတယ် ။

* ယနေ့ည ၈နာရီခွဲ အချိန် မှာ ကစားမယ့် ချယ်လ်ဆီး – ဘရိုက်တန် ပွဲစဉ် ကို ကွင်းလယ်ဒိုင် ခရစ် ကာဗာနာ က တာဝန်ယူ ကိုင်တွယ် သွားမှာ ဖြစ်ပြီး VAR ကိုတော့ တင်မ် ရော်ဘင်ဆင် က တာဝန်ယူ သွားမှာ ဖြစ်ပါတယ် ။

* ချယ်လ်ဆီး အသင်း နည်းပြ ဖရန့် လမ်းပတ် က လက်ရှိ အချိန် မှာ သူ့ အနေနဲ့ လူငယ် တောင်ပံ ကစားသမား ခရစ်တီယန် ပူလီဆစ် ကို ကစားခွင့် မပေးနေခြင်း ဟာ သူ့ရဲ့ ပြောင်းရွှေ့ကြေး ကြောင့် ဖြစ်သလို ၊ ငယ်ငယ်ရွယ်ရွယ် နဲ့ ပရီးမီးယားလိဂ် ကို ရောက်လာတာကြောင့် မတူညီတဲ့ လိဂ် တခု မှာ အံဝင်ဖို့ ကြိုးစား နေရတာတို့ကြောင့် ဖြစ်ကြောင်း မနေ့က သတင်းစာ ရှင်းလင်းပွဲ မှာ ဆိုခဲ့ပါတယ် ။

* လီဗာပူး ၊ ချယ်လ်ဆီး အသင်း တို့ရဲ့ နည်းပြဟောင်း ဖြစ်သူ ရာဖေးလ် ဘင်နီတက်ဇ် က လက်ရှိ ချယ်လ်ဆီး အသင်း နည်းပြ ဖရန့် လမ်းပတ် ဟာ အနာဂတ် မှာ အောင်မြင်တဲ့ နည်းပြ တဦး ဖြစ်လာနိုင်ကြောင်း ၊ ကစားသမား ဘဝ မှာ ကတည်းက နည်းပြ ပေါင်းစုံ နဲ့ အတူ လက်တွဲ အလုပ်လုပ် ခဲ့ဖူးတာကြောင့် တခြား လူငယ် နည်းပြ တွေထက် စာရင် အတွေ့အကြုံ ပိုရှိနေကြောင်း သုံးသပ် ခဲ့ပါတယ် ။

* ချယ်လ်ဆီး နည်းပြ ဖရန့် လမ်းပတ် က ယခုနှစ် ဘောလုံး ရာသီ မှာ အလယ်အလတ် အသင်း တွေ ဖြစ်တဲ့ အဲဗာတန် ၊ ဝက်စ်ဟမ်း ၊ လက်စတာ တို့လို အသင်း တွေကတောင် ပေါင်သန်း ၂၀၀ နီးပါး အထိ ငွေကြေး ရင်းနှီး မြှုပ်နှံမှု တွေ ပြုလုပ် လာပြီ ဖြစ်လို့ ဥရောပ ဝင်ခွင့် ရဖို့ ခါတိုင်းထက် ပိုမို ခက်ခဲ လာပြီ ဖြစ်ကြောင်း သုံးသပ် ပြောဆို ခဲ့ပါတယ် ။

* အာဆင်နယ် အသင်း နောက်ခံလူ ဟောင်း ဆိုးလ် ကမ်းဘဲလ် က ဖရန့် လမ်းပတ် ဟာ လူငယ် တိုက်စစ်မှူး တမ်မီ အေဘရာဟမ် အပေါ် ယုံကြည်မှု အပြည့် ပေးခဲ့တာကြောင့် အခုလို အားထား ရတဲ့ တိုက်စစ်မှူး တဦး ဖြစ်လာကြောင်း ၊ အေဘရာဟမ် ကိုယ်တိုင် ကလည်း ယုံကြည်မှု အပြည့် နဲ့ ချယ်လ်ဆီး မှာ ဆက်နေဖို့ ဆုံးဖြတ် ခဲ့တာကြောင့် အခုလို ၂ဦး ၂ဖက် အကျိုးရှိလာကြောင်း Sky Sports ရဲ့ အစီအစဉ် တခု မှာ သုံးသပ် ပြောဆို ခဲ့ပါတယ် ။

* ယနေ့ည မှာ ချယ်လ်ဆီး အသင်း နဲ့ ရင်ဆိုင် ရမယ့် ဘရိုက်တန် အသင်း နည်းပြ ဂယ်ရီ ပေါ်တာ က ပြီးခဲ့တဲ့ ရာသီ က ၄င်း ဆွမ်ဆီး အသင်း ကို ကိုင်တွယ် ခဲ့စဉ် ကတည်းက လက်ရှိ ချယ်လ်ဆီး လူငယ် ကစားသမား ၃ဦး ဖြစ်တဲ့ အေဘရာဟမ် ၊ မေဆင်မောင့် ၊ တိုမိုရီ တို့ကို စောင့်ကြည့် ခဲ့ဖူးကြောင်း ၊ အခု အခါမှာတော့ သူတို့ တွေဟာ ချယ်လ်ဆီး အတွက် အကျိုးပြု နေတဲ့ အားထား ရတဲ့ လူငယ် တွေ ဖြစ်လာကြောင်း ချီးကျူး ပြောဆို ခဲ့ပါတယ် ။

SPORTS MYANMAR