မန္ခ်က္ စတာ ယူႏုိက္တက္ တို႔ ခ်န္ပီယံ လိဂ္ ကေန ထြက္ခဲ့ ရပါၿပီ ။ ဒါက အဆန္း မဟုတ္ ပါဘူး ။ PSG နဲ႔ ဒုတိယ အေက်ာ့ မကစား ခင္ ကတည္း က ဗိုလ္စြဲ မွာ မဟုတ္ ဘူးဆုိတာ ကို ႀကဳိၿပီး သိေန ခဲ့ ပါတယ္ ။ PSG ကို ႏုိင္သြားရင္ ယူႏုိက္တက္ အတြက္ ေကာင္းက်ဳိး ထက္ ဆုိးက်ဳိး က ပိုေတာင္ မ်ားႏုိင္ ဦးမယ္ လို႔ ေတာင္ ေဆာင္းပါး တစ္ပုဒ္ ေရးျဖစ္ ခဲ့ပါ ေသးတယ္ ။ အခု တကယ္ ျဖစ္လာ ပါၿပီ ။

ခ်န္ပီယံ လိဂ္ ၊ လိဂ္ ဖလား ၊ FA Cup ေတြ မွာ ယူႏုိက္တက္ ရဲ႕ အမည္ မရွိ ေတာ့ ပါဘူး ။ ပရီးမီးယားလိဂ္ မွာ ေတာ့ အဆင့္ ၆ မွာ ရွိေနၿပီး အဆင့္ ၄ က အာဆင္နယ္ နဲ႔ ၂ မွတ္ အကြာ မွာ ရွိေန ပါတယ္ ။ လက္က်န္ ပြဲေတြ က အဆင့္ ၃-၄ လုမယ့္ ၄ သင္းထဲ မွာ အက်ပ္ ဆံုးပါ ။

လာမယ့္ အပတ္ ထဲ မွာ ယူႏုိက္တက္ တို႔ အဲဗာတန္ နဲ႔ အေ၀းကြင္း ပြဲ ကို ကစား ရပါမယ္ ။ အဲဗာတန္ တုိ႔ အိမ္ကြင္း မွာ ဘယ္ေလာက္ စြမ္း သလဲ ဆိုတာ အာဆင္နယ္ ၊ ခ်ဲလ္ဆီး တို႔နဲ႔ ပြဲေတြ က သက္ေသ ျပခဲ့ၿပီးသား ပါ ။ ဒီပြဲ ကို ယူႏုိက္တက္ တို႔ အႏုိင္ ရႏုိင္ ပါ့မလား ။ လက္ရွိ ေျခစြမ္း ၊ လက္ရွိ စိတ္ဓါတ္ ေတြ နဲ႔ ဆုိရင္ေတာ့ ခဲယဥ္း မွာပါ ။

ဒါၿပီး ရင္ ေနာက္ထပ္ ၃ ရက္ အၾကာမွာ မန္ခ်က္စတာ စီးတီး အသင္း ကို အိမ္ကြင္း မွာ လက္ခံ ကစား ရမွာပါ ။ စီးတီး ဟာ အမွတ္ေပး ခ်န္ပီယံ ဆု အတြက္ လီဗာပူး နဲ႔ အမွား မခံ တဲ့ ကစားပြဲ ကို ဆင္ႏြဲ ေနတာ ေၾကာင့္ အေ၀းကြင္း ျဖစ္ျဖစ္ ၊ အိမ္ကြင္း ျဖစ္ျဖစ္ အႏုိင္ ရေအာင္ အျပင္း အထန္ အားထုတ္ မွာ ေသခ်ာ ပါတယ္ ။ လက္ရွိ အသင္း ၂ သင္း အၾကားက ေျခစြမ္းပုိင္း က လည္း အကြာႀကီးပါ ။ ယူႏုိက္တက္ တို႔ ႏုိင္ဖို႔ မလြယ္ ပါဘူး

တကယ္လို႔ အဲဗာတန္ ၊ မန္စီးတီး ၂ ပြဲ စလံုး ကို ရွဳံးသြား ခဲ့ၿပီး တစ္ဖက္ မွာ အာဆင္နယ္ က ၂ ပြဲ စလံုး ( ပဲေလ့စ္ ၊ ၀ုဗ္ ) ကို ႏုိင္သြားခဲ့ ရင္ ယူႏုိက္တက္ ရဲ႕ ခ်န္ပီယံ လိဂ္ ေမွ်ာ္လင့္ခ်က္ ကုန္ၿပီ လုို႔ ဆိုရမွာပါ ။ ဒီလိုမွ မဟုတ္ေသးရင္ လည္း ေနာက္ တစ္ပတ္ မွာ ခ်ဲလ္ဆီး နဲ႔ ယူႏုိက္တက္ တုိ႔ ယွဥ္ၿပဳိင္ ရမွာ ျဖစ္ၿပီး သေရ ေလာက္ က်လုိက္ ရံု နဲ႔ အိပ္မက္ ေတြ အားလံုး ေလထဲ လြင့္ေပ်ာက္ သြားဖို႔ ေသခ်ာ ေနပါၿပီ ။

အာဆင္နယ္ ၊ စပါး ၊ ခ်ဲလ္ဆီး တုိ႔ကေရာ အမွတ္ေတြ မေလ်ာ့ ၾကေတာ့ဘူး လားလို႔ ေမးစရာ ရွိ ပါတယ္ ။ ေလ်ာ့ႏုိင္ ပါတယ္ ။ စပါး ဟာ မန္စီးတီး နဲ႔ ကစားဖုိ႔ ရွိေန ေသးသလို အာဆင္နယ္ ကလည္း အိမ္ကြင္း အရမ္း ေကာင္းတဲ့ ၀ုဗ္ နဲ႔ ကစား ရဦးမွာပါ ။ ဒါေပမယ့္ ဒီပြဲေတြ မွာ သူတို႔ ေတြ ရွဳံးခဲ့ ရင္ ေတာင္ ယူႏုိက္တက္ တို႔ ဒီ အခြင့္ အေရးကို အသံုးခ် ႏုိင္ဖို႔ မရွိေလာက္ေတာ့ ပါဘူး ။ ဘာလုိ႔လည္း ဆုိေတာ့ အသင္း က အက်ဘက္ကို ျပန္ေရာက္ ေနၿပီမုိ႔ ပါပဲ ။

ေနာက္ဆံုး ကစားတဲ့ ၇ ပြဲ မွာ ယူႏုိက္တက္ တို႔ ၅ ပြဲ အထိ ရွဳံးခဲ့ ပါတယ္ ။ ၀က္ဖိုဒ့္ နဲ႔ ၀က္စ္ဟမ္း တို႔ ကို ပဲ ႏုိင္ခဲ့ တာပါ ။ ဒီပြဲေတြ မွာ လည္း ေျခစြမ္း ေကာင္းလို႔ နုိင္ခဲ့တာ မ်ဳိး မဟုတ္ဘဲ ၿပဳိင္ဘက္ အသင္း ရဲ႕ အဆံုးသတ္ မေသခ်ာ မႈ ေတြ ေၾကာင့္သာ ၃ မွတ္ ေတြ ရခဲ့ တာပါ ။ ဒါေၾကာင့္ အဲဗာတန္ ၊ မန္စီးတီး တို႔လို ေျခစြမ္း တည္ၿငိမ္ ၿပီး အဆံုးသတ္ပုိင္း ေသခ်ာတဲ့ အသင္းေတြ ကို ယူႏုိက္တက္ တုိ႔ အနုိင္ မရႏိုင္ဘူး လုိ႔ သံုးသပ္ရတာ လြန္ကဲတဲ့ အရာ ေတာ့ မဟုတ္ ေကာင္းႏုိင္ ပါဘူး ။

ရုပ္ရွင္ ပရိသတ္ေတြ အထူး ႏွစ္သက္ ၾကတဲ့ စူပါ ဟီးရိုး ရုပ္ရွင္ Avengers : End Game ကို ဧၿပီ ၂၆ ရက္ေန႔ မွာ စၿပီး ရံုတင္ ျပသေတာ့မွာပါ ။ ယူႏုိက္တက္ ရဲ႕ မန္စီးတီး နဲ႔ ပြဲ က ဧၿပီ ၂၅ မွာ ျဖစ္ၿပီး ခ်ဲလ္ဆီး နဲ႔ ပြဲ ကေတာ့ ဧၿပီ ၂၈ မွာ ပါ ။ ဒီ ႏွစ္ပြဲ ထဲက တစ္ပြဲပြဲ အၿပီးမွာ ေတာ့ ယူႏိုက္တက္ ရဲ႕ လာမယ့္ ရာသီ လားရာ ကို ပီပီ ျပင္ျပင္ ျမင္ေတြ႕ ေနရ ေလာက္ ပါၿပီ ။ ယူႏုိက္တက္ ရဲ႕ End Game က Avengers ထက္ ေစာမလား ၊ ေနာက္က် မလား ဆုိတာ ပဲ ေမးစရာ ရွိတာပါ . . . . .

Avengers တွေနဲ့ အပြိုင် ကြည့်ရနိုင်တဲ့ မန်ချက်စတာ ယူနိုက်တက် ရဲ့ End Game

===========================================

မန်ချက် စတာ ယူနိုက်တက် တို့ ချန်ပီယံ လိဂ် ကနေ ထွက်ခဲ့ ရပါပြီ ။ ဒါက အဆန်း မဟုတ် ပါဘူး ။ PSG နဲ့ ဒုတိယ အကျော့ မကစား ခင် ကတည်း က ဗိုလ်စွဲ မှာ မဟုတ် ဘူးဆိုတာ ကို ကြိုပြီး သိနေ ခဲ့ ပါတယ် ။ PSG ကို နိုင်သွားရင် ယူနိုက်တက် အတွက် ကောင်းကျိုး ထက် ဆိုးကျိုး က ပိုတောင် များနိုင် ဦးမယ် လို့ တောင် ဆောင်းပါး တစ်ပုဒ် ရေးဖြစ် ခဲ့ပါ သေးတယ် ။ အခု တကယ် ဖြစ်လာ ပါပြီ ။

ချန်ပီယံ လိဂ် ၊ လိဂ် ဖလား ၊ FA Cup တွေ မှာ ယူနိုက်တက် ရဲ့ အမည် မရှိ တော့ ပါဘူး ။ ပရီးမီးယားလိဂ် မှာ တော့ အဆင့် ၆ မှာ ရှိနေပြီး အဆင့် ၄ က အာဆင်နယ် နဲ့ ၂ မှတ် အကွာ မှာ ရှိနေ ပါတယ် ။ လက်ကျန် ပွဲတွေ က အဆင့် ၃-၄ လုမယ့် ၄ သင်းထဲ မှာ အကျပ် ဆုံးပါ ။

လာမယ့် အပတ် ထဲ မှာ ယူနိုက်တက် တို့ အဲဗာတန် နဲ့ အဝေးကွင်း ပွဲ ကို ကစား ရပါမယ် ။ အဲဗာတန် တို့ အိမ်ကွင်း မှာ ဘယ်လောက် စွမ်း သလဲ ဆိုတာ အာဆင်နယ် ၊ ချဲလ်ဆီး တို့နဲ့ ပွဲတွေ က သက်သေ ပြခဲ့ပြီးသား ပါ ။ ဒီပွဲ ကို ယူနိုက်တက် တို့ အနိုင် ရနိုင် ပါ့မလား ။ လက်ရှိ ခြေစွမ်း ၊ လက်ရှိ စိတ်ဓါတ် တွေ နဲ့ ဆိုရင်တော့ ခဲယဉ်း မှာပါ ။

ဒါပြီး ရင် နောက်ထပ် ၃ ရက် အကြာမှာ မန်ချက်စတာ စီးတီး အသင်း ကို အိမ်ကွင်း မှာ လက်ခံ ကစား ရမှာပါ ။ စီးတီး ဟာ အမှတ်ပေး ချန်ပီယံ ဆု အတွက် လီဗာပူး နဲ့ အမှား မခံ တဲ့ ကစားပွဲ ကို ဆင်နွဲ နေတာ ကြောင့် အဝေးကွင်း ဖြစ်ဖြစ် ၊ အိမ်ကွင်း ဖြစ်ဖြစ် အနိုင် ရအောင် အပြင်း အထန် အားထုတ် မှာ သေချာ ပါတယ် ။ လက်ရှိ အသင်း ၂ သင်း အကြားက ခြေစွမ်းပိုင်း က လည်း အကွာကြီးပါ ။ ယူနိုက်တက် တို့ နိုင်ဖို့ မလွယ် ပါဘူး

တကယ်လို့ အဲဗာတန် ၊ မန်စီးတီး ၂ ပွဲ စလုံး ကို ရှုံးသွား ခဲ့ပြီး တစ်ဖက် မှာ အာဆင်နယ် က ၂ ပွဲ စလုံး ( ပဲလေ့စ် ၊ ၀ုဗ် ) ကို နိုင်သွားခဲ့ ရင် ယူနိုက်တက် ရဲ့ ချန်ပီယံ လိဂ် မျှော်လင့်ချက် ကုန်ပြီ လိုု့ ဆိုရမှာပါ ။ ဒီလိုမှ မဟုတ်သေးရင် လည်း နောက် တစ်ပတ် မှာ ချဲလ်ဆီး နဲ့ ယူနိုက်တက် တို့ ယှဉ်ပြိုင် ရမှာ ဖြစ်ပြီး သရေ လောက် ကျလိုက် ရုံ နဲ့ အိပ်မက် တွေ အားလုံး လေထဲ လွင့်ပျောက် သွားဖို့ သေချာ နေပါပြီ ။

အာဆင်နယ် ၊ စပါး ၊ ချဲလ်ဆီး တို့ကရော အမှတ်တွေ မလျော့ ကြတော့ဘူး လားလို့ မေးစရာ ရှိ ပါတယ် ။ လျော့နိုင် ပါတယ် ။ စပါး ဟာ မန်စီးတီး နဲ့ ကစားဖို့ ရှိနေ သေးသလို အာဆင်နယ် ကလည်း အိမ်ကွင်း အရမ်း ကောင်းတဲ့ ၀ုဗ် နဲ့ ကစား ရဦးမှာပါ ။ ဒါပေမယ့် ဒီပွဲတွေ မှာ သူတို့ တွေ ရှုံးခဲ့ ရင် တောင် ယူနိုက်တက် တို့ ဒီ အခွင့် အရေးကို အသုံးချ နိုင်ဖို့ မရှိလောက်တော့ ပါဘူး ။ ဘာလို့လည်း ဆိုတော့ အသင်း က အကျဘက်ကို ပြန်ရောက် နေပြီမို့ ပါပဲ ။

နောက်ဆုံး ကစားတဲ့ ရ ပွဲ မှာ ယူနိုက်တက် တို့ ၅ ပွဲ အထိ ရှုံးခဲ့ ပါတယ် ။ ၀က်ဖိုဒ့် နဲ့ ၀က်စ်ဟမ်း တို့ ကို ပဲ နိုင်ခဲ့ တာပါ ။ ဒီပွဲတွေ မှာ လည်း ခြေစွမ်း ကောင်းလို့ နိုင်ခဲ့တာ မျိုး မဟုတ်ဘဲ ပြိုင်ဘက် အသင်း ရဲ့ အဆုံးသတ် မသေချာ မှု တွေ ကြောင့်သာ ၃ မှတ် တွေ ရခဲ့ တာပါ ။ ဒါကြောင့် အဲဗာတန် ၊ မန်စီးတီး တို့လို ခြေစွမ်း တည်ငြိမ် ပြီး အဆုံးသတ်ပိုင်း သေချာတဲ့ အသင်းတွေ ကို ယူနိုက်တက် တို့ အနိုင် မရနိုင်ဘူး လို့ သုံးသပ်ရတာ လွန်ကဲတဲ့ အရာ တော့ မဟုတ် ကောင်းနိုင် ပါဘူး ။

ရုပ်ရှင် ပရိသတ်တွေ အထူး နှစ်သက် ကြတဲ့ စူပါ ဟီးရိုး ရုပ်ရှင် Avengers : End Game ကို ဧပြီ ၂၆ ရက်နေ့ မှာ စပြီး ရုံတင် ပြသတော့မှာပါ ။ ယူနိုက်တက် ရဲ့ မန်စီးတီး နဲ့ ပွဲ က ဧပြီ ၂၅ မှာ ဖြစ်ပြီး ချဲလ်ဆီး နဲ့ ပွဲ ကတော့ ဧပြီ ၂၈ မှာ ပါ ။ ဒီ နှစ်ပွဲ ထဲက တစ်ပွဲပွဲ အပြီးမှာ တော့ ယူနိုက်တက် ရဲ့ လာမယ့် ရာသီ လားရာ ကို ပီပီ ပြင်ပြင် မြင်တွေ့ နေရ လောက် ပါပြီ ။ ယူနိုက်တက် ရဲ့ End Game က Avengers ထက် စောမလား ၊ နောက်ကျ မလား ဆိုတာ ပဲ မေးစရာ ရှိတာပါ . . . . .