လက္ရွိ က်င္းပေနတဲ့ ေမာ္လ္ဒိုက္ International Challenge ျပိဳင္ပြဲ ရဲ႕ အမ်ိဳးသမီး တစ္ဦးခ်င္း က႑ ပြဲစဥ္ဟာ ဒီညေနမွာ ျပီးဆံုးသြားခဲ့ျပီ ျဖစ္ပါတယ္။

ဗိုလ္လုပြဲမွာေတာ့ အေမရိကန္ ႏိုင္ငံသူ အိုင္းရစ္၀မ္ (ကမၻာ့အဆင့္ 102) ဟာ ၊ ဗီယက္နမ္သူ သီထရန္ဗူ (ကမၻာ့အဆင့္ 64) ကုိ 21-14 ၊ 21-15 ရလာဒ္ေတြ နဲ႔ ပြဲျပတ္ အႏုိင္ကစားျပီး ခ်န္ပီယံဆု ကို သိမ္းပိုက္ သြားခဲ့ပါတယ္။ ျမန္မာ ႏိုင္ငံကေန သြားေရာက္ ယွဥ္ျပိဳင္တဲ့ သက္ထားသူဇာ ကေတာ့ တတိယ ဆု ဆြတ္ခူး ရရွိသြားခဲ့ပါတယ္။

iris wang

အိုင္းရစ္၀မ္ ဟာ ဘာျဖစ္လို႔ ဗိုလ္စြဲသြားႏုိင္ခဲ့တာလဲ?
**********************************

ၾကက္ေတာင္ ျပိဳင္ပြဲေတြဟာ တစ္ကမၻာလံုးမွာ အခ်ိန္ျပည့္ က်င္းပလွ်က္ ရွိေနတာ ျဖစ္ျပီး ၊ သူ႔ရဲ႕ ဆုေၾကး ခ်ီးျမွင့္ႏိုင္မႈ အေပၚမူတည္ကာ ျပိဳင္ပြဲရဲ႕ အဆင့္အတန္းကို ကမၻာ့ၾကက္ေတာင္ အဖြဲ႔ခ်ဳပ္က ခြဲျခားသတ္မွတ္ေပးထားတာ ျဖစ္ပါတယ္။ အဲဒီလို သတ္မွတ္ရာမွာေတာ့ အဆင့္ 3 ဆင့္ အထိ ရွိေနျပီး ၊ ေအာက္ေဖာ္ျပပါ အတိုင္း ေတြ႔ရမွာပါ။

• Grade 1
• အိုလံပစ္ ျပိဳင္ပြဲ
• World Championship
• World Junior Championship
• Thomas Cup
• Uber Cup
• Grade 2
• BWF World Tour Final
• BWF World Tour Super 1000
• BWF World Tour Super 750
• BWF World Tour Supper 500
• BWF World Tour Super 300
• BWF World Tour Super 100

• Grade 3
• International Challenge
• International Series
• Future Series

အခု က်င္းပသြားခဲ့တဲ့ ေမာ္လ္ဒိုက္ ျပိဳင္ပြဲဟာ Grade 3 အဆင့္ ျပိဳင္ပြဲေတြ ထဲမွာေတာ့ အျမင့္ဆံုး ျပိဳင္ပြဲ ျဖစ္ပါတယ္။ ဒါေၾကာင့္လဲ Maldives International Challenge 2019 လို႔ အမည္ေပးထားတာ ျဖစ္ျပီး စုစုေပါင္း ခ်ီးျမွင့္တဲ့ ဆုေၾကး ပမာဏက ေဒၚလာ 25000 ရွိပါတယ္။ ဒါဟာ International Challenge ျပိဳင္ပြဲေတြမွာ အနိမ့္ဆံုး ခ်ီးျမွင့္ရတဲ့ ပမာဏမ်ိဳးျဖစ္ျပီး ၊ International Series ျပိဳင္ပြဲဆိုရင္ အနည္းဆံုး ေဒၚလာ 10000 နဲ႔ Future Series ဆိုရင္ ဆုေငြ ကမၻာ့အဆင့္ သတ္မွတ္ခ်က္ ျမင့္ခ်င္တဲ့ သူေတြသာ ယွဥ္ျပိဳင္ၾကေလ့ရွိတာပါ။

ဒီျပိဳင္ပြဲမွာ ဗိုလ္စြဲသြားခဲ့တဲ့ အိုင္းရစ္၀မ္ဟာ သာမာ အားျဖင့္ ၾကည့္ရင္ေတာ့ သူမ ရဲ႕ အဆင့္ သတ္မွတ္ခ်က္က ကမၻာ့အဆင့္ 102 မွာသာ ရွိေနတာ ျဖစ္ပါတယ္။ သုိ႔ေသာ္ သူမ 2019 ခုႏွစ္ အတြင္း ယွဥ္ျပိဳင္ခဲ့တဲ့ ျပိဳင္ပြဲ အမ်ားစုက BWF World Tour ျပိဳင္ပြဲမ်ိဳးေတြ ျဖစ္ျပီး ၊ Grade 2 အဆင့္က ျပိဳင္ပြဲေတြမွာ ယံုယံုၾကည္မႈ ရွိရွိ နဲ႔ ၀င္ျပိဳင္ခဲ့တဲ့ အက်ိဳးရလာဒ္ေတြဟာ ေမာ္လ္ဒိုက္ International Challenge 2019 ျပိဳင္ပြဲမွာေတာ့ ဗိုလ္စြဲဖို႔ ေရပန္းစားေနတဲ့ နာမည္ၾကီး ျပိဳင္ဘက္ 3 ေယာက္ကို ဆက္တိုက္ ေနာက္ေကာက္ခ်ကာ ခ်န္ပီယံဆုကို ဆြတ္ခူးသြားေစခဲ့တာပါ။

သူမ BWF ျပိဳင္ပြဲေတြမွာ ထိပ္တန္း အဆင့္ ျပိဳင္ဘက္ေတြ နဲ႔ ရင္ဆိုင္ ကစားရင္း ၊ အဲဒီ အေတြ႔အၾကံဳေတြက ဒီျပိဳင္ပြဲမွာ အံ့အားသင့္စရာ ရလာဒ္ေတြ ထြက္ေပၚလာဖို႔ အေထာက္အကူေတြ အမ်ားၾကီး ျဖစ္ေစခဲ့ပါတယ္။

ကြာတားဖိုင္နယ္ အဆင့္မွာ ရင္ဆိုင္ခဲ့တဲ့ အစၥေရး ၾကက္ေတာင္ ကစားသမား ပိုလီကာပိုဗာ ဟာ ဒီျပိဳင္ပြဲမွာ ႏိုင္ေခ် အဆင့္ 4 အျဖစ္ သတ္မွတ္ခံခဲ့ရသလုိ ၊ အၾကိဳဗိုလ္လုပြဲမွာ ရင္ဆိုင္ခဲ့ရတဲ့ ရီဂစ္ ကလဲ ႏိုင္ေခ် အဆင့္ 1 သတ္မွတ္ခံထားရတာျဖစ္ပါတယ္။ ေနာက္ဆံုး ဗိုလ္လုပြဲမွာ ေနာက္ေကာက္ခ်ျပခဲ့တဲ့ သီထရန္ဗူ ကေတာ့ ႏိုင္ငံေခ် အဆင့္ 3 သတ္မွတ္ခံရသူ ျဖစ္ေနသည့္တိုင္ေအာင္ ၊ သူမဟာ ပရိသတ္ေတြ အားလံုးကို အံ့အားသင့္စရာေတြ အျပည့္ျဖစ္ေအာင္ စြမ္းေဆာင္ျပသြားခဲ့ပါတယ္။

Thiu trangဒါဟာ ေနာက္ထပ္ တစ္ဆင့္ကို တက္လွမ္းဖို႔ ၾကိဳးစားေနတဲ့ သက္ထားသူဇာ အတြက္ Reference ယူရမယ့္ ခ်န္ပီယံ ကစားသမား တစ္ေယာက္ရဲ႕ ေအာင္ျမင္မႈ မွတ္တမ္း ျဖစ္ပါတယ္။ အိုင္းရစ္၀မ္ ဟာ ကမၻာ့အဆင့္ 102 ျဖစ္ေနတာကို ေခါင္းထဲ ထည့္မထားပဲ ၊ အေတြ႔အၾကံဳ နဲ႔ ရင္ဆိုင္ရဲ႕တဲ့ သတၱိေတြကို ေပါင္းစပ္ျပီး ၊ ၾကံဳေတြ႔လာခဲ့တဲ့ အခက္အခဲေတြကို ရင္ဆိုင္ ျဖတ္ေက်ာ္ ျပသြားခ့ဲတာပါ။

သက္ထားသူဇာ အတြက္လဲ ဒီျပိဳင္ပြဲကို ေစာင့္ၾကည့္ေနတဲ့ ပရိသတ္ အမ်ားစုကေရာ ၊ ျမန္မာ ျပည္က ပရိသတ္ေတြကပါ ခ်ီးက်ဴးစရာေတြ အမ်ားၾကီး ရွိခဲ့ပါတယ္။

2019 ခုႏွစ္ အတြင္း သူမဟာ ျပိဳင္ပြဲေတာ္ေတာ္မ်ားမ်ား မွာ ခ်န္ပီယံ ျဖစ္ခဲ့ေပမယ့္ အဲဒီ ပြဲစဥ္ေတြဟာ International Series ေတြ ျဖစ္တာေၾကာင့္ ၊ ဒီထက္ ျမင့္တဲ့ International Challenge ျပိဳင္ပြဲမ်ိဳးမွာ ေအာင္ျမင္မႈ ရယူျပဖို႔ ၊ သူမ ရဲ႕ ပရိသတ္ေတြက ေမွ်ာ္လင့္ခဲ့ၾကပါတယ္။ ေမာ္လ္ဒိုက္ က ျပိဳင္ပြဲ မတိုင္ခင္ အထိ ၊ သူမဟာ International Challenge ျပိဳင္ပြဲ ဆိုရင္ ရႈံးထြက္ အဆင့္ကထက္ မပိုပဲ ျဖစ္ေနခဲ့တာပါ။

သို႔ေသာ္ ဒီတစ္ၾကိမ္မွာေတာ့ သူမ ဟာ စိန္ေခၚမႈေတြကို သတိၱရွိရွိ နဲ႔ ရင္ဆိုင္ ျပသြားခဲ့ျပီး ၊ ႏိုင္ေခ် အဆင့္ 2 သတ္မွတ္ခံထားရေတဲ့ ကေနဒါ ႏိုင္ငံသူ ဘရစ္နီ တမ္ နဲ႔ ႏိုင္ေခ် အဆင့္ 5 သတ္မွတ္ ခံထားရတဲ့ ဇက္ခ်ီရီ တို႔ကို အံ့အားသင့္စရာ လက္စြမ္းေတြ နဲ႔ ေက်ာ္ျဖတ္ကာ အၾကိဳဗိုလ္လုပြဲအထိ တက္ေရာက္ခဲ့တာ ျဖစ္ပါတယ္။

thet htar thuzar

ဒါဟာ သူမရဲ႕ စိတ္ပိုင္း ဆိုင္ရာ အရေရာ ၊ စြမ္းေဆာင္ရည္ပိုင္း ဆိုင္ရာ အရပါ တိုးတက္လာတဲ့ ၊ သိသာ ထင္ရွားတဲ့ အခ်က္မ်ိဳးျဖစ္ျပီး ၊ ေနာက္ထပ္ ၾကီးမားတဲ့ စိန္ေခၚမႈေတြကို ရင္ဆိုင္ဖို႔ ယံုၾကည္မႈေတြ ရသြားေစမွာလဲ ေသခ်ာပါတယ္။

ဒါ့အျပင္ ခ်န္ပီယံ ျဖစ္သြားတဲ့ အေမရိကန္ ႏိုင္ငံသူ အိုင္းရစ္ ၀မ္ ရဲ႕ ျဖတ္သန္းမႈ ပံုစံေတြက ၊ သက္ထားသူဇာ အတြက္ ေနာက္ထပ္ ၾကီးမားတဲ့ စိန္ေခၚမႈေတြ ရယူဖို႔ နမူနာေကာင္း တစ္ခုလဲ ျဖစ္မယ္ ထင္ပါတယ္။ ကိုယ့္ရဲ႕ လက္စြမ္းဟာ International Challenge အဆင့္မွာေတာင္ ၀င္ေရာက္လာျပီ ျဖစ္လို႔ ၊ မၾကာခင္မွာ BWF World Tour ျပိဳင္ပြဲေတြမွာ ၀င္ေရာက္ဖို႔လဲ ေမွ်ာ္လင့္မိပါတယ္။

SPORT MYANMAR

Unicode

မော်လ်ဒိုက် International Challenge ပြိုင်ပွဲမှာ ပရိသတ်တွေ ကိုု အံ့အားသင့်အောင် စွမ်းဆောင်ပြခဲ့ကြတဲ့ အိုင်းရစ်ဝမ် နဲ့ သက်ထားသူဇာ
****************************************************************

လက်ရှိ ကျင်းပနေတဲ့ မော်လ်ဒိုက် International Challenge ပြိုင်ပွဲ ရဲ့ အမျိုးသမီး တစ်ဦးချင်း ကဏ္ဍ ပွဲစဉ်ဟာ ဒီညနေမှာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။

ဗိုလ်လုပွဲမှာတော့ အမေရိကန် နိုင်ငံသူ အိုင်းရစ်ဝမ် (ကမ္ဘာ့အဆင့် 102) ဟာ ၊ ဗီယက်နမ်သူ သီထရန်ဗူ (ကမ္ဘာ့အဆင့် 64) ကို 21-14 ၊ 21-15 ရလာဒ်တွေ နဲ့ ပွဲပြတ် အနိုင်ကစားပြီး ချန်ပီယံဆု ကို သိမ်းပိုက် သွားခဲ့ပါတယ်။ မြန်မာ နိုင်ငံကနေ သွားရောက် ယှဉ်ပြိုင်တဲ့ သက်ထားသူဇာ ကတော့ တတိယ ဆု ဆွတ်ခူး ရရှိသွားခဲ့ပါတယ်။

အိုင်းရစ်ဝမ် ဟာ ဘာဖြစ်လို့ ဗိုလ်စွဲသွားနိုင်ခဲ့တာလဲ?
**********************************

ကြက်တောင် ပြိုင်ပွဲတွေဟာ တစ်ကမ္ဘာလုံးမှာ အချိန်ပြည့် ကျင်းပလျှက် ရှိနေတာ ဖြစ်ပြီး ၊ သူ့ရဲ့ ဆုကြေး ချီးမြှင့်နိုင်မှု အပေါ်မူတည်ကာ ပြိုင်ပွဲရဲ့ အဆင့်အတန်းကို ကမ္ဘာ့ကြက်တောင် အဖွဲ့ချုပ်က ခွဲခြားသတ်မှတ်ပေးထားတာ ဖြစ်ပါတယ်။ အဲဒီလို သတ်မှတ်ရာမှာတော့ အဆင့် 3 ဆင့် အထိ ရှိနေပြီး ၊ အောက်ဖော်ပြပါ အတိုင်း တွေ့ရမှာပါ။

• Grade 1
• အိုလံပစ် ပြိုင်ပွဲ
• World Championship
• World Junior Championship
• Thomas Cup
• Uber Cup
• Grade 2
• BWF World Tour Final
• BWF World Tour Super 1000
• BWF World Tour Super 750
• BWF World Tour Supper 500
• BWF World Tour Super 300
• BWF World Tour Super 100

• Grade 3
• International Challenge
• International Series
• Future Series

အခု ကျင်းပသွားခဲ့တဲ့ မော်လ်ဒိုက် ပြိုင်ပွဲဟာ Grade 3 အဆင့် ပြိုင်ပွဲတွေ ထဲမှာတော့ အမြင့်ဆုံး ပြိုင်ပွဲ ဖြစ်ပါတယ်။ ဒါကြောင့်လဲ Maldives International Challenge 2019 လို့ အမည်ပေးထားတာ ဖြစ်ပြီး စုစုပေါင်း ချီးမြှင့်တဲ့ ဆုကြေး ပမာဏက ဒေါ်လာ 25000 ရှိပါတယ်။ ဒါဟာ International Challenge ပြိုင်ပွဲတွေမှာ အနိမ့်ဆုံး ချီးမြှင့်ရတဲ့ ပမာဏမျိုးဖြစ်ပြီး ၊ International Series ပြိုင်ပွဲဆိုရင် အနည်းဆုံး ဒေါ်လာ 10000 နဲ့ Future Series ဆိုရင် ဆုငွေ ကမ္ဘာ့အဆင့် သတ်မှတ်ချက် မြင့်ချင်တဲ့ သူတွေသာ ယှဉ်ပြိုင်ကြလေ့ရှိတာပါ။

ဒီပြိုင်ပွဲမှာ ဗိုလ်စွဲသွားခဲ့တဲ့ အိုင်းရစ်ဝမ်ဟာ သာမာ အားဖြင့် ကြည့်ရင်တော့ သူမ ရဲ့ အဆင့် သတ်မှတ်ချက်က ကမ္ဘာ့အဆင့် 102 မှာသာ ရှိနေတာ ဖြစ်ပါတယ်။ သို့သော် သူမ 2019 ခုနှစ် အတွင်း ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲ အများစုက BWF World Tour ပြိုင်ပွဲမျိုးတွေ ဖြစ်ပြီး ၊ Grade 2 အဆင့်က ပြိုင်ပွဲတွေမှာ ယုံယုံကြည်မှု ရှိရှိ နဲ့ ၀င်ပြိုင်ခဲ့တဲ့ အကျိုးရလာဒ်တွေဟာ မော်လ်ဒိုက် International Challenge 2019 ပြိုင်ပွဲမှာတော့ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ နာမည်ကြီး ပြိုင်ဘက် 3 ယောက်ကို ဆက်တိုက် နောက်ကောက်ချကာ ချန်ပီယံဆုကို ဆွတ်ခူးသွားစေခဲ့တာပါ။

သူမ BWF ပြိုင်ပွဲတွေမှာ ထိပ်တန်း အဆင့် ပြိုင်ဘက်တွေ နဲ့ ရင်ဆိုင် ကစားရင်း ၊ အဲဒီ အတွေ့အကြုံတွေက ဒီပြိုင်ပွဲမှာ အံ့အားသင့်စရာ ရလာဒ်တွေ ထွက်ပေါ်လာဖို့ အထောက်အကူတွေ အများကြီး ဖြစ်စေခဲ့ပါတယ်။

ကွာတားဖိုင်နယ် အဆင့်မှာ ရင်ဆိုင်ခဲ့တဲ့ အစ္စရေး ကြက်တောင် ကစားသမား ပိုလီကာပိုဗာ ဟာ ဒီပြိုင်ပွဲမှာ နိုင်ချေ အဆင့် 4 အဖြစ် သတ်မှတ်ခံခဲ့ရသလို ၊ အကြိုဗိုလ်လုပွဲမှာ ရင်ဆိုင်ခဲ့ရတဲ့ ရီဂစ် ကလဲ နိုင်ချေ အဆင့် 1 သတ်မှတ်ခံထားရတာဖြစ်ပါတယ်။ နောက်ဆုံး ဗိုလ်လုပွဲမှာ နောက်ကောက်ချပြခဲ့တဲ့ သီထရန်ဗူ ကတော့ နိုင်ငံချေ အဆင့် 3 သတ်မှတ်ခံရသူ ဖြစ်နေသည့်တိုင်အောင် ၊ သူမဟာ ပရိသတ်တွေ အားလုံးကို အံ့အားသင့်စရာတွေ အပြည့်ဖြစ်အောင် စွမ်းဆောင်ပြသွားခဲ့ပါတယ်။

ဒါဟာ နောက်ထပ် တစ်ဆင့်ကို တက်လှမ်းဖို့ ကြိုးစားနေတဲ့ သက်ထားသူဇာ အတွက် Reference ယူရမယ့် ချန်ပီယံ ကစားသမား တစ်ယောက်ရဲ့ အောင်မြင်မှု မှတ်တမ်း ဖြစ်ပါတယ်။ အိုင်းရစ်ဝမ် ဟာ ကမ္ဘာ့အဆင့် 102 ဖြစ်နေတာကို ခေါင်းထဲ ထည့်မထားပဲ ၊ အတွေ့အကြံု နဲ့ ရင်ဆိုင်ရဲ့တဲ့ သတ္တိတွေကို ပေါင်းစပ်ပြီး ၊ ကြံုတွေ့လာခဲ့တဲ့ အခက်အခဲတွေကို ရင်ဆိုင် ဖြတ်ကျော် ပြသွားခဲ့တာပါ။

သက်ထားသူဇာ အတွက်လဲ ဒီပြိုင်ပွဲကို စောင့်ကြည့်နေတဲ့ ပရိသတ် အများစုကရော ၊ မြန်မာ ပြည်က ပရိသတ်တွေကပါ ချီးကျူးစရာတွေ အများကြီး ရှိခဲ့ပါတယ်။

2019 ခုနှစ် အတွင်း သူမဟာ ပြိုင်ပွဲတော်တော်များများ မှာ ချန်ပီယံ ဖြစ်ခဲ့ပေမယ့် အဲဒီ ပွဲစဉ်တွေဟာ International Series တွေ ဖြစ်တာကြောင့် ၊ ဒီထက် မြင့်တဲ့ International Challenge ပြိုင်ပွဲမျိုးမှာ အောင်မြင်မှု ရယူပြဖို့ ၊ သူမ ရဲ့ ပရိသတ်တွေက မျှော်လင့်ခဲ့ကြပါတယ်။ မော်လ်ဒိုက် က ပြိုင်ပွဲ မတိုင်ခင် အထိ ၊ သူမဟာ International Challenge ပြိုင်ပွဲ ဆိုရင် ရှုံးထွက် အဆင့်ကထက် မပိုပဲ ဖြစ်နေခဲ့တာပါ။

သို့သော် ဒီတစ်ကြိမ်မှာတော့ သူမ ဟာ စိန်ခေါ်မှုတွေကို သတ္တိရှိရှိ နဲ့ ရင်ဆိုင် ပြသွားခဲ့ပြီး ၊ နိုင်ချေ အဆင့် 2 သတ်မှတ်ခံထားရတေဲ့ ကနေဒါ နိုင်ငံသူ ဘရစ်နီ တမ် နဲ့ နိုင်ချေ အဆင့် 5 သတ်မှတ် ခံထားရတဲ့ ဇက်ချီရီ တို့ကို အံ့အားသင့်စရာ လက်စွမ်းတွေ နဲ့ ကျော်ဖြတ်ကာ အကြိုဗိုလ်လုပွဲအထိ တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ သူမရဲ့ စိတ်ပိုင်း ဆိုင်ရာ အရရော ၊ စွမ်းဆောင်ရည်ပိုင်း ဆိုင်ရာ အရပါ တိုးတက်လာတဲ့ ၊ သိသာ ထင်ရှားတဲ့ အချက်မျိုးဖြစ်ပြီး ၊ နောက်ထပ် ကြီးမားတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ ယုံကြည်မှုတွေ ရသွားစေမှာလဲ သေချာပါတယ်။

ဒါ့အပြင် ချန်ပီယံ ဖြစ်သွားတဲ့ အမေရိကန် နိုင်ငံသူ အိုင်းရစ် ၀မ် ရဲ့ ဖြတ်သန်းမှု ပုံစံတွေက ၊ သက်ထားသူဇာ အတွက် နောက်ထပ် ကြီးမားတဲ့ စိန်ခေါ်မှုတွေ ရယူဖို့ နမူနာကောင်း တစ်ခုလဲ ဖြစ်မယ် ထင်ပါတယ်။ ကိုယ့်ရဲ့ လက်စွမ်းဟာ International Challenge အဆင့်မှာတောင် ၀င်ရောက်လာပြီ ဖြစ်လို့ ၊ မကြာခင်မှာ BWF World Tour ပြိုင်ပွဲတွေမှာ ၀င်ရောက်ဖို့လဲ မျှော်လင့်မိပါတယ်။