paullista

မန္ခ်က္စတာ ယူနုိက္တက္ အသင္း ရဲ့ ဂႏၶဝင္ ကစားသမား ေဟာင္း တစ္ဦး ျဖစ္တဲ့ ဂယ္ရီ ေပၚလစၥတာ က လက္ရွိ အသင္းေဟာင္း ရဲ့ ဗဟို ခံစစ္ ကစားသမား ျဖစ္သူ ဟယ္ရီ မက္ဂြားယား ဟာ အနာဂတ္ မွာ သရဲနီ တုိ႔ရဲ့ အသင္း ေခါင္းေဆာင္ ေသခ်ာေပါက္ ျဖစ္လာ လိမ့္မယ္ လို႔ တစ္ထစ္ခ် ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

ေပၚလစၥတာ ဟာ 1989 ခုနွစ္ မွ 1998 ခုႏွစ္ အတြင္း ယူနုိက္တက္ ရဲ့ ဗဟုိ ခံစစ္ ေနရာ မွာ ကစားေပး ခဲ့တဲ့ သရဲနီ ကစား သမား ေဟာင္း တစ္ဦး ပဲ ျဖစ္ ပါတယ္ ။ အခုေတာ့ သူဟာ အသင္း ရဲ့ ကစားသမား သစ္ ျဖစ္သူ ဟယ္ရီ မက္ဂြားယား ရဲ့ ေျခစြမ္း နဲ့ ဦးေဆာင္ နုိင္မွဳ စြမ္းရည္ ေတြကို ႏွစ္ျခိဳက္ ေၾကာင္း ထုတ္ေဖာ္ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

” ဟယ္ရီ မက္ဂြားယား ဟာ အဆင့္ အတန္း မီွတဲ့ စြမ္းေဆာင္ရည္ ေတြကို ျပသ ထားနုိင္ ခဲ့ ပါတယ္ ။ အခုေတာ့ ခင္ဗ်ား တုိ့ဟာ အသင္း ရဲ့ အနာဂတ္ ေခါင္းေဆာင္ တစ္ဦး ကို ျမင္ေတြ့ ေနၾက ရ ပါတယ္ ။ သူဟာ ယူနုိက္တက္ အသင္း မွာ လုိအပ္ ေနတဲ့ ေခါင္းေဆာင္ ကစားသမား တစ္ဦး ပါပဲ ”

magurie

” က်ြန္ေတာ့္ တုန္းက ေခါင္းေဆာင္မွဳ စြမ္းရည္ ေကာင္းမြန္ လွတဲ့ ကစားသမား အေတာ္ မ်ားမ်ား လက္ေအာက္ မွာ ကစား ခဲ့ ရတဲ့ အတြက္ အရမ္း ကို ကံေကာင္း ခဲ့တယ္ လို႔ ဆုိရ ပါ့မယ္ ။ က်ြန္ေတာ္ တုိ့ တုန္းက အသင္း မွာ ရြိဳင္ကိန္း ၊ ဘရိုင္ယန္ ေရာ့ဘ္ဆင္ ၊ ေပါလ္ အင့္စ္ နဲ့ ပီတာ ရွမိုက္ကယ္ တုိ႔လို ေခါင္းေဆာင္ မွဳ စြမ္းရည္ ေကာင္းမြန္ တဲ့ ကစားသမား ေလး ၊ ငါးဦး အထိ ရွိခဲ့ ၾက ပါတယ္ ”

” လက္ရွိ ယူနုိက္တက္ အသင္း ရဲ့ အဝတ္ လဲခန္း ထဲကို ၾကည့္ လိုက္မယ္ ဆုိရင္ ေခါင္းေဆာင္ ေကာင္း အရည္ အတြက္ ဟာ အဲ့ဒီ တုန္းက ထက္ နည္းပါး ေနခဲ့ ရ ပါတယ္ ။ ဟယ္ရီ ဟာ အဲ့ဒီလို အသင္း ေခါင္းေဆာင္ တစ္ဦး ျဖစ္လာ နုိင္တယ္ လို့ က်ြန္ေတာ္ ထင္ ပါတယ္ ”

” သူ့ ဆီမွာ ေခါင္းေဆာင္ မွဳ အရည္ အေသြး ေကာင္းေတြ ရွိေန တယ္ ဆုိတာ ခင္ဗ်ား တုိ႔ ျမင္ေတြ့ နုိင္ၾက ပါတယ္ ။ သူဟာ လက္ရွိ ပရီးမီးယား လိဂ္ရဲ့ အေကာင္းဆံုး ခံစစ္ ကစားသမား ေတြ ထဲက တစ္ဦး ပါပဲ ” လို့ ဂယ္ရီ ေပၚလစၥတာ က မွတ္ခ်က္ ေပး ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

ယူနုိက္တက္ အသင္း အတြက္ ဒီ ရာသီ ပရီးမီးယား လိဂ္ ျပိဳင္ပြဲ မွာ ဒီဂီယာ ဟာ အသင္း ေခါင္းေဆာင္ အျဖစ္ သံုးပြဲ ကစား ေပးထား ခဲ့ျပီး အသင္း ေခါင္းေဆာင္ အျဖစ္ တရားဝင္ ခန့္အပ္ ထားခံ ခဲ့ ရတဲ့ အက္ရွ္ေလ ယန္းက အသင္း ေခါင္းေဆာင္ အျဖစ္ သံုးပြဲ ပါဝင္ ကစား ေပးထား နုိင္ခဲ့ ပါတယ္ ။

ဒါေပမယ့္ ဆုိးလ္ရွား ဟာ အသင္း မွာ ေခါင္းေဆာင္ နုိင္မဳွ စြမ္းရည္ ရွိတဲ့ ကစားသမား ေတြြကို ေနာက္ထပ္ ျမင္ေတြ့ လိုေန တာေၾကာင့္ ေရာ့ခ်္ဒါေလ အသင္း နဲ့ ကစား ခဲ့တဲ့ ကာရာေဘာင္ ဖလား ျပိဳင္ပြဲ မွာ လူငယ္ ကစားသမား ေလး တြမ္ဇီဘီ ကို အသင္း ေခါင္းေဆာင္ တာဝန္ ေပးအပ္ ခဲ့ပါ ေသးတယ္ ။

အဲ့ဒီေနာက္ ေပၚလစၥတာ က ယူနုိက္တက္ တုိ့ ဒီ ရာသီ ေခၚယူ ထားခဲ့ ၾကတဲ့ ကစားသမား သံုးဦး နဲ့ ပတ္သက္ျပီး …

” ေခၚယူ ခဲ့တဲ့ ကစားသမား သံုးဦး လံုးက တစ္ကယ္ ပဲ ေကာင္းမြန္ ခဲ့ၾက ပါတယ္ ။ ဂ်ိမ္းစ္ ဟာလည္း တစ္ကယ့္ ကို ေကာင္းမြန္ လွတဲ့ ဂိုး အခ်ိဳ့ ကို သြင္းယူ နုိင္ခဲ့တယ္ ။ သူ့ရဲ့ လွဳပ္ရွား မွဳ ေတြက ျမန္ဆန္ ေကာင္းမြန္ ေနခဲ့ သလို ေနရာ လြတ္ေတြ ကိုလည္း ဖန္တီး ေပးနုိင္ ခဲ့ ပါတယ္ ။ ဒါဟာ သူ့ အတြက္ ေတာ့ တစ္ကယ့္ ကို ေကာင္းမြန္ တဲ့ အစျပဳျခင္း တစ္ခု ပါပဲ ”

” အာရြန္ ဝမ္ ဘစ္ဆာကာ ကို ၾကည့္ ရတာ ကေတာ့ သူဟာ တစ္ကယ္ ပဲ ပင့္ကူ ေတြလုိ ေျခေထာက္ ေတြ ပိုင္ဆုိင္ ထား သလို ပါပဲ ။ သူဟာ ျပိဳင္ဖက္ ကစားသမား ေတြက ေဘာလံုး ကို အျမဲတမ္း လိုလို လုယူ နုိင္ခဲ့ ပါတယ္ ” လို႔ ခ်ီးက်ဴး စကား ေတြကို ဆိုသြား ခဲ့လိုက္ ပါတယ္ ။

#Sports_Myanmar

Unicode

အနာဂတ်မှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင် ဘယ်သူ ဖြစ်လာမလဲ ဆိုတာ ပြောကြားလိုက်တဲ့ #ပေါ်လစ္စတာ

===============

မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ဂန္ဓဝင် ကစားသမား ဟောင်း တစ်ဦး ဖြစ်တဲ့ ဂယ်ရီ ပေါ်လစ္စတာ က လက်ရှိ အသင်းဟောင်း ရဲ့ ဗဟို ခံစစ် ကစားသမား ဖြစ်သူ ဟယ်ရီ မက်ဂွားယား ဟာ အနာဂတ် မှာ သရဲနီ တို့ရဲ့ အသင်း ခေါင်းဆောင် သေချာပေါက် ဖြစ်လာ လိမ့်မယ် လို့ တစ်ထစ်ချ ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ပေါ်လစ္စတာ ဟာ 1989 ခုနှစ် မှ 1998 ခုနှစ် အတွင်း ယူနိုက်တက် ရဲ့ ဗဟို ခံစစ် နေရာ မှာ ကစားပေး ခဲ့တဲ့ သရဲနီ ကစား သမား ဟောင်း တစ်ဦး ပဲ ဖြစ် ပါတယ် ။ အခုတော့ သူဟာ အသင်း ရဲ့ ကစားသမား သစ် ဖြစ်သူ ဟယ်ရီ မက်ဂွားယား ရဲ့ ခြေစွမ်း နဲ့ ဦးဆောင် နိုင်မှု စွမ်းရည် တွေကို နှစ်ခြိုက် ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” ဟယ်ရီ မက်ဂွားယား ဟာ အဆင့် အတန်း မှီတဲ့ စွမ်းဆောင်ရည် တွေကို ပြသ ထားနိုင် ခဲ့ ပါတယ် ။ အခုတော့ ခင်ဗျား တို့ဟာ အသင်း ရဲ့ အနာဂတ် ခေါင်းဆောင် တစ်ဦး ကို မြင်တွေ့ နေကြ ရ ပါတယ် ။ သူဟာ ယူနိုက်တက် အသင်း မှာ လိုအပ် နေတဲ့ ခေါင်းဆောင် ကစားသမား တစ်ဦး ပါပဲ ”

” ကျွန်တော့် တုန်းက ခေါင်းဆောင်မှု စွမ်းရည် ကောင်းမွန် လှတဲ့ ကစားသမား အတော် များများ လက်အောက် မှာ ကစား ခဲ့ ရတဲ့ အတွက် အရမ်း ကို ကံကောင်း ခဲ့တယ် လို့ ဆိုရ ပါ့မယ် ။ ကျွန်တော် တို့ တုန်းက အသင်း မှာ ရွိုင်ကိန်း ၊ ဘရိုင်ယန် ရော့ဘ်ဆင် ၊ ပေါလ် အင့်စ် နဲ့ ပီတာ ရှမိုက်ကယ် တို့လို ခေါင်းဆောင် မှု စွမ်းရည် ကောင်းမွန် တဲ့ ကစားသမား လေး ၊ ငါးဦး အထိ ရှိခဲ့ ကြ ပါတယ် ”

” လက်ရှိ ယူနိုက်တက် အသင်း ရဲ့ အဝတ် လဲခန်း ထဲကို ကြည့် လိုက်မယ် ဆိုရင် ခေါင်းဆောင် ကောင်း အရည် အတွက် ဟာ အဲ့ဒီ တုန်းက ထက် နည်းပါး နေခဲ့ ရ ပါတယ် ။ ဟယ်ရီ ဟာ အဲ့ဒီလို အသင်း ခေါင်းဆောင် တစ်ဦး ဖြစ်လာ နိုင်တယ် လို့ ကျွန်တော် ထင် ပါတယ် ”

” သူ့ ဆီမှာ ခေါင်းဆောင် မှု အရည် အသွေး ကောင်းတွေ ရှိနေ တယ် ဆိုတာ ခင်ဗျား တို့ မြင်တွေ့ နိုင်ကြ ပါတယ် ။ သူဟာ လက်ရှိ ပရီးမီးယား လိဂ်ရဲ့ အကောင်းဆုံး ခံစစ် ကစားသမား တွေ ထဲက တစ်ဦး ပါပဲ ” လို့ ဂယ်ရီ ပေါ်လစ္စတာ က မှတ်ချက် ပေး ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ယူနိုက်တက် အသင်း အတွက် ဒီ ရာသီ ပရီးမီးယား လိဂ် ပြိုင်ပွဲ မှာ ဒီဂီယာ ဟာ အသင်း ခေါင်းဆောင် အဖြစ် သုံးပွဲ ကစား ပေးထား ခဲ့ပြီး အသင်း ခေါင်းဆောင် အဖြစ် တရားဝင် ခန့်အပ် ထားခံ ခဲ့ ရတဲ့ အက်ရှ်လေ ယန်းက အသင်း ခေါင်းဆောင် အဖြစ် သုံးပွဲ ပါဝင် ကစား ပေးထား နိုင်ခဲ့ ပါတယ် ။

ဒါပေမယ့် ဆိုးလ်ရှား ဟာ အသင်း မှာ ခေါင်းဆောင် နိုင်မုှ စွမ်းရည် ရှိတဲ့ ကစားသမား တွွေကို နောက်ထပ် မြင်တွေ့ လိုနေ တာကြောင့် ရော့ချ်ဒါလေ အသင်း နဲ့ ကစား ခဲ့တဲ့ ကာရာဘောင် ဖလား ပြိုင်ပွဲ မှာ လူငယ် ကစားသမား လေး တွမ်ဇီဘီ ကို အသင်း ခေါင်းဆောင် တာဝန် ပေးအပ် ခဲ့ပါ သေးတယ် ။

အဲ့ဒီနောက် ပေါ်လစ္စတာ က ယူနိုက်တက် တို့ ဒီ ရာသီ ခေါ်ယူ ထားခဲ့ ကြတဲ့ ကစားသမား သုံးဦး နဲ့ ပတ်သက်ပြီး …

” ခေါ်ယူ ခဲ့တဲ့ ကစားသမား သုံးဦး လုံးက တစ်ကယ် ပဲ ကောင်းမွန် ခဲ့ကြ ပါတယ် ။ ဂျိမ်းစ် ဟာလည်း တစ်ကယ့် ကို ကောင်းမွန် လှတဲ့ ဂိုး အချို့ ကို သွင်းယူ နိုင်ခဲ့တယ် ။ သူ့ရဲ့ လှုပ်ရှား မှု တွေက မြန်ဆန် ကောင်းမွန် နေခဲ့ သလို နေရာ လွတ်တွေ ကိုလည်း ဖန်တီး ပေးနိုင် ခဲ့ ပါတယ် ။ ဒါဟာ သူ့ အတွက် တော့ တစ်ကယ့် ကို ကောင်းမွန် တဲ့ အစပြုခြင်း တစ်ခု ပါပဲ ”

” အာရွန် ဝမ် ဘစ်ဆာကာ ကို ကြည့် ရတာ ကတော့ သူဟာ တစ်ကယ် ပဲ ပင့်ကူ တွေလို ခြေထောက် တွေ ပိုင်ဆိုင် ထား သလို ပါပဲ ။ သူဟာ ပြိုင်ဖက် ကစားသမား တွေက ဘောလုံး ကို အမြဲတမ်း လိုလို လုယူ နိုင်ခဲ့ ပါတယ် ” လို့ ချီးကျူး စကား တွေကို ဆိုသွား ခဲ့လိုက် ပါတယ် ။

#Sports_Myanmar