ဘာစီလိုနာ အသင္း နဲ့ ကစား ခဲ့ ရတဲ့ ခ်န္ပီယံ လိဂ္ ကြာတား ဖုိင္နယ္ ဒုတိယ အေက်ာ့ ပြဲစဥ္ အတြင္း အမွား က်ဴးလြန္ ခဲ့တဲ့ ယူနုိက္တက္ ဂိုးသမား ျဖစ္သူ ေဒးဗစ္ ဒီဂီယာ ဟာ သူ့ရဲ့ အမွား ေတြ အတြက္ အသင္း ေဖာ္ ေတြကုိ ေတာင္းပန္ စကား ဆုိသြား ခဲ့လိုက္ ပါတယ္ ။

အဆိုပါ ပြဲစဥ္ မွာ ဒီဂီယာ ဟာ ျပိဳင္ဖက္ အသင္း ရဲ့ အဓိက တုိက္စစ္ မွဴး လီယြန္နယ္ မက္ဆီ ကန္သြင္း ခဲ့တဲ့ ဒုတိယ ေျမာက္ သြင္းဂိုး ကို ဖမ္းယူ နုိင္ခြင့္ ရွိခဲ့ သင့္ ေပမဲ့ လက္ေခ်ာ္ သြားခဲ့ တဲ့ အတြက္ ျပိဳင္ဖက္ အသင္း ကို အေစာပိုင္း ဦးေဆာင္ ခြင့္ေတြ ရရွိ ေစခဲ့ လိုက္တာ ပဲ ျဖစ္ ပါတယ္ ။

အဆုိပါ ပြဲစဥ္ မွာေတာ့ ယူနုိက္တက္ တုိ့ 3 – 0 ဆုိတဲ့ ရလဒ္ နဲ့ ရွံဳးနိမ့္ ၊ ႏွစ္ေက်ာ့ ေပါင္း 4 – 0 ဆုိတဲ့ ရလဒ္နဲ့ အတူ ရွံဳးနိမ့္ သြားခဲ့ ရျပီး ခ်န္ပီယံ လိဂ္ ကြာတား ဖုိင္နယ္ အဆင့္ မွသာ လွည့္ျပန္ ခဲ့ ရတာ ပဲ ျဖစ္ ပါတယ္ ။

The Sun ရဲ့ ေဖာ္ျပခ်က္ အရ ေတာ့ ဒီဂီယာ က သူသာ အမွား ေတြ မက်ဴးလြန္ ခဲ့ရင္ အသင္း ဟာ နုိင္ပြဲ ရရွိ ေကာင္း ရရွိ နုိင္ခဲ့ လိမ့္မယ္ လို့ ယူဆ ေနေၾကာင္း သိရွိ ခဲ့ရ ပါတယ္ ။ ဒါေပမဲ့ ဒီဂီယာ ဖက္က ေတာ့ မက္ဆီ ရဲ့ ပထမ ဂိုး ၊ ေကာ္တင္ဟို ရဲ့ တတိယ ဂိုး ေတြကို ေတာ့ ဖမ္းယူ နုိင္ဖုိ႔ အခြင့္ အလမ္း ရွိ မေန ခဲ့ ပါဘူး ။

လက္ရွိ အခ်ိန္ မွာေတာ့ ဒီဂီယာ ဟာ စပိန္ ထိပ္သီး ရီးယဲ မက္ဒရစ္ အသင္း ရဲ့ စိတ္ဝင္စား မွဳ ေတြကို ရရွိ ေနဆဲ ျဖစ္ျပီး ယူနုိက္တက္ နဲ့ အတူ စာခ်ဳပ္ သက္တမ္း ကုန္ဆံုး သြားခဲ့ ပါက အသင္း မွ အလြတ္ ေျပာင္းေရႊ့ ေၾကး နဲ့ ထြက္ခြာ ရဖုိ့ နီးစပ္ ေန ပါတယ္ ။

မန္ခ်က္စတာ ယူနုိက္တက္ အသင္း ရဲ့ ဂိုး နည္းျပ ျဖစ္သူ အီမီလီယို အယ္လ္ဘာရက္ဇ္ က ေတာ့ ဘာစီလိုနာ နဲ့ မရင္ ဆုိင္မီ မက္ဆီ ကို ဟန့္တား နုိင္ဖုိ့ အတြက္ ဒီဂီယာ နဲ့ အတူ သီးသန့္ ေလ့က်င့္ေရး ေတြ ျပဳလုပ္ ခဲ့တယ္ လို့ ဖြင့္ဟ ထားခဲ့ ပါ ေသးတယ္ ။

” က်ြန္ေတာ္ တုိ့ ေလ့က်င့္ေရး အစီအစဥ္ ေတြမွာ မတူညီ တဲ့ အရာ အခ်ိဳ့ လုပ္ေဆာင္ ခဲ့ၾက ပါတယ္ ။ ကြ်န္ေတာ္ မလိမ္တန္း ေျပာ ရမယ္ ဆုိရင္ က်ြန္ေတာ္ တုိ့ တစ္ကယ့္ ကို စပါယ္ရွယ္ အစီအစဥ္ တစ္ခု အတြက္ အထူး ျပင္ဆင္ ထားခဲ့ ၾက ပါတယ္ ”

” က်ြန္ေတာ္ လာလီဂါ မွာ ကတည္းက ေဒးဗစ္ ( ဒီဂီယာ ) ၊ အျခား ဂိုး သမား ေတြ နဲ့ အတူ အခ်ိန္ အေတာ္ ၾကာ လက္တြဲ အလုပ္ လုပ္ခဲ့ ဖူး ပါတယ္ ။ ဒီ အတြက္ က်ြန္ေတာ္ တုိ့ လီယို နဲ့ ပတ္သက္ ျပီး သီးျခား ေလ့က်င့္ဖို႔ လုိအပ္တယ္ ဆုိတာ ကိုေတာ့ က်ြန္ေတာ္ မျငင္း လို ပါဘူး ”

” ဒီ အတြက္ က်ြန္ေတာ္ တို့ဟာ ဂိုး သမား ျဖစ္သူ လုပ္ေဆာင္ ရမဲ့ အရာ ေတြ ၊ ျပိဳင္ဖက္ အသင္း သားေတြ နဲ့ ပတ္သက္ တဲ့ အခ်က္ အလက္ ေတြကုုိ ပို့ေဆာင္ ေပးရ ပါတယ္ ။ အဲ့တာ က သူတုိ့ အတြက္ အကူအညီ ျဖစ္ေစ တာေပါ့ ”

” ဒါေပမဲ့ လီယို အေၾကာင္း ကို ဘယ္ေလာက္ ပဲ ေလ့လာ ေန ပါေစ ၊ ဘယ္ေလာက္ ပဲ ျပင္ဆင္ မွဳေတြ လုပ္ေန ပါေစ ၊ အခ်ိန္ တန္ရင္ ပါ႐မီ က အရာ အားလံုး ရဲ့ အထက္ မွာ ရွိေန တက္တာ ပါပဲ ”

” က်ြန္ေတာ္ ေဒးဗစ္ နဲ့ အတူ သီးျခား ေလ့က်င့္ေရး ေတြ ျပဳလုပ္ ခဲ့ ရတယ္ ။ အဲ့တာ ေတြကို က်ြန္ေတာ္ ေျပာျပ လို့ မရ နုိင္ ပါဘူး ။ တစ္ဖက္ မွာ လီယုိ ပါဝင္ ေန ခဲ့တဲ့ အတြက္ က်ြန္ေတာ္ တုိ့ သီးျခား အစီအစဥ္ ေတြ ၊ မတူညီ တဲ့ အရာ ေတြ လုပ္ေဆာင္ ခဲ့ ရတာ ေတာ့ အမွန္ ပါပဲ ” လို့ လို့ အီမီလီယုိ အယ္လ္ဘာရက္ဇ္ က ဖြင့္ဟ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

#Sports_Myanmar

Unicode

သူ့ရဲ့အမှားတွေအတွက် အသင်းဖော်တွေကို ပြန်လည် တောင်းပန်ခဲ့တဲ့ #ဒီဂီယာ

================

ဘာစီလိုနာ အသင်း နဲ့ ကစား ခဲ့ ရတဲ့ ချန်ပီယံ လိဂ် ကွာတား ဖိုင်နယ် ဒုတိယ အကျော့ ပွဲစဉ် အတွင်း အမှား ကျူးလွန် ခဲ့တဲ့ ယူနိုက်တက် ဂိုးသမား ဖြစ်သူ ဒေးဗစ် ဒီဂီယာ ဟာ သူ့ရဲ့ အမှား တွေ အတွက် အသင်း ဖော် တွေကို တောင်းပန် စကား ဆိုသွား ခဲ့လိုက် ပါတယ် ။

အဆိုပါ ပွဲစဉ် မှာ ဒီဂီယာ ဟာ ပြိုင်ဖက် အသင်း ရဲ့ အဓိက တိုက်စစ် မှူး လီယွန်နယ် မက်ဆီ ကန်သွင်း ခဲ့တဲ့ ဒုတိယ မြောက် သွင်းဂိုး ကို ဖမ်းယူ နိုင်ခွင့် ရှိခဲ့ သင့် ပေမဲ့ လက်ချော် သွားခဲ့ တဲ့ အတွက် ပြိုင်ဖက် အသင်း ကို အစောပိုင်း ဦးဆောင် ခွင့်တွေ ရရှိ စေခဲ့ လိုက်တာ ပဲ ဖြစ် ပါတယ် ။

အဆိုပါ ပွဲစဉ် မှာတော့ ယူနိုက်တက် တို့ 3 – 0 ဆိုတဲ့ ရလဒ် နဲ့ ရှုံးနိမ့် ၊ နှစ်ကျော့ ပေါင်း 4 – 0 ဆိုတဲ့ ရလဒ်နဲ့ အတူ ရှံုးနိမ့် သွားခဲ့ ရပြီး ချန်ပီယံ လိဂ် ကွာတား ဖိုင်နယ် အဆင့် မှသာ လှည့်ပြန် ခဲ့ ရတာ ပဲ ဖြစ် ပါတယ် ။

The Sun ရဲ့ ဖော်ပြချက် အရ တော့ ဒီဂီယာ က သူသာ အမှား တွေ မကျူးလွန် ခဲ့ရင် အသင်း ဟာ နိုင်ပွဲ ရရှိ ကောင်း ရရှိ နိုင်ခဲ့ လိမ့်မယ် လို့ ယူဆ နေကြောင်း သိရှိ ခဲ့ရ ပါတယ် ။ ဒါပေမဲ့ ဒီဂီယာ ဖက်က တော့ မက်ဆီ ရဲ့ ပထမ ဂိုး ၊ ကော်တင်ဟို ရဲ့ တတိယ ဂိုး တွေကို တော့ ဖမ်းယူ နိုင်ဖို့ အခွင့် အလမ်း ရှိ မနေ ခဲ့ ပါဘူး ။

လက်ရှိ အချိန် မှာတော့ ဒီဂီယာ ဟာ စပိန် ထိပ်သီး ရီးယဲ မက်ဒရစ် အသင်း ရဲ့ စိတ်ဝင်စား မှု တွေကို ရရှိ နေဆဲ ဖြစ်ပြီး ယူနိုက်တက် နဲ့ အတူ စာချုပ် သက်တမ်း ကုန်ဆုံး သွားခဲ့ ပါက အသင်း မှ အလွတ် ပြောင်းရွှေ့ ကြေး နဲ့ ထွက်ခွာ ရဖို့ နီးစပ် နေ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ဂိုး နည်းပြ ဖြစ်သူ အီမီလီယို အယ်လ်ဘာရက်ဇ် က တော့ ဘာစီလိုနာ နဲ့ မရင် ဆိုင်မီ မက်ဆီ ကို ဟန့်တား နိုင်ဖို့ အတွက် ဒီဂီယာ နဲ့ အတူ သီးသန့် လေ့ကျင့်ရေး တွေ ပြုလုပ် ခဲ့တယ် လို့ ဖွင့်ဟ ထားခဲ့ ပါ သေးတယ် ။

” ကျွန်တော် တို့ လေ့ကျင့်ရေး အစီအစဉ် တွေမှာ မတူညီ တဲ့ အရာ အချို့ လုပ်ဆောင် ခဲ့ကြ ပါတယ် ။ ကျွန်တော် မလိမ်တန်း ပြော ရမယ် ဆိုရင် ကျွန်တော် တို့ တစ်ကယ့် ကို စပါယ်ရှယ် အစီအစဉ် တစ်ခု အတွက် အထူး ပြင်ဆင် ထားခဲ့ ကြ ပါတယ် ”

” ကျွန်တော် လာလီဂါ မှာ ကတည်းက ဒေးဗစ် ( ဒီဂီယာ ) ၊ အခြား ဂိုး သမား တွေ နဲ့ အတူ အချိန် အတော် ကြာ လက်တွဲ အလုပ် လုပ်ခဲ့ ဖူး ပါတယ် ။ ဒီ အတွက် ကျွန်တော် တို့ လီယို နဲ့ ပတ်သက် ပြီး သီးခြား လေ့ကျင့်ဖို့ လိုအပ်တယ် ဆိုတာ ကိုတော့ ကျွန်တော် မငြင်း လို ပါဘူး ”

” ဒီ အတွက် ကျွန်တော် တို့ဟာ ဂိုး သမား ဖြစ်သူ လုပ်ဆောင် ရမဲ့ အရာ တွေ ၊ ပြိုင်ဖက် အသင်း သားတွေ နဲ့ ပတ်သက် တဲ့ အချက် အလက် တွေကုုိ ပို့ဆောင် ပေးရ ပါတယ် ။ အဲ့တာ က သူတို့ အတွက် အကူအညီ ဖြစ်စေ တာပေါ့ ”

” ဒါပေမဲ့ လီယို အကြောင်း ကို ဘယ်လောက် ပဲ လေ့လာ နေ ပါစေ ၊ ဘယ်လောက် ပဲ ပြင်ဆင် မှုတွေ လုပ်နေ ပါစေ ၊ အချိန် တန်ရင် ပါရမီ က အရာ အားလုံး ရဲ့ အထက် မှာ ရှိနေ တက်တာ ပါပဲ ”

” ကျွန်တော် ဒေးဗစ် နဲ့ အတူ သီးခြား လေ့ကျင့်ရေး တွေ ပြုလုပ် ခဲ့ ရတယ် ။ အဲ့တာ တွေကို ကျွန်တော် ပြောပြ လို့ မရ နိုင် ပါဘူး ။ တစ်ဖက် မှာ လီယို ပါဝင် နေ ခဲ့တဲ့ အတွက် ကျွန်တော် တို့ သီးခြား အစီအစဉ် တွေ ၊ မတူညီ တဲ့ အရာ တွေ လုပ်ဆောင် ခဲ့ ရတာ တော့ အမှန် ပါပဲ ” လို့ လို့ အီမီလီယို အယ်လ်ဘာရက်ဇ် က ဖွင့်ဟ ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar