ေအတီကို အသင္းရဲ႕ ဝန္ဒါမက္ထရိုပိုလီတာႏိုကြင္းျကီးမွာ ကစားသြားခဲ႔တဲ႕ မက္ဒရစ္ဒါဘီ ပြဲစဥ္မွာ ဂိုးမရွိ သေရ နဲ႔ ပြဲျပီးသြားခဲ႔ပါတယ္။အမွတ္ေပးဇယားထိပ္ဆံုးက ၂သင္း ဆံုေတြ႔ခဲ႔ျကတာျဖစ္ျပီး အခြင့္အေရးအခ်ိဳ႔ရခဲ႔ေပမယ့္ ဂိုးအျဖစ္အေျပာင္းအလဲမလုပ္ႏိုင္ခဲ႕ျကတာျဖစ္ပါတယ္။

ဒီႏွစ္သင္းဟာ ရာသီျကို ICC ဖလား ျပိဳင္ ပြဲမွာ ေတြ႔ဆံုစဥ္ကႏွစ္သင္းေပါင္း ၁၁ဂိုးအထိသြင္းယူႏိုင္ခဲ႔ျပီး ပရိသတ္ျကိုက္ပြဲတပြဲျဖစ္ခဲ႔တာ ျဖစ္ပါတယ္။အခုပြဲစဥ္မွာေတာ့ တိုက္စစ္မွဴး ဘန္ဇီမာ အေကာင္းဆံုး အခြင့္အေရးကို အသံုးမခ်ႏို င္ခဲ႔လို႔သာ ရီးရဲလ္အသင္း လက္စားေခ်ခြင့္ဆံုးရွံုးခဲ႔တာျဖစ္ပါတယ္။

Benzima
Atletico Madrid’s Spanish defender Mario Hermoso (R) challenges Real Madrid’s French forward Karim Benzema during the Spanish league football match between Club Atletico de Madrid and Real Madrid CF at the Wanda Metropolitano stadium in Madrid on September 28, 2019. (Photo by OSCAR DEL POZO / AFP)

ႊီရီးရဲလ္အသင္းဟာ ဒီရာသီမွာ ေျခစြမ္းပိုင္း မတည္ျငိမ္မွဳေတြျကံုေတြ႔ေနရေပမယ့္ လာလီဂါ အမွတ္ေပးဇယားကို ဦးေဆာင္ေနတာျဖစ္ပါတယ္။အခုပြဲစဥ္မွာလည္းအႏိုင္ရဖို႕လံုးေလာက္မွဳရွိခဲ႔ျပီး သေရ တမွတ္ထက္ပိုတဲ႕အရာကိုထိုက္တန္ခဲ႔တယ္လို႔ နည္းျပျကီး ဇီဒန္းကဆိုပါတယ္။

ပြဲအျပီး အင္တာဗ်ဴးတခုမွာ ဇီဒန္းက –
” ဒီလို ပြဲမ်ိဳးမွာ ျပင္းျပတဲ႔ ဆႏၵရွိရံုနဲ႔ မရပါဘူး။အေရးျကီးတာကေတာ့ က်ြန္ေတာ္တို႕အသင္းရဲ႕ အင္အားေတာင္တင့္ျကံ့ခိုင္မွဳပဲျဖစ္ပါတယ္။က်ြန္ေတာ္တို႔ဒီပြဲမွာ ေတာင့္တင္းတဲ႔ ရီးရဲလ္အသင္းကို ျမင္လိုက္ရတာျဖစ္ျပီး ေပးဂိုးတဂိုးမွာခြင့္မျပဳခဲ႔ပါဘူး။

က်ြန္ေတာ္တို႕ အသင္းဟာ ပြဲအတြင္း အခြင့္အေရး ေကာင္းေတြ ဖန္တီးႏိုင္ စြမ္း ကင္းမဲ႔ခဲ႔ပါတယ္။ဒါေပမယ့္ လည္းက်ြန္ေတာ္ တို႔ လုပ္ေဆာင္ထားႏိုင္ခဲ႔ တဲ႔ အရာ ေတြ နဲ႔ ပတ္သက္ျပီး က်ြန္ေတာ္တို႔ ေက်နပ္ေပ်ာ္ရႊင္မိျကပါတယ္ ” လို႔ေျပာသြားခဲ႔တာျဖစ္ပါတယ္။

Zidane
Real Madrid’s French coach Zinedine Zidane gestures during the Spanish league football match between Club Atletico de Madrid and Real Madrid CF at the Wanda Metropolitano stadium in Madrid on September 28, 2019. (Photo by JAVIER SORIANO / AFP)

ေႏြရာသီမွာ ခ်ဲဆီးလ္ကေန ယူရို သန္းေပါင္းမ်ားစြာနဲ႔ ေရာက္လာခဲ႔တဲ႕ ဟာဇက္တေယာက္ အခုပြဲမွာလည္းေျခစြမ္းေပ်ာက္ခဲ႔လို႕ ရိုဒရီဂြက္ဇ္နဲ႔ လူစားလဲခံခဲ႕ရပါတယ္။ဇီဒန္းကေတာ့ ဟာဇက္ဟာ ခ်ဲဆီးလ္အသင္းမွာရွိစဥ္ကေျခစြမ္းေရာက္ဖို႔ လိုေနေသးတယ္လို႕ မွတ္ခ်က္ေပးသြားခဲ႔ပါတယ္။

ဇီဒန္းကဆက္လက္ျပီး – ” ဟာဇက္နဲ႔အတူ ဆက္ျပီးရွိေနေပးရပါလိမ့္မယ္။သူေကာင္းေကာင္းလုပ္ေဆာင္ႏိုင္ခဲ႔ေပမယ့္က်ြန္ေတာ္တို႔ အခြင့္အေရးသိပ္မရခဲ႔တာျဖစ္ပါတယ္။ဖိအားေတြကေနေလ်ာ့က်သြားေစဖို႕သူ႔ကိုဂိုးရေစခ်င္ခဲ႔တာျဖစ္ပါတယ္။ဒါေပမယ့္လည္းျပသနာေတာ့မရွိပါဘူး။ျဖစ္လာမယ္ဆိုတာေသခ်ာပါတယ္ ” လို႕ေျပာသြားခဲ႔ပါတယ္။

Hazard
Atletico Madrid’s Montenegrin defender Stefan Savic (L) vies with Real Madrid’s Belgian forward Eden Hazard during the Spanish league football match between Club Atletico de Madrid and Real Madrid CF at the Wanda Metropolitano stadium in Madrid on September 28, 2019. (Photo by JAVIER SORIANO / AFP)

ေနာက္ဆံုးကစားခဲ႔တဲ႔ လိဂ္ပြဲ၃ပြဲဆက္တိုက္ ဂိုးမေပးရတဲ႔ အေပၚဇီဒန္းက – ”
ေအတီကို အသင္းနဲ႕ရင္ဆိုင္ရတဲ႔ ပြဲေတြဆိုတာ လုပ္အားခ်င္းပိုသံုးရပါတယ္။ဒီကြင္းကလည္းတရာသီလံုးမွာလာကစားရအခက္ဆံုးေနရာေတြထဲကတခုျဖစ္လို႔
cleansheet ရခဲ႔တာတကယ္အေရးပါပါတယ္။

ဒါေပမယ့္ တိုက္စစ္ပိုင္းမွာေတာ့ သူတို႔က ေနရာလြတ္ သိပ္မေပးခဲ႔ လို႕ အခြင့္အေရးေတြဖန္တီးရခက္ခဲခဲ႔ပါတယ္။၃မွတ္ျပည့္လိုခ်င္ခဲ႔တာျဖစ္လို႔ အခုရမွတ္တမွတ္ဆိုတာမမ်ားပါဘူး။အခုပြဲကခံစစ္ကေတာ့က်ြန္ေတာ္တို႔ျကိုးစားလုပ္ေဆာင္ေနခဲ႔တဲ႕အရာတခုျဖစ္ပါတယ္။အရာရာတိုးတက္မွဳရွိခဲ႔လို႕ ေက်နပ္စရာစြမ္းေဆာင္ရည္ျဖစ္ခဲ႔တယ္ ထင္ပါတယ္ ” လို႕ေျပာသြားခဲ႔ပါတယ္။

SPORTS MYANMAR

Unicode

မက်ဒရစ်ဒါဘီပွဲစဉ်မှာ အနိုင်ရခဲ့သင့်တာဘယ်အသင်းလည်းဆိုတာပြောပြလိုက်တဲ့ #ဇီဒန်း
====================================

အေတီကို အသင်းရဲ့ ဝန်ဒါမက်ထရိုပိုလီတာနိုကွင်းကြီးမှာ ကစားသွားခဲ့တဲ့ မက်ဒရစ်ဒါဘီ ပွဲစဉ်မှာ ဂိုးမရှိ သရေ နဲ့ ပွဲပြီးသွားခဲ့ပါတယ်။အမှတ်ပေးဇယားထိပ်ဆုံးက ၂သင်း ဆုံတွေ့ခဲ့ကြတာဖြစ်ပြီး အခွင့်အရေးအချို့ရခဲ့ပေမယ့် ဂိုးအဖြစ်အပြောင်းအလဲမလုပ်နိုင်ခဲ့ကြတာဖြစ်ပါတယ်။

ဒီနှစ်သင်းဟာ ရာသီကြို ICC ဖလား ပြိုင် ပွဲမှာ တွေ့ဆုံစဉ်ကနှစ်သင်းပေါင်း ၁၁ဂိုးအထိသွင်းယူနိုင်ခဲ့ပြီး ပရိသတ်ကြိုက်ပွဲတပွဲဖြစ်ခဲ့တာ ဖြစ်ပါတယ်။အခုပွဲစဉ်မှာတော့ တိုက်စစ်မှူး ဘန်ဇီမာ အကောင်းဆုံး အခွင့်အရေးကို အသုံးမချနို င်ခဲ့လို့သာ ရီးရဲလ်အသင်း လက်စားချေခွင့်ဆုံးရှုံးခဲ့တာဖြစ်ပါတယ်။

ွှီရီးရဲလ်အသင်းဟာ ဒီရာသီမှာ ခြေစွမ်းပိုင်း မတည်ငြိမ်မှုတွေကြံုတွေ့နေရပေမယ့် လာလီဂါ အမှတ်ပေးဇယားကို ဦးဆောင်နေတာဖြစ်ပါတယ်။အခုပွဲစဉ်မှာလည်းအနိုင်ရဖို့လုံးလောက်မှုရှိခဲ့ပြီး သရေ တမှတ်ထက်ပိုတဲ့အရာကိုထိုက်တန်ခဲ့တယ်လို့ နည်းပြကြီး ဇီဒန်းကဆိုပါတယ်။

ပွဲအပြီး အင်တာဗျူးတခုမှာ ဇီဒန်းက –
” ဒီလို ပွဲမျိုးမှာ ပြင်းပြတဲ့ ဆန္ဒရှိရုံနဲ့ မရပါဘူး။အရေးကြီးတာကတော့ ကျွန်တော်တို့အသင်းရဲ့ အင်အားတောင်တင့်ကြံ့ခိုင်မှုပဲဖြစ်ပါတယ်။ကျွန်တော်တို့ဒီပွဲမှာ တောင့်တင်းတဲ့ ရီးရဲလ်အသင်းကို မြင်လိုက်ရတာဖြစ်ပြီး ပေးဂိုးတဂိုးမှာခွင့်မပြုခဲ့ပါဘူး။

ကျွန်တော်တို့ အသင်းဟာ ပွဲအတွင်း အခွင့်အရေး ကောင်းတွေ ဖန်တီးနိုင် စွမ်း ကင်းမဲ့ခဲ့ပါတယ်။ဒါပေမယ့် လည်းကျွန်တော် တို့ လုပ်ဆောင်ထားနိုင်ခဲ့ တဲ့ အရာ တွေ နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ကျေနပ်ပျော်ရွှင်မိကြပါတယ် ” လို့ပြောသွားခဲ့တာဖြစ်ပါတယ်။

နွေရာသီမှာ ချဲဆီးလ်ကနေ ယူရို သန်းပေါင်းများစွာနဲ့ ရောက်လာခဲ့တဲ့ ဟာဇက်တယောက် အခုပွဲမှာလည်းခြေစွမ်းပျောက်ခဲ့လို့ ရိုဒရီဂွက်ဇ်နဲ့ လူစားလဲခံခဲ့ရပါတယ်။ဇီဒန်းကတော့ ဟာဇက်ဟာ ချဲဆီးလ်အသင်းမှာရှိစဉ်ကခြေစွမ်းရောက်ဖို့ လိုနေသေးတယ်လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။

ဇီဒန်းကဆက်လက်ပြီး – ” ဟာဇက်နဲ့အတူ ဆက်ပြီးရှိနေပေးရပါလိမ့်မယ်။သူကောင်းကောင်းလုပ်ဆောင်နိုင်ခဲ့ပေမယ့်ကျွန်တော်တို့ အခွင့်အရေးသိပ်မရခဲ့တာဖြစ်ပါတယ်။ဖိအားတွေကနေလျော့ကျသွားစေဖို့သူ့ကိုဂိုးရစေချင်ခဲ့တာဖြစ်ပါတယ်။ဒါပေမယ့်လည်းပြသနာတော့မရှိပါဘူး။ဖြစ်လာမယ်ဆိုတာသေချာပါတယ် ” လို့ပြောသွားခဲ့ပါတယ်။

နောက်ဆုံးကစားခဲ့တဲ့ လိဂ်ပွဲ၃ပွဲဆက်တိုက် ဂိုးမပေးရတဲ့ အပေါ်ဇီဒန်းက – ”
အေတီကို အသင်းနဲ့ရင်ဆိုင်ရတဲ့ ပွဲတွေဆိုတာ လုပ်အားချင်းပိုသုံးရပါတယ်။ဒီကွင်းကလည်းတရာသီလုံးမှာလာကစားရအခက်ဆုံးနေရာတွေထဲကတခုဖြစ်လို့
cleansheet ရခဲ့တာတကယ်အရေးပါပါတယ်။

ဒါပေမယ့် တိုက်စစ်ပိုင်းမှာတော့ သူတို့က နေရာလွတ် သိပ်မပေးခဲ့ လို့ အခွင့်အရေးတွေဖန်တီးရခက်ခဲခဲ့ပါတယ်။၃မှတ်ပြည့်လိုချင်ခဲ့တာဖြစ်လို့ အခုရမှတ်တမှတ်ဆိုတာမများပါဘူး။အခုပွဲကခံစစ်ကတော့ကျွန်တော်တို့ကြိုးစားလုပ်ဆောင်နေခဲ့တဲ့အရာတခုဖြစ်ပါတယ်။အရာရာတိုးတက်မှုရှိခဲ့လို့ ကျေနပ်စရာစွမ်းဆောင်ရည်ဖြစ်ခဲ့တယ် ထင်ပါတယ် ” လို့ပြောသွားခဲ့ပါတယ်။

SPORTS MYANMAR