Roy Keane

သင္ဟာ ၂၀၀၀ ခုႏွစ္ ကေန ၂၀၀၇-၂၀၀၈ တစ္၀ိုက္ က ပရီးမီးယားလိဂ္ ပြဲစဥ္ ေတြကို အားေပး ခဲ့ဖူး တယ္ ဆိုရင္ ေတာ့ ပရီးမီး ယားလိဂ္ ဟာ ႏွစ္ေကာင္တည္း ေျပးတဲ့ လိဂ္ တစ္ခု အျဖစ္ ျမင္ေတြ႕ ရမွာ ေသခ်ာ ပါတယ္ ။ ဆာအဲလက္စ္ ဖာဂူဆန္ ရဲ႕ မန္ခ်က္ စတာ ယူႏုိက္တက္ နဲ႔ အာဆင္၀င္းဂါး ရဲ႕ အာဆင္နယ္ အသင္းတို႔ ဟာ အဆုိပါ ကာလ ေတြ မွာ အဂၤလန္ ရဲ႕ အျမင့္ဆံုး ၿပဳိင္ပြဲ ကို စိုးမိုး ထားခဲ့ၿပီး သူတစ္ျပန္ ကိုယ္တစ္ျပန္ ဗိုလ္စြဲ ခဲ့ၾက ပါတယ္ ။

ဒါေၾကာင့္ ပရီးမီးယားလိဂ္ မွာ အာဆင္နယ္ နဲ႔ မန္ခ်က္ စတာ ယူႏုိက္တက္ တို႔ ထိပ္တုိက္ ေတြ႕ ဆံုတဲ့ ပြဲေတြ ဟာ အလြန္ အက်ိတ္ အနယ္ နဲ႔ ျပင္းထန္ ခဲ့ၾကၿပီး ပြဲရလဒ္ ေတြ ကလည္း ခ်န္ပီယံ ဆု ကို အဆံုး အျဖတ္ ေပး ႏုိင္သည္ အထိ အေရးပါ ခဲ့ပါတယ္ ။

ဆာအဲလက္ ဖာဂူဆန္ နဲ႔ အာဆင္၀င္းဂါး တို႔ရဲ႕ ကြင္းတြင္း ကြင္းျပင္ အားၿပဳိင္မႈ ၊ ရြဳိင္ကင္း နဲ႔ ပက္ထရစ္ ဗီယာရာ တို႔ လုိ ရဲရဲ ေတာက္ ေခါင္းေဆာင္ ၂ ဦး ရဲ႕ ကြင္းတြင္း က အခ်င္းမ်ား မႈ ေတြ ၊ အြန္နရီ ဘားကင့္ ယြန္းဘတ္ ပီရက္ ၀ီေတာ့ တို႔ ပါ၀င္တဲ့ အာဆင္နယ္ တုိက္စစ္ နဲ႔ နစၥတယ္ရြဳိင္း စခိုး ဂစ္ ဘက္ခမ္း တို႔ရဲ႕ ယူႏုိက္တက္ တိုက္စစ္ တို႔ အားၿပဳိင္ခဲ့မႈ ေတြ ဟာ အဆုိပါ အခ်ိန္ ကာလ တုန္းက ပရီးမီးယားလိဂ္ ပရိသတ္ေတြ ကို အလြန္ ဆြဲေဆာင္ ႏုိင္ခဲ့ ပါတယ္ ။

၂၀၀၅ ခုႏွစ္ တစ္၀ိုက္ မွာ ေပၚတူဂီ နည္းျပ ေမာ္ရင္ဟို ေရာက္ရွိလာ မႈ နဲ႔ အတူ ခ်ဲလ္ဆီး ဟာ ခ်န္ပီယံ ေလာင္း တစ္သင္း အဆင့္ကို ေရာက္လာ ခဲ့ ေပမယ့္ အဆိုပါ အခ်ိန္ အထိ အာဆင္နယ္ ရဲ႕ အဆင့္က ေလ်ာ့က် မသြားခဲ့ ပါဘူး ။ ဒါေပမယ့္ ၂၀၀၄ ခုႏွစ္ တုန္းက ရွဳံးပြဲ မရွိ ခ်န္ပီယံ ျဖစ္ခဲ့မႈ ရဲ႕ လႊမ္းမႈ ျခင္းေတြ ၊ အသင္း၇ဲ႕ အဓိက ကစား သမား အမ်ားအျပား ၿပဳိင္ဘက္ အသင္းေတြ ထံ ေရာက္ရွိ သြားျခင္းေတြ ( အထူး သျဖင့္ မန္စီးတီး ) ဟာ အာဆင္နယ္ ကို ခ်န္ပီယံ ေလာင္း အဆင့္ ကေန ခ်န္ပီယံလိဂ္ ၀င္ခြင့္ အတြက္ တုိက္ပြဲ ၀င္ေန ရတဲ့ အသင္းႀကီး တစ္သင္း အဆင့္ကို ေလ်ာ့က် သြား ေစခဲ့ ပါတယ္ ။

ယခု အခ်ိန္ မွာေတာ့ မန္ခ်က္စတာ ယူႏုိက္တက္ နဲ႔ အာဆင္နယ္ တို႔ ဟာ ဥေရာပ ၀င္ခြင့္ ကိုသာ အဓိက တုိက္ပြဲ၀င္ ရတဲ့ အသင္းႀကီးေတြ အျဖစ္မွာသာ ရွိေနခဲ့ၿပီး သူတို႔ ၂ သင္း ဆံုေတြ႕ တဲ့ ပြဲေတြ ဟာလည္း ၂၀၀၀ ခုႏွစ္ ပတ္၀န္း က်င္တုန္းက ေလာက္ မျပင္းထန္ ေတာ့တာ ကို ေတြ႕ျမင္ ခဲ့ရ ပါတယ္ ။

လာမယ့္ တနလၤာေန႔ မွာေတာ့ အဆုိပါ ၂ သင္း ဟာ အိုးထရက္ဖိုဒ့္ ကြင္းမွာ ရင္ဆုိင္ ဆံုေတြ႕ ၾကေတာ့ မွာပဲ ျဖစ္ ပါတယ္ ။ ရာသီအစ သာ ရွိေသးတဲ့ အတြက္ ဒီပြဲ ရလဒ္ ဟာ အသင္း ၂ သင္း စလံုး ရဲ႕ ရာသီကုန္ ရပ္တည္ မႈ ကို သိသိ သာသာ သက္ေရာက္ ေစမွာ မဟုတ္ေပမယ့္ တစ္ခ်ိန္တုန္းက ၿပဳိင္ဆုိင္မႈ ျပင္းထန္ခဲ့မႈ ရဲ႕ အေငြ႕ အသက္ေတြ ကေတာ့ ပရိသတ္ေတြ ဆီမွာ အတိုင္း အတာ တစ္ခု အထိ က်န္ရွိ လုိ႔ ေနခဲ့ ပါေသးတယ္ ။

လက္ရွိ အသင္း ၂ သင္း မွာ ကစား သမားေကာင္း အခ်ဳိ႕ ရွိ ေနၾကေပမယ့္ အာဆင္နယ္ – မန္ခ်က္စတာ ယူႏုိက္တက္ ပြဲလို႔ ဆိုလုိက္ ရင္ေတာ့ အေတာ္မ်ားမ်ား ဟာ အတိတ္ ကာလ က ပံုရိပ္ေတြ ကို ပဲ ျမင္ေယာင္မိ ၾကမွာ ေသခ်ာ ပါတယ္ ။ ဒါေၾကာင့္ ပရီးမီးယားလိဂ္ ကာလ အတြင္း မန္ခ်က္စတာ ယူႏုိက္တက္ နဲ႔ အာဆင္နယ္ တို႔ အားၿပဳိင္ခဲ့ၾကတဲ့ အထဲ က အေကာင္းဆံုး ကစား သမား အေယာက္ ၂၀ ကို ထုတ္ႏႈတ္ ေဖာ္ျပ ေပးလိုက္ရ ပါတယ္ ။

 

၂၀ ။ ဖာဘရီဂတ္ ( အာဆင္နယ္ )
၁၉ ။ အီယန္ရိုက္ ( အာဆင္နယ္ )
၁၈ ။ ပီတာ ရွမိုက္ကယ္ ( မန္ခ်က္စတာ ယူႏုိက္တက္ )
၁၇ ။ အက္ရွ္ေလ ကိုး ( အာဆင္နယ္ )

၁၆ ။ တိုနီ အဒမ္ ( အာဆင္နယ္ )
၁၅ ။ ေရာဘတ္ ပီရက္ ( အာဆင္နယ္ )
၁၄ ။ နီမန္ဂ်ာ ဗီဒစ္ ( မန္ခ်က္စတာ ယူႏိုက္တက္ )
၁၃ ။ ရီယို ဖာဒီနန္ ( မန္ခ်က္စတာ ယူႏုိက္တက္ )

၁၂ ။ ေရာ္ဘင္ ဗန္ပါစီ ( အာဆင္နယ္ ၊ မန္ခ်က္စတာ ယူႏုိက္တက္ )
၁၁ ။ ရုဒ္ ဗန္ နစၥတယ္ရြဳိင္း ( မန္ခ်က္စတာ ယူႏုိက္တက္ )
၁၀ ။ ေဒးဗစ္ ဘက္ခမ္း ( မန္ခ်က္စတာ ယူႏုိက္တက္ )
၉ ။ အဲရစ္ ကန္တိုနာ ( မန္ခ်က္စတာ ယူနိုက္တက္ )

၈ ။ ရြဳိင္ကင္း ( မန္ခ်က္စတာ ယူႏုိက္တက္ )
၇ ။ ပက္ထရစ္ ဗီယာရာ ( အာဆင္နယ္ )
၆ ။ ေပါလ္ စခိုး ( မန္ခ်က္ စတာ ယူႏုိက္တက္ )

၅ ။ ဒင္းနစ္ ဘားကင့္ ( အာဆင္နယ္ )

ပရီးမီးယားလိဂ္ ကို နယ္သာလန္ ကစား သမားေတြ အမ်ား အျပား ေရာက္ရွိ လာေစဖို႔ လမ္းညႊန္ ျပသ ခဲ့သူ ျဖစ္ ပါတယ္ ။ “Non-flying Dutchman” လို႔ အမည္ ေျပာင္ ရခဲ့တဲ့ ဘားကင့္ ဟာ အာဆင္နယ္ အသင္း သမိုင္း တစ္ေလ်ာက္ မွာသာ မက ပရီးမီးယားလိဂ္ သမိုင္း တစ္ေလ်ာက္ မွာ ပါ နည္းစနစ္ ပုိင္း အၾကြယ္၀ဆံုး ကစား သမား တစ္ဦး အျဖစ္ သတ္မွတ္ျခင္း ခံခဲ့ရ ပါတယ္ ။ အာဆင္နယ္ အသင္းရဲ႕ ကြင္း ေရွ႕မွာ ရုပ္တု ၃ ခုသာ ရွိၿပီး ဘားကင့္ က တစ္ဦး အပါ အ၀င္ ျဖစ္ေနျခင္း ဟာ နယ္သာလန္ သား ရဲ႕ လႊမ္းမိုးမႈ ကို သက္ေသျပေနခဲ့ ပါတယ္ ။

 

၄ ။ ရိုင္ယန္ဂစ္ ( မန္ခ်က္စတာ ယူႏုိက္တက္ )
အာဆင္နယ္ နဲ႔ ပတ္သက္ရင္ေတာ့ ၁၉၉၉ ခုႏွစ္ FA Cup ဆီမီး ဖိုင္နယ္ ဒုတိယ အေက်ာ့က သြင္းဂုိး ဟာ ရိုင္ယန္ဂစ္ ရဲ႕ ဘ၀ မွာ မေမ့ ႏုိင္တဲ့ အမွတ္တရ ျဖစ္ေစ ခဲ့ ပါတယ္ ။ ပရီးမီးယားလိဂ္ မွာ ၂၆ ႏွစ္ ၾကာ ကစားခဲ့ၿပီး အမွတ္ေပး ဖလား ကို အေရ အတြက္ အမ်ားဆံုး ( ၁၃ ႀကိမ္ ) ရယူ ထားႏုိင္တဲ့ ကစား သမား ျဖစ္သူ ရိုင္ယန္ဂစ္ ဟာ အာဆင္နယ္ – မန္ယူႏုိက္တက္ ( အာဆင္၀င္းဂါး – ဖာဂူဆန္ ) အားၿပဳိင္မႈ သမိုင္းေၾကာင္း မွာ အစ ကေန အဆံုး အထိ ပါ၀င္ ခဲ့သူ တစ္ေယာက္လို႔ ဆိုရင္ မွားႏုိင္ မယ္ မထင္ ပါဘူး ။

၃ ။ ၀ိန္းရြန္းနီ ( မန္ခ်က္စတာ ယူႏုိက္တက္ )
၀ိန္းရြန္းနီ ရဲ႕ ကစား သမား ဘ၀ မွာ အာဆင္နယ္ ရဲ႕ ရွဳံးပြဲ မရွိ စံခ်ိန္ ကို ၂ ႀကိမ္ တုိင္ ရပ္တန္႔ ခဲ့ ဖူး ပါတယ္ ။ ဒီ အခ်က္ နဲ႔ တင္ သူ ဟာ အာဆင္နယ္ ပရိသတ္ေတြရဲ႕ မလုိလားမႈ ကို ခံရဖုိ႔ ထိုက္တန္ ခဲ့ သလို ဒီစာရင္းရဲ႕ ထိပ္ ပုိင္းမွာ ပါ၀င္ ဖို႔ အတြက္ လည္း ၂၀၁၂ ခုႏွစ္ ၈-၂ ပြဲစဥ္ က ဟက္ထရစ္ ဂုိး က ထပ္ေလာင္း ျဖည့္စြမ္းေပးခဲ့ ပါတယ္ ။

၂ ။ ခရစၥတီယာႏို ရိုနယ္ဒို ( မန္ခ်က္စတာ ယူႏုိက္တက္ )
အမွန္ အတုိင္း ေျပာရရင္ ေတာ့ အာဆင္နယ္ – မန္ခ်က္စတာ ယူႏုိက္တက္ အားၿပဳိင္မႈ ဟာ ခရစၥတီယာႏို ရိုနယ္ဒို ေတာက္ပ လာတဲ့ ၂၀၀၆ – ၂၀၀၇ ၀န္းက်င္မွာ အရွိန္ က်ေနခဲ့ ပါၿပီ ။ ဒီစာရင္း မွာ အဆင့္ ၂ အထိ ေရာက္ေန ရတဲ့ အဓိက အေၾကာင္းအရင္း ကေတာ့ သူ ဟာ ဖီဖာ ရဲ႕ ကမၻာ့ အေကာင္းဆံုး ကစား သမား ဆု ကို ရဖူးတဲ့ တစ္ဦးတည္းေသာ ပရီးမီးယားလိဂ္ ကစား သမား ျဖစ္ေန သလို လက္ရွိ အခ်ိန္ အထိ ႀကီးမားေန ေသးတဲ့ အရွိန္ အ၀ါေတြ ေၾကာင့္ လို႔ပဲ ဆုိရမွာပါ ။ အာဆင္နယ္ – ယူႏုိက္တက္ အားၿပဳိင္မႈမွာေတာ့ ရိုနယ္ဒို ရဲ႕ အခန္းက႑ နဲ႔ သက္ေရာက္မႈ က သိပ္ၿပီး မႀကီးမားခဲ့ ပါဘူး ။

၁ ။ သီယာရီ အြန္နရီ ( အာဆင္နယ္ )
စာရင္းရဲ႕ ထိပ္ဆံုး ၁၀ ဦး မွာ မန္ခ်က္စတာ ယူႏုိက္တက္ ကစား သမားေတြ ႀကီးစိုး ခဲ့ ေပမယ့္ နံပါတ္ ၁ ေနရာ ကိုေတာ့ အာဆင္နယ္ ကစား သမားက ရယူ ခဲ့ ပါတယ္ ။ ပရီးမီး ယားလိဂ္ သမိုင္း တစ္ေလ်ာက္ ၿဗိတိန္ျပင္ပ က လာေရာက္ ကစားတဲ့ အေကာင္းဆုံး ကစား သမား အျဖစ္ သတ္မွတ္ ျခင္းခံရတဲ့ အြန္နရီ ဟာ အာဆင္နယ္ ရဲ႕ ေရႊေခတ္ တုိက္စစ္မႈး တစ္ဦး ျဖစ္ခဲ့ၿပီး ေရာ္နယ္ဒင္ဟို သာ မရွိခဲ့ရင္ ကမၻာ့ အေကာင္းဆံုး နဲ႔ ေရႊေဘာလံုးဆု ကို တစ္ႀကိမ္ ေလာက္ေတာ့ရယူ ဖို႔ ထုိက္တန္တဲ့ ကစား သမား တစ္ဦး လို႔ ဆိုရမယ့္ သူမ်ဳိး ျဖစ္ခဲ့ ပါတယ္ ။

ဒီ ကစား သမား ၂၀ အျပင္ အိုေဇးလ္ ၊ အီဗရာ ၊ ေဒးဗစ္ ဆီးမင္း ၊ ဒီဂီယာ ၊ ဆုိးကင့္ဘဲ ၊ ဒြဳိက္ေယာ့ ၊ အန္ဒီကိုးလ္ ၊ ယြန္းဘတ္ ၊ ဂယ္ရီ နဗီးလ္ ၊ အလက္ဆစ္ ဆန္းခ်က္ နဲ႔ ဂ်ပ္စတမ္း တို႔ ဟာလည္း အာဆင္နယ္ – မန္ယူႏုိက္တက္ အားၿပဳိင္မႈ ကာလ မွာ ကစား သမား ေကာင္းေတြ အျဖစ္ ပါ၀င္ ခဲ့ၾက ပါတယ္ ။

လာမယ့္ တနလၤာေန႔ မွာေတာ့ ဒီ အသင္း ၂ သင္း ဟာ အတိတ္တုန္းက လုိ မဟုတ္တဲ့ ေျခစြမ္းေတြ ၊ ခံယူခ်က္ ေတြ ၊ စိတ္ဓါတ္ေတြ နဲ႔ ယွဥ္ၿပဳိင္ ကစား ၾကဦးမွာ ျဖစ္ပါတယ္ ။ ျမက္ခင္းျပင္ေပၚ က ကစား သမား ၂ ေယာက္ရဲ႕ အားၿပဳိင္မႈ ထက္ ပြဲၾကည့္စင္ ေတြ ေပၚက ၊ ဆုိရွယ္ မီဒီယာေတြ ထက္ က ပရိသတ္ေတြ ရဲ႕ အားၿပဳိင္မႈ ေတြ က ပုိမို ျပင္းထန္ ေနမွာ ျဖစ္သလို ပြဲသံုးသပ္သူေတြ ရဲ႕ ႏႈတ္ဖ်ားမွာလည္း ကြင္းထဲက လူေတြ ထက္ သမိုင္းထဲ က လူေတြ ရဲ႕ အေၾကာင္းေတြက ပုိၿပီး ေဆြးေႏြး ေျပာဆို လို႔ ေကာင္းေန မွာ အေသအခ်ာ ပါပဲ . . .

SPORTS MYANMAR

Unicode

မန်ချက်စတာ ယူနိုက်တက် – အာဆင်နယ် တို့ရဲ့ ပရီးမီးယားလိဂ် အားပြိုင်မှု သမိုင်းကြောင်းထဲက အကောင်းဆုံး ကစား သမား ၂၀

=========================================

သင်ဟာ ၂၀၀၀ ခုနှစ် ကနေ ၂၀၀၇-၂၀၀၈ တစ်ဝိုက် က ပရီးမီးယားလိဂ် ပွဲစဉ် တွေကို အားပေး ခဲ့ဖူး တယ် ဆိုရင် တော့ ပရီးမီး ယားလိဂ် ဟာ နှစ်ကောင်တည်း ပြေးတဲ့ လိဂ် တစ်ခု အဖြစ် မြင်တွေ့ ရမှာ သေချာ ပါတယ် ။ ဆာအဲလက်စ် ဖာဂူဆန် ရဲ့ မန်ချက် စတာ ယူနိုက်တက် နဲ့ အာဆင်ဝင်းဂါး ရဲ့ အာဆင်နယ် အသင်းတို့ ဟာ အဆိုပါ ကာလ တွေ မှာ အင်္ဂလန် ရဲ့ အမြင့်ဆုံး ပြိုင်ပွဲ ကို စိုးမိုး ထားခဲ့ပြီး သူတစ်ပြန် ကိုယ်တစ်ပြန် ဗိုလ်စွဲ ခဲ့ကြ ပါတယ် ။

ဒါကြောင့် ပရီးမီးယားလိဂ် မှာ အာဆင်နယ် နဲ့ မန်ချက် စတာ ယူနိုက်တက် တို့ ထိပ်တိုက် တွေ့ ဆုံတဲ့ ပွဲတွေ ဟာ အလွန် အကျိတ် အနယ် နဲ့ ပြင်းထန် ခဲ့ကြပြီး ပွဲရလဒ် တွေ ကလည်း ချန်ပီယံ ဆု ကို အဆုံး အဖြတ် ပေး နိုင်သည် အထိ အရေးပါ ခဲ့ပါတယ် ။

ဆာအဲလက် ဖာဂူဆန် နဲ့ အာဆင်ဝင်းဂါး တို့ရဲ့ ကွင်းတွင်း ကွင်းပြင် အားပြိုင်မှု ၊ ရွိုင်ကင်း နဲ့ ပက်ထရစ် ဗီယာရာ တို့ လို ရဲရဲ တောက် ခေါင်းဆောင် ၂ ဦး ရဲ့ ကွင်းတွင်း က အချင်းများ မှု တွေ ၊ အွန်နရီ ဘားကင့် ယွန်းဘတ် ပီရက် ၀ီတော့ တို့ ပါ၀င်တဲ့ အာဆင်နယ် တိုက်စစ် နဲ့ နစ္စတယ်ရွိုင်း စခိုး ဂစ် ဘက်ခမ်း တို့ရဲ့ ယူနိုက်တက် တိုက်စစ် တို့ အားပြိုင်ခဲ့မှု တွေ ဟာ အဆိုပါ အချိန် ကာလ တုန်းက ပရီးမီးယားလိဂ် ပရိသတ်တွေ ကို အလွန် ဆွဲဆောင် နိုင်ခဲ့ ပါတယ် ။

၂၀၀၅ ခုနှစ် တစ်ဝိုက် မှာ ပေါ်တူဂီ နည်းပြ မော်ရင်ဟို ရောက်ရှိလာ မှု နဲ့ အတူ ချဲလ်ဆီး ဟာ ချန်ပီယံ လောင်း တစ်သင်း အဆင့်ကို ရောက်လာ ခဲ့ ပေမယ့် အဆိုပါ အချိန် အထိ အာဆင်နယ် ရဲ့ အဆင့်က လျော့ကျ မသွားခဲ့ ပါဘူး ။ ဒါပေမယ့် ၂၀၀၄ ခုနှစ် တုန်းက ရှုံးပွဲ မရှိ ချန်ပီယံ ဖြစ်ခဲ့မှု ရဲ့ လွှမ်းမှု ခြင်းတွေ ၊ အသင်းရဲ့ အဓိက ကစား သမား အများအပြား ပြိုင်ဘက် အသင်းတွေ ထံ ရောက်ရှိ သွားခြင်းတွေ ( အထူး သဖြင့် မန်စီးတီး ) ဟာ အာဆင်နယ် ကို ချန်ပီယံ လောင်း အဆင့် ကနေ ချန်ပီယံလိဂ် ၀င်ခွင့် အတွက် တိုက်ပွဲ ၀င်နေ ရတဲ့ အသင်းကြီး တစ်သင်း အဆင့်ကို လျော့ကျ သွား စေခဲ့ ပါတယ် ။

ယခု အချိန် မှာတော့ မန်ချက်စတာ ယူနိုက်တက် နဲ့ အာဆင်နယ် တို့ ဟာ ဥရောပ ၀င်ခွင့် ကိုသာ အဓိက တိုက်ပွဲဝင် ရတဲ့ အသင်းကြီးတွေ အဖြစ်မှာသာ ရှိနေခဲ့ပြီး သူတို့ ၂ သင်း ဆုံတွေ့ တဲ့ ပွဲတွေ ဟာလည်း ၂၀၀၀ ခုနှစ် ပတ်ဝန်း ကျင်တုန်းက လောက် မပြင်းထန် တော့တာ ကို တွေ့မြင် ခဲ့ရ ပါတယ် ။

လာမယ့် တနင်္လာနေ့ မှာတော့ အဆိုပါ ၂ သင်း ဟာ အိုးထရက်ဖိုဒ့် ကွင်းမှာ ရင်ဆိုင် ဆုံတွေ့ ကြတော့ မှာပဲ ဖြစ် ပါတယ် ။ ရာသီအစ သာ ရှိသေးတဲ့ အတွက် ဒီပွဲ ရလဒ် ဟာ အသင်း ၂ သင်း စလုံး ရဲ့ ရာသီကုန် ရပ်တည် မှု ကို သိသိ သာသာ သက်ရောက် စေမှာ မဟုတ်ပေမယ့် တစ်ချိန်တုန်းက ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့မှု ရဲ့ အငွေ့ အသက်တွေ ကတော့ ပရိသတ်တွေ ဆီမှာ အတိုင်း အတာ တစ်ခု အထိ ကျန်ရှိ လို့ နေခဲ့ ပါသေးတယ် ။

လက်ရှိ အသင်း ၂ သင်း မှာ ကစား သမားကောင်း အချို့ ရှိ နေကြပေမယ့် အာဆင်နယ် – မန်ချက်စတာ ယူနိုက်တက် ပွဲလို့ ဆိုလိုက် ရင်တော့ အတော်များများ ဟာ အတိတ် ကာလ က ပုံရိပ်တွေ ကို ပဲ မြင်ယောင်မိ ကြမှာ သေချာ ပါတယ် ။ ဒါကြောင့် ပရီးမီးယားလိဂ် ကာလ အတွင်း မန်ချက်စတာ ယူနိုက်တက် နဲ့ အာဆင်နယ် တို့ အားပြိုင်ခဲ့ကြတဲ့ အထဲ က အကောင်းဆုံး ကစား သမား အယောက် ၂၀ ကို ထုတ်နှုတ် ဖော်ပြ ပေးလိုက်ရ ပါတယ် ။

၂၀ ။ ဖာဘရီဂတ် ( အာဆင်နယ် )
၁၉ ။ အီယန်ရိုက် ( အာဆင်နယ် )
၁၈ ။ ပီတာ ရှမိုက်ကယ် ( မန်ချက်စတာ ယူနိုက်တက် )
၁၇ ။ အက်ရှ်လေ ကိုး ( အာဆင်နယ် )

၁၆ ။ တိုနီ အဒမ် ( အာဆင်နယ် )
၁၅ ။ ရောဘတ် ပီရက် ( အာဆင်နယ် )
၁၄ ။ နီမန်ဂျာ ဗီဒစ် ( မန်ချက်စတာ ယူနိုက်တက် )
၁၃ ။ ရီယို ဖာဒီနန် ( မန်ချက်စတာ ယူနိုက်တက် )

၁၂ ။ ရော်ဘင် ဗန်ပါစီ ( အာဆင်နယ် ၊ မန်ချက်စတာ ယူနိုက်တက် )
၁၁ ။ ရုဒ် ဗန် နစ္စတယ်ရွိုင်း ( မန်ချက်စတာ ယူနိုက်တက် )
၁၀ ။ ဒေးဗစ် ဘက်ခမ်း ( မန်ချက်စတာ ယူနိုက်တက် )
၉ ။ အဲရစ် ကန်တိုနာ ( မန်ချက်စတာ ယူနိုက်တက် )

၈ ။ ရွိုင်ကင်း ( မန်ချက်စတာ ယူနိုက်တက် )
၇ ။ ပက်ထရစ် ဗီယာရာ ( အာဆင်နယ် )
၆ ။ ပေါလ် စခိုး ( မန်ချက် စတာ ယူနိုက်တက် )

၅ ။ ဒင်းနစ် ဘားကင့် ( အာဆင်နယ် )
ပရီးမီးယားလိဂ် ကို နယ်သာလန် ကစား သမားတွေ အများ အပြား ရောက်ရှိ လာစေဖို့ လမ်းညွှန် ပြသ ခဲ့သူ ဖြစ် ပါတယ် ။ “Non-flying Dutchman” လို့ အမည် ပြောင် ရခဲ့တဲ့ ဘားကင့် ဟာ အာဆင်နယ် အသင်း သမိုင်း တစ်လျောက် မှာသာ မက ပရီးမီးယားလိဂ် သမိုင်း တစ်လျောက် မှာ ပါ နည်းစနစ် ပိုင်း အကြွယ်ဝဆုံး ကစား သမား တစ်ဦး အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရ ပါတယ် ။ အာဆင်နယ် အသင်းရဲ့ ကွင်း ရှေ့မှာ ရုပ်တု ၃ ခုသာ ရှိပြီး ဘားကင့် က တစ်ဦး အပါ အဝင် ဖြစ်နေခြင်း ဟာ နယ်သာလန် သား ရဲ့ လွှမ်းမိုးမှု ကို သက်သေပြနေခဲ့ ပါတယ် ။

၄ ။ ရိုင်ယန်ဂစ် ( မန်ချက်စတာ ယူနိုက်တက် )
အာဆင်နယ် နဲ့ ပတ်သက်ရင်တော့ ၁၉၉၉ ခုနှစ် FA Cup ဆီမီး ဖိုင်နယ် ဒုတိယ အကျော့က သွင်းဂိုး ဟာ ရိုင်ယန်ဂစ် ရဲ့ ဘဝ မှာ မမေ့ နိုင်တဲ့ အမှတ်တရ ဖြစ်စေ ခဲ့ ပါတယ် ။ ပရီးမီးယားလိဂ် မှာ ၂၆ နှစ် ကြာ ကစားခဲ့ပြီး အမှတ်ပေး ဖလား ကို အရေ အတွက် အများဆုံး ( ၁၃ ကြိမ် ) ရယူ ထားနိုင်တဲ့ ကစား သမား ဖြစ်သူ ရိုင်ယန်ဂစ် ဟာ အာဆင်နယ် – မန်ယူနိုက်တက် ( အာဆင်ဝင်းဂါး – ဖာဂူဆန် ) အားပြိုင်မှု သမိုင်းကြောင်း မှာ အစ ကနေ အဆုံး အထိ ပါ၀င် ခဲ့သူ တစ်ယောက်လို့ ဆိုရင် မှားနိုင် မယ် မထင် ပါဘူး ။

၃ ။ ၀ိန်းရွန်းနီ ( မန်ချက်စတာ ယူနိုက်တက် )
၀ိန်းရွန်းနီ ရဲ့ ကစား သမား ဘဝ မှာ အာဆင်နယ် ရဲ့ ရှုံးပွဲ မရှိ စံချိန် ကို ၂ ကြိမ် တိုင် ရပ်တန့် ခဲ့ ဖူး ပါတယ် ။ ဒီ အချက် နဲ့ တင် သူ ဟာ အာဆင်နယ် ပရိသတ်တွေရဲ့ မလိုလားမှု ကို ခံရဖို့ ထိုက်တန် ခဲ့ သလို ဒီစာရင်းရဲ့ ထိပ် ပိုင်းမှာ ပါ၀င် ဖို့ အတွက် လည်း ၂၀၁၂ ခုနှစ် ၈-၂ ပွဲစဉ် က ဟက်ထရစ် ဂိုး က ထပ်လောင်း ဖြည့်စွမ်းပေးခဲ့ ပါတယ် ။

၂ ။ ခရစ္စတီယာနို ရိုနယ်ဒို ( မန်ချက်စတာ ယူနိုက်တက် )
အမှန် အတိုင်း ပြောရရင် တော့ အာဆင်နယ် – မန်ချက်စတာ ယူနိုက်တက် အားပြိုင်မှု ဟာ ခရစ္စတီယာနို ရိုနယ်ဒို တောက်ပ လာတဲ့ ၂၀၀၆ – ၂၀၀၇ ၀န်းကျင်မှာ အရှိန် ကျနေခဲ့ ပါပြီ ။ ဒီစာရင်း မှာ အဆင့် ၂ အထိ ရောက်နေ ရတဲ့ အဓိက အကြောင်းအရင်း ကတော့ သူ ဟာ ဖီဖာ ရဲ့ ကမ္ဘာ့ အကောင်းဆုံး ကစား သမား ဆု ကို ရဖူးတဲ့ တစ်ဦးတည်းသော ပရီးမီးယားလိဂ် ကစား သမား ဖြစ်နေ သလို လက်ရှိ အချိန် အထိ ကြီးမားနေ သေးတဲ့ အရှိန် အဝါတွေ ကြောင့် လို့ပဲ ဆိုရမှာပါ ။ အာဆင်နယ် – ယူနိုက်တက် အားပြိုင်မှုမှာတော့ ရိုနယ်ဒို ရဲ့ အခန်းကဏ္ဍ နဲ့ သက်ရောက်မှု က သိပ်ပြီး မကြီးမားခဲ့ ပါဘူး ။

၁ ။ သီယာရီ အွန်နရီ ( အာဆင်နယ် )
စာရင်းရဲ့ ထိပ်ဆုံး ၁၀ ဦး မှာ မန်ချက်စတာ ယူနိုက်တက် ကစား သမားတွေ ကြီးစိုး ခဲ့ ပေမယ့် နံပါတ် ၁ နေရာ ကိုတော့ အာဆင်နယ် ကစား သမားက ရယူ ခဲ့ ပါတယ် ။ ပရီးမီး ယားလိဂ် သမိုင်း တစ်လျောက် ဗြိတိန်ပြင်ပ က လာရောက် ကစားတဲ့ အကောင်းဆုံး ကစား သမား အဖြစ် သတ်မှတ် ခြင်းခံရတဲ့ အွန်နရီ ဟာ အာဆင်နယ် ရဲ့ ရွှေခေတ် တိုက်စစ်မှုး တစ်ဦး ဖြစ်ခဲ့ပြီး ရော်နယ်ဒင်ဟို သာ မရှိခဲ့ရင် ကမ္ဘာ့ အကောင်းဆုံး နဲ့ ရွှေဘောလုံးဆု ကို တစ်ကြိမ် လောက်တော့ရယူ ဖို့ ထိုက်တန်တဲ့ ကစား သမား တစ်ဦး လို့ ဆိုရမယ့် သူမျိုး ဖြစ်ခဲ့ ပါတယ် ။

ဒီ ကစား သမား ၂၀ အပြင် အိုဇေးလ် ၊ အီဗရာ ၊ ဒေးဗစ် ဆီးမင်း ၊ ဒီဂီယာ ၊ ဆိုးကင့်ဘဲ ၊ ဒွိုက်ယော့ ၊ အန်ဒီကိုးလ် ၊ ယွန်းဘတ် ၊ ဂယ်ရီ နဗီးလ် ၊ အလက်ဆစ် ဆန်းချက် နဲ့ ဂျပ်စတမ်း တို့ ဟာလည်း အာဆင်နယ် – မန်ယူနိုက်တက် အားပြိုင်မှု ကာလ မှာ ကစား သမား ကောင်းတွေ အဖြစ် ပါ၀င် ခဲ့ကြ ပါတယ် ။

လာမယ့် တနင်္လာနေ့ မှာတော့ ဒီ အသင်း ၂ သင်း ဟာ အတိတ်တုန်းက လို မဟုတ်တဲ့ ခြေစွမ်းတွေ ၊ ခံယူချက် တွေ ၊ စိတ်ဓါတ်တွေ နဲ့ ယှဉ်ပြိုင် ကစား ကြဦးမှာ ဖြစ်ပါတယ် ။ မြက်ခင်းပြင်ပေါ် က ကစား သမား ၂ ယောက်ရဲ့ အားပြိုင်မှု ထက် ပွဲကြည့်စင် တွေ ပေါ်က ၊ ဆိုရှယ် မီဒီယာတွေ ထက် က ပရိသတ်တွေ ရဲ့ အားပြိုင်မှု တွေ က ပိုမို ပြင်းထန် နေမှာ ဖြစ်သလို ပွဲသုံးသပ်သူတွေ ရဲ့ နှုတ်ဖျားမှာလည်း ကွင်းထဲက လူတွေ ထက် သမိုင်းထဲ က လူတွေ ရဲ့ အကြောင်းတွေက ပိုပြီး ဆွေးနွေး ပြောဆို လို့ ကောင်းနေ မှာ အသေအချာ ပါပဲ . . .

SPORTS MYANMAR