ယေန႔ နံနက္က အီတီဟက္ ကြင္းမွာ ယွဥ္ျပိဳင္ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ ကြာတားဖုိင္နယ္ ဒုတိယအေက်ာ့မွာ ေတာ့တင္ဟမ္ အသင္းဟာ မန္စီးတီး အသင္းကုိ ၄-၃ ဆုိတဲ့ ရလဒ္ နဲ႕ ရႈံး နိမ့္ သြား ခဲ့ ပါ တယ္ ။ ဒါေပမယ့္ ေတာ့တင္ဟမ္ အသင္းဟာ ပထမအေက်ာ့တုန္းက မန္စီးတီး အသင္းကုိ တစ္ဂုိး ဂုိးမရွိ နဲ႔ အနုိင္ရထားတာေၾကာင့္ အေဝးဂုိး စည္းမ်ဥ္း နဲ႔ ဆီမီးဖုိင္နယ္ အဆင့္ကုိ တက္ေရာက္ သြားခဲ့ပါတယ္ ။

အာဆင္နယ္ အသင္း ကစားသမားေဟာင္း ေပါလ္မာဆင္က ေတာ့တင္ဟမ္ အသင္း ကစားသမားေတြရ႕ဲ တုိက္ပြဲဝင္ စိတ္ဓတ္ကုိ ခ်ီးက်ဴး သြားခဲ့ျပီး ဆီမီးဖုိင္နယ္ အဆင့္မွာ ေအဂ်က္စ္ အသင္းကုိ ေက်ာ္ျဖတ္နုိင္လိမ့္မယ္လုိ႔ သုံးသပ္ ေျပာၾကား လုိက္ပါတယ္ ။

ေပါလ္မာဆင္ က The Debate အစီအစဥ္မွာ ” ဥေရာပက လူတုိင္း ဒီေန႔ပြဲ ရလဒ္ကုိ ေတြ႕တာနဲ႔ ‘ ဝုိး ‘ ဆုိျပီး အံ့ၾသ သင့္သြား ၾကမွာပါ ။ ေတာ့တင္ဟမ္ အသင္းကုိ ေလ်ာ့တြက္လုိ႔ မရပါဘူး ၊ သူတုိ႔ ဖုိင္နယ္ကုိ တက္လွမ္းဖုိ႔ အခြင့္အလမ္းေကာင္းေတြ ရွိပါတယ္ ။ ေအဂ်က္စ္ အသင္းက ေကာင္းေပမယ့္ ေတာ့တင္ဟမ္ အသင္းသာ အေကာင္းဆုံး ပုံစံ ရေနရင္ ေအဂ်က္စ္ အသင္းထက္ အမ်ားၾကီး သာပါတယ္ ။ ”

” ေတာ့တင္ဟမ္ အသင္းက ကမာၻ႕ အေကာင္းဆုံး အသင္း တစ္သင္းကုိ ေက်ာ္ျဖတ္ နုိင္ ခဲ့ တာ ပါ ။ မန္စီးတီး အသင္းကုိ က်ေနာ္တုိ႔ အားလုံး တမ္းတမ္းစြဲ သေဘာက် ခဲ့ၾကျပီး သူတုိ႕ကလည္း သိပ္ေကာင္းပါတယ္ ။ ဒါေပမယ့္ ႏွစ္ေက်ာ့ ကစားအျပီးမွာေတာ့ သူတုိ႔ ထြက္ခြာ သြားခဲ့ရပါျပီ ။ ”

” ေတာ့တင္ဟမ္ အသင္းက ပထမအေက်ာ့တုန္းက စနစ္တက် နဲ႔ ကစားျပီး ပြဲျပီးခါနီးမွာ ဂုိးသြင္းနုိင္ခဲ့ပါတယ္ ။ ဒီေန႔ပြဲမွာ ပုိခ်က္တီႏုိ က ေလာ္ရန္းေတး ကုိ ေစာေစာစီးစီး ထည့္သြင္းလုိက္တဲ့ အခ်ိန္မွာ အလုပ္ျဖစ္ပါ့မလားလုိ႔ ေတြးမိခဲ့ပါတယ္ ။ က်ေနာ္ကေတာ့ ဆြန္ေဟာင္မင္ ေနရာလြတ္ေပးရဖုိ႔ ျမန္ႏႈန္းျမင့္ ကစားသမားတစ္ဦး ထည့္ေစခ်င္တာပါ ။ ဒါေပမယ့္ သူ႔လုပ္ရပ္က အလုပ္ျဖစ္သြားပါတယ္ ။ ”

” က်ေနာ္က ပုိခ်က္တီႏုိ ရဲ႕ အမာခံ ပရိသတ္ပါ ။ သူတုိ႔အသင္းမွာ ဒဏ္ရာ ျပႆနာေတြ အမ်ားၾကီး ရွိေနျပီး သူတုိ႔ အရန္အင္အားကလည္း မေတာင့္တင္းပါဘူး ။ ၂-၁ အနုိင္ကေန ဂုိးေတြ ျပန္ေပးလုိက္ ရတဲ့ အခ်ိ္န္မွာ အေကာင္းဆုံး ျပန္လာ နုိင္ခဲ့ပါတယ္ ။ ”

ဆက္လက္ျပီး ေပါလ္မာဆင္ က ” ေအဂ်က္စ္ အသင္းက အေၾကာက္အလန္႔ မရွိ ကစားပါတယ္ ။ အခု ဆီမီးဖုိင္နယ္ အဆင့္ ေရာက္လာတဲ့ အခ်ိန္မွာေတာ့ အသင္း ရွံဳးနိမ့္ တဲ့ အခါမွာ ဘာမွ ဆံုးရွံဳးသြား မွာ မဟုတ္ တဲ့ လိဂ္ပြဲ ၊ ဂ်ဴဗင္တပ္ ( သို့ ) ရီးယဲ မက္ဒရစ္ အသင္း ေတြနဲ့ ကစား ရတုန္းက ပြဲစဥ္ေတြလုိ မ်ိဳး မဟုတ္ေတာ့ ပါဘူး ။ ”

” ေတာ့တင္ဟမ္ အသင္းကလည္း အဲ့လုိ အျဖစ္ခံမွာ မဟုတ္ပါဘူး ။ ေအဂ်က္စ္ အသင္းကုိ ေလးစားမႈ အျပည့္နဲ႔ ကစားမွာပါ ။ ေတာ့တင္ဟမ္ အသင္းက သူတုိ႔ကုိ တုိက္စစ္ဖြင့္ ကစားတဲ့ အသင္းကုိ မြစာေၾက သြားေအာင္ လုပ္နုိင္ပါတယ္ ။ ေတာ့တက္ဟမ္ အသင္းက သိပ္ေကာင္းလြန္းေနပါတယ္ ၊ ခံစစ္လည္း ေကာင္းပါတယ္ ။ ေတာ့တင္ဟမ္ အသင္း ဗုိလ္လုပြဲတက္သြားမယ္လုိ႕ က်ေနာ္ ယုံၾကည္ပါတယ္ ။ ” လုိ႔ သုံးသပ္ လုိက္ပါတယ္ ။

SPORTS MYANMAR

Unicode

တော့တင်ဟမ် နှင့် အေဂျက်စ် ပွဲမှှာ ဘယ်အသင်း ဖိုင်နယ် တက်သွားမလဲ ဆိုတာ ခန့်မှန်း သုံးသပ်လိုက်တဲ့ ပေါလ်မာဆင်
=============================

ယနေ့ နံနက်က အီတီဟက် ကွင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့မှာ တော့တင်ဟမ် အသင်းဟာ မန်စီးတီး အသင်းကို ၄-၃ ဆိုတဲ့ ရလဒ် နဲ့ ရှုံး နိမ့် သွား ခဲ့ ပါ တယ် ။ ဒါပေမယ့် တော့တင်ဟမ် အသင်းဟာ ပထမအကျော့တုန်းက မန်စီးတီး အသင်းကို တစ်ဂိုး ဂိုးမရှိ နဲ့ အနိုင်ရထားတာကြောင့် အဝေးဂိုး စည်းမျဉ်း နဲ့ ဆီမီးဖိုင်နယ် အဆင့်ကို တက်ရောက် သွားခဲ့ပါတယ် ။

အာဆင်နယ် အသင်း ကစားသမားဟောင်း ပေါလ်မာဆင်က တော့တင်ဟမ် အသင်း ကစားသမားတွေရဲ့ တိုက်ပွဲဝင် စိတ်ဓတ်ကို ချီးကျူး သွားခဲ့ပြီး ဆီမီးဖိုင်နယ် အဆင့်မှာ အေဂျက်စ် အသင်းကို ကျော်ဖြတ်နိုင်လိမ့်မယ်လို့ သုံးသပ် ပြောကြား လိုက်ပါတယ် ။

ပေါလ်မာဆင် က The Debate အစီအစဉ်မှာ ” ဥရောပက လူတိုင်း ဒီနေ့ပွဲ ရလဒ်ကို တွေ့တာနဲ့ ‘ ဝိုး ‘ ဆိုပြီး အံ့သြ သင့်သွား ကြမှာပါ ။ တော့တင်ဟမ် အသင်းကို လျော့တွက်လို့ မရပါဘူး ၊ သူတို့ ဖိုင်နယ်ကို တက်လှမ်းဖို့ အခွင့်အလမ်းကောင်းတွေ ရှိပါတယ် ။ အေဂျက်စ် အသင်းက ကောင်းပေမယ့် တော့တင်ဟမ် အသင်းသာ အကောင်းဆုံး ပုံစံ ရနေရင် အေဂျက်စ် အသင်းထက် အများကြီး သာပါတယ် ။ ”

” တော့တင်ဟမ် အသင်းက ကမ္ဘာ့ အကောင်းဆုံး အသင်း တစ်သင်းကို ကျော်ဖြတ် နိုင် ခဲ့ တာ ပါ ။ မန်စီးတီး အသင်းကို ကျနော်တို့ အားလုံး တမ်းတမ်းစွဲ သဘောကျ ခဲ့ကြပြီး သူတို့ကလည်း သိပ်ကောင်းပါတယ် ။ ဒါပေမယ့် နှစ်ကျော့ ကစားအပြီးမှာတော့ သူတို့ ထွက်ခွာ သွားခဲ့ရပါပြီ ။ ”

” တော့တင်ဟမ် အသင်းက ပထမအကျော့တုန်းက စနစ်တကျ နဲ့ ကစားပြီး ပွဲပြီးခါနီးမှာ ဂိုးသွင်းနိုင်ခဲ့ပါတယ် ။ ဒီနေ့ပွဲမှာ ပိုချက်တီနို က လော်ရန်းတေး ကို စောစောစီးစီး ထည့်သွင်းလိုက်တဲ့ အချိန်မှာ အလုပ်ဖြစ်ပါ့မလားလို့ တွေးမိခဲ့ပါတယ် ။ ကျနော်ကတော့ ဆွန်ဟောင်မင် နေရာလွတ်ပေးရဖို့ မြန်နှုန်းမြင့် ကစားသမားတစ်ဦး ထည့်စေချင်တာပါ ။ ဒါပေမယ့် သူ့လုပ်ရပ်က အလုပ်ဖြစ်သွားပါတယ် ။ ”

” ကျနော်က ပိုချက်တီနို ရဲ့ အမာခံ ပရိသတ်ပါ ။ သူတို့အသင်းမှာ ဒဏ်ရာ ပြဿနာတွေ အများကြီး ရှိနေပြီး သူတို့ အရန်အင်အားကလည်း မတောင့်တင်းပါဘူး ။ ၂-၁ အနိုင်ကနေ ဂိုးတွေ ပြန်ပေးလိုက် ရတဲ့ အချိ်န်မှာ အကောင်းဆုံး ပြန်လာ နိုင်ခဲ့ပါတယ် ။ ”

ဆက်လက်ပြီး ပေါလ်မာဆင် က ” အေဂျက်စ် အသင်းက အကြောက်အလန့် မရှိ ကစားပါတယ် ။ အခု ဆီမီးဖိုင်နယ် အဆင့် ရောက်လာတဲ့ အချိန်မှာတော့ အသင်း ရှုံးနိမ့် တဲ့ အခါမှာ ဘာမှ ဆုံးရှံုးသွား မှာ မဟုတ် တဲ့ လိဂ်ပွဲ ၊ ဂျူဗင်တပ် ( သို့ ) ရီးယဲ မက်ဒရစ် အသင်း တွေနဲ့ ကစား ရတုန်းက ပွဲစဉ်တွေလို မျိုး မဟုတ်တော့ ပါဘူး ။ ”

” တော့တင်ဟမ် အသင်းကလည်း အဲ့လို အဖြစ်ခံမှာ မဟုတ်ပါဘူး ။ အေဂျက်စ် အသင်းကို လေးစားမှု အပြည့်နဲ့ ကစားမှာပါ ။ တော့တင်ဟမ် အသင်းက သူတို့ကို တိုက်စစ်ဖွင့် ကစားတဲ့ အသင်းကို မွစာကြေ သွားအောင် လုပ်နိုင်ပါတယ် ။ တော့တက်ဟမ် အသင်းက သိပ်ကောင်းလွန်းနေပါတယ် ၊ ခံစစ်လည်း ကောင်းပါတယ် ။ တော့တင်ဟမ် အသင်း ဗိုလ်လုပွဲတက်သွားမယ်လို့ ကျနော် ယုံကြည်ပါတယ် ။ ” လို့ သုံးသပ် လိုက်ပါတယ် ။

SPORTS MYANMAR