emery

အခုအပတ္ ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆံုး ပြဲစဥ္ တပြဲ အျဖစ္ေတာ့ အဂၤါေန႔ ျမန္မာစံေတာ္ခ်ိန္ နံနက္ ေစာေစာမွာ ယူႏိုက္တက္ အသင္းနဲ႔ အာဆင္နယ္ တို႔ အိုးထရက္ဖို႕ဒ္မွာရင္ဆိုင္သြားျကေတာ့မွာျဖစ္ပါတယ္။လတ္တလာမွာ ဖိအားေတြကိုယ္စီရွိေနတဲ႔ နည္းျပႏွစ္ဦးရဲ႕ ထိပ္တိုက္ဆံုေတြ႔မွဳ လည္းျဖစ္ပါတယ္။

ယူႏိုက္တက္ အသင္းဟာ ျပီးခဲ႔တဲ႔ ရာသီ ဝက္ ျပီးဆံုးခါနီးမွာ နည္းျပေဟာင္း ေမာ္ရင္ဟိုကို ထုတ္ပယ္ျပီး တိုက္စစ္မွဴး ေဟာင္းတဦးျဖစ္တဲ႔ ဆိုးလ္ရွားကို တာဝန္ေပးထားခဲ႔တာျဖစ္ပါတယ္။အစပိုင္းမွာ ႏိုင္ပြဲဆက္စံခ်ိန္ေတြ ရွံုးပြဲမရွိမွတ္တမ္းေတြ ပိုင္ဆိုင္ခဲ႔ေပမယ့္ ရလဒ္ဆိုးေတြဆက္တိုက္ျကံုေတြ႔ခဲ႔လို႕ ခ်န္ပီယံလိဂ္ဝင္ခြင့္ေတာင္ မရခဲ႔တာျဖစ္ပါတယ္။

အခုရာသီမွာေတာ့ ခ်န္ပီယံလိဂ္ဝင္ခြင့္ ကို ျပန္ျပီးစိန္ေခၚႏိုင္ဖို႔ ေမ်ွာ္လင့္ထားျပီး ဘစ္ဆာကာ၊ မက္ဂိြဳင္းယား၊ ဒန္နီရယ္ဂ်ိန္းစ္ တို႔ကို ေႏြရာသီေစ်းကြက္ အတြင္းမွာ ေခၚယူေပးထားပါတယ္။ဒါေပမယ့္ ခံစစ္ကပ်မ္းမ်ွတပြဲတဂိုးေပးထားရသလို တိုက္စစ္ကလည္း တပြဲတဂိုးထက္ပိုသြင္းႏိုင္ဖို႔ ရုန္းကန္ေနခဲ႔ရတာျဖစ္ပါတယ္။

ယူႏိုက္တက္ အသင္းဟာ ေနာက္ပိုင္းႏွစ္ေတြမွာ ေျခစြမ္းပိုင္းမတည္မျငိမ္ျဖစ္ေနခဲ႕ေပမယ့္ လိဂ္ျပိဳင္ပြဲေတြ မွာအာဆင္နယ္ အသင္းကိုအေရးမနိမ့္ခဲ႔တာ ၁၃ ပြဲဆက္ အထိရွိေနျပီျဖစ္ပါတယ္။ဒါေပမယ့္လည္း အဂၤါ ေန႔ ပြဲစဥ္မွာအေရးနိမ့္ခဲ႔ပါက အာဆင္နယ္အသင္းနဲ႔ ၆မွတ္ ကြာအေနအထားရွိေရာက္ရွိမယ့္ အေရးျကံုေနရတာျဖစ္ပါတယ္။

အာဆင္နယ္ အသင္းကလည္း သူတို႔ရဲ႕ သက္တမ္းရွည္နည္းျပျကီး အာဆင္ဝင္းဂါး ရဲ႕ ေနရာမွာ အမ္မရီကို ေမ်ွာ္လင့္တျကီး အစားထိုးခဲ႔ေပမယ့္ ခ်န္ပီယံလိဂ္ဝင္ခြင့္ေတာင္ မေသခ်ာခဲ႔လို႕ ဖိအားေတြရွိေနတာျဖစ္ပါတယ္။ဒါေပမယ့္ဆိုးလ္ရွားဟာ ယူႏိုက္တက္အသင္းကိုခ်န္ပီယံလိဂ္ဝင္ခြင့္ရဖို႔ လုပ္ေဆာင္ေပးႏိုင္မယ့္သူျဖစ္တယ္လို႕ အမ္မရီကဆိုပါတယ္။

ပြဲျကို မီဒီယာ ေတြ႔ဆုံပဲြမွာ အမ္မရီက –

” ဆိုးလ္ရွားမွာ အေတြ႔အျကံုရွိပါတယ္။သူဟာကစားသမားေဟာင္းတဦးျဖစ္လို႔ လည္း ယူႏိုက္တက္ အသင္းအေျကာင္းကို လံုးဝနားလည္ပါတယ္။ျမင့္မားတဲ႔ ျပိဳင္ပြဲျကီး ေတြအေျကာင္းကိုလည္းနားလည္းျပီး အခုဆို သူ႔မွာကစားသမားေကာင္းေတြလည္းရွိေနပါတယ္။

သူ႔အတြက္ စိန္ေခၚမွဳကေတာ့ ယူႏိုက္တက္ အသင္းကို တည္ျငိမ္တဲ႔ ေျခစြမ္းနဲ႔ စြမ္းေဆာင္ရည္ရေအာင္လုပ္ေပးျပီး Top 4 ဝင္ခြင့္ျပန္ရေအာင္လုပ္ေပးဖို႔ ျဖစ္ပါတယ္။ဒီအတြက္လည္း ဒီရာသီပထမဆံုးအျဖစ္ က်ြန္ေတာ္တို႔ ထိပ္တိုက္ေတြ႔ျကေတာ့မွာျဖစ္ပါတယ္။

က်ြန္ေတာ္တို႕ တသင္းနဲ႔ တသင္းဘယ္လို ျပန္ျပီး တုန္႔ျပန္ႏိုင္မယ္ဆိုတာကိုုျမင္ရမယ့္ ပြဲမ်ိဳးျဖစ္ပါတယ္။အေဝးကြင္းပြဲေတြကို အႏိုင္ရဖို႕ဆုိတာတပြဲခ်င္းစီးတိုင္းက ခက္ခဲပါတယ္။ထိပ္တန္း အဆင့္ျပိဳင္ဘက္ကို အႏိုင္ရဖို႔ ဆိုရင္ ပိုလုိ႔ေတာင္ခက္ခဲပါေသးတယ္။

arsenal

 

ဒါေပမယ့္ က်ြန္ေတာ္တို႔အတြက္ စိန္ေခၚမွဳကေတာ့ ျပိဳင္ဆိုင္မွဳ လုပ္ေဆာင္ႏိုင္ျပီး အေကာင္းဆံုး ေျခစြမ္းနဲ႔ အေကာင္းဆံုး ရလဒ္ရယူႏိုင္ဖို႔ျဖစ္ပါတယ္။ယူႏိုက္တက္လို အသင္းနဲ႔ ပြဲမွာ ရရွိမယ့္၃ မွတ္ျဖစ္လို႕ လည္း အခုပြဲဟာအေရးပါတဲ႔ အခိုက္အတန္႔မ်ိဳးျဖစ္ပါတယ္ ” လို႔ေျပာခဲ႔ပါတယ္။

SPORT MYANMAR

Unicode

ဆိုးလ်ရှား ဟာယူနိုက်တက် အသင်းအတွက် မှန်ကန်သင့်တော်တဲ့ နည်းပြဟုတ်မဟုတ် မှတ်ချက်ပေးလိုက်တဲ့ #အမ်မရီ
===================================

အခုအပတ် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ပွဲစဉ် တပွဲ အဖြစ်တော့ အင်္ဂါနေ့ မြန်မာစံတော်ချိန် နံနက် စောစောမှာ ယူနိုက်တက် အသင်းနဲ့ အာဆင်နယ် တို့ အိုးထရက်ဖို့ဒ်မှာရင်ဆိုင်သွားကြတော့မှာဖြစ်ပါတယ်။လတ်တလောမှာ ဖိအားတွေကိုယ်စီရှိနေတဲ့ နည်းပြနှစ်ဦးရဲ့ ထိပ်တိုက်ဆုံတွေ့မှု လည်းဖြစ်ပါတယ်။

ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ ရာသီ ဝက် ပြီးဆုံးခါနီးမှာ နည်းပြဟောင်း မော်ရင်ဟိုကို ထုတ်ပယ်ပြီး တိုက်စစ်မှူး ဟောင်းတဦးဖြစ်တဲ့ ဆိုးလ်ရှားကို တာဝန်ပေးထားခဲ့တာဖြစ်ပါတယ်။အစပိုင်းမှာ နိုင်ပွဲဆက်စံချိန်တွေ ရှုံးပွဲမရှိမှတ်တမ်းတွေ ပိုင်ဆိုင်ခဲ့ပေမယ့် ရလဒ်ဆိုးတွေဆက်တိုက်ကြံုတွေ့ခဲ့လို့ ချန်ပီယံလိဂ်ဝင်ခွင့်တောင် မရခဲ့တာဖြစ်ပါတယ်။

အခုရာသီမှာတော့ ချန်ပီယံလိဂ်ဝင်ခွင့် ကို ပြန်ပြီးစိန်ခေါ်နိုင်ဖို့ မျှော်လင့်ထားပြီး ဘစ်ဆာကာ၊ မက်ဂွိုင်းယား၊ ဒန်နီရယ်ဂျိန်းစ် တို့ကို နွေရာသီစျေးကွက် အတွင်းမှာ ခေါ်ယူပေးထားပါတယ်။ဒါပေမယ့် ခံစစ်ကပျမ်းမျှတပွဲတဂိုးပေးထားရသလို တိုက်စစ်ကလည်း တပွဲတဂိုးထက်ပိုသွင်းနိုင်ဖို့ ရုန်းကန်နေခဲ့ရတာဖြစ်ပါတယ်။

ယူနိုက်တက် အသင်းဟာ နောက်ပိုင်းနှစ်တွေမှာ ခြေစွမ်းပိုင်းမတည်မငြိမ်ဖြစ်နေခဲ့ပေမယ့် လိဂ်ပြိုင်ပွဲတွေ မှာအာဆင်နယ် အသင်းကိုအရေးမနိမ့်ခဲ့တာ ၁၃ ပွဲဆက် အထိရှိနေပြီဖြစ်ပါတယ်။ဒါပေမယ့်လည်း အင်္ဂါ နေ့ ပွဲစဉ်မှာအရေးနိမ့်ခဲ့ပါက အာဆင်နယ်အသင်းနဲ့ ၆မှတ် ကွာအနေအထားရှိရောက်ရှိမယ့် အရေးကြံုနေရတာဖြစ်ပါတယ်။

အာဆင်နယ် အသင်းကလည်း သူတို့ရဲ့ သက်တမ်းရှည်နည်းပြကြီး အာဆင်ဝင်းဂါး ရဲ့ နေရာမှာ အမ်မရီကို မျှော်လင့်တကြီး အစားထိုးခဲ့ပေမယ့် ချန်ပီယံလိဂ်ဝင်ခွင့်တောင် မသေချာခဲ့လို့ ဖိအားတွေရှိနေတာဖြစ်ပါတယ်။ဒါပေမယ့်ဆိုးလ်ရှားဟာ ယူနိုက်တက်အသင်းကိုချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ လုပ်ဆောင်ပေးနိုင်မယ့်သူဖြစ်တယ်လို့ အမ်မရီကဆိုပါတယ်။

ပွဲကြို မီဒီယာ တွေ့ဆုံပွဲမှာ အမ်မရီက –
” ဆိုးလ်ရှားမှာ အတွေ့အကြံုရှိပါတယ်။သူဟာကစားသမားဟောင်းတဦးဖြစ်လို့ လည်း ယူနိုက်တက် အသင်းအကြောင်းကို လုံးဝနားလည်ပါတယ်။မြင့်မားတဲ့ ပြိုင်ပွဲကြီး တွေအကြောင်းကိုလည်းနားလည်းပြီး အခုဆို သူ့မှာကစားသမားကောင်းတွေလည်းရှိနေပါတယ်။

သူ့အတွက် စိန်ခေါ်မှုကတော့ ယူနိုက်တက် အသင်းကို တည်ငြိမ်တဲ့ ခြေစွမ်းနဲ့ စွမ်းဆောင်ရည်ရအောင်လုပ်ပေးပြီး Top 4 ဝင်ခွင့်ပြန်ရအောင်လုပ်ပေးဖို့ ဖြစ်ပါတယ်။ဒီအတွက်လည်း ဒီရာသီပထမဆုံးအဖြစ် ကျွန်တော်တို့ ထိပ်တိုက်တွေ့ကြတော့မှာဖြစ်ပါတယ်။

ကျွန်တော်တို့ တသင်းနဲ့ တသင်းဘယ်လို ပြန်ပြီး တုန့်ပြန်နိုင်မယ်ဆိုတာကိုုမြင်ရမယ့် ပွဲမျိုးဖြစ်ပါတယ်။အဝေးကွင်းပွဲတွေကို အနိုင်ရဖို့ဆိုတာတပွဲချင်းစီးတိုင်းက ခက်ခဲပါတယ်။ထိပ်တန်း အဆင့်ပြိုင်ဘက်ကို အနိုင်ရဖို့ ဆိုရင် ပိုလို့တောင်ခက်ခဲပါသေးတယ်။

ဒါပေမယ့် ကျွန်တော်တို့အတွက် စိန်ခေါ်မှုကတော့ ပြိုင်ဆိုင်မှု လုပ်ဆောင်နိုင်ပြီး အကောင်းဆုံး ခြေစွမ်းနဲ့ အကောင်းဆုံး ရလဒ်ရယူနိုင်ဖို့ဖြစ်ပါတယ်။ယူနိုက်တက်လို အသင်းနဲ့ ပွဲမှာ ရရှိမယ့်၃ မှတ်ဖြစ်လို့ လည်း အခုပွဲဟာအရေးပါတဲ့ အခိုက်အတန့်မျိုးဖြစ်ပါတယ် ” လို့ပြောခဲ့ပါတယ်။

SPORT MYANMAR