ခ်ယ္လ္ဆီး အသင္း ရဲ႕ တိုက္စစ္မွဴး အိုလီဗီယာ ဂ်ရူး ဟာ ယခုႏွစ္ ေဘာလံုး ရာသီ မွာ ခ်ယ္လ္ဆီး အသင္း နည္းျပ ဆာရီ ရဲ႕ ဒုတိယ ဦးစားေပး တိုက္စစ္မွဴး အေနနဲ႕သာ ပါဝင္ ပြဲထြက္ ေနရျပီး အသင္း ရဲ႕ ရႈံးထြက္ ဖလား ပြဲစဥ္ ေတြနဲ႕ ယူရိုပါလိဂ္ ပြဲစဥ္ ေတြမွာသာ အဓိက ကစားသမား အေနနဲ႔ ပါဝင္ခြင့္ ရေနခဲ့ ပါတယ္ ။

ယေန႕ည မွာလည္း ခ်ယ္လ္ဆီး အသင္း ဟာ စတမ္းဖို႕ဒ္ ဘရစ္ခ်္ ကြင္းၾကီး မွာ ယူရိုပါလိဂ္ ကြာတားဖိုင္နယ္ ဒုတိယအေက်ာ့ ပြဲစဥ္ အျဖစ္ ဆလားဗီးယား ပရဂ္ နဲ႕ ယွဥ္ျပိဳင္ ကစား ရမွာ ျဖစ္တဲ့ အတြက္ တုိက္စစ္မွဴး ဂ်ရူး ဟာ ပြဲထြက္ခြင့္ ရရွိလာဖို႕ ရွိေနပါတယ္ ။ ဂ်ရူး ဟာ ဒီရာသီ ယူရိုပါလိဂ္ ရဲ႕ ဂိုး အမ်ားဆံုး သြင္းယူ ထားေပးသူ ျဖစ္ျပီး စုစုေပါင္း သြင္းဂိုး ၉ဂိုး အထိ ရရွိ ထားျပီး ျဖစ္ပါတယ္ ။

ဂ်ရူး ဟာ ဒီရာသီကုန္ မွာ ခ်ယ္လ္ဆီး အသင္း နဲ႕ စာခ်ဳပ္ သက္တမ္း ကုန္ဆံုး ေတာ့မွာ ျဖစ္ေပမယ့္ ခ်ယ္လ္ဆီး မွ ကမ္းလွမ္း လာမယ့္ စာခ်ဳပ္သစ္ ကို ေစာင့္ေမွ်ာ္ ေနဆဲ ျဖစ္ပါတယ္ ။ သို႕ေပမယ့္ လည္း ပံုမွန္ ပြဲထြက္ခြင့္သာ အလိုရွိေနတဲ့ ၄င္း အတြက္ ခ်ယ္လ္ဆီး အသင္း မွာ ေနရာ ရဖိို႕ မလြယ္ကူ ေနတာေၾကာင့္ ဥေရာပ မွ ထိပ္သီး ကလပ္ တခ်ိဳ႕ ရဲ႕ ကမ္းလွမ္းမႈ ေတြကို လက္ခံ စဥ္းစား ေပးဖြယ္ ရွိေနပါတယ္ ။

မေန႕က ပြဲၾကိဳ သတင္းစာ ရွင္းလင္းပြဲ မွာေတာ့ ဂ်ရူး က သူ႕ အေနနဲ႕ အနာဂတ္ နဲ႕ ပတ္သက္ျပီး ခ်ယ္လ္ဆီး အသင္း အေပၚ ဦးစားေပး စဥ္းစား ေပးသြားဖို႕ ရွိေနေပမယ့္ လည္း ပံုမွန္ ပြဲထြက္ခြင့္ တခု ကိုေတာ့ အလိုရွိေနဆဲ ျဖစ္ေၾကာင္း ၊ အျခား ကလပ္ အသင္း ေတြဆီက ကမ္းလွမ္းမႈ ေတြကို ရရွိ ထားခဲ့ေပမယ့္ ေလာေလာဆယ္ မွာ ခ်ယ္လ္ဆီး နဲ႕ အတူ ေအာင္ျမင္မႈ ရဖို႕ အတြက္ပဲ အာရုံစိုက္ ထားေၾကာင္း ေျပာၾကား ခဲ့ပါတယ္ ။

ဂ်ရူး က ” ကြ်န္ေတာ္ ဟာ တကယ္ပဲ ဒီထက္ ပြဲေတြ ပိုျပီး ကစားသြားခ်င္ ပါတယ္ ။ ဒုတိယ ဦးစားေပး အေနနဲ႕ ကစားရတာ ဘယ္လိုမွ မေပ်ာ္ရႊင္ပါဘူး ။ ဒါေၾကာင့္မို႕ လာမယ့္ ေဘာလံုး ရာသီ မွာ ပိုျပီး အေရးပါ တဲ့ ေနရာ က ပါဝင္ ကစားလိုတဲ့ အေၾကာင္း ထုတ္ေဖာ္ ေျပာဆို ခဲ့တာပါ ။ ကြ်န္ေတာ့ ကို ကမ္းလွမ္း တဲ့ တျခား ကလပ္ ေတြ ရွိပါတယ္ ။ ဘယ္သူ ၊ ဘယ္ အသင္း ေတြလဲ ဆိုတာေတာ့ အက်ယ္တဝင့္ ေျပာမေနေတာ့ပါဘူး ။ ”

” ကြ်န္ေတာ့ ရဲ႕ ပထမ ဦးစားေပး က ခ်ယ္လ္ဆီး အသင္း ျဖစ္ပါတယ္ ။ ကြ်န္ေတာ္ ဒီမွာ ရရွိခဲ့တဲ့ မွတ္တမ္း ေတြနဲ႕ ေအာင္ျမင္မႈ ေတြေၾကာင့္ ကြ်န္ေတာ့ ကို ဘာေၾကာင့္ စာခ်ဳပ္ ေနာက္ထပ္ တႏွစ္ မကမ္းလွမ္း ႏိုင္ရမွာလဲ ? ဒါ့အျပင္ ကြ်န္ေတာ္ ဟာ ဒီအသင္း မွာ ဆက္ျပီး ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ကစားသြားခ်င္ ပါတယ္ ။ ကြ်န္ေတာ့ အတြက္ အေရးၾကီးဆံုး အရာ က ပြဲထြက္ ကစား ရတဲ့ အခ်ိန္မွာ စိတ္ေက်နပ္မႈ ရရွိေနဖို႕ ပါပဲ ။ ”

” ေနာက္ျပီး လူစားဝင္ ကစားခြင့္ ရတဲ့ အခါမွာလည္း မိနစ္ မ်ားမ်ား ပို ကစားရဖို႕ လိုပါတယ္ ။ ကြ်န္ေတာ္ ဟာ ျပိဳင္ဆိုင္မႈ ကို လိုလားတဲ့သူပါ ။ ကြ်န္ေတာ္ ေျပာတာကို ယံုပါ ။ ကြ်န္ေတာ္ ပြဲထြက္ခြင့္ မရတဲ့ အခါ ကစားခြင့္ မရတဲ့ အခါ အရမ္း စိတ္ပ်က္ မိပါတယ္ ။ ဒါေပမယ့္ ဒီလို စိတ္ပ်က္ ေနတဲ့ ပံုစံ ေတြကို ဘယ္ေသာ အခါမွ ကြ်န္ေတာ္ ေဖာ္ျပ ေလ့ မရွိပါဘူး ။ ”

” ခင္ဗ်ား ဟာ ပြဲထြက္ခြင့္ အတြက္ ျပိဳင္ဆိုင္ ခ်င္တဲ့ သူ တေယာက္ ျဖစ္မယ္ ဆိုရင္ အခက္အခဲ ေတြ ကို တႏွစ္ပတ္လံုး ရင္ဆိုင္ ရႏိုင္သလို စိတ္ပ်က္ျခင္း ေတြကိုလည္း မ်ိဳသိပ္ ႏိုင္ရပါမယ္ ။ ျပီးေတာ့ ရလာတဲ့ အခြင့္အေရး ေတြမွာ အေကာင္းဆံုး ေျခစြမ္းျပသ သြားဖို႕လည္း လိုပါတယ္ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

SPORTS MYANMAR

Unicode

ချယ်လ်ဆီး မှာ ဆက်နေဖို့က အဓိက ဖြစ်ပေမယ့် ပွဲထွက်ခွင့် အတွက် သတိပေး ပြောဆို လိုက်တဲ့ #ဂျရူး

ချယ်လ်ဆီး အသင်း ရဲ့ တိုက်စစ်မှူး အိုလီဗီယာ ဂျရူး ဟာ ယခုနှစ် ဘောလုံး ရာသီ မှာ ချယ်လ်ဆီး အသင်း နည်းပြ ဆာရီ ရဲ့ ဒုတိယ ဦးစားပေး တိုက်စစ်မှူး အနေနဲ့သာ ပါဝင် ပွဲထွက် နေရပြီး အသင်း ရဲ့ ရှုံးထွက် ဖလား ပွဲစဉ် တွေနဲ့ ယူရိုပါလိဂ် ပွဲစဉ် တွေမှာသာ အဓိက ကစားသမား အနေနဲ့ ပါဝင်ခွင့် ရနေခဲ့ ပါတယ် ။

ယနေ့ည မှာလည်း ချယ်လ်ဆီး အသင်း ဟာ စတမ်းဖို့ဒ် ဘရစ်ချ် ကွင်းကြီး မှာ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ် အဖြစ် ဆလားဗီးယား ပရဂ် နဲ့ ယှဉ်ပြိုင် ကစား ရမှာ ဖြစ်တဲ့ အတွက် တိုက်စစ်မှူး ဂျရူး ဟာ ပွဲထွက်ခွင့် ရရှိလာဖို့ ရှိနေပါတယ် ။ ဂျရူး ဟာ ဒီရာသီ ယူရိုပါလိဂ် ရဲ့ ဂိုး အများဆုံး သွင်းယူ ထားပေးသူ ဖြစ်ပြီး စုစုပေါင်း သွင်းဂိုး ၉ဂိုး အထိ ရရှိ ထားပြီး ဖြစ်ပါတယ် ။

ဂျရူး ဟာ ဒီရာသီကုန် မှာ ချယ်လ်ဆီး အသင်း နဲ့ စာချုပ် သက်တမ်း ကုန်ဆုံး တော့မှာ ဖြစ်ပေမယ့် ချယ်လ်ဆီး မှ ကမ်းလှမ်း လာမယ့် စာချုပ်သစ် ကို စောင့်မျှော် နေဆဲ ဖြစ်ပါတယ် ။ သို့ပေမယ့် လည်း ပုံမှန် ပွဲထွက်ခွင့်သာ အလိုရှိနေတဲ့ ၄င်း အတွက် ချယ်လ်ဆီး အသင်း မှာ နေရာ ရဖိို့ မလွယ်ကူ နေတာကြောင့် ဥရောပ မှ ထိပ်သီး ကလပ် တချို့ ရဲ့ ကမ်းလှမ်းမှု တွေကို လက်ခံ စဉ်းစား ပေးဖွယ် ရှိနေပါတယ် ။

မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲ မှာတော့ ဂျရူး က သူ့ အနေနဲ့ အနာဂတ် နဲ့ ပတ်သက်ပြီး ချယ်လ်ဆီး အသင်း အပေါ် ဦးစားပေး စဉ်းစား ပေးသွားဖို့ ရှိနေပေမယ့် လည်း ပုံမှန် ပွဲထွက်ခွင့် တခု ကိုတော့ အလိုရှိနေဆဲ ဖြစ်ကြောင်း ၊ အခြား ကလပ် အသင်း တွေဆီက ကမ်းလှမ်းမှု တွေကို ရရှိ ထားခဲ့ပေမယ့် လောလောဆယ် မှာ ချယ်လ်ဆီး နဲ့ အတူ အောင်မြင်မှု ရဖို့ အတွက်ပဲ အာရုံစိုက် ထားကြောင်း ပြောကြား ခဲ့ပါတယ် ။

ဂျရူး က ” ကျွန်တော် ဟာ တကယ်ပဲ ဒီထက် ပွဲတွေ ပိုပြီး ကစားသွားချင် ပါတယ် ။ ဒုတိယ ဦးစားပေး အနေနဲ့ ကစားရတာ ဘယ်လိုမှ မပျော်ရွှင်ပါဘူး ။ ဒါကြောင့်မို့ လာမယ့် ဘောလုံး ရာသီ မှာ ပိုပြီး အရေးပါ တဲ့ နေရာ က ပါဝင် ကစားလိုတဲ့ အကြောင်း ထုတ်ဖော် ပြောဆို ခဲ့တာပါ ။ ကျွန်တော့ ကို ကမ်းလှမ်း တဲ့ တခြား ကလပ် တွေ ရှိပါတယ် ။ ဘယ်သူ ၊ ဘယ် အသင်း တွေလဲ ဆိုတာတော့ အကျယ်တဝင့် ပြောမနေတော့ပါဘူး ။ ”

” ကျွန်တော့ ရဲ့ ပထမ ဦးစားပေး က ချယ်လ်ဆီး အသင်း ဖြစ်ပါတယ် ။ ကျွန်တော် ဒီမှာ ရရှိခဲ့တဲ့ မှတ်တမ်း တွေနဲ့ အောင်မြင်မှု တွေကြောင့် ကျွန်တော့ ကို ဘာကြောင့် စာချုပ် နောက်ထပ် တနှစ် မကမ်းလှမ်း နိုင်ရမှာလဲ ? ဒါ့အပြင် ကျွန်တော် ဟာ ဒီအသင်း မှာ ဆက်ပြီး ပျော်ပျော်ရွှင်ရွှင် ကစားသွားချင် ပါတယ် ။ ကျွန်တော့ အတွက် အရေးကြီးဆုံး အရာ က ပွဲထွက် ကစား ရတဲ့ အချိန်မှာ စိတ်ကျေနပ်မှု ရရှိနေဖို့ ပါပဲ ။ ”

” နောက်ပြီး လူစားဝင် ကစားခွင့် ရတဲ့ အခါမှာလည်း မိနစ် များများ ပို ကစားရဖို့ လိုပါတယ် ။ ကျွန်တော် ဟာ ပြိုင်ဆိုင်မှု ကို လိုလားတဲ့သူပါ ။ ကျွန်တော် ပြောတာကို ယုံပါ ။ ကျွန်တော် ပွဲထွက်ခွင့် မရတဲ့ အခါ ကစားခွင့် မရတဲ့ အခါ အရမ်း စိတ်ပျက် မိပါတယ် ။ ဒါပေမယ့် ဒီလို စိတ်ပျက် နေတဲ့ ပုံစံ တွေကို ဘယ်သော အခါမှ ကျွန်တော် ဖော်ပြ လေ့ မရှိပါဘူး ။ ”

” ခင်ဗျား ဟာ ပွဲထွက်ခွင့် အတွက် ပြိုင်ဆိုင် ချင်တဲ့ သူ တယောက် ဖြစ်မယ် ဆိုရင် အခက်အခဲ တွေ ကို တနှစ်ပတ်လုံး ရင်ဆိုင် ရနိုင်သလို စိတ်ပျက်ခြင်း တွေကိုလည်း မျိုသိပ် နိုင်ရပါမယ် ။ ပြီးတော့ ရလာတဲ့ အခွင့်အရေး တွေမှာ အကောင်းဆုံး ခြေစွမ်းပြသ သွားဖို့လည်း လိုပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR