kloop]

အန္ဖီး ဂႏၱ၀င္ စတိနစ္ကိုးဟာ လီဗာပူး တုိက္စစ္မွဳးေတြ ျဖစ္ၾကတဲ့ ဆာဒီယုိ မာေနး နဲ႕ မုိဟာမက္ ဆာလား တုိ႕ရဲ႕ လက္ရွိ ေျခစြမ္းနဲ႕ မေပ်ာ္မရႊင္ ျဖစ္ေန ပါတယ္။ စတိနစ္ကိုးက လီဗာပူး စတားေတြ ျဖစ္ၾကတဲ့ မာေနး နဲ႕ ဆာလား တုိ႕ဟာ ေဘာလံုး ဆံုးရွံဳးမွဳေတြ မ်ားလြန္း တာေၾကာင့္ ဒါဟာ အသင္း အတြက္ ထိခိုက္မွဳေတြ ရွိေစတယ္လို႕ ယံုၾကည္ ေနပါတယ္။

salah vs mane

ဆာလား နဲ႕ မာေနး တုိ႕ဟာ ဒီရာသီ ၎တုိ႕ ႏွစ္ဦးၾကား ပရီးမီးယားလိဂ္ သြင္းဂုိး ၈ ဂိုး မွာ ပါ၀င္ ပက္သက္ ခဲ့ၾကျပီး လီဗာပူး အသင္း ကလည္း လက္ရွိ အမွတ္ေပးဇယား ထိပ္မွာ ၅ မွတ္ အသာနဲ႕ ဦးေဆာင္ ေနပါတယ္။ ဒါေပမယ့္လည္း နစ္ကုိးက အဆုိပါ လီဗာပူး တုိက္စစ္ ကစားသမား ၂ ဦးဟာ ထိပ္တန္း ပံုစံမွာ ရွိေနတယ္လို႕ မထင္ထားဘဲ မန္ေနဂ်ာ ယာဂန္ကေလာ့ အေနနဲ႕ ၎တုိ႕ ႏွစ္ဦး ကို ေဘာလံုး ကိုင္ကစား ရာမွာ ပုိမို စိတ္ေအးလက္ေအး ကစား ေစဖို႕ အတြက္ ၾကိဳးစား ျပင္ဆင္ ေပးသင့္ တယ္လို႕ အၾကံ ေပးလိုက္ ပါတယ္။

နစ္ကိုး က “ဒါဟာ စိတ္ပူစရာလို႕ေတာ့ ကၽြန္ေတ္ာ မေျပာခ်င္ ပါဘူး။ ကၽြန္္ေတာ္ ေျပာခ်င္ တာကေတာ့ ကေလာ့ အေနနဲ႕ ဆာလား မာေနး တုိ႕နဲ႕ ပက္သက္ျပီး တစ္စံုတစ္ရာ လုပ္ေပးဖို႕ လိုအပ္တယ္လို႕ပဲ ေျပာခ်င္ ပါတယ္။ တုိက္စစ္ပိုင္းမွာ သူတုိ႕ဟာ ေဘာလံုး ဆံုးရွံဳး တာေတြ မၾကာခဏ ဆုိသလို ျဖစ္ေနၾက ပါတယ္။ ဒါဟာ သူတုိ႕ ျပင္ဆင္ဖို႕ ၾကိဳးစား ရမယ့္ အရာပါ။ သူတို႕ အေနနဲ႕ ေနာက္ခံလူေတြ ဆီကုိ လွ်င္လွ်င္ျမန္ျမန္ ဆြဲေျပးျပီး သူတုိ႕ကို လွ်င္ျမန္စြာ ေက်ာ္ျဖတ္ဖို႕ ၾကိဳးစား သြားရမွာပါ။

ဒါေပမယ့္ သူတုိ႕ ေနာက္ထပ္ လုပ္သြား ရမယ့္ အရာ တစ္ခု ကေတာ့ …လက္ရွိ သူတုိ႕ရဲ႕ တုိက္စစ္ ကစားပံုဟာ အရမ္းကုိ အေလာတၾကီး ျဖစ္ေန ပါတယ္။ အကယ္၍ သူတုိ႕ တစ္ခ်ိဳ႕ အခ်ိန္ေတြမွာ ကစားရွိန္ အနည္းငယ္ ခ်ျပီး အခ်ိန္ နည္းနည္း ပိုယူကာ ဘယ္လို ထိုးေဖာက္ ရမလဲ ဆုိတာ ပုိစဥ္းစား လုိက္မယ္ ဆုိရင္ ကၽြန္ေတာ္ အထင္ ကေတာ့ ဒီ ႏွစ္ေယာက္ရဲ႕ သြင္းဂုိးေတြ အမ်ားၾကီး ထပ္လာလိမ့္မယ္လို႕ ထင္ပါတယ္။” လို႕ ဆုိလိုက္ ပါတယ္။

liverpool

လီဗာပူးဟာ စေနေန႕က ရွက္ဖီးယူႏုိက္တက္ အသင္းကို ၁-၀ နဲ႕ အႏုိင္ယူကာ ပရီးမီးယားလိဂ္မွာ ၁၆ ပြဲဆက္ ႏုိင္ပြဲ မွတ္တမ္းကို ရရွိ ခဲ့ပါတယ္။ နစ္ကုိး ကေတာ့ Bramall Lane မွာ ႏုိင္ခဲ့တဲ့ ပြဲစဥ္ကို ၾကည့္ျခင္း အားျဖင့္ ယာဂန္ကေလာ့ ရဲ႕ အသင္းဟာ နည္းလမ္း ေပါင္းစံုနဲ႕ အႏုိင္ ကစား ႏုိင္တယ္ ဆုိတာ ျပသ လိုက္တာပဲလို႕ ဆုိသြား ပါတယ္။

နစ္ကုိး က “ဒါဟာ သူတို႕ရဲ႕ အားသာခ်က္ ကို ျပသ လိုက္တာ ပါပဲ။ ျပီးခဲ့တဲ့ ရက္သတၱပတ္ ေတြက ကၽြန္ေတာ္တုိ႕ ေတြ႕ခဲ့တဲ့ ပြဲေတြ ၊ ျပီးခဲ့တဲ့ တစ္ပတ္ ခ်ဲလ္ဆီးနဲ႕ပြဲ ၊ ဒီတစ္ပတ္ ရွက္ဖီး ယူႏုိက္တက္ နဲ႕ ပြဲေတြမွာ သူတုိ႕ဟာ အေကာင္းဆံုး ပံုစံကို မျပသ ႏုိင္ခဲ့ပါဘူး။ ဒါေပမယ့္ တစ္ခါတစ္ရံမွာ လိုခ်င္တဲ့ ရလဒ္ အတြက္ ညွစ္ယူတက္ ရပါတယ္။ ဒါဟာ ျပီးခဲ့တဲ့ တစ္ပတ္ နဲ႕ ယခု တစ္ပတ္မွာ သူတုိ႕ လုပ္ျပ ခဲ့တဲ့ အရာေတြပါ။

salah

အကယ္၍ ပြဲတစ္ပြဲကို သြင္းဂိုးေတြ အမ်ားၾကီး ၊ အေကာင္းဆံုး ကစားပံု နဲ႕ အႏုိုင္ ရခဲ့မယ္ ဆုိရင္ေတာ့ ဒါဟာ အရမ္း ေကာင္းတာ ေပါ့ဗ်ာ။ ဒါေပမယ့္ တစ္ခါတစ္ရံ ႏုိင္ပြဲ ရဖို႕ အတြက္ တုိက္ပြဲ ၀င္ရျပီး ရလဒ္ေကာင္း အတြက္ ခက္ခဲမွဳေတြ ေက်ာ္ျဖတ္ တက္ရ ပါတယ္။ သူတုိ႕ ဒါကို လုပ္ႏိုင္ ခဲ့ပါတယ္။” လို႕ ဆုိလုိက္ပါတယ္။

SM

Unicode

လီဗာပူးမှာ ကလော့ အမြန်ဆုံးဖြေရှင်း သွားရမယ့် ပြသနာတစ်ခုကို ထောက်ပြလိုက်တဲ့ စတိနစ်ကိုး

အန်ဖီး ဂန္တဝင် စတိနစ်ကိုးဟာ လီဗာပူး တိုက်စစ်မှုးတွေ ဖြစ်ကြတဲ့ ဆာဒီယို မာနေး နဲ့ မိုဟာမက် ဆာလား တို့ရဲ့ လက်ရှိ ခြေစွမ်းနဲ့ မပျော်မရွှင် ဖြစ်နေ ပါတယ်။ စတိနစ်ကိုးက လီဗာပူး စတားတွေ ဖြစ်ကြတဲ့ မာနေး နဲ့ ဆာလား တို့ဟာ ဘောလုံး ဆုံးရှုံးမှုတွေ များလွန်း တာကြောင့် ဒါဟာ အသင်း အတွက် ထိခိုက်မှုတွေ ရှိစေတယ်လို့ ယုံကြည် နေပါတယ်။

ဆာလား နဲ့ မာနေး တို့ဟာ ဒီရာသီ ၎င်းတို့ နှစ်ဦးကြား ပရီးမီးယားလိဂ် သွင်းဂိုး ၈ ဂိုး မှာ ပါ၀င် ပက်သက် ခဲ့ကြပြီး လီဗာပူး အသင်း ကလည်း လက်ရှိ အမှတ်ပေးဇယား ထိပ်မှာ ၅ မှတ် အသာနဲ့ ဦးဆောင် နေပါတယ်။ ဒါပေမယ့်လည်း နစ်ကိုးက အဆိုပါ လီဗာပူး တိုက်စစ် ကစားသမား ၂ ဦးဟာ ထိပ်တန်း ပုံစံမှာ ရှိနေတယ်လို့ မထင်ထားဘဲ မန်နေဂျာ ယာဂန်ကလော့ အနေနဲ့ ၎င်းတို့ နှစ်ဦး ကို ဘောလုံး ကိုင်ကစား ရာမှာ ပိုမို စိတ်အေးလက်အေး ကစား စေဖို့ အတွက် ကြိုးစား ပြင်ဆင် ပေးသင့် တယ်လို့ အကြံ ပေးလိုက် ပါတယ်။

နစ်ကိုး က “ဒါဟာ စိတ်ပူစရာလို့တော့ ကျွန်တေ်ာ မပြောချင် ပါဘူး။ ကျွန််တော် ပြောချင် တာကတော့ ကလော့ အနေနဲ့ ဆာလား မာနေး တို့နဲ့ ပက်သက်ပြီး တစ်စုံတစ်ရာ လုပ်ပေးဖို့ လိုအပ်တယ်လို့ပဲ ပြောချင် ပါတယ်။ တိုက်စစ်ပိုင်းမှာ သူတို့ဟာ ဘောလုံး ဆုံးရှံုး တာတွေ မကြာခဏ ဆိုသလို ဖြစ်နေကြ ပါတယ်။ ဒါဟာ သူတို့ ပြင်ဆင်ဖို့ ကြိုးစား ရမယ့် အရာပါ။ သူတို့ အနေနဲ့ နောက်ခံလူတွေ ဆီကို လျှင်လျှင်မြန်မြန် ဆွဲပြေးပြီး သူတို့ကို လျှင်မြန်စွာ ကျော်ဖြတ်ဖို့ ကြိုးစား သွားရမှာပါ။

ဒါပေမယ့် သူတို့ နောက်ထပ် လုပ်သွား ရမယ့် အရာ တစ်ခု ကတော့ …လက်ရှိ သူတို့ရဲ့ တိုက်စစ် ကစားပုံဟာ အရမ်းကို အလောတကြီး ဖြစ်နေ ပါတယ်။ အကယ်၍ သူတို့ တစ်ချို့ အချိန်တွေမှာ ကစားရှိန် အနည်းငယ် ချပြီး အချိန် နည်းနည်း ပိုယူကာ ဘယ်လို ထိုးဖောက် ရမလဲ ဆိုတာ ပိုစဉ်းစား လိုက်မယ် ဆိုရင် ကျွန်တော် အထင် ကတော့ ဒီ နှစ်ယောက်ရဲ့ သွင်းဂိုးတွေ အများကြီး ထပ်လာလိမ့်မယ်လို့ ထင်ပါတယ်။” လို့ ဆိုလိုက် ပါတယ်။

လီဗာပူးဟာ စနေနေ့က ရှက်ဖီးယူနိုက်တက် အသင်းကို ၁-၀ နဲ့ အနိုင်ယူကာ ပရီးမီးယားလိဂ်မှာ ၁၆ ပွဲဆက် နိုင်ပွဲ မှတ်တမ်းကို ရရှိ ခဲ့ပါတယ်။ နစ်ကိုး ကတော့ Bramall Lane မှာ နိုင်ခဲ့တဲ့ ပွဲစဉ်ကို ကြည့်ခြင်း အားဖြင့် ယာဂန်ကလော့ ရဲ့ အသင်းဟာ နည်းလမ်း ပေါင်းစုံနဲ့ အနိုင် ကစား နိုင်တယ် ဆိုတာ ပြသ လိုက်တာပဲလို့ ဆိုသွား ပါတယ်။

နစ်ကိုး က “ဒါဟာ သူတို့ရဲ့ အားသာချက် ကို ပြသ လိုက်တာ ပါပဲ။ ပြီးခဲ့တဲ့ ရက်သတ္တပတ် တွေက ကျွန်တော်တို့ တွေ့ခဲ့တဲ့ ပွဲတွေ ၊ ပြီးခဲ့တဲ့ တစ်ပတ် ချဲလ်ဆီးနဲ့ပွဲ ၊ ဒီတစ်ပတ် ရှက်ဖီး ယူနိုက်တက် နဲ့ ပွဲတွေမှာ သူတို့ဟာ အကောင်းဆုံး ပုံစံကို မပြသ နိုင်ခဲ့ပါဘူး။ ဒါပေမယ့် တစ်ခါတစ်ရံမှာ လိုချင်တဲ့ ရလဒ် အတွက် ညှစ်ယူတက် ရပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ တစ်ပတ် နဲ့ ယခု တစ်ပတ်မှာ သူတို့ လုပ်ပြ ခဲ့တဲ့ အရာတွေပါ။

အကယ်၍ ပွဲတစ်ပွဲကို သွင်းဂိုးတွေ အများကြီး ၊ အကောင်းဆုံး ကစားပုံ နဲ့ အနိုုင် ရခဲ့မယ် ဆိုရင်တော့ ဒါဟာ အရမ်း ကောင်းတာ ပေါ့ဗျာ။ ဒါပေမယ့် တစ်ခါတစ်ရံ နိုင်ပွဲ ရဖို့ အတွက် တိုက်ပွဲ ၀င်ရပြီး ရလဒ်ကောင်း အတွက် ခက်ခဲမှုတွေ ကျော်ဖြတ် တက်ရ ပါတယ်။ သူတို့ ဒါကို လုပ်နိုင် ခဲ့ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

SM