အာဆင္နယ္ အသင္း နည္းၿပ အူနိုင္း အမ္မရီ က ေရာဘ့္ဟိုးလ္ဒင္း ျပန္ ကစား ​နိုင္တာေၾကာင့္ ခံစစ္ပိုင္း အမွားမ်ားေနမွုကို အဆုံးသတ္ နိုင္လိမ့္မယ္လို႔ ေမၽွာ္လင့္ေၾကာင္း ေျပာၾကား သြားခဲ့ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာလတုန္း က ကစားခဲ့တဲ့ မန္ခ်က္စတာ ယူနိုက္တက္ အသင္း နဲ႔ ပြဲမွာ ရက္ရွ္ဖိုဒ့္ ရဲ့ ဖ်က္ထုတ္မွုေၾကာင့္ ဘယ္ဘက္ ဒူးအရြတ္ စုတ္ျပဲ ဒဏ္ရာ ရရွိသြားၿပီး ကာလရွည္ၾကာ အနားယူခဲ့ရဟိုးလ္ဒင္း ဟာ ေနာ္တင္ဟမ္ေဖာရက္စ္ အသင္းနဲ႔ပြဲမွာ ပထမဆုံး အႀကိမ္ ျပန္လည္ ပြဲထြက္ ကစားခြင့္ခဲ့ၿပီး စြမ္းေဆာင္ရည္ေကာင္းေတြ ျပသနိုင္သလို ဂိုးတစ္ဂိုးလည္း သြင္းယူ နိုင္ခဲ့ပါတယ္ ။

အာဆင္နယ္ အသင္း ပရိသတ္ေတြဟာ ၿပီးခဲ့တဲ့ တစ္ပတ္ကမွ အသက္ ၂၄ ႏွစ္ ျပည့္ထားတဲ့ ဟိုးလ္ဒင္း ကို အသင္းေခါင္းေဆာင္ ငါးဦး စာရင္းမွာ ပါဝင္ဖို႔ ေမၽွာ္မွန္း ထားၾကေပမယ့္ အံ့အားသင့္ဖြယ္ ပါဝင္လာျခင္း မရွိပါဘူး ။

နည္းၿပ အူနိုင္း အမ္မရီကေတာ့ မန္ယူနိုက္တက္ နဲ႔ ပြဲႀကိဳ သတင္းစာ ရွင္းလင္းပြဲမွာ ဟိုးလ္ဒင္း ျပန္ကစားနိုင္တာဟာ အာဆင္နယ္ အသင္း ေနာက္တန္းအတြက္ သတင္းေကာင္းတစ္ရပ္ ျဖစ္ေၾကာင္း ေျပာၾကား သြားခဲ့ပါတယ္ ။

အမ္မရီ က ” သူ(ဟိုးလ္ဒင္း) အိုးထရက္ဖိုဒ့္မွာ ဒဏ္ရာရသြားတုန္းက အေကာင္းဆုံး ပုံစံ အေနအထားကို ေရာက္ေနတဲ့ အခ်ိန္ပါ ။ ေနာက္ေတာ့ ဒဏ္ရာကေန ျပန္လည္ သက္သာလာဖို႔ ကိုးလေလာက္ အခ်ိန္ျပန္ယူ ခဲ့ရပါတယ္ ၊ ပထမဆုံး အေနနဲ႔ ႀကံ့ခိုင္မွု နဲ႔ ယုံၾကည္မွု ျပန္ရဖို႔ လုပ္ေဆာင္ ရပါမယ္ ။ ”

” ေလ့က်င့္ခန္း စဆင္းၿပီး အသင္းနဲ႔ ကစား ကတည္းက သူ႔ရဲ့ ေျခစြမ္းပိုင္းက အမ်ားႀကီး တိုးတက္ လာပါတယ္ ။ အဂၤါေန႔က သူကစားတာကို ၾကည့္ၿပီး ” ဝိုး ၊ ေရာဘ့္ဟိုးလ္ဒင္း ျပန္လာၿပီပဲ ။ ” ေတြးမိခဲ့ပါတယ္ ။ တနလၤာေန႔ပြဲမွာ သူ ပြဲထြက္ကစားနိုင္မွာလားဆိုတာ ေသခ်ာေပါက္ ေျပာလို႔ မရေသးပါဘူး ။ ”

” ဒါေပမယ့္ အဲ့ပြဲမွာ နိုင္လိုစိတ္ ျပင္းျပၿပီး ႀကိဳးစား အားထုတ္မွု အျပည့္နဲ႔ ကစားတတ္တဲ့ သူလို ကစားသမားမ်ိဳးကို ကစားေစခ်င္ပါတယ္ ။ အဝတ္လဲခန္း အတြင္းမွာ သူ႔လို ကစားသမားမ်ိဳးကို အလို ရွိပါတယ္ ” လို႔ ေျပာၾကား သြားခဲ့ပါတယ္


ၿပီးခဲ့တဲ့ တစ္ပတ္ကမွ အသက္ ၂၄ ႏွစ္ ျပည့္ထားတဲ့ဟိုးလ္ဒင္း ဟာ ဒဏ္ရာ မရခင္တုန္းက ေနာက္တန္း မွာ ဆိုကရက္တစ္ နဲ႔ အတြဲညီညီ ေျခစြမ္းၿပ ကစားနိုင္ခဲ့ၿပီး ၿပီးခဲ့တဲ့ ရာသီအစ အာဆင္နယ္ အသင္း ၂၂ ပြဲ ဆက္ ရွုံး ပြဲ မ ရွိ ခဲ့ တဲ့ အ ခ်ိန္ တုန္း က အား ကိုး ခဲ့ ရ သူ လည္း ျဖစ္ ပါ တယ္ ။

ၿပီးခဲ့တဲ့ ရာသီတုန္းက ဟိုလ္းဒင္း ပါဝင္ ကစားတဲ့ပြဲေတြမွာ အာဆင္နယ္ အသင္းဟာ ရွုံးပြဲ လုံးဝ မရွိခဲ့ဘဲ သူ႔ရဲ့ ေျခစြမ္းပိုင္း ဟာလည္း အေကာင္းဆုံး အေနအထားကို ေရာက္ရွိ ခဲ့ပါတယ္ ။ ဟိုးလ္ဒင္း ဒဏ္ရာ ရသြားတဲ့ အခ်ိန္မွာေတာ့ အာဆင္နယ္ အသင္းဟာ ရလဒ္ပိုင္း ယိမ္းယိုင္သြားခဲ့ၿပီး ရာသီကုန္ခါနီးမွာလည္း ေနာက္တန္း အမွားေတြေၾကာင့္ ရသင့္တဲ့ အမွတ္ေတြ ဆုံးရွုံး ခဲ့ရပါတယ္ ။

ဟိုးလ္ဒင္းဟာ မေန႔ညက ကစားခဲ့တဲ့ အာဆင္နယ္ ယူ-၂၃ နဲ႔ လီဗာပူး ယူ-၂၃ အသင္းပြဲမွာ ပါဝင္ ကစားခဲ့ျခင္း မရွိတာေၾကာင့္ ယူနိုက္တက္ အသင္း နဲ႔ ပြဲမွာ ပြဲထြက္ပါဝင္ လာဖြယ္ ရွိေနပါတယ္ ။

SPORTS MYANMAR

Unicode

အာဆင်နယ် အသင်း ရဲ့နောက်တန်း ပြဿနာကို ဖြေရှင်းပေးနိုင်မယ့် ကစားသမား တစ်ဦးနာမည်ကို ပြောကြားလိုက်တဲ့ အမ်မရီ
==================================

အာဆင်နယ် အသင်း နည်းပြ အူနိုင်း အမ်မရီ က ရောဘ့်ဟိုးလ်ဒင်း ပြန် ကစား ​နိုင်တာကြောင့် ခံစစ်ပိုင်း အမှားများနေမှုကို အဆုံးသတ် နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောကြား သွားခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်း က ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း နဲ့ ပွဲမှာ ရက်ရှ်ဖိုဒ့် ရဲ့ ဖျက်ထုတ်မှုကြောင့် ဘယ်ဘက် ဒူးအရွတ် စုတ်ပြဲ ဒဏ်ရာ ရရှိသွားပြီး ကာလရှည်ကြာ အနားယူခဲ့ရဟိုးလ်ဒင်း ဟာ နော်တင်ဟမ်ဖောရက်စ် အသင်းနဲ့ပွဲမှာ ပထမဆုံး အကြိမ် ပြန်လည် ပွဲထွက် ကစားခွင့်ခဲ့ပြီး စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်သလို ဂိုးတစ်ဂိုးလည်း သွင်းယူ နိုင်ခဲ့ပါတယ် ။

အာဆင်နယ် အသင်း ပရိသတ်တွေဟာ ပြီးခဲ့တဲ့ တစ်ပတ်ကမှ အသက် ၂၄ နှစ် ပြည့်ထားတဲ့ ဟိုးလ်ဒင်း ကို အသင်းခေါင်းဆောင် ငါးဦး စာရင်းမှာ ပါဝင်ဖို့ မျှော်မှန်း ထားကြပေမယ့် အံ့အားသင့်ဖွယ် ပါဝင်လာခြင်း မရှိပါဘူး ။

နည်းပြ အူနိုင်း အမ်မရီကတော့ မန်ယူနိုက်တက် နဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ဟိုးလ်ဒင်း ပြန်ကစားနိုင်တာဟာ အာဆင်နယ် အသင်း နောက်တန်းအတွက် သတင်းကောင်းတစ်ရပ် ဖြစ်ကြောင်း ပြောကြား သွားခဲ့ပါတယ် ။

အမ်မရီ က ” သူ(ဟိုးလ်ဒင်း) အိုးထရက်ဖိုဒ့်မှာ ဒဏ်ရာရသွားတုန်းက အကောင်းဆုံး ပုံစံ အနေအထားကို ရောက်နေတဲ့ အချိန်ပါ ။ နောက်တော့ ဒဏ်ရာကနေ ပြန်လည် သက်သာလာဖို့ ကိုးလလောက် အချိန်ပြန်ယူ ခဲ့ရပါတယ် ၊ ပထမဆုံး အနေနဲ့ ကြံ့ခိုင်မှု နဲ့ ယုံကြည်မှု ပြန်ရဖို့ လုပ်ဆောင် ရပါမယ် ။ ”

” လေ့ကျင့်ခန်း စဆင်းပြီး အသင်းနဲ့ ကစား ကတည်းက သူ့ရဲ့ ခြေစွမ်းပိုင်းက အများကြီး တိုးတက် လာပါတယ် ။ အင်္ဂါနေ့က သူကစားတာကို ကြည့်ပြီး ” ဝိုး ၊ ရောဘ့်ဟိုးလ်ဒင်း ပြန်လာပြီပဲ ။ ” တွေးမိခဲ့ပါတယ် ။ တနင်္လာနေ့ပွဲမှာ သူ ပွဲထွက်ကစားနိုင်မှာလားဆိုတာ သေချာပေါက် ပြောလို့ မရသေးပါဘူး ။ ”

” ဒါပေမယ့် အဲ့ပွဲမှာ နိုင်လိုစိတ် ပြင်းပြပြီး ကြိုးစား အားထုတ်မှု အပြည့်နဲ့ ကစားတတ်တဲ့ သူလို ကစားသမားမျိုးကို ကစားစေချင်ပါတယ် ။ အဝတ်လဲခန်း အတွင်းမှာ သူ့လို ကစားသမားမျိုးကို အလို ရှိပါတယ် ” လို့ ပြောကြား သွားခဲ့ပါတယ်

ပြီးခဲ့တဲ့ တစ်ပတ်ကမှ အသက် ၂၄ နှစ် ပြည့်ထားတဲ့ဟိုးလ်ဒင်း ဟာ ဒဏ်ရာ မရခင်တုန်းက နောက်တန်း မှာ ဆိုကရက်တစ် နဲ့ အတွဲညီညီ ခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ ရာသီအစ အာဆင်နယ် အသင်း ၂၂ ပွဲ ဆက် ရှုံး ပွဲ မ ရှိ ခဲ့ တဲ့ အ ချိန် တုန်း က အား ကိုး ခဲ့ ရ သူ လည်း ဖြစ် ပါ တယ် ။

ပြီးခဲ့တဲ့ ရာသီတုန်းက ဟိုလ်းဒင်း ပါဝင် ကစားတဲ့ပွဲတွေမှာ အာဆင်နယ် အသင်းဟာ ရှုံးပွဲ လုံးဝ မရှိခဲ့ဘဲ သူ့ရဲ့ ခြေစွမ်းပိုင်း ဟာလည်း အကောင်းဆုံး အနေအထားကို ရောက်ရှိ ခဲ့ပါတယ် ။ ဟိုးလ်ဒင်း ဒဏ်ရာ ရသွားတဲ့ အချိန်မှာတော့ အာဆင်နယ် အသင်းဟာ ရလဒ်ပိုင်း ယိမ်းယိုင်သွားခဲ့ပြီး ရာသီကုန်ခါနီးမှာလည်း နောက်တန်း အမှားတွေကြောင့် ရသင့်တဲ့ အမှတ်တွေ ဆုံးရှုံး ခဲ့ရပါတယ် ။

ဟိုးလ်ဒင်းဟာ မနေ့ညက ကစားခဲ့တဲ့ အာဆင်နယ် ယူ-၂၃ နဲ့ လီဗာပူး ယူ-၂၃ အသင်းပွဲမှာ ပါဝင် ကစားခဲ့ခြင်း မရှိတာကြောင့် ယူနိုက်တက် အသင်း နဲ့ ပွဲမှာ ပွဲထွက်ပါဝင် လာဖွယ် ရှိနေပါတယ် ။

SPORTS MYANMAR