မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ဒီ ရာသီ ပရီးမီးယား လိဂ် ပြိုင်ပွဲ မှာ ပွဲစဉ် 6 ပွဲ အထိ ကစား ထား ခဲ့ပြီး နှစ်ပွဲ နိုင် ၊ နှစ်ပွဲ သရေ ၊ နှစ်ပွဲ ရှုံး ဆိုတဲ့ ရလဒ် ကို ရယူ ထားနိုင် ခဲ့ပြီး ရမှတ် 8 မှတ်သာ ပိုင်ဆိုင် ထား သေးတဲ့ အတွက် အမှတ်ပေး ဇယား အဆင့် 11 နေရာ မှာ ရပ်တည် နေခဲ့ ရ ပါတယ် ။

လက်ရှိ ယူနိုက်တက် အသင်း ကို သုံးသပ် ကြည့်လိုက် ရာမှာ တော့ ဂိုး သမား နဲ့ ခံစစ် နေရာ တို့ရဲ့ အနေအထား ဟာ ကောင်းမွန် တဲ့ အနေအထား မှာ ရှိနေ ခဲ့ပြီး ကွင်းလယ် နဲ့ တိုက်စစ်ပိုင်း တွေကို တော့ အင်အား ဖြည့်တင်း သွားဖို့ လိုအပ် နေပါ သေးတယ် ။

ဒါပေမယ့် ယူနိုက်တက် နည်းပြ ဆိုးလ်ရှား ကတော့ အသင်း ကို နောက် တစ်ဆင့် မြှင့်တင်ရေး အတွက် ၊ ကစားသမား သစ်တွေ ကို ခေါ်ယူ ဖို့ အတွက် ငွေးကြေး တွေ များစွာ အသုံးပြု ဖို့ မလို အပ်ဘူး လို့ ယုံကြည် ကြောင်း ထုတ်ဖော် ပြောကြား ခဲ့ပြန် ပါတယ် ။

” ကျွန်တော် တို့ အဲ့တာ ကို ဒန်နီယယ် ဂျိမ်းစ် နဲ့ သက်သေ ပြနိုင် ခဲ့ပြီ လို့ ကျွန်တော် ထင် ပါတယ် ။ ကျွန်တော် တို့ သူ့ အတွက် သုံးစွဲ ခဲ့တဲ့ ငွေကြေးက များပြား တယ်လို့ ပြောလို့ မရနိုင် ပါဘူး ။ သူကလည်း သူ့ဆီ မှာ အရည်အသွေး ကောင်းတွေ ရှိ နေတယ် ဆိုတာ ကို ပြသ နိုင်ခဲ့ တယ်လေ ”

” အကယ်လို့ ခင်ဗျား တို့ဟာ ကစားသမား တွေကို အသေအချာ စောင့်ကြည့် နေမယ် ဆိုရင် ၊ ကောင်းမွန် တဲ့ ကစားသမား တွေကို ခေါ်ယူ အင်အား ဖြည့်တင်း နိုင်မယ် ဆိုရင် ခင်ဗျား အနေနဲ့ ကစားသမား သစ်တွေ ခေါ်ယူ ဖို့ အတွက် ငွေတွေ လိုတာ ထက် ပိုပြီး သုံးစွဲ သွားဖို့ မလိုအပ် တော့ ပါဘူး ”

” အခုခေတ် ဘောလုံး မှာ ပါဝင် ပတ်သက် နေတဲ့ ငွေကြေး ပမာဏာ တွေက အရင် တုန်းက နဲ့ ခြားနား သွားခဲ့ ပါပြီ ။ ဒါပေမယ့် ကျွန်တော် တို့ ခေါ်ယူ ခဲ့ ကြတဲ့ ကစားသမား သုံးဦး နဲ့ ပတ်သက် လို့ ကျေနပ် ပျော်ရွှင် မိ ပါတယ် ။ ကျွန်တော် တို့ တွေဟာ အပြောင်းအရွှေ့ မှာ ကောင်းမွန် တဲ့ အလုပ် လုပ်ခဲ့ ကြတယ် ဆိုတာ ကို သူတို့ သက်သေ ပြခဲ့ ကြ ပါတယ် ”

” အသင်း ရဲ့ ကစားသမား တိုင်းဟာ မတူညီ တဲ့ ပုံစံ နဲ့ အတူ ဆက်ဆံ ခံခဲ့ ကြရ ပါတယ် ။ ဒါဟာ ဆာ အဲလပ်စ် ခေတ် တုန်းက ရှိခဲ့ ဖူးတဲ့ အကောင်းဆုံး နည်းလမ်း တွေ ထဲက တစ်ခု ပါ ။ သူဟာ ကစားသမား တိုင်းကို ကောင်းကောင်း သိပြီး ဘယ်သူ့ ကို ဘယ်လို ဆက်ဆံ သင့် သလဲ ဆိုတာ နားလည် ပါတယ် ”

” ရွိုင်ကိန်း ဟာလည်း အသင်း သား ၊ အသင်း ခေါင်းဆောင် တစ်ဦး အဖြစ် ရှိနေ ခဲ့တဲ့ အချိန် အထိ တောင် မတူညီ တဲ့ ပုံစံ နဲ့ပဲ ဆက်ဆံ ခံခဲ့ ရ ပါတယ် ။ ဆာ အဲလပ်စ် ဟာ ကစားသမား တစ်ယောက် ကို ပိုမို ကောင်းအောင် ဘယ်လို လုပ်ဆောင် ရ မလဲ ဆိုတာ ကို ထွင်းဖောက် သိနိုင် သူ ပါပဲ ”

” သူဟာ ကျွန်တော် တို့ရဲ့ မာန် မာန တွေ ကိုလည်း အကောင်းဆုံး အသုံးချ တက် ပါတယ် ။ အခု အနေ အထား တွေ ကတော့ မနှစ် က ကျွန်တော် တို့ ထားရှိ ခဲ့တဲ့ စိတ်ထား နဲ့ သိပ်ပြီး မတူ တော့ ပါဘူး ။ ကျွန်တော် တို့ဟာ ရည်မှန်းချက် မဲ့တဲ့ သူတွေ မဟုတ် ကြတော့ ပါဘူး ။ အဲ့တာ က လုံးဝ သေချာ ပါတယ် ” လို့ ဆိုးလ်ရှား က ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar