ချယ်လ်ဆီး အသင်း ဟာ ဒီနှစ် ဘောလုံး ရာသီ မှာ ကစားသမားသစ် ခေါ်ယူခွင့် အပိတ် ခံထား ရတာကြောင့် အသင်း ရဲ့ တောက်ပ လာမယ့် လူငယ် အကယ်ဒမီ ခြေတက် ကစားသမား တွေကို ပိုပြီး နေရာ ပေးလာပါတယ် ။ လက်ရှိ အချိန် မှာ နည်းပြသစ် ဖရန့် လမ်းပတ် လက်အောက် မှာ အကယ်ဒမီ ထွက် လူငယ် ကစားသမား ၃ဦး ဖြစ်တဲ့ တမ်မီ အေဘရာဟမ် ၊ မေဆင်မောင့် ၊ ဖီကာယို တိုမိုရီ တို့ဟာ ပုံမှန် နေရာ တနေရာ ကို လှမ်းကိုင် လာပြီ ဖြစ်ပါတယ် ။

ထို့အပြင် ဒဏ်ရာ က ပြန်ကောင်း လာတဲ့ ဟတ်ဒ်ဆန် အိုဒွိုင်း ၊ ရိစ်ဂျိမ်းစ် တို့ဟာလည်း ၄င်းတို့ ကစား နေတဲ့ နေရာ တွေမှာ ပုံမှန် ပွဲထွက်ခွင့် ရဖို့ စီနီယာ ကစားသမား တွေကိုတောင် ခြိမ်းခြောက်မှု တွေ ပြုလုပ် လာနိုင်ပြီ ဖြစ်ပါတယ် ။ ဒါဟာ အပြောင်းအရွှေ့ အပိတ်ခံ ရခြင်း ရဲ့ ကောင်းကျိုး တချို့ လို့ ဆိုရမှာ ဖြစ်ပါတယ် ။

လက်ရှိ နည်းပြ လမ်းပတ် ဟာလည်း ပရိသတ် တွေ စွဲမက် စေမယ့် ဘောလုံး ပိုင်ဆိုင်မှု အသားပေး ၊ မြင်နှုန်းမြင့် တိုက်စစ် ဆန်ဆန် ကစားဟန် ကို ဦးတည် နေတာကြောင့် အချိန် အနည်းငယ် သာ ပိုရလာမယ် ဆိုရင် ချယ်လ်ဆီး အသင်း ဟာ ပိုကောင်း ၊ ပို တည်ငြိမ်တဲ့ ခြေစွမ်း တွေကို ရရှိ လာနိုင်ပါတယ် ။

Sky Sports ရဲ့ ဘောလုံးပွဲ ဝေဖန် သုံးသပ်သူ ပေါလ်မာဆင် ကတော့ ချယ်လ်ဆီး အသင်း မှာ တောက်ပ တဲ့ အနာဂတ် ရှိနေကြောင်း ၊ လက်ရှိ အသင်း မှာ ပုံမှန် နေရာ ရနေတဲ့ လူငယ် ကစားသမား တွေဟာ အကောင်းဆုံး ကစားသမား တွေ ဖြစ်ကြောင်း ၊ အခုလို လူငယ် တွေ နေရာ ရလာတာနဲ့ ပတ်သက်ပြီး လမ်းပတ် ကို မဖြစ်မနေ ချီးကျူး ရမှာ ဖြစ်ကြောင်း သုံးသပ် ပြောဆို ခဲ့ပါတယ် ။

Soccer Saturday အစီအစဉ် မှာ မာဆင် က ” ကိုယ့် အသင်း က ကျရှုံးခြင်း ၊ ရှုံးပွဲ တွေနဲ့ ကြုံတွေ့ ရတဲ့ အခါ နောက်ထပ် အဆင့် တဆင့် မြင့်တက်အောင် ကြိုးစားဖို့ ဖြစ်နိုင်ခြေ က အတော်လေး နည်းပါတယ် ။ ဒါပေမယ့် ဘရိုက်တန် နဲ့ ပွဲအပြီး မှာ ချယ်လ်ဆီး အသင်း ပရိသတ် တွေရဲ့ အတွေးထဲမှာ ‘ မင်းတို့ သိလား ၊ ငါတို့ အသင်း မှာ တောက်ပတဲ့ အနာဂတ် ရှိနေတယ် ‘ လို့ တွေးထင် မိကြမှာပါ ။ ”

” ဒီလို လူငယ် ကစားသမား တွေ ချယ်လ်ဆီး အတွက် ခြေစွမ်း ပြနေတာနဲ့ ပတ်သက်ပြီး ကျွန်တော် တို့ဟာ ဖရန့် ကို ချီးကျူး လေးစား ရပါမယ် ။ ဒါဟာ သူ့ရဲ့ နဂို အစီအစဉ် လား ၊ ဒါမှမဟုတ် ၊ အရေးပေါ် အသုံးချ လိုက်ရတဲ့ ပုံစံ လား ဆိုတာကို ဝေဖန်ဖို့ မပြောပါနဲ့ဦး ။ အကယ်၍ အပြောင်းအရွှေ့ သာ အပိတ် မခံရဘူး ဆိုရင် ဖရန့် ဟာလည်း ချယ်လ်ဆီး မန်နေဂျာ ဖြစ်လာမှာ မဟုတ်သလို ၊ ဒီ လူငယ် ကစားသမား တွေဟာလည်း အငှား ဆက်ချ ခံရဦးမှာ ဖြစ်ပါတယ် ။ ”

” အခုတော့ သူတို့ဟာ ချယ်လ်ဆီး စီနီယာ အသင်း မှာ နေရာ ရလာကြပြီး အတော်ဆုံး ကစားသမား တွေ ဖြစ်လာကြပါပြီ ။ လာမယ့် ၂နှစ် ၊ ၃နှစ် အတွင်း ဒီ လူငယ် ကစားသမား အစုအဖွဲ့ တွေရဲ့ တိုးတက်လာမှု နဲ့ အတူ ချယ်လ်ဆီး အသင်း ဟာ အင်္ဂလန် ဘောလုံး လောက ကို လွှမ်းမိုး လာပါလိမ့်မယ် ။ သူတို့ တွေ အားလုံးသာ တစုတစည်း တည်း ဆက်ပြီး ကျန်ခဲ့မယ် ဆိုရင် ချယ်လ်ဆီး အသင်း ဟာ ပိုပြီး အရည်အသွေး ပြည့်ဝ လာပါလိမ့်မယ် ။ ”

frank-lampard-chelsea-2019-20_

” ချယ်လ်ဆီး အသင်း ဟာ တောက်ပ တဲ့ အနာဂတ် ကို ပိုင်ဆိုင် ထားတယ် လို့ ကျွန်တော် လည်း ထင်မိပါတယ် ။ သူတို့ဟာ အဆင့် ၄ အတွင်း ဝင်ရောက်ဖို့ ကြိုးစား နေကြပါတယ် ။ သူတို့ တကယ်လည်း ရာသီကုန် မှာ အဆင့် ၄ အတွင်း ဝင်ဖို့ ကျွန်တော် ယုံကြည် နေပါတယ် ။ သူတို့ ဆက်ပြီး ပြင်ဆင်ဖို့ လိုတာက အခု နောက်တန်း ကို ပိုပြီး ကျစ်လျစ်အောင် လုပ်ဖို့ပါပဲ ။ လက်ရှိ ပရီးမီးယားလိဂ် မှာ သူတို့ ထက် ပေးဂိုး များတာ အသင်း ၂သင်း လောက်ပဲ ရှိနေတယ် လို့ ထင်ပါတယ် ။ ”

” ဒါဟ ချယ်လ်ဆီး အတွက် စိတ်ပူစရာ ဖြစ်ပေမယ့်လည်း မကြာခင် မှာ သူတို့ အကောင်းဆုံး ပြင်ဆင် သွားနိုင်မယ် လို့ ကျွန်တော် ယူဆ မိပါတယ် ။ ဘယ်လိုပဲ ဖြစ်ဖြစ် အခု အချိန် မှာ ချယ်လ်ဆီး အသင်း ဟာ တောက်ပတဲ့ အနာဂတ် ကို ပိုင်ဆိုင် ထားပြီး မကြာခင် ကာလ အတွင်း မှာ အားလုံး အတူတကွ ပူးပေါင်းပြီး ထွန်းတောက် လာဖို့ ရှိပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR