kante vs lampard

ခ်ယ္လ္ဆီး အသင္း ရဲ႕ ကြင္းလယ္လူ အန္ဂိုလို ကန္ေတ ဟာ မေန႕ည က ကစား သြားခဲ့တဲ့ ဘရိုက္တန္ နဲ႕ ပရီးမီးယားလိဂ္ ပြဲစဥ္ မတိုင္မီ မွာ ေပါင္ၾကြက္သား ဒဏ္ရာ အေသးစားေလး ရခဲ့တာေၾကာင့္ ခ်ယ္လ္ဆီး နည္းျပ လမ္းပတ္ က ၄င္းကို ခ်န္ပီယံလိဂ္ ပြဲစဥ္ အတြက္ ခ်န္လွပ္ ထားခဲ့တာ ကို ေတြ႕ခဲ့ ရပါတယ္ ။

Kante

အနားယူ ေနခဲ့ရကာ ဒီႏွစ္ ေဘာလံုး ရာသီ မွာလည္း တပြဲတေလ ေလာက္သာ ပါဝင္ခြင့္ ရေနခဲ့တာ ျဖစ္ျပီး ၾကံ့ခိုင္မႈ ပံုစံေကာင္း အခုထိ မရေသးပါဘူး ။ မေန႕က ပြဲျပီး သတင္းစာ ရွင္းလင္းပြဲ မွာေတာ့ ခ်ယ္လ္ဆီး နည္းျပ ဖရန္႕ လမ္းပတ္ က ကန္ေတ ရဲ႕ ဒဏ္ရာ အေျခအေန အေၾကာင္း နဲ႕ လိုင္လီ နဲ႕ ခ်န္ပီယံလိဂ္ အုပ္စု ပြဲစဥ္ မွာ ျပန္ပါႏိုင္မလား ဆိုတဲ့ ေမးခြန္း အေပၚ အခုလို မွတ္ခ်က္ျပဳ ေျပာဆိုခဲ့ပါတယ္ ။

လမ္းပတ္ က ” ဟုတ္ပါတယ္ ။ ကန္ေတ ရဲ႕ ဒဏ္ရာ က မျပင္းထန္ေပမယ့္ ကြ်န္ေတာ္ တို႕ အတြက္ အရဲစြန္႕ျပီး အသံုးမျပဳသင့္တဲ့ အခ်ိန္ ျဖစ္လို႕ ဒီေန႕ပြဲ မွာ အနားေပး ထားခဲ့တာပါ ။ ဒါနဲ႕ ပတ္သက္ျပီး ကြ်န္ေတာ္ တို႕ အန္ဂိုလို ကို ေသေသခ်ာခ်ာ ရွင္းျပ ျပီးပါျပီ ။ သူဟာ ကြ်န္ေတာ္ တို႕ အသင္း အတြက္ အရမ္း အရမ္း အေရးပါတဲ့ ကစားသမား တေယာက္ ဆိုတာ ကြ်န္ေတာ္ တို႕ အားလံုး သိထားၾကျပီးသားပါ ။ ”

” ဒါေပမယ့္ သူဟာ ရာသီၾကိဳ ခရီးစဥ္ တေလွ်ာက္မွာ အခက္အခဲ မ်ားစြာ ေတြ႕ခဲ့ရပါတယ္ ။ သူရဲ႕ ၾကံ့ခိုင္မႈ နဲ႕ ပတ္သက္ျပီး ကြ်န္ေတာ္ တို႕ အားလံုး လည္း ေတာက္ေလွ်ာက္ စိုးရိမ္ လာခဲ့ရပါတယ္ ။ အထူးသျဖင့္ သူ႕ကို ကြ်န္ေတာ္ တို႕ ဒဏ္ရာ ကေန အျပီး သက္သာ လာေအာင္ ၾကံ့ခိုင္မႈ ပံုစံေကာင္း ရလာေအာင္ ေစာင့္ေနရတာပါ ။ ဘာေၾကာင့္လဲ ဆိုေတာ့ ရာသီၾကိဳ ပြဲစဥ္ ေတြမွာ ေလ့က်င့္မႈ အလံုအေလာက္ မရခဲ့တာနဲ႕ ျပီးခဲ့တဲ့ ရာသီ က ျပင္းထန္တဲ့ ဒဏ္ရာ ေၾကာင့္ပါ ။ ”

” ဒါေၾကာင့္မို႕ ကြ်န္ေတာ္ တို႕ သူ႕ကို ဒီေန႕ပြဲ မွာ အသံုးမျပဳဖို႕ စဥ္းစား ခဲ့တာပါ ။ ဟုတ္ပါတယ္ ။ သူ လိုင္လီ နဲ႕ ခ်န္ပီယံလိဂ္ ပြဲမွာ ျပန္ပါႏိုင္ဖို႕ အခြင့္အေရး ရွိပါတယ္ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။ ကန္ေတ မပါဝင္ ခဲ့ေပမယ့္ ခ်ယ္လ္ဆီး အသင္း ဟာ မေန႕ည က ဘရိုက္တန္ အသင္း ကို အိမ္ကြင္း မွာ ၂ဂိုးျပတ္ နဲ႕ အႏိုင္ယူကာ ဒီရာသီ ပထမဆံုး ပရီးမီးယားလိဂ္ ႏိုင္ပြဲ ကို ပထမဆံုး Clean Sheet နဲ႕ အတူ ယူေဆာင္ လာႏိုင္ ခဲ့ပါတယ္ ။

jorginho

 

ဘရိုက္တန္ နဲ႕ ပြဲရဲ႕ ပထမပိုင္း အတြင္း မွာ ခ်ယ္လ္ဆီး အသင္း ဟာ အပိုင္ အခြင့္အေရး မ်ားစြာ ဖန္တီး ႏိုင္ခဲ့ေပမယ့္ တမ္မီ ေအဘရာဟမ္ ၊ ပတ္ဒရို ၊ ဘာကေလ ၊ မားကို႕စ္ အလြန္ဆို တို႕ရဲ႕ အဆံုးသတ္ပိုင္း အားနည္း ေနခဲ့တာေၾကာင့္ ေစာေစာစီးစီး ဂိုးမရခဲ့ပဲ ရွိခဲ့ရပါတယ္ ။ ယင္း အခ်က္ နဲ႕ ပတ္သက္ျပီး နည္းျပ ျဖစ္သူ လမ္းပတ္ က စိတ္ပ်က္ ခဲ့မိေၾကာင္း ပြဲျပီး သတင္းစာ ရွင္းလင္းပြဲ မွာ အခုလို ေျပာဆို ခဲ့ပါတယ္ ။

လမ္းပတ္ က ” နည္းနည္းေတာ့ စိတ္ပ်က္ မိတာေပါ့ဗ်ာ ။ ဒါေပမယ့္ ပထမပိုင္း အျပီး ကြ်န္္ေတာ့ ကစားသမား ေတြကို ေပးခဲ့တဲ့ အၾကံ တခ်ိဳ႕ နဲ႕ မက္ေဆ့ခ်္ က ထိေရာက္မႈ ရွိခဲ့သလို ၊ သူတို႕ရဲ႕ ကစားပံု တိုးတက္ ေကာင္းမြန္ လာခဲ့လို႕ ကြ်န္ေတာ္ ေပ်ာ္ရႊင္ ေက်နပ္ မိပါတယ္ ။ ပထမပိုင္း ကလိုမ်ိဳး နေမာ္နမဲ့ ကစား ခဲ့တာမ်ိဳး ၊ ကစားအား က်သြားတာမ်ိဳး ဒုတိယပိုင္း မွာ မေတြ႕ခဲ့ရတာ အေတာ္ေလး ေကာင္းပါတယ္ ။ ”

” ပထမပိုင္း အတြင္း ကြ်န္ေတာ္ စိတ္ပ်က္ ခဲ့ရတာက ကြ်န္ေတာ္ တို႕ဟာ လိုခ်င္တဲ့ သြင္းဂိုး နဲ႕ အႏိုင္ရလဒ္ ကို မရေနခဲ့လို႕ပါ ။ အဲ့လို ဂိုးေတြ မရေနေတာ့ အဆိုးဆံုး အေျခအေန အထိေတာင္ ကြ်န္ေတာ္ ေမွ်ာ္လင့္ ခဲ့ရပါတယ္ ။ ဒါေပမယ့္ ဒီေန႕ ပြဲမွာ ကြ်န္ေတာ့ ရဲ႕ ခံစားခ်က္ က မတူညီပါဘူး ။ ကြ်န္ေတာ္ တို႕ဟာ ေဘာလံုး ေရြ႕လ်ားမႈ ပိုျမန္ေအာင္ ကစား ႏိုင္ခဲ့တာေၾကာင့္ ေမဆင္ေမာင့္ ရဲ႕ လႈပ္ရွားမႈ က အရမ္း ျမန္ခဲ့တယ္ ၊ ဝီလီယံ ဟာလည္း အတိုးအလႈပ္ နဲ႕ အတူ ဂိုးကန္သြင္းခြင့္ တခ်ိဳ႕ ရလာခဲ့ပါတယ္ ။ ”

william

” တမ္မီ အတြက္လည္း ဂိုးသြင္းခြင့္ တခ်ိဳ႕ နဲ႕ အတူ ဘရုိက္တန္ ခံစစ္ ကို ဖိအား ေပးႏိုင္ခဲ့တာေၾကာင့္ ဒုတိယပိုင္း မွာေတာ့ ကြ်န္ေတာ္ တို႕ ဂိုးေတြ ရလာမယ္ ဆိုတာ ခံစား သိေနခဲ့ပါတယ္ ။ ပထမပိုင္း အျပီး အသင္းသား ေတြကုိ ကစားအား မခ်ပဲ ဆက္လက္ ၾကိဳးစား ေစဖို႕ အၾကံျပဳ ေျပာဆို ႏိုင္ဖို႕က အရမ္း အေရးၾကီးပါတယ္ ။ ဒီေန႕ ႏိုင္ပြဲ ဟာ ကစားသမား ေတြ အတြက္ ထိုက္တန္မႈ ရွိပါတယ္ ။ သူတို႕ရဲ႕ ၾကိဳးစားမႈ ေတြေၾကာင့္ ဒီႏိုင္ပြဲ ရခဲ့တာ ျဖစ္ျပီး အထူးသျဖင့္ ပင္နယ္တီ ရရွိခဲ့တဲ့ အခိုက္အတန္႕ မွာပါ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

SPORTS MYANMAR

Unicode

ဘရိုက်တန် နဲ့ ပွဲကို လွဲချော် ခဲ့တဲ့ ကန်တေ ချန်ပီယံလိဂ် ပွဲမှာ ပြန်ပါနိုင်မလား ဆိုတဲ့ မေးခွန်း အပေါ် တုန့်ပြန် ဖြေကြားခဲ့တဲ့ #လမ်းပတ်

ချယ်လ်ဆီး အသင်း ရဲ့ ကွင်းလယ်လူ အန်ဂိုလို ကန်တေ ဟာ မနေ့ည က ကစား သွားခဲ့တဲ့ ဘရိုက်တန် နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မတိုင်မီ မှာ ပေါင်ကြွက်သား ဒဏ်ရာ အသေးစားလေး ရခဲ့တာကြောင့် ချယ်လ်ဆီး နည်းပြ လမ်းပတ် က ၄င်းကို ချန်ပီယံလိဂ် ပွဲစဉ် အတွက် ချန်လှပ် ထားခဲ့တာ ကို တွေ့ခဲ့ ရပါတယ် ။

ကန်တေ ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ ကုန်ခါနီး ကတည်းက ဒူးဒဏ်ရာ ကြောင့် ကာလရှည် အနားယူ နေခဲ့ရကာ ဒီနှစ် ဘောလုံး ရာသီ မှာလည်း တပွဲတလေ လောက်သာ ပါဝင်ခွင့် ရနေခဲ့တာ ဖြစ်ပြီး ကြံ့ခိုင်မှု ပုံစံကောင်း အခုထိ မရသေးပါဘူး ။ မနေ့က ပွဲပြီး သတင်းစာ ရှင်းလင်းပွဲ မှာတော့ ချယ်လ်ဆီး နည်းပြ ဖရန့် လမ်းပတ် က ကန်တေ ရဲ့ ဒဏ်ရာ အခြေအနေ အကြောင်း နဲ့ လိုင်လီ နဲ့ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် မှာ ပြန်ပါနိုင်မလား ဆိုတဲ့ မေးခွန်း အပေါ် အခုလို မှတ်ချက်ပြု ပြောဆိုခဲ့ပါတယ် ။

လမ်းပတ် က ” ဟုတ်ပါတယ် ။ ကန်တေ ရဲ့ ဒဏ်ရာ က မပြင်းထန်ပေမယ့် ကျွန်တော် တို့ အတွက် အရဲစွန့်ပြီး အသုံးမပြုသင့်တဲ့ အချိန် ဖြစ်လို့ ဒီနေ့ပွဲ မှာ အနားပေး ထားခဲ့တာပါ ။ ဒါနဲ့ ပတ်သက်ပြီး ကျွန်တော် တို့ အန်ဂိုလို ကို သေသေချာချာ ရှင်းပြ ပြီးပါပြီ ။ သူဟာ ကျွန်တော် တို့ အသင်း အတွက် အရမ်း အရမ်း အရေးပါတဲ့ ကစားသမား တယောက် ဆိုတာ ကျွန်တော် တို့ အားလုံး သိထားကြပြီးသားပါ ။ ”

” ဒါပေမယ့် သူဟာ ရာသီကြို ခရီးစဉ် တလျှောက်မှာ အခက်အခဲ များစွာ တွေ့ခဲ့ရပါတယ် ။ သူရဲ့ ကြံ့ခိုင်မှု နဲ့ ပတ်သက်ပြီး ကျွန်တော် တို့ အားလုံး လည်း တောက်လျှောက် စိုးရိမ် လာခဲ့ရပါတယ် ။ အထူးသဖြင့် သူ့ကို ကျွန်တော် တို့ ဒဏ်ရာ ကနေ အပြီး သက်သာ လာအောင် ကြံ့ခိုင်မှု ပုံစံကောင်း ရလာအောင် စောင့်နေရတာပါ ။ ဘာကြောင့်လဲ ဆိုတော့ ရာသီကြို ပွဲစဉ် တွေမှာ လေ့ကျင့်မှု အလုံအလောက် မရခဲ့တာနဲ့ ပြီးခဲ့တဲ့ ရာသီ က ပြင်းထန်တဲ့ ဒဏ်ရာ ကြောင့်ပါ ။ ”

” ဒါကြောင့်မို့ ကျွန်တော် တို့ သူ့ကို ဒီနေ့ပွဲ မှာ အသုံးမပြုဖို့ စဉ်းစား ခဲ့တာပါ ။ ဟုတ်ပါတယ် ။ သူ လိုင်လီ နဲ့ ချန်ပီယံလိဂ် ပွဲမှာ ပြန်ပါနိုင်ဖို့ အခွင့်အရေး ရှိပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။ ကန်တေ မပါဝင် ခဲ့ပေမယ့် ချယ်လ်ဆီး အသင်း ဟာ မနေ့ည က ဘရိုက်တန် အသင်း ကို အိမ်ကွင်း မှာ ၂ဂိုးပြတ် နဲ့ အနိုင်ယူကာ ဒီရာသီ ပထမဆုံး ပရီးမီးယားလိဂ် နိုင်ပွဲ ကို ပထမဆုံး Clean Sheet နဲ့ အတူ ယူဆောင် လာနိုင် ခဲ့ပါတယ် ။

ဘရိုက်တန် နဲ့ ပွဲရဲ့ ပထမပိုင်း အတွင်း မှာ ချယ်လ်ဆီး အသင်း ဟာ အပိုင် အခွင့်အရေး များစွာ ဖန်တီး နိုင်ခဲ့ပေမယ့် တမ်မီ အေဘရာဟမ် ၊ ပတ်ဒရို ၊ ဘာကလေ ၊ မားကို့စ် အလွန်ဆို တို့ရဲ့ အဆုံးသတ်ပိုင်း အားနည်း နေခဲ့တာကြောင့် စောစောစီးစီး ဂိုးမရခဲ့ပဲ ရှိခဲ့ရပါတယ် ။ ယင်း အချက် နဲ့ ပတ်သက်ပြီး နည်းပြ ဖြစ်သူ လမ်းပတ် က စိတ်ပျက် ခဲ့မိကြောင်း ပွဲပြီး သတင်းစာ ရှင်းလင်းပွဲ မှာ အခုလို ပြောဆို ခဲ့ပါတယ် ။

လမ်းပတ် က ” နည်းနည်းတော့ စိတ်ပျက် မိတာပေါ့ဗျာ ။ ဒါပေမယ့် ပထမပိုင်း အပြီး ကျွန််တော့ ကစားသမား တွေကို ပေးခဲ့တဲ့ အကြံ တချို့ နဲ့ မက်ဆေ့ချ် က ထိရောက်မှု ရှိခဲ့သလို ၊ သူတို့ရဲ့ ကစားပုံ တိုးတက် ကောင်းမွန် လာခဲ့လို့ ကျွန်တော် ပျော်ရွှင် ကျေနပ် မိပါတယ် ။ ပထမပိုင်း ကလိုမျိုး နမော်နမဲ့ ကစား ခဲ့တာမျိုး ၊ ကစားအား ကျသွားတာမျိုး ဒုတိယပိုင်း မှာ မတွေ့ခဲ့ရတာ အတော်လေး ကောင်းပါတယ် ။ ”

” ပထမပိုင်း အတွင်း ကျွန်တော် စိတ်ပျက် ခဲ့ရတာက ကျွန်တော် တို့ဟာ လိုချင်တဲ့ သွင်းဂိုး နဲ့ အနိုင်ရလဒ် ကို မရနေခဲ့လို့ပါ ။ အဲ့လို ဂိုးတွေ မရနေတော့ အဆိုးဆုံး အခြေအနေ အထိတောင် ကျွန်တော် မျှော်လင့် ခဲ့ရပါတယ် ။ ဒါပေမယ့် ဒီနေ့ ပွဲမှာ ကျွန်တော့ ရဲ့ ခံစားချက် က မတူညီပါဘူး ။ ကျွန်တော် တို့ဟာ ဘောလုံး ရွေ့လျားမှု ပိုမြန်အောင် ကစား နိုင်ခဲ့တာကြောင့် မေဆင်မောင့် ရဲ့ လှုပ်ရှားမှု က အရမ်း မြန်ခဲ့တယ် ၊ ဝီလီယံ ဟာလည်း အတိုးအလှုပ် နဲ့ အတူ ဂိုးကန်သွင်းခွင့် တချို့ ရလာခဲ့ပါတယ် ။ ”

” တမ်မီ အတွက်လည်း ဂိုးသွင်းခွင့် တချို့ နဲ့ အတူ ဘရိုက်တန် ခံစစ် ကို ဖိအား ပေးနိုင်ခဲ့တာကြောင့် ဒုတိယပိုင်း မှာတော့ ကျွန်တော် တို့ ဂိုးတွေ ရလာမယ် ဆိုတာ ခံစား သိနေခဲ့ပါတယ် ။ ပထမပိုင်း အပြီး အသင်းသား တွေကို ကစားအား မချပဲ ဆက်လက် ကြိုးစား စေဖို့ အကြံပြု ပြောဆို နိုင်ဖို့က အရမ်း အရေးကြီးပါတယ် ။ ဒီနေ့ နိုင်ပွဲ ဟာ ကစားသမား တွေ အတွက် ထိုက်တန်မှု ရှိပါတယ် ။ သူတို့ရဲ့ ကြိုးစားမှု တွေကြောင့် ဒီနိုင်ပွဲ ရခဲ့တာ ဖြစ်ပြီး အထူးသဖြင့် ပင်နယ်တီ ရရှိခဲ့တဲ့ အခိုက်အတန့် မှာပါ ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR