အာဆင္နယ္ အသင္း နည္းၿပ အူနိုင္း အမ္မရီ ဟာ ၂၀၁၉-၂၀၂၀ ခုႏွစ္အတြက္ ဂန္းနားတို႔ရဲ့ ပထမ အသင္းေခါင္းေဆာင္ အျဖစ္ ကြင္းလယ္လူ ဂရန္းနစ္ရွာကာ ကို ခန႔္အပ္ လိုက္ပါတယ္ ။ ပရိသတ္ေတြကေတာ့ အမွားမ်ားၿပီး တည္ၿငိမ္မွု အားနည္းတဲ့ ရွာကာကို အသင္း ေခါင္းေဆာင္အျဖစ္ ခန႔္အပ္တာကို သေဘာမက်ၾကဘဲ ေဝဖန္မွုေတြလည္း ရွိေနပါတယ္။

xhaka

အာဆင္နယ္ အသင္း နည္းၿပ အူနိုင္း အမ္မရီ ဟာ အသင္း ေခါင္းေဆာင္ ငါးဦးကို အသင္းသားေတြကို မဲေပးေရြးခ်ယ္ခိုင္းခဲ့တာျဖစ္ၿပီး ရွာကာ က ပထမ အသင္း ေခါင္းေဆာင္ အျဖစ္ ခန႔္အပ္ျခင္း ခံခဲ့ရပါတယ္ ။ တိုက္စစ္မွူး အူဘာမီယန္းကေတာ့ ဒုတိယ အသင္းေခါင္းေဆာင္ အျဖစ္ ေရြးခ်ယ္ခံခဲ့ရၿပီး ဘယ္လာရင္၊လာကာဇက္၊အိုေဇးလ္ တို႔လည္း အသင္းေခါင္းေဆာင္ ငါးဦးစာရင္းမွာ ပါဝင္ခဲ့ပါတယ္ ။

ဂန္းနား ေနာက္ခံလူေဟာင္း မာတင္ကီယြန္ ကေတာ့ ပရိသတ္ေတြရဲ့ ေလွာင္ေျပာင္မွု နဲ႔ ရင္ဆိုင္ေနရၿပီး အမွားမၾကာခဏ လုပ္ေလ့ ရွိတဲ့ ရွာကာ ကို အသင္းေခါင္းေဆာင္ အျဖစ္ ခန႔္အပ္ ခဲ့တဲ့ နည္းၿပ အူနိုင္း အမ္မရီ ရဲ့ လုပ္ရပ္ကို ေဝဖန္ထားၿပီး အသင္းေခါင္းေဆာင္ ျဖစ္သင့္သူဟာ တိုက္စစ္မွူး အူဘာမီယန္းသာ ျဖစ္တယ္လို႔ ဆိုပါတယ္။

ဂါဘြန္ လက္ေရြးစင္ တိုက္စစ္မွူး အူဘာမီယန္း ကေတာ့ ရွာကာ ကို အသင္းေခါင္းေဆာင္ အျဖစ္ ခန႔္အပ္လိုက္တဲ့ ဆုံးျဖတ္ခ်က္ အေပၚ ေက်နပ္ေနၿပီး အသင္းေဖာ္ ရွာကာ အသင္းကို အေကာင္းဆုံး ဦးေဆာင္ နိုင္ေအာင္ ကူညီ ေထာက္ပံ့ ေပးသြားမယ္လို႔ ေျပာၾကား သြားခဲ့ပါတယ္ ။

အူဘာမီယန္း က Sky Sports နဲ႔ အင္တာဗ်ဴးမွာ ” သူ( ရွာကာ ) က အာဆင္နယ္ အသင္းမွာ အေရးပါတဲ့ ကစားသမား တစ္ဦးပါ ။ သူ႔ဆီကေန သင္ယူ စရာေတြ အမ်ားႀကီး ရွိပါတယ္ ၊ သူက စိတ္ဓတ္ခိုင္မာတဲ့ ကစားသမား တစ္ဦးလည္း ျဖစ္ပါတယ္ ၊ သူ အသင္းေခါင္းေဆာင္ တာဝန္ကို ထိုက္ထိုက္တန္တန္ လက္ခံ ရရွိ သြားတာပါ ။ ”

” က်ေနာ္တို႔(အသင္းေခါင္းေဆာင္ ငါးဦး) စလုံးကေတာ့ အသင္းသား အားလုံးကို အစြမ္းကုန္ ကူညီ ေပးသြားမွာပါ ။ ကစားသမားတိုင္းမွာ ေျခစြမ္းမျပနိုင္တဲ့ အခိုက္အတန႔္ကေတာ့ ရွိတာပါပဲ ၊ ဒါေပမယ့္ က်ေနာ္တို႔က ဝါရင့္ ကစားသမားေတြဆိုေတာ့ လူငယ္ေတြကို အကူအညီ ေပးရမွာပါ ။ ”

 

” က်ေနာ္တို႔ အသင္းမွာ လူငယ္ ကစားသမား အမ်ားႀကီး ရွိေနၿပီး သူတို႔ အေနနဲ႔ ေျခစြမ္းေကာင္းေတြကို ဆက္လက္ ထိန္းသိမ္းထားနိုင္ဖို႔ လိုအပ္ပါတယ္ ။ က်ေနာ္တို႔ အသင္းမွာ အရည္အေသြးေကာင္းေတြ ရွိတဲ့ ကစားသမားေတြ ရွိပါတယ္။”

” က်ေနာ္တို႔မွာ ငယ္ရြယ္တဲ့ ကစားသမားေတြ မ်ားေပမယ့္ ကိုယ့္ကိုယ္ကို ယုံၾကည္မွု အျပည့္ ရွိပါတယ္ ။ အသင္းက ကစားသမားတိုင္းရဲ့ပင္ကို စရိုက္ကို သေဘာက် ပါတယ္ ၊ ဒါေၾကာင့္ က်ေနာ္တို႔ အတြက္ ဒီႏွစ္ဟာ ေအာင္ျမင္တဲ့ ေဘာလုံး ရာသီ ျဖစ္လိမ့္မယ္လို႔ ခံစားေနရပါတယ္ ။ ” လို႔ ေျပာၾကား လိုက္ပါတယ္ ။

SPORTS MYANMAR

Unicode

ရှာကာ ကို အသင်းခေါင်းဆောင် ​အဖြစ် ခန့်အပ်လိုက်တဲ့ အပေါ် ထင်မြင်ချက် ပေးလိုက်တဲ့ အူဘာမီယန်း
==================================

အာဆင်နယ် အသင်း နည်းပြ အူနိုင်း အမ်မရီ ဟာ ၂၀၁၉-၂၀၂၀ ခုနှစ်အတွက် ဂန်းနားတို့ရဲ့ ပထမ အသင်းခေါင်းဆောင် အဖြစ် ကွင်းလယ်လူ ဂရန်းနစ်ရှာကာ ကို ခန့်အပ် လိုက်ပါတယ် ။ ပရိသတ်တွေကတော့ အမှားများပြီး တည်ငြိမ်မှု အားနည်းတဲ့ ရှာကာကို အသင်း ခေါင်းဆောင်အဖြစ် ခန့်အပ်တာကို သဘောမကျကြဘဲ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

အာဆင်နယ် အသင်း နည်းပြ အူနိုင်း အမ်မရီ ဟာ အသင်း ခေါင်းဆောင် ငါးဦးကို အသင်းသားတွေကို မဲပေးရွေးချယ်ခိုင်းခဲ့တာဖြစ်ပြီး ရှာကာ က ပထမ အသင်း ခေါင်းဆောင် အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရပါတယ် ။ တိုက်စစ်မှူး အူဘာမီယန်းကတော့ ဒုတိယ အသင်းခေါင်းဆောင် အဖြစ် ရွေးချယ်ခံခဲ့ရပြီး ဘယ်လာရင်၊လာကာဇက်၊အိုဇေးလ် တို့လည်း အသင်းခေါင်းဆောင် ငါးဦးစာရင်းမှာ ပါဝင်ခဲ့ပါတယ် ။

ဂန်းနား နောက်ခံလူဟောင်း မာတင်ကီယွန် ကတော့ ပရိသတ်တွေရဲ့ လှောင်ပြောင်မှု နဲ့ ရင်ဆိုင်နေရပြီး အမှားမကြာခဏ လုပ်လေ့ ရှိတဲ့ ရှာကာ ကို အသင်းခေါင်းဆောင် အဖြစ် ခန့်အပ် ခဲ့တဲ့ နည်းပြ အူနိုင်း အမ်မရီ ရဲ့ လုပ်ရပ်ကို ဝေဖန်ထားပြီး အသင်းခေါင်းဆောင် ဖြစ်သင့်သူဟာ တိုက်စစ်မှူး အူဘာမီယန်းသာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဂါဘွန် လက်ရွေးစင် တိုက်စစ်မှူး အူဘာမီယန်း ကတော့ ရှာကာ ကို အသင်းခေါင်းဆောင် အဖြစ် ခန့်အပ်လိုက်တဲ့ ဆုံးဖြတ်ချက် အပေါ် ကျေနပ်နေပြီး အသင်းဖော် ရှာကာ အသင်းကို အကောင်းဆုံး ဦးဆောင် နိုင်အောင် ကူညီ ထောက်ပံ့ ပေးသွားမယ်လို့ ပြောကြား သွားခဲ့ပါတယ် ။

အူဘာမီယန်း က Sky Sports နဲ့ အင်တာဗျူးမှာ ” သူ( ရှာကာ ) က အာဆင်နယ် အသင်းမှာ အရေးပါတဲ့ ကစားသမား တစ်ဦးပါ ။ သူ့ဆီကနေ သင်ယူ စရာတွေ အများကြီး ရှိပါတယ် ၊ သူက စိတ်ဓတ်ခိုင်မာတဲ့ ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ် ၊ သူ အသင်းခေါင်းဆောင် တာဝန်ကို ထိုက်ထိုက်တန်တန် လက်ခံ ရရှိ သွားတာပါ ။ ”

” ကျနော်တို့(အသင်းခေါင်းဆောင် ငါးဦး) စလုံးကတော့ အသင်းသား အားလုံးကို အစွမ်းကုန် ကူညီ ပေးသွားမှာပါ ။ ကစားသမားတိုင်းမှာ ခြေစွမ်းမပြနိုင်တဲ့ အခိုက်အတန့်ကတော့ ရှိတာပါပဲ ၊ ဒါပေမယ့် ကျနော်တို့က ဝါရင့် ကစားသမားတွေဆိုတော့ လူငယ်တွေကို အကူအညီ ပေးရမှာပါ ။ ”

” ကျနော်တို့ အသင်းမှာ လူငယ် ကစားသမား အများကြီး ရှိနေပြီး သူတို့ အနေနဲ့ ခြေစွမ်းကောင်းတွေကို ဆက်လက် ထိန်းသိမ်းထားနိုင်ဖို့ လိုအပ်ပါတယ် ။ ကျနော်တို့ အသင်းမှာ အရည်အသွေးကောင်းတွေ ရှိတဲ့ ကစားသမားတွေ ရှိပါတယ်။”

” ကျနော်တို့မှာ ငယ်ရွယ်တဲ့ ကစားသမားတွေ များပေမယ့် ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့် ရှိပါတယ် ။ အသင်းက ကစားသမားတိုင်းရဲ့ပင်ကို စရိုက်ကို သဘောကျ ပါတယ် ၊ ဒါကြောင့် ကျနော်တို့ အတွက် ဒီနှစ်ဟာ အောင်မြင်တဲ့ ဘောလုံး ရာသီ ဖြစ်လိမ့်မယ်လို့ ခံစားနေရပါတယ် ။ ” လို့ ပြောကြား လိုက်ပါတယ် ။

SPORTS MYANMAR