ခ်ဲဆီးလ္ အသင္းရဲ႕ နည္းျပ ေဟာင္း ကြန္တီဟာဂ်ဴဗီ အသင္းကို အခုရာသီကုန္မွာ ျပန္လာဖို႔ ကနဦး ေဆြးေႏြး မွဳ ေတြ ျပဳလုပ္ေနတယ္ ဆိုတဲ႕ သတင္းေတြ ထြက္လာပါတယ္။အသက္ ၄၉ႏွစ္အရြယ္ရွိေနျပီ ျဖစ္တဲ႕ ကြန္တီဟာ ျပီးခဲ႔တဲ႔ ရာသီမွာခ်ဲဆီးလ္ အသင္းကို FA ဖလားခ်န္ပီယံဆုျကီးကို ရယူေပးခဲ႔အျပီး ရက္ပိုင္းအတြင္းမွာပဲ ရာထူးကေန ထုတ္ပယ္ျခင္း ခံထားခဲ႔ရတာျဖစ္ျပီး ထိုစဥ္ကတည္း ကအခုထိ ေဘာလံုး ေလာကအတြင္း ျပန္လည္ဝင္ေရာက္ျခင္း မရွိေသးတာျဖစ္ပါတယ္။

အခု ခ်ိန္မွာေတာ့ ကြန္တီဟာ သူ႔ရဲ႕ ေနာက္ထပ္ အသင္းေဟာင္းတသင္းျဖစ္တဲ႔ ဂ်ဴဗီ အသင္းကို ျပန္လာဖို႔ ေဆြးေႏြး မွဳ ေတြ ျပဳလုပ္ေနျပီ လို႔ sky sports ကေဖာ္ျပပါတယ္။နည္းျပျကီး အယ္လီဂရီရဲ႕ဂ်ဴဗီ အသင္းဟာ စီးရီးေအ ခ်န္ပီယံဆုျကီးနဲ႔ လက္တကမ္း အကြာကို ေရာက္ရွိေနေပမယ့္ သူတို႔ရဲ႕ ဦးစားေပးပစ္မွတ္တခုျဖစ္တဲ႔ ခ်န္ပီယံလိဂ္ဆုဖလား အိပ္မက္ကေတာ့ ေအဂ်က္ အသင္းကို အေရးနိမ့္ခဲ႔ရလို႔ ပ်က္ျပယ္သြားခဲ႔ျပိီျဖစ္ပါတယ္။

လူငယ္ျကယ္ပြင့္ အမ်ားစု နဲ႔ ေျခစြမ္းေကာင္းျပသေနတဲ႔ ေအဂ်က္ အသင္း ဟာ အခုႏွစ္ ခ်န္ပီယံလိဂ္မွာဥေရာပထိပ္သီးအသင္းေတြကို ဒုကၡေပး ေနခဲ႔တဲ႔ အသင္းလည္းျဖစ္ပါတယ္။သူတို႔ ဟာအုပ္စုတြင္း မွာဂ်ာမန္ အင္အားျကီးဘိုင္ယန္ အသင္းကို ၂ေက်ာ့စလံုးသေရကစားထားခဲ႔သလို၊လက္ရွိခ်န္ပီယံ ရီးရဲလ္ အသင္းကိုလည္း ၁၆သင္းအဆင့္မွာ ျဖဳတ္ခ်ထားခဲ႔တာျဖစ္ပါတယ္။

ဂ်ဴဗီ တို႔ဟာ ခ်န္ပီယံ လိဂ္ျပိဳင္ပြဲမွာ ဗိုလ္စြဲႏိုင္ဖို႔ အိပ္မက္အတြက္ေရာ္နယ္ဒိုလို ကစားသမား မ်ိဳးကိုေငြေျကး အလံုးအရင္းေပးအပ္ေခၚယူထားခဲ႔ေပမယ့္ ေအဂ်က္ နဲ႔ အေတြ႔မွာထြက္လိုက္ရတာျဖစ္ပါတယ္။ဒါေျကာင့္ လည္း နည္းျပျကီး အယ္လီဂရီ ရဲ႕ အနာဂတ္ဟာ အားလံုးရဲ႕ ေစာင့္ျကည့္မွဳေအာက္ကို တဖန္ ျပန္ေရာက္သြားခဲ႔ရတာျဖစ္ပါတယ္။

အယ္လီဂရီယာ တူရင္ေျမကို ေရာက္ရွိေနတာ ၅ႏွစ္ရွိေနျပီျဖစ္ျပီး သူ႔ရဲ႕ ပထမေလးႏွစ္အတြင္းမွာ ျပည္တြင္း ဖလား၂ လံုးစီကို ရယူထားႏိုင္ခဲ႔ျပီး စာခ်ဳပ္သက္တမ္းကေတာ့ တႏွစ္က်န္ေနေသးတာျဖစ္ပါတယ္။ဒါေပမယ့္ အခု ခ်ိန္မွာေတာ့ ဂ်ဴဗီ အသင္းရဲ႕ တာဝန္ ရွိသူေတြဟာ သူတို႔ရဲ႔ ခ်န္ပီယံ လိဂ္အိပ္မက္ ထိပ္မံ အသက္သြင္းႏိူင္ဖို႕ အေျပာင္းအလဲ ျပဳလုပ္သြားဖို႔ လည္းရွိေနပံုပါပဲ။

ကြန္တီဟာ ၂၀၁၁ ခုႏွစ္ကေန ၂၀၁၄ အထိ ဂ်ဴဗီ အသင္းကို ကိုင္တြယ္ခဲ႔ဖူးျပီး ေအာင္ျမင္မွဳ အေျမာက္အမ်ား ရယူေပးထားႏိုင္ခဲ႔ဖူးတာျဖစ္ပါတယ္။အီတလီ စီးရီးေအ ျပိဳင္ပြဲနဲ႕ မစိမ္းတဲ႔ သူ႔ကို ေခၚယူဖို႔ အင္တာမီလန္ အသင္းက လည္းစိတ္ဝင္ စားေနတယ္ဆိုတဲ႔ သတင္းေတြထြက္ေနပါတယ္။

ကြန္တီဟာ ဂ်ဴဗီ အသင္းကေနထြက္ခြာ ခဲ့အျပီး မွာ အီတလီလက္ေရြးစင္ အသင္းကို ၂ႏွစ္ျကာကိုင္တြယ္ခဲ႔ေသးတာျဖစ္ပါတယ္။အဲ႔ဒီေနာက္မွာေတာ့ ခ်ဲဆီးလ္အသင္းကို ေရာက္ရွိခဲ႔ျပီး ပရီးမီးယားလိဂ္ဖလား၁ လံုး နဲ႔ FA ဖလား ၁လံုး ရယူေပးႏိုင္ခဲ႔ပါတယ္။ကြန္တီဟာ ကစားသမား ဘဝမွာလည္း ဂ်ဴဗီ အသင္းမွာ ကာလရွည္ကစားခဲ႔သူျဖစ္ျပီးစီးရီးေအ ဖလား၅ျကိမ္၊ ခ်န္ပီယံလိဂ္ ၁ျကိမ္ အပါအဝင္ ေအာင္ျမင္မွဳအမ်ားအျပားကို ရယူေပးခဲ႔ဖူးသူျဖစ္ပါတယ္။

Unicode

ဂျူဗီ အသင်းကို ပြန်လာဖို့ဆွေးနွေးမှုတွေပြုလုပ်နေတယ်လို့သတင်းတွေထွက်နေတဲ့ #ကွန်တီ
=============================

ချဲဆီးလ် အသင်းရဲ့ နည်းပြ ဟောင်း ကွန်တီဟာဂျူဗီ အသင်းကို အခုရာသီကုန်မှာ ပြန်လာဖို့ ကနဦး ဆွေးနွေး မှု တွေ ပြုလုပ်နေတယ် ဆိုတဲ့ သတင်းတွေ ထွက်လာပါတယ်။အသက် ၄၉နှစ်အရွယ်ရှိနေပြီ ဖြစ်တဲ့ ကွန်တီဟာ ပြီးခဲ့တဲ့ ရာသီမှာချဲဆီးလ် အသင်းကို FA ဖလားချန်ပီယံဆုကြီးကို ရယူပေးခဲ့အပြီး ရက်ပိုင်းအတွင်းမှာပဲ ရာထူးကနေ ထုတ်ပယ်ခြင်း ခံထားခဲ့ရတာဖြစ်ပြီး ထိုစဉ်ကတည်း ကအခုထိ ဘောလုံး လောကအတွင်း ပြန်လည်ဝင်ရောက်ခြင်း မရှိသေးတာဖြစ်ပါတယ်။

အခု ချိန်မှာတော့ ကွန်တီဟာ သူ့ရဲ့ နောက်ထပ် အသင်းဟောင်းတသင်းဖြစ်တဲ့ ဂျူဗီ အသင်းကို ပြန်လာဖို့ ဆွေးနွေး မှု တွေ ပြုလုပ်နေပြီ လို့ sky sports ကဖော်ပြပါတယ်။နည်းပြကြီး အယ်လီဂရီရဲ့ဂျူဗီ အသင်းဟာ စီးရီးအေ ချန်ပီယံဆုကြီးနဲ့ လက်တကမ်း အကွာကို ရောက်ရှိနေပေမယ့် သူတို့ရဲ့ ဦးစားပေးပစ်မှတ်တခုဖြစ်တဲ့ ချန်ပီယံလိဂ်ဆုဖလား အိပ်မက်ကတော့ အေဂျက် အသင်းကို အရေးနိမ့်ခဲ့ရလို့ ပျက်ပြယ်သွားခဲ့ပြိီဖြစ်ပါတယ်။

လူငယ်ကြယ်ပွင့် အများစု နဲ့ ခြေစွမ်းကောင်းပြသနေတဲ့ အေဂျက် အသင်း ဟာ အခုနှစ် ချန်ပီယံလိဂ်မှာဥရောပထိပ်သီးအသင်းတွေကို ဒုက္ခပေး နေခဲ့တဲ့ အသင်းလည်းဖြစ်ပါတယ်။သူတို့ ဟာအုပ်စုတွင်း မှာဂျာမန် အင်အားကြီးဘိုင်ယန် အသင်းကို ၂ကျော့စလုံးသရေကစားထားခဲ့သလို၊လက်ရှိချန်ပီယံ ရီးရဲလ် အသင်းကိုလည်း ၁၆သင်းအဆင့်မှာ ဖြုတ်ချထားခဲ့တာဖြစ်ပါတယ်။

ဂျူဗီ တို့ဟာ ချန်ပီယံ လိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်ဖို့ အိပ်မက်အတွက်ရော်နယ်ဒိုလို ကစားသမား မျိုးကိုငွေကြေး အလုံးအရင်းပေးအပ်ခေါ်ယူထားခဲ့ပေမယ့် အေဂျက် နဲ့ အတွေ့မှာထွက်လိုက်ရတာဖြစ်ပါတယ်။ဒါကြောင့် လည်း နည်းပြကြီး အယ်လီဂရီ ရဲ့ အနာဂတ်ဟာ အားလုံးရဲ့ စောင့်ကြည့်မှုအောက်ကို တဖန် ပြန်ရောက်သွားခဲ့ရတာဖြစ်ပါတယ်။

အယ်လီဂရီယာ တူရင်မြေကို ရောက်ရှိနေတာ ၅နှစ်ရှိနေပြီဖြစ်ပြီး သူ့ရဲ့ ပထမလေးနှစ်အတွင်းမှာ ပြည်တွင်း ဖလား၂ လုံးစီကို ရယူထားနိုင်ခဲ့ပြီး စာချုပ်သက်တမ်းကတော့ တနှစ်ကျန်နေသေးတာဖြစ်ပါတယ်။ဒါပေမယ့် အခု ချိန်မှာတော့ ဂျူဗီ အသင်းရဲ့ တာဝန် ရှိသူတွေဟာ သူတို့ရဲ့ ချန်ပီယံ လိဂ်အိပ်မက် ထိပ်မံ အသက်သွင်းနိူင်ဖို့ အပြောင်းအလဲ ပြုလုပ်သွားဖို့ လည်းရှိနေပုံပါပဲ။

ကွန်တီဟာ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၄ အထိ ဂျူဗီ အသင်းကို ကိုင်တွယ်ခဲ့ဖူးပြီး အောင်မြင်မှု အမြောက်အများ ရယူပေးထားနိုင်ခဲ့ဖူးတာဖြစ်ပါတယ်။အီတလီ စီးရီးအေ ပြိုင်ပွဲနဲ့ မစိမ်းတဲ့ သူ့ကို ခေါ်ယူဖို့ အင်တာမီလန် အသင်းက လည်းစိတ်ဝင် စားနေတယ်ဆိုတဲ့ သတင်းတွေထွက်နေပါတယ်။

ကွန်တီဟာ ဂျူဗီ အသင်းကနေထွက်ခွာ ခဲ့အပြီး မှာ အီတလီလက်ရွေးစင် အသင်းကို ၂နှစ်ကြာကိုင်တွယ်ခဲ့သေးတာဖြစ်ပါတယ်။အဲ့ဒီနောက်မှာတော့ ချဲဆီးလ်အသင်းကို ရောက်ရှိခဲ့ပြီး ပရီးမီးယားလိဂ်ဖလား၁ လုံး နဲ့ FA ဖလား ၁လုံး ရယူပေးနိုင်ခဲ့ပါတယ်။ကွန်တီဟာ ကစားသမား ဘဝမှာလည်း ဂျူဗီ အသင်းမှာ ကာလရှည်ကစားခဲ့သူဖြစ်ပြီးစီးရီးအေ ဖလား၅ကြိမ်၊ ချန်ပီယံလိဂ် ၁ကြိမ် အပါအဝင် အောင်မြင်မှုအများအပြားကို ရယူပေးခဲ့ဖူးသူဖြစ်ပါတယ်။