Paul Ince

အခုအပတ္ ပရီးမီးယားလိိဂ္ ပြဲစဥ္ ၇ ရဲ႕ အေကာင္းဆံုး ပြဲစဥ္ကေတာ့ အိုးထရက္ဖို႔ဒ္မွာ ကစားဖို႔ရွိေနတဲ႔ ယူႏိုက္တက္ vs အာဆင္နယ္ ပြဲစဥ္ျဖစ္ပါတယ္။ဒီပြဲကို အဂၤါ ေန႔ ျမန္မာ စံေတာ္ခ်ိန္ နံနက္ေစာေစာ မွာ ကစားသြားဖို႔ ရွိေနတာ လည္းျဖစ္ပါတယ္။

ယူႏိုက္တက္ အသင္းရဲဲ႔ ဂႏၲဝင္ ကြင္းလယ္ ကစားသမားေဟာင္းျကီး တဦးျဖစ္တဲ႔ ေပါ့လ္အင့္စ္ကေတာ့သူေကာ ရိြဳင္ကိန္းပါ လက္ရွိ အာဆင္နယ္ အသင္းရဲ႕ ကြင္းလယ္ပိုင္းနဲ႔ ရင္ဆိုင္သြားရဖို႔ ရွိေနတာကို အေတာ္ေလး ေက်နပ္ေနပံုပါပဲ။သူတို႔သာလက္ရွိအခ်ိန္မွာ ကစားေနေသးရင္ အာဆင္နယ္နဲ႔ ရင္ဆိုင္ခ်င္မိမွာျဖစ္တယ္လို႔ဆိုပါတယ္။

ေပါလ္အင့္စ္နဲ႔ ရိြဳင္ကိန္း တို႔ဟာယူႏိုက္တက္ အသင္းမွာ ရွိေနစဥ္ အတူတကြ ေတာက္ပ ခဲ႔ျကတဲ႔ ကစားသမားေတြ ျဖစ္ျပီး နည္းျပျကီး ဖာဂူဆန္ ရဲ႕ လက္ထက္ ၁၉၉၃-၉၄ ရာသီမွာ FA ဖလား နဲ႔ လိဂ္ဖလား ၂လံုး ဆြတ္ခူးႏိုင္ေအာင္ ကူညီေပးႏိုင္ခဲ႕ပါတယ္။

အာဆင္နယ္အသင္းနဲ႔ ပဲြက်ပ္ရင္ဆိုင္ရဖို႔ရွိေနတဲ႔ အသင္းေဟာင္းနဲ႔ ပတ္သက္ျပီး ေပါလ္အင့္စ္က – ” လက္ရွိ အာဆင္နယ္ အသင္းရဲဲ႕ကြင္းလယ္ပိုင္း မ်ိဳးနဲ႔ ရင္ဆိုင္သြားရမွာကို က်ြန္ေတာ္ကေတာ့ ႏွစ္သက္ လိမ့္မွာျဖစ္ပါတယ္။လံုးဝကို ျကိုက္ႏွစ္သက္မိပါလိမ့္္မယ္။

ရိြဳင္ကိန္း ကိုေမးျကည့္ရင္လည္း သူက ဒါကို ႏွစ္သက္ပါလိမ့္မယ္။ဘာေျကာင့္ လည္းဆိုေတာ့ လက္ရွိအာဆင္နယ္ကြင္း လယ္မွာ နည္းစနစ္ ပိုင္းအရမ္းေကာင္းတ႔ဲသူေတြ မ်ားျပားသေလာက္ စြမ္းအားနဲ႕ ေတာင့္တင္းမွဳ ကင္းမဲ႔ ေနျကပါတယ္။

ဆီဘယ္ေလာ့စ္ကို ျကည့္ရာတာကေတာ့ အေတာ္ေလးေကာင္းတဲ႔ ကစားသမားျဖစ္ေပမယ့္ ရွာကာ ကိုေတာ့လံုးဝနားမလည္ပါဘူး။အပတ္စဥ္တိုင္း အာဆင္နယ္အသင္းရဲ႕ ပြဲေတြမွာ ရွာကာဘာလို႔ ပါဝင္ခြင့္ရေနတာကို က်ြန္ေတာ္ နားမလည္ႏိုင္ပါဘူး။

အာဆင္နယ္အသင္းကို သူဘာေတြယူေဆာင္ေပးေနတယ္ဆိုတာကိုလည္း က်ြန္ေတာ္မျမင္မိပါဘူး။သူ႔ရဲ႕ ၂၅ကိုကိေလာက္ အကြာကာ အေဝးကန္ခ်က္ေတြ က အားသာခ်က္တခုျဖစ္ေကာင္းျဖစ္ႏိုင္ေပမယ့္ သူ႔ရဲ႕တျခားအရာေတြကေတာ့ အသံုးမဝင္သေလာက္ နီးနီးပါပဲ။

ဂြမ္ဒူဇီကလည္း ငယ္ရြယ္ေသးတာျဖစ္လို႕ ယူႏိုက္တက္တို႔ ကြင္းလယ္ပိုင္းကို စိုးမိုးႏိုင္ေကာင္းပါတယ္။အကယ္၍ ဒီႏွစ္သင္းရဲ႕ ကြင္းလယ္ပိုင္းေတြကိုႏွိဳင္းယွဥ္ မယ္ဆုိရင္ေတာ့ ဘယ္တသင္းသင္းမွာမွ အမ်ားျကီး အားသာတာမ်ိဳးေတာ့မျမင္ရပါဘူး ” လို႕ေျပာသြားခဲ႔ပါတယ္။

ယူႏိုက္တက္ အသင္းရဲ႕ လိုအပ္ခ်က္ေတြနဲ႕ ပတ္သက္ျပီး ေျပာဆိုရာမွာေတာ့ ေပါလ္အင့္စ္က – ” ယူႏိုက္တက္ အသင္းလိုေနတာဂိုးသြင္းမယ့္သူျဖစ္ပါတယ္။မန္စီးတီးမွာဆိုရင္အေဂြရိုနဲ႔ စတာလင္ရွိပါတယ္။

စပါးမွာ ကိန္းရွိေနျပီး အာဆင္နယ္မွာေတာ့ အူဘာမီယန္ နဲ႔ လာကာဇက္တို႔ရွိေနပါတယ္။ဒါေပမယ့္ ယူႏိုက္တက္ အသင္းမွာဒါမ်ိဳး က်ြန္ေတာ္မေတြ႔ရပါဘူး။တရာသီအတြင္းမွာ ဂိုး၂၀ ၊ ၂၅ဂိုးေလာက္သြင္းႏိုင္မယ့္သူမ်ိဳး ရွိရပါလိမ့္မယ္။

လူကာကူ ကိုေရာင္းထုတ္လိုက္တဲ႔ အခ်ိန္မွာ သြင္းဂိုးေတြ အမ်ားျကီး ဆံုးရွံဳးလိုက္သလိုပါပဲ။ဒါ့အျပင္ အဲ႔ဒီေနရာကိုလည္း သူတို႔ အခုခ်ိန္ထိအစားထိုးမထားရေသးပါဘူး ” လို႔ေျပာခဲ႔ပါတယ္။

SPORTS MYANMAR

Unicode

ဘာမှမလုပ်ပြနိုင်ပေမယ့်အာဆင်နယ်ပွဲတိုင်းပါဝင်ခွင့်ရနေတဲ့ ကွင်းလယ်လူတဦးရဲ့ အမည်ကိုပြောပြလိုက်တဲ့ #ပေါလ်အင့်စ်
==================================

အခုအပတ် ပရီးမီးယားလိိဂ် ပွဲစဉ် ရ ရဲ့ အကောင်းဆုံး ပွဲစဉ်ကတော့ အိုးထရက်ဖို့ဒ်မှာ ကစားဖို့ရှိနေတဲ့ ယူနိုက်တက် vs အာဆင်နယ် ပွဲစဉ်ဖြစ်ပါတယ်။ဒီပွဲကို အင်္ဂါ နေ့ မြန်မာ စံတော်ချိန် နံနက်စောစော မှာ ကစားသွားဖို့ ရှိနေတာ လည်းဖြစ်ပါတယ်။

ယူနိုက်တက် အသင်းရဲဲ့ ဂန္တဝင် ကွင်းလယ် ကစားသမားဟောင်းကြီး တဦးဖြစ်တဲ့ ပေါ့လ်အင့်စ်ကတော့သူကော ရွိုင်ကိန်းပါ လက်ရှိ အာဆင်နယ် အသင်းရဲ့ ကွင်းလယ်ပိုင်းနဲ့ ရင်ဆိုင်သွားရဖို့ ရှိနေတာကို အတော်လေး ကျေနပ်နေပုံပါပဲ။သူတို့သာလက်ရှိအချိန်မှာ ကစားနေသေးရင် အာဆင်နယ်နဲ့ ရင်ဆိုင်ချင်မိမှာဖြစ်တယ်လို့ဆိုပါတယ်။

ပေါလ်အင့်စ်နဲ့ ရွိုင်ကိန်း တို့ဟာယူနိုက်တက် အသင်းမှာ ရှိနေစဉ် အတူတကွ တောက်ပ ခဲ့ကြတဲ့ ကစားသမားတွေ ဖြစ်ပြီး နည်းပြကြီး ဖာဂူဆန် ရဲ့ လက်ထက် ၁၉၉၃-၉၄ ရာသီမှာ FA ဖလား နဲ့ လိဂ်ဖလား ၂လုံး ဆွတ်ခူးနိုင်အောင် ကူညီပေးနိုင်ခဲ့ပါတယ်။

အာဆင်နယ်အသင်းနဲ့ ပွဲကျပ်ရင်ဆိုင်ရဖို့ရှိနေတဲ့ အသင်းဟောင်းနဲ့ ပတ်သက်ပြီး ပေါလ်အင့်စ်က – ” လက်ရှိ အာဆင်နယ် အသင်းရဲဲ့ကွင်းလယ်ပိုင်း မျိုးနဲ့ ရင်ဆိုင်သွားရမှာကို ကျွန်တော်ကတော့ နှစ်သက် လိမ့်မှာဖြစ်ပါတယ်။လုံးဝကို ကြိုက်နှစ်သက်မိပါလိမ့််မယ်။

ရွိုင်ကိန်း ကိုမေးကြည့်ရင်လည်း သူက ဒါကို နှစ်သက်ပါလိမ့်မယ်။ဘာကြောင့် လည်းဆိုတော့ လက်ရှိအာဆင်နယ်ကွင်း လယ်မှာ နည်းစနစ် ပိုင်းအရမ်းကောင်းတဲ့သူတွေ များပြားသလောက် စွမ်းအားနဲ့ တောင့်တင်းမှု ကင်းမဲ့ နေကြပါတယ်။

ဆီဘယ်လော့စ်ကို ကြည့်ရာတာကတော့ အတော်လေးကောင်းတဲ့ ကစားသမားဖြစ်ပေမယ့် ရှာကာ ကိုတော့လုံးဝနားမလည်ပါဘူး။အပတ်စဉ်တိုင်း အာဆင်နယ်အသင်းရဲ့ ပွဲတွေမှာ ရှာကာဘာလို့ ပါဝင်ခွင့်ရနေတာကို ကျွန်တော် နားမလည်နိုင်ပါဘူး။

အာဆင်နယ်အသင်းကို သူဘာတွေယူဆောင်ပေးနေတယ်ဆိုတာကိုလည်း ကျွန်တော်မမြင်မိပါဘူး။သူ့ရဲ့ ၂၅ကိုကိလောက် အကွာကာ အဝေးကန်ချက်တွေ က အားသာချက်တခုဖြစ်ကောင်းဖြစ်နိုင်ပေမယ့် သူ့ရဲ့တခြားအရာတွေကတော့ အသုံးမဝင်သလောက် နီးနီးပါပဲ။

ဂွမ်ဒူဇီကလည်း ငယ်ရွယ်သေးတာဖြစ်လို့ ယူနိုက်တက်တို့ ကွင်းလယ်ပိုင်းကို စိုးမိုးနိုင်ကောင်းပါတယ်။အကယ်၍ ဒီနှစ်သင်းရဲ့ ကွင်းလယ်ပိုင်းတွေကိုနှိုင်းယှဉ် မယ်ဆိုရင်တော့ ဘယ်တသင်းသင်းမှာမှ အများကြီး အားသာတာမျိုးတော့မမြင်ရပါဘူး ” လို့ပြောသွားခဲ့ပါတယ်။

ယူနိုက်တက် အသင်းရဲ့ လိုအပ်ချက်တွေနဲ့ ပတ်သက်ပြီး ပြောဆိုရာမှာတော့ ပေါလ်အင့်စ်က – ” ယူနိုက်တက် အသင်းလိုနေတာဂိုးသွင်းမယ့်သူဖြစ်ပါတယ်။မန်စီးတီးမှာဆိုရင်အဂွေရိုနဲ့ စတာလင်ရှိပါတယ်။

စပါးမှာ ကိန်းရှိနေပြီး အာဆင်နယ်မှာတော့ အူဘာမီယန် နဲ့ လာကာဇက်တို့ရှိနေပါတယ်။ဒါပေမယ့် ယူနိုက်တက် အသင်းမှာဒါမျိုး ကျွန်တော်မတွေ့ရပါဘူး။တရာသီအတွင်းမှာ ဂိုး၂၀ ၊ ၂၅ဂိုးလောက်သွင်းနိုင်မယ့်သူမျိုး ရှိရပါလိမ့်မယ်။

လူကာကူ ကိုရောင်းထုတ်လိုက်တဲ့ အချိန်မှာ သွင်းဂိုးတွေ အများကြီး ဆုံးရှုံးလိုက်သလိုပါပဲ။ဒါ့အပြင် အဲ့ဒီနေရာကိုလည်း သူတို့ အခုချိန်ထိအစားထိုးမထားရသေးပါဘူး ” လို့ပြောခဲ့ပါတယ်။

SPORTS MYANMAR