Solskjaer

မန္ခ်က္စတာ ယူနုိက္တက္ အသင္း ရဲ့ နည္းျပ ျဖစ္သူ အိုလီ ဂန္နား ဆုိးလ္ရွား က လူငယ္ ကစားသမား ေတြ အေန နဲ့ သူတုိ့ ရဲ့ အရည္အေသြး အေပၚ သူတုိ႔ ကိုယ္တုိင္ ယံုၾကည္ မွဳ အျပည့္ အဝ ထားရွိ ျခင္းက ေရွ့ဆက္ ဖုိ့ အေကာင္းဆံုး ျဖစ္ေစ နုိင္ လိမ့္မယ္ လို့ ထုတ္ေဖာ္ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

ျပီးခဲ့တဲ့ ပြဲစဥ္ တုန္းက ယူနုိက္တက္ တုိ႔ ေရာ့ခ်္ေဒလ္ ကို ပင္နယ္တီ အဆံုး အျဖတ္ နဲ့ အနုိင္ ရရွိ ခဲ့တဲ့ ပြဲစဥ္ တုန္းက လူငယ္ ကစားသမား ေလး တြမ္ဇီဘီ ဟာ အသင္း ေခါင္းေဆာင္ အျဖစ္ ပါဝင္ ကစား ခြင့္ ရရွိ ထားခဲ့ သလို အသက္ 19 နွစိ အရြယ္ လူငယ္ ကစားသမား ေလး ဘရန္ဒန္ ဝီလီယံ ကလည္း စီနီယာ ကစားသမား ဘဝ ပထမဆံုး ပြဲစဥ္ ကို ကစား ခဲ့ရ ပါတယ္ ။

လက္ရွိ အခ်ိန္ မွာ မန္ခ်က္စတာ ယူနုိက္တက္ အသင္း ရဲ့ ရလဒ္ ေတြ ဆက္တုိက္ ဆုိးရြား ေနခဲ့ သလို အဓိက ကစားသမား ေတြလည္း ဒဏ္ရာ ျပသနာ ေၾကာင့္ ပြဲ ကစား ခြင့္ေတြ ဆံုးရွံဳး ေနၾက ရ ေပမယ့္ ဆုိးလ္ရွား ကေတာ့ အသင္း အတြက္ အေပါင္း လကၡဏာ ေဆာင္တဲ့ အရာ ေတြ ရွိေန ေၾကာင္း ထုတ္ေဖာ္ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

” က်ြန္ေတာ့္ စကား နဲ့ ေျပာရရင္ လား ? က်ြန္ေတာ့္ အတြက္ ကေတာ့ ဒါဟာ ဆက္လက္ တုိးတက္ ေနတဲ့ အသင္း တစ္သင္း ပါပဲ ။ ဒါဟာ လူငယ္ ကစားသမား ေတြနဲ့ စုဖြဲ့ ထားတဲ့ အသင္း တစ္သင္း ျဖစ္သလို အသင္း ရဲ့ ယဥ္ေက်းမွဳ အေမြအနွစ္ ေတြကို လည္း ဒီမွာ ျမင္ေတြ့ ေနရ ပါတယ္ ”

” က်ြန္ေတာ္ ဟာ အသင္း ရဲ့ ေလ့က်င့္ေရး ကြင္းမွာ သူတုိ႔ ေတြကို ေန့တုိင္း လိုလို ျမင္ေတြ့ ေနရ ပါတယ္ ။ က်ြန္ေတာ္ တုိ႔မွာ ကိုယ္ရည္ ကိုယ္ေသြး ၊ အလုပ္ လုပ္အား နဲ့ ရည္မွန္းခ်က္ ပိုင္း ဆုိင္ရာ ေတြမွာ ဘယ္လို ျပသနာ မ်ိဳးမွ ရွိ မေန ပါဘူး ။ က်ြန္ေတာ့္ တုိ့ အေပၚ ယံုၾကည္မွဳ ရွိၾက ရဲ့လား ဆုိတာ ေမးခြန္း တစ္ခု လား ? က်ြန္ေတာ္ တုိ့ အစုအဖြဲ့ တစ္ခု ရွာနုိင္ မလား ? ”

” ခင္ဗ်ား တုိ့ အက္စ္တာနာ နဲ့ ေရာ့ခ်္ေဒလ္ ပြဲစဥ္ ေတြကို ၾကည့္ရွဳ နုိင္ ပါတယ္ ။ ေကာင္ေလး ေတြက အထင္ ၾကီးမွဳ ေတြကို ရယူ နုိင္ဖုိ႔ ၾကိဳးစား ေနခဲ့ ၾက ပါတယ္ ။ အဲ့ဒီ အခ်ိန္ မွာ အဆံုးသတ္ ပိုင္း ဆုိင္ရာ လုိအပ္ခ်က္ ေတြ ရွိေန ခဲ့ ပါတယ္ ။ ဒါေပမယ့္ သူတုိ့ ဆက္လက္ ၾကိဳးပမ္း ေနဆဲ ပါပဲ ” လို့ ဆုိးလ္ရွား က ထုတ္ေဖာ္ ေျပာၾကား သြားခဲ့ ပါတယ္ ။

ျပီးခဲ့တဲ့ တစ္ပါတ္ က ဝက္စ္ဟမ္း အသင္း ကို 2 – 0 နဲ့ ရွံဳးနိမ့္ ထား ခဲ့တဲ့ မန္ခ်က္စတာ ယူနုိက္တက္ အသင္း ဟာ ဒီ တစ္ပါတ္ အိုးလ္ ထရပ္ဖုိ႔ဒ္ မွာ ျပိဳင္ဖက္ ေကာင္း အာဆင္နယ္ အသင္း ကို ဧည့္ခံ ကစား သြား ရဖုိ႔ ရွိေန ပါတယ္ ။

အဲ့တာေၾကာင့္ လက္ရွိ အခ်ိန္ မွာ ယူနုိက္တက္ ဟာ အမွတ္ေပး ဇယား အဆင့္ 8 ေနရာ မွာ ရပ္တည္ ေနခဲ့ ရ ေပမယ့္ ဆုိးလ္ရွား ကေတာ့ ျပင္ပ မွာ ျဖစ္ေပၚ ေနတဲ့ ေဝဖန္ မွဳ ေတြကို သိပ္ျပီး အာရံုထဲ မထား ပဲ ရွိေန ခဲ့ ပါတယ္ ။

” က်ြန္ေတာ္ တုိ့ အားလံုး ကေတာ့ ေရွ့ဆက္ ဘာေတြ လုပ္ေဆာင္ ရ မလဲ ဆုိတဲ့ အေပၚ ပဲ အာရံု စိုက္ေန ၾကျပီး ဆက္လက္ တိုးတက္ ေကာင္းမြန္ လာဖုိ့ အတြက္ ပဲ အားထုတ္ ၾကိဳးပမ္း ေနၾက ပါတယ္ ။ ဒါဟာ က်ြန္ေတာ္ တုိ့ အတြက္ အျမဲ တူညီ တဲ့ အရာ တစ္ခု ျဖစ္ေန မွာပါ ”

” က်ြန္ေတာ္ ကစားသမား တစ္ဦး အျဖစ္ ရွိေန ခဲ့စဥ္ တုန္းက အသင္း ဟာ အေျခ အေန ေကာင္းမြန္ ခဲ့တဲ့ အခ်ိန္ မွာလည္း မန္ခ်က္စတာ ယူနုိက္တက္ အသင္း ဟာ သတင္း ေတြရဲ့ ေခါင္းၾကီး ပိုင္းမွာ အျမဲ ပါဝင္ ခဲ့ရ ပါတယ္ ။ က်ြန္ေတာ္ တုိ႔ ေတြက ေတာ့ အဲ့ဒီ ေနရာ မွာပဲ ဆက္လက္ ရွိေန ခ်င္ၾက ပါတယ္ ” လို့ ဆိုးလ္ရွား က အဆံုးသတ္ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

#Sports_Myanmar

Unicode

အာဆင်နယ်နဲ့ ပွဲစဉ် မတိုင်မီ လူငယ် ကစားသမား တွေနဲ့ ပတ်သက်လို့ ဘယ်လို အနေအထားတွေ ရှိနေလဲဆိုတာ ပြောကြား သွားတဲ့ #ဆိုးလ်ရှား

==============

မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ နည်းပြ ဖြစ်သူ အိုလီ ဂန်နား ဆိုးလ်ရှား က လူငယ် ကစားသမား တွေ အနေ နဲ့ သူတို့ ရဲ့ အရည်အသွေး အပေါ် သူတို့ ကိုယ်တိုင် ယုံကြည် မှု အပြည့် အဝ ထားရှိ ခြင်းက ရှေ့ဆက် ဖို့ အကောင်းဆုံး ဖြစ်စေ နိုင် လိမ့်မယ် လို့ ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ပြီးခဲ့တဲ့ ပွဲစဉ် တုန်းက ယူနိုက်တက် တို့ ရော့ချ်ဒေလ် ကို ပင်နယ်တီ အဆုံး အဖြတ် နဲ့ အနိုင် ရရှိ ခဲ့တဲ့ ပွဲစဉ် တုန်းက လူငယ် ကစားသမား လေး တွမ်ဇီဘီ ဟာ အသင်း ခေါင်းဆောင် အဖြစ် ပါဝင် ကစား ခွင့် ရရှိ ထားခဲ့ သလို အသက် 19 နှစိ အရွယ် လူငယ် ကစားသမား လေး ဘရန်ဒန် ဝီလီယံ ကလည်း စီနီယာ ကစားသမား ဘဝ ပထမဆုံး ပွဲစဉ် ကို ကစား ခဲ့ရ ပါတယ် ။

လက်ရှိ အချိန် မှာ မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ရလဒ် တွေ ဆက်တိုက် ဆိုးရွား နေခဲ့ သလို အဓိက ကစားသမား တွေလည်း ဒဏ်ရာ ပြသနာ ကြောင့် ပွဲ ကစား ခွင့်တွေ ဆုံးရှုံး နေကြ ရ ပေမယ့် ဆိုးလ်ရှား ကတော့ အသင်း အတွက် အပေါင်း လက္ခဏာ ဆောင်တဲ့ အရာ တွေ ရှိနေ ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” ကျွန်တော့် စကား နဲ့ ပြောရရင် လား ? ကျွန်တော့် အတွက် ကတော့ ဒါဟာ ဆက်လက် တိုးတက် နေတဲ့ အသင်း တစ်သင်း ပါပဲ ။ ဒါဟာ လူငယ် ကစားသမား တွေနဲ့ စုဖွဲ့ ထားတဲ့ အသင်း တစ်သင်း ဖြစ်သလို အသင်း ရဲ့ ယဉ်ကျေးမှု အမွေအနှစ် တွေကို လည်း ဒီမှာ မြင်တွေ့ နေရ ပါတယ် ”

” ကျွန်တော် ဟာ အသင်း ရဲ့ လေ့ကျင့်ရေး ကွင်းမှာ သူတို့ တွေကို နေ့တိုင်း လိုလို မြင်တွေ့ နေရ ပါတယ် ။ ကျွန်တော် တို့မှာ ကိုယ်ရည် ကိုယ်သွေး ၊ အလုပ် လုပ်အား နဲ့ ရည်မှန်းချက် ပိုင်း ဆိုင်ရာ တွေမှာ ဘယ်လို ပြသနာ မျိုးမှ ရှိ မနေ ပါဘူး ။ ကျွန်တော့် တို့ အပေါ် ယုံကြည်မှု ရှိကြ ရဲ့လား ဆိုတာ မေးခွန်း တစ်ခု လား ? ကျွန်တော် တို့ အစုအဖွဲ့ တစ်ခု ရှာနိုင် မလား ? ”

” ခင်ဗျား တို့ အက်စ်တာနာ နဲ့ ရော့ချ်ဒေလ် ပွဲစဉ် တွေကို ကြည့်ရှု နိုင် ပါတယ် ။ ကောင်လေး တွေက အထင် ကြီးမှု တွေကို ရယူ နိုင်ဖို့ ကြိုးစား နေခဲ့ ကြ ပါတယ် ။ အဲ့ဒီ အချိန် မှာ အဆုံးသတ် ပိုင်း ဆိုင်ရာ လိုအပ်ချက် တွေ ရှိနေ ခဲ့ ပါတယ် ။ ဒါပေမယ့် သူတို့ ဆက်လက် ကြိုးပမ်း နေဆဲ ပါပဲ ” လို့ ဆိုးလ်ရှား က ထုတ်ဖော် ပြောကြား သွားခဲ့ ပါတယ် ။

ပြီးခဲ့တဲ့ တစ်ပါတ် က ဝက်စ်ဟမ်း အသင်း ကို 2 – 0 နဲ့ ရှံုးနိမ့် ထား ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ဒီ တစ်ပါတ် အိုးလ် ထရပ်ဖို့ဒ် မှာ ပြိုင်ဖက် ကောင်း အာဆင်နယ် အသင်း ကို ဧည့်ခံ ကစား သွား ရဖို့ ရှိနေ ပါတယ် ။

အဲ့တာကြောင့် လက်ရှိ အချိန် မှာ ယူနိုက်တက် ဟာ အမှတ်ပေး ဇယား အဆင့် 8 နေရာ မှာ ရပ်တည် နေခဲ့ ရ ပေမယ့် ဆိုးလ်ရှား ကတော့ ပြင်ပ မှာ ဖြစ်ပေါ် နေတဲ့ ဝေဖန် မှု တွေကို သိပ်ပြီး အာရုံထဲ မထား ပဲ ရှိနေ ခဲ့ ပါတယ် ။

” ကျွန်တော် တို့ အားလုံး ကတော့ ရှေ့ဆက် ဘာတွေ လုပ်ဆောင် ရ မလဲ ဆိုတဲ့ အပေါ် ပဲ အာရုံ စိုက်နေ ကြပြီး ဆက်လက် တိုးတက် ကောင်းမွန် လာဖို့ အတွက် ပဲ အားထုတ် ကြိုးပမ်း နေကြ ပါတယ် ။ ဒါဟာ ကျွန်တော် တို့ အတွက် အမြဲ တူညီ တဲ့ အရာ တစ်ခု ဖြစ်နေ မှာပါ ”

” ကျွန်တော် ကစားသမား တစ်ဦး အဖြစ် ရှိနေ ခဲ့စဉ် တုန်းက အသင်း ဟာ အခြေ အနေ ကောင်းမွန် ခဲ့တဲ့ အချိန် မှာလည်း မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ သတင်း တွေရဲ့ ခေါင်းကြီး ပိုင်းမှာ အမြဲ ပါဝင် ခဲ့ရ ပါတယ် ။ ကျွန်တော် တို့ တွေက တော့ အဲ့ဒီ နေရာ မှာပဲ ဆက်လက် ရှိနေ ချင်ကြ ပါတယ် ” လို့ ဆိုးလ်ရှား က အဆုံးသတ် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar