Harry Kane and Eriksen

မန္ခ်က္ စတာ ယူႏုိက္တက္ အသင္း ဟာ ေတာ့တင္ ဟမ္ ေဟာ့စပါး အသင္း မွာ ကစား ေနတဲ့ ဒိန္းမတ္ ကြင္းလယ္လူ ခရစ္ရွန္ အဲရစ္ဆင္ ကို လာမယ့္ ေႏြရာသီ မွာ ေခၚယူ ဖို႔ စိတ္၀င္ စား ေနခဲ့ ပါတယ္ ။ အဲရစ္ဆင္ ဟာ စပါး နဲ႔ ရာသီ အကုန္ မွာ စာခ်ဳပ္ျပည့္ မွာ ျဖစ္ၿပီး အလြတ္ ေျပာင္းေရႊ႕ ေၾကး ျဖင့္ ေခၚယူ ႏုိင္မွာ ျဖစ္ ပါတယ္ ။ အဲရစ္ဆင္ ဟာ ၿပီးခဲ့တဲ့ ေႏြရာသီ အေျပာင္း အေရႊ႕ ကတည္းက ဥေရာပ ထိပ္သီး ကလပ္ အမ်ား အျပား နဲ႔ သတင္း ထြက္ခဲ့ ေပမယ့္ စပါး မွာ သာ ဆက္ရွိ ေနခဲ့ သူလည္း ျဖစ္ ပါတယ္ ။

Eriksen

မန္ခ်က္စတာ ယူႏုိက္တက္ ဟာ လည္း ၿပီးခဲ့တဲ့ ေႏြရာသီ တစ္ေလ်ာက္ လံုး ကြင္းလယ္လူ ေပါလ္ ေပါ့ဘာ ကို အသင္းမွာ ဆက္ရွိ ေန ေစဖို႔ ဆြဲေဆာင္ ခဲ့ရ ပါတယ္ ။ ေပါ့ဘာ ေရာ အဲရစ္ဆင္ ပါ ရီးရဲ မက္ဒရစ္ ကို ေျပာင္းေရႊ႕ ေနလို ၾကၿပီး ရီးရဲ နည္းျပ ဇီဒန္း ကေတာ့ ေပါ့ဘာ ကို ပိုမို သေဘာက် ေနခဲ့ ပါတယ္ ။

ေနာက္ဆံုး ၾကားသိရ တဲ့ သတင္း အရ ေအးဂ်င့္ ရြဳိင္းအိုလာဟာ ေပါ့ဘာ ကို ယူႏုိက္တက္ မွာ ဆက္ရွိေန ေစလို ပါက တစ္ပတ္ လုပ္ခ ေပါင္ ၆ သိန္း အထိ ေပးေခ် ဖို႔ ေတာင္းဆိုမယ္ လုိ႔ သတင္း ထြက္ေပၚ ေနၿပီး အဆိုပါ ပမာဏ ဟာ ယူႏုိက္တက္ အေနနဲ႔ ေပါ့ဘာ ကို မျဖစ္မေန ေရာင္းထုတ္ ေစဖို႔ ဖိအား ျဖစ္လာ ေစလိမ့္မယ္ လို႔ သတင္းေတြ က သံုးသပ္ ထားခဲ့ ၾကပါတယ္ ။

ဒါေၾကာင့္ ယူႏိုက္တက္ အေနနဲ႔ ေပါ့ဘာ ကို မျဖစ္ မေန ေရာင္းထုတ္ ခဲ့ရ ပါက ျပန္လည္ အစားထိုး ဖို႔ အတြက္ အဲရစ္ဆင္ ကို ပစ္မွတ္ ထားလာဖြယ္ ရွိေန ပါတယ္ ။ ဒါေပမယ့္ လီဗာပူး နဲ႔ ေတာ့တင္ဟမ္ ေဟာ့စပါး တိုက္စစ္မႈး ေဟာင္း ပီတာ ခေရာ့ ကေတာ့ အဲရစ္ဆင္ ဟာ ယူႏုိက္တက္ နဲ႔ အံ၀င္ ႏုိင္မယ့္ ကစား သမားမ်ဳိး မဟုတ္ဘူး လို႔ ေျပာဆို ရင္း ဒိန္းမတ္ ကြင္းလယ္လူ ကို မေခၚယူ ဖို႔ သတိေပး သြားခဲ့ ပါတယ္ ။

Erickson

“မန္ခ်က္စတာ ယူႏုိက္တက္ မွာ ဆိုးရွား ကစားခ်င္ ေနတဲ့ ပံုစံ ဟာ ေရြ႕လ်ားမႈ ကို အေျခခံ တဲ့ ကစားပံု မ်ဳိးပါ ။ ေဘာလံုး ကို ေပးမယ္ ၊ ေျပးမယ္ ၊ ေနရာယူ မယ္ ၊ ျပန္လက္ ခံမယ္ ၊ ျပန္ေပးမယ္ ၊ ေနရာယူ မယ္ ဆုိတဲ့ ပံုစံ မ်ဳိး ပါ ။ တစ္ခါ တစ္ေလ တန္ျပန္ တိုက္စစ္ ကေန ဆြဲေျပး ႏုိင္ဖို႔ လိုအပ္ ပါတယ္ ။ ဒီလို ကစားႏုိင္ တဲ့ ထိပ္တန္း ကစား သမား ေတြ ေစ်းကြက္ ထဲ မွာ ရွိ ပါတယ္”

“ခရစ္ရွန္ အဲရစ္ဆင္ ဟာ ထိပ္တန္း အဆင့္ ကစား သမားပါ ။ ဒါေပမယ့္ ဆိုးရွား ရဲ႕ ကစားကြက္ နဲ႔ ေတာ့ ကိုက္ညီမယ့္ သူမ်ဳိး မဟုတ္ဘူး လုိ႔ ကြ်န္ေတာ္ ထင္ ပါတယ္ ။ သူတို႔ အေန နဲ႔ နည္းစနစ္ ဒါရုိက္တာ ေကာင္းေကာင္း တစ္ေယာက္ ကို ခန္႔အပ္ လုိက္မယ္ ဆိုရင္ ဘယ္လို ကစား သမား မ်ဳိး ကို ေရြးရမလဲ ဆုိတာ ေသခ်ာ ေပါက္ သိျမင္ လာမွာပါ”

“အခု အခ်ိန္ မွာေတာ့ လူ၀ယ္ တဲ့ ဆံုးျဖတ္ခ်က္ ေတြ ဟာ ေဘာလံုး အေၾကာင္း ကို ေသခ်ာ နားမလည္ ၊ မခံစား တတ္တဲ့ သူေတြ ဆီကေန လာတယ္ လုိ႔ ထင္ ပါတယ္ ။ သူတုိ႔ ျဖဳန္းခဲ့ တဲ့ ေငြေတြ မနည္း ပါဘူး ။ အခု အသင္း က အလင္းေရာင္ေတြ စၿပီး ျမင္ရ ဖို႔ ျဖစ္လာ ပါၿပီ ။ ဒါကို ေသခ်ာေလး တည့္မတ္ ေပးႏုိင္ ဖို႔ လုိပါတယ္”

“ဒီႏွစ္ ေခၚထားတဲ့ သူေတြ က တကယ္မွန္ကန္ ခဲ့ ပါတယ္ ။ ဘစ္ဆာကာ ၊ မက္ဂြဲယား နဲ႔ ဒန္နီရယ္ ဂ်ိမ္းစ္တို႔ ၃ ေယာက္ စလံုး ဟာ မန္ခ်က္စတာ ယူႏုိက္တက္ ရဲ႕ လက္ရွိ အေန အထား နဲ႔ ဆုိရင္ သင့္ေတာ္ မွန္ကန္တဲ့ ကစား သမားေတြ ပါပဲ” လို႔ ပီတာ ခေရာ့ခ်္ က သံုးသပ္ ေျပာဆို သြားခဲ့ ပါတယ္ ။

crough

မန္ခ်က္ စတာ ယူႏုိက္တက္ ဟာ မနက္ျဖန္ ညမွာ ပရီးမီး ယားလိဂ္ ပြဲစဥ္ ( ၇ ) အျဖစ္ အာဆင္နယ္ အသင္း ကို အိမ္ကြင္း မွာ လက္ခံ ကစား ရဖို႔ ရွိေန ပါတယ္ ။ ယူႏုိက္တက္ ဟာ ယမန္ေန႔ ညက ပြဲစဥ္ေတြ အၿပီး မွာ အဆင့္ ၁၁ ေနရာကို ေရာက္ရွိ ေနၿပီး အာဆင္နယ္ ကို အႏုိင္ ကစားမွ သာ အဆင့္ ၅ ေနရာကို တက္လွမ္း ႏုိင္မွာ ျဖစ္ ပါတယ္ ။

ဒါေပမယ့္ ေနာက္ဆံုး ျပဳလုပ္ ခဲ့တဲ့ သတင္းစာ ရွင္းလင္း ပြဲမွာ ေတာ့ ယူႏုိက္တက္ မွာ ဒဏ္ရာ ရရွိ ေနတဲ့ စီနီယာ ေတြ မ်ားျပား ေနၿပီး တုိက္စစ္ မွာ လူငယ္ေလး ေမဆင္ ဂရင္း၀ုဒ္ ကို ထည့္သြင္း ကစား၇ ဖြယ္ ရွိ ေနတယ္ လို႔ ဆုိးရွား က ေျပာဆို သြားခဲ့ ပါတယ္ ။

မန္ခ်က္စတာ ယူႏုိက္တက္ ဟာ အာဆင္နယ္ နဲ႔ ပြဲ အၿပီး ၂ ရက္ အၾကာမွာ ပဲ နယ္သာလန္ ကို ခရီးထြက္ကာ ယူရိုပါ လိဂ္ ပြဲစဥ္ အျဖစ္ ေအဇက္ အယ္ခမာ နဲ႔ ယွဥ္ၿပဳိင္ ကစား ရမွာ ျဖစ္သလို လာမယ့္ အပတ္ မွာလည္း နယူး ကာဆယ္ ရဲ႕ အိမ္ကြင္း ကို သြားေရာက္ ယွဥ္ၿပဳိင္ ရဦး မွာ ျဖစ္ ပါတယ္ ။

SPORTS MYANMAR

Unicode

တော့တင်ဟမ် စတား ကို ခေါ်ယူခြင်းမပြုဖို့ မန်ချက်စတာ ယူနိုက်တက် ကို သတိပေးလိုက်တဲ့ ပီတာခရော့

==============================================

မန်ချက် စတာ ယူနိုက်တက် အသင်း ဟာ တော့တင် ဟမ် ဟော့စပါး အသင်း မှာ ကစား နေတဲ့ ဒိန်းမတ် ကွင်းလယ်လူ ခရစ်ရှန် အဲရစ်ဆင် ကို လာမယ့် နွေရာသီ မှာ ခေါ်ယူ ဖို့ စိတ်ဝင် စား နေခဲ့ ပါတယ် ။ အဲရစ်ဆင် ဟာ စပါး နဲ့ ရာသီ အကုန် မှာ စာချုပ်ပြည့် မှာ ဖြစ်ပြီး အလွတ် ပြောင်းရွှေ့ ကြေး ဖြင့် ခေါ်ယူ နိုင်မှာ ဖြစ် ပါတယ် ။ အဲရစ်ဆင် ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်း အရွှေ့ ကတည်းက ဥရောပ ထိပ်သီး ကလပ် အများ အပြား နဲ့ သတင်း ထွက်ခဲ့ ပေမယ့် စပါး မှာ သာ ဆက်ရှိ နေခဲ့ သူလည်း ဖြစ် ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဟာ လည်း ပြီးခဲ့တဲ့ နွေရာသီ တစ်လျောက် လုံး ကွင်းလယ်လူ ပေါလ် ပေါ့ဘာ ကို အသင်းမှာ ဆက်ရှိ နေ စေဖို့ ဆွဲဆောင် ခဲ့ရ ပါတယ် ။ ပေါ့ဘာ ရော အဲရစ်ဆင် ပါ ရီးရဲ မက်ဒရစ် ကို ပြောင်းရွှေ့ နေလို ကြပြီး ရီးရဲ နည်းပြ ဇီဒန်း ကတော့ ပေါ့ဘာ ကို ပိုမို သဘောကျ နေခဲ့ ပါတယ် ။

နောက်ဆုံး ကြားသိရ တဲ့ သတင်း အရ အေးဂျင့် ရွိုင်းအိုလာဟာ ပေါ့ဘာ ကို ယူနိုက်တက် မှာ ဆက်ရှိနေ စေလို ပါက တစ်ပတ် လုပ်ခ ပေါင် ၆ သိန်း အထိ ပေးချေ ဖို့ တောင်းဆိုမယ် လို့ သတင်း ထွက်ပေါ် နေပြီး အဆိုပါ ပမာဏ ဟာ ယူနိုက်တက် အနေနဲ့ ပေါ့ဘာ ကို မဖြစ်မနေ ရောင်းထုတ် စေဖို့ ဖိအား ဖြစ်လာ စေလိမ့်မယ် လို့ သတင်းတွေ က သုံးသပ် ထားခဲ့ ကြပါတယ် ။

ဒါကြောင့် ယူနိုက်တက် အနေနဲ့ ပေါ့ဘာ ကို မဖြစ် မနေ ရောင်းထုတ် ခဲ့ရ ပါက ပြန်လည် အစားထိုး ဖို့ အတွက် အဲရစ်ဆင် ကို ပစ်မှတ် ထားလာဖွယ် ရှိနေ ပါတယ် ။ ဒါပေမယ့် လီဗာပူး နဲ့ တော့တင်ဟမ် ဟော့စပါး တိုက်စစ်မှုး ဟောင်း ပီတာ ခရော့ ကတော့ အဲရစ်ဆင် ဟာ ယူနိုက်တက် နဲ့ အံဝင် နိုင်မယ့် ကစား သမားမျိုး မဟုတ်ဘူး လို့ ပြောဆို ရင်း ဒိန်းမတ် ကွင်းလယ်လူ ကို မခေါ်ယူ ဖို့ သတိပေး သွားခဲ့ ပါတယ် ။

“မန်ချက်စတာ ယူနိုက်တက် မှာ ဆိုးရှား ကစားချင် နေတဲ့ ပုံစံ ဟာ ရွေ့လျားမှု ကို အခြေခံ တဲ့ ကစားပုံ မျိုးပါ ။ ဘောလုံး ကို ပေးမယ် ၊ ပြေးမယ် ၊ နေရာယူ မယ် ၊ ပြန်လက် ခံမယ် ၊ ပြန်ပေးမယ် ၊ နေရာယူ မယ် ဆိုတဲ့ ပုံစံ မျိုး ပါ ။ တစ်ခါ တစ်လေ တန်ပြန် တိုက်စစ် ကနေ ဆွဲပြေး နိုင်ဖို့ လိုအပ် ပါတယ် ။ ဒီလို ကစားနိုင် တဲ့ ထိပ်တန်း ကစား သမား တွေ စျေးကွက် ထဲ မှာ ရှိ ပါတယ်”

“ခရစ်ရှန် အဲရစ်ဆင် ဟာ ထိပ်တန်း အဆင့် ကစား သမားပါ ။ ဒါပေမယ့် ဆိုးရှား ရဲ့ ကစားကွက် နဲ့ တော့ ကိုက်ညီမယ့် သူမျိုး မဟုတ်ဘူး လို့ ကျွန်တော် ထင် ပါတယ် ။ သူတို့ အနေ နဲ့ နည်းစနစ် ဒါရိုက်တာ ကောင်းကောင်း တစ်ယောက် ကို ခန့်အပ် လိုက်မယ် ဆိုရင် ဘယ်လို ကစား သမား မျိုး ကို ရွေးရမလဲ ဆိုတာ သေချာ ပေါက် သိမြင် လာမှာပါ”

“အခု အချိန် မှာတော့ လူဝယ် တဲ့ ဆုံးဖြတ်ချက် တွေ ဟာ ဘောလုံး အကြောင်း ကို သေချာ နားမလည် ၊ မခံစား တတ်တဲ့ သူတွေ ဆီကနေ လာတယ် လို့ ထင် ပါတယ် ။ သူတို့ ဖြုန်းခဲ့ တဲ့ ငွေတွေ မနည်း ပါဘူး ။ အခု အသင်း က အလင်းရောင်တွေ စပြီး မြင်ရ ဖို့ ဖြစ်လာ ပါပြီ ။ ဒါကို သေချာလေး တည့်မတ် ပေးနိုင် ဖို့ လိုပါတယ်”

“ဒီနှစ် ခေါ်ထားတဲ့ သူတွေ က တကယ်မှန်ကန် ခဲ့ ပါတယ် ။ ဘစ်ဆာကာ ၊ မက်ဂွဲယား နဲ့ ဒန်နီရယ် ဂျိမ်းစ်တို့ ၃ ယောက် စလုံး ဟာ မန်ချက်စတာ ယူနိုက်တက် ရဲ့ လက်ရှိ အနေ အထား နဲ့ ဆိုရင် သင့်တော် မှန်ကန်တဲ့ ကစား သမားတွေ ပါပဲ” လို့ ပီတာ ခရော့ချ် က သုံးသပ် ပြောဆို သွားခဲ့ ပါတယ် ။

မန်ချက် စတာ ယူနိုက်တက် ဟာ မနက်ဖြန် ညမှာ ပရီးမီး ယားလိဂ် ပွဲစဉ် ( ရ ) အဖြစ် အာဆင်နယ် အသင်း ကို အိမ်ကွင်း မှာ လက်ခံ ကစား ရဖို့ ရှိနေ ပါတယ် ။ ယူနိုက်တက် ဟာ ယမန်နေ့ ညက ပွဲစဉ်တွေ အပြီး မှာ အဆင့် ၁၁ နေရာကို ရောက်ရှိ နေပြီး အာဆင်နယ် ကို အနိုင် ကစားမှ သာ အဆင့် ၅ နေရာကို တက်လှမ်း နိုင်မှာ ဖြစ် ပါတယ် ။

ဒါပေမယ့် နောက်ဆုံး ပြုလုပ် ခဲ့တဲ့ သတင်းစာ ရှင်းလင်း ပွဲမှာ တော့ ယူနိုက်တက် မှာ ဒဏ်ရာ ရရှိ နေတဲ့ စီနီယာ တွေ များပြား နေပြီး တိုက်စစ် မှာ လူငယ်လေး မေဆင် ဂရင်းဝုဒ် ကို ထည့်သွင်း ကစားရ ဖွယ် ရှိ နေတယ် လို့ ဆိုးရှား က ပြောဆို သွားခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဟာ အာဆင်နယ် နဲ့ ပွဲ အပြီး ၂ ရက် အကြာမှာ ပဲ နယ်သာလန် ကို ခရီးထွက်ကာ ယူရိုပါ လိဂ် ပွဲစဉ် အဖြစ် အေဇက် အယ်ခမာ နဲ့ ယှဉ်ပြိုင် ကစား ရမှာ ဖြစ်သလို လာမယ့် အပတ် မှာလည်း နယူး ကာဆယ် ရဲ့ အိမ်ကွင်း ကို သွားရောက် ယှဉ်ပြိုင် ရဦး မှာ ဖြစ် ပါတယ် ။

SPORTS MYANMAR