jorginho

မေန႕ည က ကစား သြားခဲ့တဲ့ ပရီးမီးယားလိဂ္ ပြဲစဥ္ ၇ ရဲ႕ ပြဲတပြဲ မွာ ခ်ယ္လ္ဆီး အသင္း ဟာ ဘရိုက္တန္ အသင္း ကို ၂ – ၀ နဲ႕ အႏိုင္ရကာ ဒီရာသီ ပထမဆံုး ပရီးမီးယားလိဂ္ အိမ္ကြင္း ႏိုင္ပြဲ ကို ရွာေဖြ သြားႏိုင္ခဲ့သလို ၊ ပထမဆံုး Clean Sheet ကိုပါ ရယူ သြားခဲ့ပါတယ္ ။ ဒါ့အျပင္ ျပည္တြင္းလိဂ္ မွာ ဘရုိက္တန္ နဲ႕ ေတြ႕ဆံုတိုင္း ႏိုင္ပြဲ ရယူ ႏိုင္တဲ့ မွတ္တမ္းေကာင္း ကိုပါ လမ္းပတ္ နဲ႕ ခ်ယ္လ္ဆီး တို႕ ဆက္လက္ ထိန္းသိမ္း သြားႏိုင္ခဲ့ပါတယ္ ။

jorginho

ထို ပြဲစဥ္ မွာ ခ်ယ္လ္ဆီး ကြင္းလယ္လူ ေဂ်ာ္ဂ်င္ဟို အထူး ေျခစြမ္းျပသ ႏိုင္ခဲ့ျပီး ဒုတိယပိုင္း ျပန္အစ ၃မိနစ္ အၾကာမွာ ရခဲ့တဲ့ ပင္နယ္တီ ျပစ္ဒဏ္ေဘာ ကေန တဆင့္ လည္း သြင္းဂိုး တဂိုး ရယူ ေပးႏိုင္ ခဲ့ပါတယ္ ။ ဒါ့အျပင္ ေဂ်ာ္ဂ်င္ဟို ဟာ တပြဲလံုး ကို ဦးေဆာင္ သြားႏိုင္သလို ၊ အသင္းသား ေတြ အားလံုး ကို ေမာင္းႏွင္ ေပးႏိုင္ခဲ့တဲ့ ေရွ႕ေဆာင္ လမ္းျပ ကစားသမား တဦး အေနနဲ႕ ရပ္တည္ ႏိုင္ခဲ့ပါတယ္ ။

တိုက္စစ္အတြက္ အခြင့္အေရး ဖန္တီးေပးမႈ ၊ ျပိဳင္ဖက္ ရဲ႕ တန္ျပန္ တိုက္စစ္ဆင္မႈ ကို အေကာင္းဆံုး ခုခံ တားဆီး ႏိုင္ခဲ့ျပီး ခံစစ္ နဲ႕ တိုက္စစ္ ကို အေကာင္းဆံုး ခ်ိတ္ဆက္ ေပးခဲ့တာကို ေဂ်ာ္ဂ်င္ဟို ဆီကေန ေတြ႕ျမင္ခဲ့ ရပါတယ္ ။ ပြဲျပီး သတင္းစာ ရွင္းလင္းပြဲ မွာေတာ့ ခ်ယ္လ္ဆီး နည္းျပ ဖရန္႕ လမ္းပတ္ က ႏိုင္လိုစိတ္ ျပင္းထန္ျပီး အသင္း ကို ေမာင္းႏွင္ ေပးႏိုင္ ခဲ့တဲ့ ေဂ်ာ္ဂ်င္ဟို ကို ဦးေဆာင္သူေကာင္း တေယာက္ လို႕ ခ်ီးက်ဴး ေျပာဆို ခဲ့ပါတယ္ ။

လမ္းပတ္ က ” ဟုတ္ပါတယ္ ။ ေဂ်ာ္ဂ်င္ဟို ဟာ ခ်ယ္လ္ဆီး အသင္း ရဲ႕ ဦးေဆာင္သူ တဦးပါ ။ သူ႕ဆီမွာ ေခါင္းေဆာင္ စိတ္ဓာတ္ အျပည့္ ပါျပီးသားပါ ။ ျပီးခဲ့တဲ့ ေဘာလံုး ရာသီ က ဘာေတြပဲ ျဖစ္ခဲ့ျဖစ္ခဲ့ ၊ အျပင္လူ ေတြ ဘယ္လိုပဲ ေဝဖန္ခဲ့ ေဝဖန္ခဲ့ ၊ ကြ်န္ေတာ္ ဟာ ခ်ယ္လ္ဆီး အသင္း မွာ ရွိမေနခဲ့ပါဘူး ။ ကြ်န္ေတာ္ ဆံုးျဖတ္ ႏိုင္တာက အခု ကြ်န္ေတာ့ ေရွ႕မွာ ျမင္ေတြ႕ ေနရတဲ့ အရာေတြပါ ။ ”

jorginho

” ရာသီၾကိဳ ခရီးစဥ္ မွာ ကတည္းက ေဂ်ာ္ဂ်င္ဟို ဟာ အသင္း ကို ဦးေဆာင္ ႏိုင္ခဲ့တဲ့သူ ေတြထဲ က တေယာက္ ျဖစ္ခဲ့ျပီး အဝတ္လဲခန္း မွာေရာ ၊ တကယ့္ ပြဲစဥ္ ေတြမွာ အသင္းသား ေတြကို လႊမ္းမိုး ႏိုင္စြမ္း ရွိပါတယ္ ။ သူဟာ ႏိုင္ပြဲ ေတြကို အျမဲတမ္း ဆာေလာင္ ေနသူပါ ။ ဒီ စိတ္ဓာတ္ က အသင္းသားတိုင္း မွာ ရွိေနတာပဲ ခင္ဗ်ား တို႕ ေယဘူယ် ေျပာႏိုင္ေပမယ့္ အရာရာ ေပးဆပ္ ကစားျပ ႏိုင္ဖို႕ ဆိုတာေတာ့ မလြယ္ကူပါဘူး ။ ဒီလို ခံယူခ်က္မ်ိဳး ေဂ်ာ္ဂ်င္ဟို ဆီမွာ ရွိေနတယ္ လို႕ ကြ်န္ေတာ္ ထင္ပါတယ္ ။ ”

” ဒါနဲ႕ ပတ္သက္ျပီး ေဂ်ာ္ဂ်ီ အေပၚ ကြ်န္ေတာ္ အရမ္း ေက်နပ္ အားရ မိပါတယ္ ။ အသင္း က လူငယ္ ကစားသမား ေတြကလည္း သူ႕ရဲ႕ ခံယူခ်က္ နဲ႕ စိတ္ဓာတ္ နဲ႕ ပတ္သက္ျပီး ေန႕စဥ္ ေန႕တိုင္း အတုယူ ေလ့လာ သင့္တယ္ လို႕ ကြ်န္ေတာ္ ထင္ပါတယ္ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။ ထို႕အျပင္ လမ္းပတ္ က လက္ရွိ မွာ ကစားခြင့္ ရေနတဲ့ ခ်ယ္လ္ဆီး လူငယ္ ကစားသမား ေတြဟာ ေဂ်ာ္ဂ်င္ဟို ၊ ဝီလီယံ တို႕လို အေတြ႕အၾကံဳ ရွိ ကစားသမား ေတြ ဆီကေန ေလ့လာ သင္ယူ ဖို႕ လိုတယ္ လို႕ တိုက္တြန္း ေျပာဆို ခဲ့ပါတယ္ ။

လမ္းပတ္ က ” ဟုတ္ပါတယ္ ။ လက္ရွိ အခ်ိန္ မွာ လူတိုင္း ဟာ ကြ်န္ေတာ္ တို႕ အသင္း နဲ႕ ပတ္သက္လာရင္ လူငယ္ ကစားသမား ေတြ အေၾကာင္း နဲ႕ ပဲ စေျပာေလ့ ရွိပါတယ္ ။ သူတို႕ ေတြဟာ ငယ္ရြယ္ျပီး အေတြ႕အၾကံဳ ႏုနယ္ ေသးေပမယ့္ ၾကိဳးစားမႈ နဲ႕ အရည္အေသြးေကာင္း ေတြေၾကာင့္ အခုလို စီနီယာ အသင္း အတြက္ ပါဝင္ ကစားခြင့္ ရဖို႕ ထိုက္တန္ ေနတာပါ ။ ကြ်န္ေတာ္ ဟာ အသက္အရြယ္ အေပၚ မူတည္ျပီး ကစားခြင့္ ေပးတတ္တဲ့ နည္းျပ မဟုတ္ပါဘူး ။ ”

” တဖက္မွာလည္း ဒီ လူငယ္ေလး ေတြဟာ အေတြ႕အၾကံဳ ရင့္က်က္တဲ့ စီနီယာ အသင္းေဖာ္ ေတြ ဆီကေန ေလ့လာ သင္ယူ ဖို႕ လိုေနပါေသးတယ္ ။ ဒီေန႕ပြဲ မွာ ပင္နယ္တီ ကို ယံုၾကည္ခ်က္ အျပည့္နဲ႔ ေဂ်ာ္ဂ်င္ဟို အေၾကာင္း ၊ အလုပ္ အရမ္း ၾကိဳးစားျပီး အခြင့္အေရး မ်ားစြာ ဖန္တီး ေပးျပီး ကိုယ္တိုင္ သြင္းဂိုး တဂိုးပါ ရခဲ့တဲ့ ဝီလီယံ အေၾကာင္း တို႕ကို ခင္ဗ်ား တို႕ ေဆြးေႏြး ႏိုင္ပါတယ္ ။ ”

william

” ဒါေတြဟာ အေတြ႕အၾကံဳ အရမ္း မ်ားတဲ့ ဝါရင့္ စီနီယာ ကစားသမား ေတြမွာမွ ေတြ႕ရတဲဲ့ ျမင့္မားတဲ့ အဆင့္အတန္း တခု ျဖစ္ပါတယ္ ။ လူငယ္ ကစားသမား ေတြဟာ သူတို႕ရဲ႕ အဆင့္အတန္း ကို လိုက္မွီေအာင္ ၾကိဳးစား ရပါမယ္ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

SPORTS MYANMAR

Unicode

ပင်နယ်တီ ကနေ ဂိုးသွင်းခဲ့တဲ့ ဂျော်ဂျင်ဟို ဟာ နိုင်လိုစိတ် ပြင်းထန်ပြီး ခေါင်းဆောင်ကောင်း ပီသသူ တဦး ဖြစ်တယ် လို့ ချီးကျူးလိုက်တဲ့ #လမ်းပတ်

မနေ့ည က ကစား သွားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ရ ရဲ့ ပွဲတပွဲ မှာ ချယ်လ်ဆီး အသင်း ဟာ ဘရိုက်တန် အသင်း ကို ၂ – ၀ နဲ့ အနိုင်ရကာ ဒီရာသီ ပထမဆုံး ပရီးမီးယားလိဂ် အိမ်ကွင်း နိုင်ပွဲ ကို ရှာဖွေ သွားနိုင်ခဲ့သလို ၊ ပထမဆုံး Clean Sheet ကိုပါ ရယူ သွားခဲ့ပါတယ် ။ ဒါ့အပြင် ပြည်တွင်းလိဂ် မှာ ဘရိုက်တန် နဲ့ တွေ့ဆုံတိုင်း နိုင်ပွဲ ရယူ နိုင်တဲ့ မှတ်တမ်းကောင်း ကိုပါ လမ်းပတ် နဲ့ ချယ်လ်ဆီး တို့ ဆက်လက် ထိန်းသိမ်း သွားနိုင်ခဲ့ပါတယ် ။

ထို ပွဲစဉ် မှာ ချယ်လ်ဆီး ကွင်းလယ်လူ ဂျော်ဂျင်ဟို အထူး ခြေစွမ်းပြသ နိုင်ခဲ့ပြီး ဒုတိယပိုင်း ပြန်အစ ၃မိနစ် အကြာမှာ ရခဲ့တဲ့ ပင်နယ်တီ ပြစ်ဒဏ်ဘော ကနေ တဆင့် လည်း သွင်းဂိုး တဂိုး ရယူ ပေးနိုင် ခဲ့ပါတယ် ။ ဒါ့အပြင် ဂျော်ဂျင်ဟို ဟာ တပွဲလုံး ကို ဦးဆောင် သွားနိုင်သလို ၊ အသင်းသား တွေ အားလုံး ကို မောင်းနှင် ပေးနိုင်ခဲ့တဲ့ ရှေ့ဆောင် လမ်းပြ ကစားသမား တဦး အနေနဲ့ ရပ်တည် နိုင်ခဲ့ပါတယ် ။

တိုက်စစ်အတွက် အခွင့်အရေး ဖန်တီးပေးမှု ၊ ပြိုင်ဖက် ရဲ့ တန်ပြန် တိုက်စစ်ဆင်မှု ကို အကောင်းဆုံး ခုခံ တားဆီး နိုင်ခဲ့ပြီး ခံစစ် နဲ့ တိုက်စစ် ကို အကောင်းဆုံး ချိတ်ဆက် ပေးခဲ့တာကို ဂျော်ဂျင်ဟို ဆီကနေ တွေ့မြင်ခဲ့ ရပါတယ် ။ ပွဲပြီး သတင်းစာ ရှင်းလင်းပွဲ မှာတော့ ချယ်လ်ဆီး နည်းပြ ဖရန့် လမ်းပတ် က နိုင်လိုစိတ် ပြင်းထန်ပြီး အသင်း ကို မောင်းနှင် ပေးနိုင် ခဲ့တဲ့ ဂျော်ဂျင်ဟို ကို ဦးဆောင်သူကောင်း တယောက် လို့ ချီးကျူး ပြောဆို ခဲ့ပါတယ် ။

လမ်းပတ် က ” ဟုတ်ပါတယ် ။ ဂျော်ဂျင်ဟို ဟာ ချယ်လ်ဆီး အသင်း ရဲ့ ဦးဆောင်သူ တဦးပါ ။ သူ့ဆီမှာ ခေါင်းဆောင် စိတ်ဓာတ် အပြည့် ပါပြီးသားပါ ။ ပြီးခဲ့တဲ့ ဘောလုံး ရာသီ က ဘာတွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့ ၊ အပြင်လူ တွေ ဘယ်လိုပဲ ဝေဖန်ခဲ့ ဝေဖန်ခဲ့ ၊ ကျွန်တော် ဟာ ချယ်လ်ဆီး အသင်း မှာ ရှိမနေခဲ့ပါဘူး ။ ကျွန်တော် ဆုံးဖြတ် နိုင်တာက အခု ကျွန်တော့ ရှေ့မှာ မြင်တွေ့ နေရတဲ့ အရာတွေပါ ။ ”

” ရာသီကြို ခရီးစဉ် မှာ ကတည်းက ဂျော်ဂျင်ဟို ဟာ အသင်း ကို ဦးဆောင် နိုင်ခဲ့တဲ့သူ တွေထဲ က တယောက် ဖြစ်ခဲ့ပြီး အဝတ်လဲခန်း မှာရော ၊ တကယ့် ပွဲစဉ် တွေမှာ အသင်းသား တွေကို လွှမ်းမိုး နိုင်စွမ်း ရှိပါတယ် ။ သူဟာ နိုင်ပွဲ တွေကို အမြဲတမ်း ဆာလောင် နေသူပါ ။ ဒီ စိတ်ဓာတ် က အသင်းသားတိုင်း မှာ ရှိနေတာပဲ ခင်ဗျား တို့ ယေဘူယျ ပြောနိုင်ပေမယ့် အရာရာ ပေးဆပ် ကစားပြ နိုင်ဖို့ ဆိုတာတော့ မလွယ်ကူပါဘူး ။ ဒီလို ခံယူချက်မျိုး ဂျော်ဂျင်ဟို ဆီမှာ ရှိနေတယ် လို့ ကျွန်တော် ထင်ပါတယ် ။ ”

” ဒါနဲ့ ပတ်သက်ပြီး ဂျော်ဂျီ အပေါ် ကျွန်တော် အရမ်း ကျေနပ် အားရ မိပါတယ် ။ အသင်း က လူငယ် ကစားသမား တွေကလည်း သူ့ရဲ့ ခံယူချက် နဲ့ စိတ်ဓာတ် နဲ့ ပတ်သက်ပြီး နေ့စဉ် နေ့တိုင်း အတုယူ လေ့လာ သင့်တယ် လို့ ကျွန်တော် ထင်ပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။ ထို့အပြင် လမ်းပတ် က လက်ရှိ မှာ ကစားခွင့် ရနေတဲ့ ချယ်လ်ဆီး လူငယ် ကစားသမား တွေဟာ ဂျော်ဂျင်ဟို ၊ ဝီလီယံ တို့လို အတွေ့အကြုံ ရှိ ကစားသမား တွေ ဆီကနေ လေ့လာ သင်ယူ ဖို့ လိုတယ် လို့ တိုက်တွန်း ပြောဆို ခဲ့ပါတယ် ။

လမ်းပတ် က ” ဟုတ်ပါတယ် ။ လက်ရှိ အချိန် မှာ လူတိုင်း ဟာ ကျွန်တော် တို့ အသင်း နဲ့ ပတ်သက်လာရင် လူငယ် ကစားသမား တွေ အကြောင်း နဲ့ ပဲ စပြောလေ့ ရှိပါတယ် ။ သူတို့ တွေဟာ ငယ်ရွယ်ပြီး အတွေ့အကြံု နုနယ် သေးပေမယ့် ကြိုးစားမှု နဲ့ အရည်အသွေးကောင်း တွေကြောင့် အခုလို စီနီယာ အသင်း အတွက် ပါဝင် ကစားခွင့် ရဖို့ ထိုက်တန် နေတာပါ ။ ကျွန်တော် ဟာ အသက်အရွယ် အပေါ် မူတည်ပြီး ကစားခွင့် ပေးတတ်တဲ့ နည်းပြ မဟုတ်ပါဘူး ။ ”

” တဖက်မှာလည်း ဒီ လူငယ်လေး တွေဟာ အတွေ့အကြံု ရင့်ကျက်တဲ့ စီနီယာ အသင်းဖော် တွေ ဆီကနေ လေ့လာ သင်ယူ ဖို့ လိုနေပါသေးတယ် ။ ဒီနေ့ပွဲ မှာ ပင်နယ်တီ ကို ယုံကြည်ချက် အပြည့်နဲ့ ဂျော်ဂျင်ဟို အကြောင်း ၊ အလုပ် အရမ်း ကြိုးစားပြီး အခွင့်အရေး များစွာ ဖန်တီး ပေးပြီး ကိုယ်တိုင် သွင်းဂိုး တဂိုးပါ ရခဲ့တဲ့ ဝီလီယံ အကြောင်း တို့ကို ခင်ဗျား တို့ ဆွေးနွေး နိုင်ပါတယ် ။ ”

” ဒါတွေဟာ အတွေ့အကြံု အရမ်း များတဲ့ ဝါရင့် စီနီယာ ကစားသမား တွေမှာမှ တွေ့ရတဲဲ့ မြင့်မားတဲ့ အဆင့်အတန်း တခု ဖြစ်ပါတယ် ။ လူငယ် ကစားသမား တွေဟာ သူတို့ရဲ့ အဆင့်အတန်း ကို လိုက်မှီအောင် ကြိုးစား ရပါမယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR