Ronaldo

ခရစၥတီယာႏို ရိုနယ္ဒို နဲ႔ လီယြန္နယ္ မက္ဆီ တို႔ ဟာ ဥေရာပ ေဘာလံုး ေလာက ကို ဆယ္စုႏွစ္ တစ္ခု ေက်ာ္ ၾကာေအာင္ လႊမ္းမိုး ထားႏုိင္ ခဲ့ ပါတယ္ ။ သူတို႔ ၂ ဦး အၾကား မွာ ေရႊေဘာလံုး ဆု ၁၀ ဆု အထိ တူညီစြာ ရယူ ပုိင္ဆုိင္ ထားၾက ၿပီး အျခား ကလပ္ နဲ႔ တစ္ကိုယ္ေတာ္ ဆု ေပါင္း မ်ားစြာ ကိုလည္း ရယူ ပုိင္ဆုိင္ ထားခဲ့ ၾကပါတယ္ ။ ဒီလုိ ႏွစ္ေပါင္းမ်ား စြာ အတူ တကြ ေအာင္ျမင္ လာခဲ့တာ ေၾကာင့္လည္း သူတို႔ ၂ ဦး အၾကားက ျငင္းခုန္ မႈေတြ ဟာ ယေန႔ တုိင္ေအာင္ မၿပီးျပတ္ ႏုိင္ ျဖစ္ခဲ့ ပါတယ္ ။

မက္ဆီ ရဲ႕ ပရိသတ္ေတြ က ရိုနယ္ဒို ဟာ မက္ဆီ လုိမ်ဳိး ေဘာလံုး အရည္ အေသြး ၾကြယ္၀ သူ မဟုတ္ ေၾကာင္း ၊ တစ္ကိုယ္ေကာင္း ဆန္ ၿပီး ေမာက္မာ တတ္တဲ့ စိတ္ထား ရွိ ေၾကာင္း ၊ ပင္ကိုယ္ ပါရမီ နည္းပါး သူ ျဖစ္ေၾကာင္း ေတြကို ေျပာဆို ေထာက္ျပ တတ္ၾကပါတယ္ ။

ရိုနယ္ဒို ရဲ႕ ပရိသတ္ ေတြ ကလည္း သူတို႔ရဲ႕ ကစား သမား ဟာ ေဘာလံုး သမား ေတြ အၾကားမွာ စံျပဳ ထုိက္တဲ့ သူမ်ဳိး ျဖစ္ေၾကာင္း ၊ ျပင္းထန္ တဲ့ ႀကဳိးစား အားထုတ္မႈ ေတြ ရဲ႕ ျပယုဂ္ တစ္ခု ျဖစ္ေၾကာင္း နဲ႔ မက္ဆီ ထက္ ပုိၿပီး မတူညီတဲ့ လိဂ္ေတြ နဲ႔ ႏိုင္ငံ အသင္းမွာ ပုိမို ေအာင္ျမင္ ထားေၾကာင္း ေတြကို ျပန္လည္ ေထာက္ျပ ေျပာဆို ခဲ့ၾက ပါတယ္ ။

ယေန႔ အထိ သူတို႔ ၂ ဦး အၾကားက လြန္ဆြဲပြဲ ဟာ အျပတ္ အသတ္ သာလြန္ျခင္း မရွိ ေသးဘဲ မက္ဆီ ရဲ႕ ပရိသတ္ အမ်ား အျပား ဟာ ရိုနယ္ဒို စြမ္းေဆာင္ ခဲ့တာ ေတြကို အသိ အမွတ္ မျပဳ ႏုိင္ခဲ့ သလို ရိုနယ္ဒို ရဲ႕ ပရိသတ္ အမ်ားစု ဟာလည္း ဒီ အတုိင္းပဲ ျဖစ္ ေနခဲ့ ပါတယ္ ။

ဒါေပမယ့္ လက္ရွိ အခ်ိန္ မွာ ကစား သမားႀကီး ၂ ဦး စလံုး ဟာ အသက္ ၃၀ ေက်ာ္ ကို ေရာက္ရွိ ေနၾကၿပီ ျဖစ္ကာ ေျခစြမ္း နဲ႔ ႀကံ႕ခုိင္ မႈ အေန အထား ေတြ ဟာ တျဖည္းျဖည္း က်ဆင္း လာခဲ့ ၿပီ ျဖစ္ ပါတယ္ ။ ၿပီးခဲ့တဲ့ ၾကားရက္ မွာ ကစားခဲ့တဲ့ ပြဲစဥ္ေတြ မွာ ရိုနယ္ဒို မပါ၀င္ ႏိုင္ ခဲ့သလို မက္ဆီ ကလည္း ဘာကာ အတြက္ ၀င္ ကစားၿပီး ဒဏ္ရာ ရသြားခဲ့ ပါတယ္ ။

ဒီ အခ်ိန္ မွာ တြစ္တာ အသံုးျပဳသူ တစ္ဦး ရဲ႕ မွတ္ခ်က္ စကား ဟာ မက္ဆီ – ရိုနယ္ဒို ေခတ္ အတြင္း အျငင္းပြား ေနသူ ေတြ အတြက္ သတိေပး ေခါင္းေလာင္း ထိုးသလို ျဖစ္ေစ ခဲ့ ပါတယ္ ။ “ခရစၥတီယာႏို ဟာ သူ႔ရဲ႕ ဘ၀ တစ္ေလ်ာက္ နား ခဲ့ရတဲ့ အခ်ိန္ေတြ ထက္ ပိုၿပီး ပြဲေတြကို လြဲေခ်ာ္ လာခဲ့ ၿပီ ။ မက္ဆီ ကလည္း သူ႔ရဲ႕ ဘ၀ တစ္ေလ်ာက္ မွာ ဒဏ္ရာ ရခဲ့တာ ေတြ ထက္ ပုိၿပီး ဒဏ္ရာ ရမႈ ေတြ ရွိ လာခဲ့ပါၿပီ ။ ေရာင္းရင္း တို႔ . . . အဆံုးသတ္ ခ်ိန္ ဟာ တျဖည္းျဖည္း နဲ႔ ေရာက္ လုိ႔ ေနပါၿပီ ။ ျငင္းခုန္ ေနတာ ေတြ စကားႏုိင္ လုတာေတြ ေတာ္လုိက္ၿပီး သူတို႔ရဲ႕ အဆံုးသတ္ အခ်ိန္ ကို ေပ်ာ္ေပ်ာ္ႀကီး အားေပး လုိက္ၾကရ ေအာင္” လုိ႔ တြစ္တာ စာမ်က္ႏွာ တစ္ခု မွာ ေရးသား ခဲ့တာပဲ ျဖစ္ ပါတယ္ ။

ခရစၥတီယာႏို ရိုနယ္ဒို ဟာ လာမယ့္ ေဖေဖာ္၀ါရီ မွာ ၃၅ ႏွစ္ ျပည့္ ေျမာက္ေတာ့ မွာပါ ။ ေနာက္ ထပ္ ၄-၅ ႏွစ္ ထပ္ပိုၿပီး ကစားႏုိင္ ဖို႔ မရွိ ေတာ့ ပါဘူး ။ ေပၚတူဂီ သားႀကီး ကေတာ့ ဒီလို အခ်ိန္ေတြ မေရာက္လာ ခင္တုန္းက သူ႔ရဲ႕ ႀကံ႕ခုိင္မႈ ၊ အစား အစာ နဲ႔ ၾကြက္သား တည္ေဆာက္မႈ ေတြ ေၾကာင့္ အေကာင္းဆံုး အဆင့္ေတြ မွာ အႏွစ္ ၄၀ ေလာက္ အထိ ကစားႏုိင္ မယ္လို႔ ေမွ်ာ္လင့္ ထားေၾကာင္း ေျပာဆိုခဲ့ ဖူးပါတယ္ ။ ဒါေပမယ့္ လက္ေတြ႕ မွာေတာ့ ဒါေတြ ဟာ ထင္သေလာက္ မလြယ္ကူ ခဲ့ ပါဘူး ။

မက္ဆီ ဟာ ရိုနယ္ဒုိ ထက္ ၂ ႏွစ္ ငယ္ပါတယ္ ။ ၃၂ ႏွစ္ ေက်ာ္ၿပီ ျဖစ္တဲ့ အာဂ်င္တီးနား သားႀကီး ဟာ ရိုနယ္ဒို ေလာက္ ေျခစြမ္း က်ဆင္းသြား ျခင္းမ်ဳိး မရွိ ေသး ေပမယ့္ ႀကံ႕ခိုင္မႈ အေန အထား မွာေတာ့ သိသိ သာသာႀကီး က်ဆင္းသြားခဲ့ တာကို ေတြ႕ျမင္ ခဲ့ရ ပါတယ္ ။ ကုိပါ အေမရိက အၿပီး မွာ မက္ဆီ ဟာ ဒဏ္ရာ ေၾကာင့္ နားေန ချ့ရၿပီး ဘာစီလုိနာ ရဲ႕ ရာသီ အဖြင့္ ပြဲေတြ ကို လြဲခဲ့ရ ပါတယ္ ။

ပထမဆံုး ပြဲထြက္ ကစားတဲ့ ဗီလာရီးရဲ နဲ႔ ပြဲမွာ လည္း ပထမ ပုိင္း အၿပီး မွာတင္ ဒဏ္ရာ ေၾကာင့္ လူစားလဲ ခဲ့ရ ကာ ေအာက္တုိဘာ အလယ္ေလာက္ အထိ ျပန္နား သြားရၿပီ ျဖစ္ ပါတယ္ ။ ေသခ်ာတာ ကေတာ့ မက္ဆီ ေရာ ရိုနယ္ဒုိ ပါ လြန္ခဲ့တဲ့ ၄-၅ ႏွစ္ ေလာက္တုန္းက လို မဟုတ္ေတာ့ ပါဘူး ။

ေဘာလံုး ရာသီ ေတြ က အၿမဲ ရွိေနဦး မွာ ျဖစ္သလို ေဘာလံုး ပြဲေတြ ကလည္း အၿမဲ ရွိေန ဦးမွာ ပါ ။ မက္ဆီ နဲ႔ ရိုနယ္ဒို တုိ႔ ကေတာ့ အၿမဲ မရွိ ႏုိင္ပါဘူး ။ ေဘာလံုး ဇာတ္ခံု ေပၚမွာ ၁၅ ႏွစ္ နီးပါး အတူ အားၿပဳိင္ ခဲ့ၾကၿပီး ေဘာလံုး သမုိင္း တစ္ေလ်ာက္ အေကာင္းတကာ့ အေကာင္းဆံုး ေတြအျဖစ္ သတ္မွတ္ ခံခဲ့ရတဲ့ သူတို႔ ၂ ေယာက္ ဟာ လာမယ့္ ရာသီ ေတြ မွာ ပိုမို က်ဆင္း လာတာေတြ ကို ေတြ႕ျမင္ ၾကရေတာ့ မွာ အေသအခ်ာ ပါပဲ

ဒါေၾကာင့္ သူတို႔ ကစား ေနေသးတဲ့ အခ်ိန္ေတြ မွာ ျငင္းခုန္တာေတြ ေလ်ာ့ၿပီး ေပ်ာ္ရႊင္ ခံစား လုိက္ၾကရေအာင္ လားဗ်ာ . . . . .

SPORTS MYANMAR

Unicode

သူတို့ ၂ ယောက်ရဲ့ နောက်ဆုံး အချိန်တွေကို အငြင်းမပွားပဲ အားပေးလိုက်ကြရအောင် . . .

========================================

ခရစ္စတီယာနို ရိုနယ်ဒို နဲ့ လီယွန်နယ် မက်ဆီ တို့ ဟာ ဥရောပ ဘောလုံး လောက ကို ဆယ်စုနှစ် တစ်ခု ကျော် ကြာအောင် လွှမ်းမိုး ထားနိုင် ခဲ့ ပါတယ် ။ သူတို့ ၂ ဦး အကြား မှာ ရွှေဘောလုံး ဆု ၁၀ ဆု အထိ တူညီစွာ ရယူ ပိုင်ဆိုင် ထားကြ ပြီး အခြား ကလပ် နဲ့ တစ်ကိုယ်တော် ဆု ပေါင်း များစွာ ကိုလည်း ရယူ ပိုင်ဆိုင် ထားခဲ့ ကြပါတယ် ။ ဒီလို နှစ်ပေါင်းများ စွာ အတူ တကွ အောင်မြင် လာခဲ့တာ ကြောင့်လည်း သူတို့ ၂ ဦး အကြားက ငြင်းခုန် မှုတွေ ဟာ ယနေ့ တိုင်အောင် မပြီးပြတ် နိုင် ဖြစ်ခဲ့ ပါတယ် ။

မက်ဆီ ရဲ့ ပရိသတ်တွေ က ရိုနယ်ဒို ဟာ မက်ဆီ လိုမျိုး ဘောလုံး အရည် အသွေး ကြွယ်ဝ သူ မဟုတ် ကြောင်း ၊ တစ်ကိုယ်ကောင်း ဆန် ပြီး မောက်မာ တတ်တဲ့ စိတ်ထား ရှိ ကြောင်း ၊ ပင်ကိုယ် ပါရမီ နည်းပါး သူ ဖြစ်ကြောင်း တွေကို ပြောဆို ထောက်ပြ တတ်ကြပါတယ် ။

ရိုနယ်ဒို ရဲ့ ပရိသတ် တွေ ကလည်း သူတို့ရဲ့ ကစား သမား ဟာ ဘောလုံး သမား တွေ အကြားမှာ စံပြု ထိုက်တဲ့ သူမျိုး ဖြစ်ကြောင်း ၊ ပြင်းထန် တဲ့ ကြိုးစား အားထုတ်မှု တွေ ရဲ့ ပြယုဂ် တစ်ခု ဖြစ်ကြောင်း နဲ့ မက်ဆီ ထက် ပိုပြီး မတူညီတဲ့ လိဂ်တွေ နဲ့ နိုင်ငံ အသင်းမှာ ပိုမို အောင်မြင် ထားကြောင်း တွေကို ပြန်လည် ထောက်ပြ ပြောဆို ခဲ့ကြ ပါတယ် ။

ယနေ့ အထိ သူတို့ ၂ ဦး အကြားက လွန်ဆွဲပွဲ ဟာ အပြတ် အသတ် သာလွန်ခြင်း မရှိ သေးဘဲ မက်ဆီ ရဲ့ ပရိသတ် အများ အပြား ဟာ ရိုနယ်ဒို စွမ်းဆောင် ခဲ့တာ တွေကို အသိ အမှတ် မပြု နိုင်ခဲ့ သလို ရိုနယ်ဒို ရဲ့ ပရိသတ် အများစု ဟာလည်း ဒီ အတိုင်းပဲ ဖြစ် နေခဲ့ ပါတယ် ။

ဒါပေမယ့် လက်ရှိ အချိန် မှာ ကစား သမားကြီး ၂ ဦး စလုံး ဟာ အသက် ၃၀ ကျော် ကို ရောက်ရှိ နေကြပြီ ဖြစ်ကာ ခြေစွမ်း နဲ့ ကြံ့ခိုင် မှု အနေ အထား တွေ ဟာ တဖြည်းဖြည်း ကျဆင်း လာခဲ့ ပြီ ဖြစ် ပါတယ် ။ ပြီးခဲ့တဲ့ ကြားရက် မှာ ကစားခဲ့တဲ့ ပွဲစဉ်တွေ မှာ ရိုနယ်ဒို မပါ၀င် နိုင် ခဲ့သလို မက်ဆီ ကလည်း ဘာကာ အတွက် ၀င် ကစားပြီး ဒဏ်ရာ ရသွားခဲ့ ပါတယ် ။

ဒီ အချိန် မှာ တွစ်တာ အသုံးပြုသူ တစ်ဦး ရဲ့ မှတ်ချက် စကား ဟာ မက်ဆီ – ရိုနယ်ဒို ခေတ် အတွင်း အငြင်းပွား နေသူ တွေ အတွက် သတိပေး ခေါင်းလောင်း ထိုးသလို ဖြစ်စေ ခဲ့ ပါတယ် ။ “ခရစ္စတီယာနို ဟာ သူ့ရဲ့ ဘဝ တစ်လျောက် နား ခဲ့ရတဲ့ အချိန်တွေ ထက် ပိုပြီး ပွဲတွေကို လွဲချော် လာခဲ့ ပြီ ။ မက်ဆီ ကလည်း သူ့ရဲ့ ဘဝ တစ်လျောက် မှာ ဒဏ်ရာ ရခဲ့တာ တွေ ထက် ပိုပြီး ဒဏ်ရာ ရမှု တွေ ရှိ လာခဲ့ပါပြီ ။ ရောင်းရင်း တို့ . . . အဆုံးသတ် ချိန် ဟာ တဖြည်းဖြည်း နဲ့ ရောက် လို့ နေပါပြီ ။ ငြင်းခုန် နေတာ တွေ စကားနိုင် လုတာတွေ တော်လိုက်ပြီး သူတို့ရဲ့ အဆုံးသတ် အချိန် ကို ပျော်ပျော်ကြီး အားပေး လိုက်ကြရ အောင်” လို့ တွစ်တာ စာမျက်နှာ တစ်ခု မှာ ရေးသား ခဲ့တာပဲ ဖြစ် ပါတယ် ။

ခရစ္စတီယာနို ရိုနယ်ဒို ဟာ လာမယ့် ဖေဖော်ဝါရီ မှာ ၃၅ နှစ် ပြည့် မြောက်တော့ မှာပါ ။ နောက် ထပ် ၄-၅ နှစ် ထပ်ပိုပြီး ကစားနိုင် ဖို့ မရှိ တော့ ပါဘူး ။ ပေါ်တူဂီ သားကြီး ကတော့ ဒီလို အချိန်တွေ မရောက်လာ ခင်တုန်းက သူ့ရဲ့ ကြံ့ခိုင်မှု ၊ အစား အစာ နဲ့ ကြွက်သား တည်ဆောက်မှု တွေ ကြောင့် အကောင်းဆုံး အဆင့်တွေ မှာ အနှစ် ၄၀ လောက် အထိ ကစားနိုင် မယ်လို့ မျှော်လင့် ထားကြောင်း ပြောဆိုခဲ့ ဖူးပါတယ် ။ ဒါပေမယ့် လက်တွေ့ မှာတော့ ဒါတွေ ဟာ ထင်သလောက် မလွယ်ကူ ခဲ့ ပါဘူး ။

မက်ဆီ ဟာ ရိုနယ်ဒို ထက် ၂ နှစ် ငယ်ပါတယ် ။ ၃၂ နှစ် ကျော်ပြီ ဖြစ်တဲ့ အာဂျင်တီးနား သားကြီး ဟာ ရိုနယ်ဒို လောက် ခြေစွမ်း ကျဆင်းသွား ခြင်းမျိုး မရှိ သေး ပေမယ့် ကြံ့ခိုင်မှု အနေ အထား မှာတော့ သိသိ သာသာကြီး ကျဆင်းသွားခဲ့ တာကို တွေ့မြင် ခဲ့ရ ပါတယ် ။ ကိုပါ အမေရိက အပြီး မှာ မက်ဆီ ဟာ ဒဏ်ရာ ကြောင့် နားနေ ခြ့ရပြီး ဘာစီလိုနာ ရဲ့ ရာသီ အဖွင့် ပွဲတွေ ကို လွဲခဲ့ရ ပါတယ် ။

ပထမဆုံး ပွဲထွက် ကစားတဲ့ ဗီလာရီးရဲ နဲ့ ပွဲမှာ လည်း ပထမ ပိုင်း အပြီး မှာတင် ဒဏ်ရာ ကြောင့် လူစားလဲ ခဲ့ရ ကာ အောက်တိုဘာ အလယ်လောက် အထိ ပြန်နား သွားရပြီ ဖြစ် ပါတယ် ။ သေချာတာ ကတော့ မက်ဆီ ရော ရိုနယ်ဒို ပါ လွန်ခဲ့တဲ့ ၄-၅ နှစ် လောက်တုန်းက လို မဟုတ်တော့ ပါဘူး ။

ဘောလုံး ရာသီ တွေ က အမြဲ ရှိနေဦး မှာ ဖြစ်သလို ဘောလုံး ပွဲတွေ ကလည်း အမြဲ ရှိနေ ဦးမှာ ပါ ။ မက်ဆီ နဲ့ ရိုနယ်ဒို တို့ ကတော့ အမြဲ မရှိ နိုင်ပါဘူး ။ ဘောလုံး ဇာတ်ခုံ ပေါ်မှာ ၁၅ နှစ် နီးပါး အတူ အားပြိုင် ခဲ့ကြပြီး ဘောလုံး သမိုင်း တစ်လျောက် အကောင်းတကာ့ အကောင်းဆုံး တွေအဖြစ် သတ်မှတ် ခံခဲ့ရတဲ့ သူတို့ ၂ ယောက် ဟာ လာမယ့် ရာသီ တွေ မှာ ပိုမို ကျဆင်း လာတာတွေ ကို တွေ့မြင် ကြရတော့ မှာ အသေအချာ ပါပဲ

ဒါကြောင့် သူတို့ ကစား နေသေးတဲ့ အချိန်တွေ မှာ ငြင်းခုန်တာတွေ လျော့ပြီး ပျော်ရွှင် ခံစား လိုက်ကြရအောင် လားဗျာ . . . . .

SPORTS MYANMAR