မန်ချက် စတာ စီးတီး အသင်း ရဲ့ လက်ရှိ နည်းပြကြီး ပက်ဂွာဒီယိုလာ ဟာ အသင်း နဲ့ ၂၀၂၁ အထိ စာချုပ် ရှိ နေ ပါတယ် ။ စီးတီး ကို ကိုင်တွယ် အပြီး ဒုတိယ မြောက် ရာသီ မှာ အမှတ်ပေး ချန်ပီယံ ဖြစ်စေ ခဲ့တဲ့ ဂွာဒီယိုလာ ဟာ ယမန်နှစ် တုန်းက လည်း ဘယ် အင်္ဂလိပ် ကလပ် အသင်း မှ မရယူ ဖူး သေးတဲ့ ပြည်တွင်း ဖလား ၄ လုံး ချန်ပီယံ အဖြစ် အောင်ပွဲ ခံနိုင်ခဲ့ ပါတယ် ။

ဂွာဒီယိုလာ ဟာ မန်စီးတီး မှာ နှစ်တွေ အများကြီး နည်းပြ ချင်တယ်လို့ ဆိုထား ခဲ့ ပေမယ့် အခက် အခဲ တွေ့ နေတဲ့ အသင်း ဟောင်း ဘာစီလိုနာ ၊ စီမံကိန်း ကောင်းတွေ ရှိနေတဲ့ PSG တို့ဟာ စီးတီး အကြီး အကဲတွေ အတွက် ကြိုတင် တွက်ချက် ထားသင့် တဲ့ အပိုင်းတွေ ဖြစ်လာ ခဲ့ရ ပါတယ် ။

ဂွာဒီယိုလာ က တော့ လက်ထောက် နည်းပြ အာတီတာ ဟာ သူ့ရဲ့ ခြေရာ ကို လိုက်နင်း နိုင်မယ့် သူ ၊ စီးတီး မှာ သူ မရှိတော့ ပါက သူ့ရဲ့ နေရာကို ဆက်ခံ နိုင်မယ့် သူ ဖြစ်တယ် လို့ ဆိုခဲ့ ပါတယ် ။ ဒါပေမယ့် စီးတီး အကြီး အကဲတွေ ကတော့ အာတီတာ ထက် ပိုမို သင့်တော်မယ့် သူ တစ်ဦး ကို တွေ့ထား ခဲ့ပြီ ဆိုတဲ့ သတင်းတွေ ထွက် လာခဲ့ ပါတယ် ။ သူကတော့ ဂျီယို ဗင်နီ ဗန် ဘရွန် ခရော့စ် ပါပဲ ။

မန်ချက် စတာ စီးတီး အသင်း ဟာ မကြာ သေးမီ ကမှ နယ်သာလန် လူမျိုး နည်းပြ ဂျီယို ဗင်နီ ဗန်ဘရွန် ခရော့စ် ကို အသင်း မှာ နှစ်ပေါင်း များစွာ ရှိ နေနိုင် မယ့် စာချုပ် တစ်ခု ကို ချုပ်ဆို လိုက်ပြီး နည်းပြ အဖွဲ့ဝင် အတွင်း ကို လည်း ပါဝင် စေခဲ့ ပြီ ဖြစ် ပါတယ် ။

ရော်နယ်ကိုးမင်း ရဲ့ လက်ထောက် အဖြစ် ကနေ ထွက်ခွာကာ နယ်သာလန် ကလပ် ဖီယင်နု ကို အမှတ်ပေး ဖလား ၁ ကြိမ် နဲ့ ရှုံးထွက် ဖလား ၂ ကြိမ် ရယူပေး ခဲ့တဲ့ ဗန် ဘရွန် ခရော့စ် ဟာ ပြီးခဲ့တဲ့ ရာသီ အကုန် မှာ နည်းပြ အဖြစ် ကနေ ခေတ္တ အနားယူ ခဲ့ ပါတယ် ။

ဒါပေမယ့် မန်စီးတီး အသင်းနဲ့ ချိတ် ဆက် ခဲ့ပြီး အသင်း အတွင်း လေ့လာမှု တွေ ပြုလုပ် အပြီး မှာတော့ အသင်း နဲ့ စာချုပ် ချုပ်ဆို သွားခဲ့ ပါတယ် ။ စာချုပ် အရ ဗန် ဘရွန် ခရော့စ် ဟာ စီးတီး မှာ စိတ်တိုင်း ကျ သလောက် နေထိုင် လုပ်ကိုင် နိုင်မှာ ဖြစ်ပြီး ဒါဟာ ဂွာဒီယိုလာ မရှိတော့ တဲ့ အချိန် ကာလ အတွက် ရည်မှန်း ထားမှု တစ်ခု ဖြစ်တယ် လို့ ဗြိတိန် သတင်းစာ တွေ က ဆိုလာ ခဲ့ ကြ ပါတယ် ။

ဗန် ဘရွန် ခရော့စ် ဟာ မန်ချက် စတာ စီးတီး အသင်း အတွင်း သြဇာကြီးမား ကာ အရေးပါ တဲ့ ဆုံးဖြတ်ချက် တွေကို ချမှတ် ရလေ့ရှိတဲ့ ဒါရိုက်တာ ဘီဂီရီစတိန်း ၊ အမှုဆောင် ချုပ် ဆိုရီယာနို တို့ နဲ့ ဘာစီလိုနာ မှာ ဆုံတွေ သိကျွမ်း ခဲ့ဖူး ပါတယ် ။ ဗန်ဘရွန် ခရော့ လက်ရှိ စီးတီး မှာ လုပ်ကိုင်မယ့် ပုံစံဟာ အသင်း အတွင်း လေ့လာ သင်ယူပြီး အမေရိက မှာ သွားရောက် နည်းပြ ခဲ့တဲ့ ပက်ထရစ် ဗီယာရာ ရဲ့ ပုံစံမျိုး နဲ့ ဆင်တူ နေခဲ့ ပါတယ် ။

ဘာစီလိုနာ ရဲ့ တီကီတာကာ ကို မြစ်ဖျား ခံခဲ့ရာ နည်းပြကြီး ယိုဟန် ခရပ်ဖ် ရဲ့ နယ်သာလန် နိုင်ငံသား တစ်ဦး ဖြစ်နေမှု ၊ ဂွာဒီယိုလာ ကို ကစား သမား ဘ၀ မှာ ယိုဟန် ခရပ် ရဲ့ အတွေး အခေါ် တွေ ကို အနီးကပ် သင်ပြ ပေးခဲ့သူ ဘာကာ စီနီယာကြီး ရော်နယ်ကိုးမန်း ရဲ့ လက်ထောက် အဖြစ် လုပ်ကိုင် ခဲ့ဖူးမှု ၊ ဖီယင်နု ကလပ် ကို နယ်သာလန် လိဂ် မှာ တဖန် ပြန်လည် အောင်မြင်လာ အောင် လမ်းညွှန် ပေးနိုင်မှု တွေ ဟာ ဂွာဒီယိုလာ အလွန် မန်စီးတီး အသင်းရဲ့ ပဲ့ကိုင်ရှင် အဖြစ် ရွေးချယ်ဖို့ စီးတီး အကြီး အကဲ တွေကို မျက်စိ ကျ စေခဲ့ သလား ဆိုတာ ကတော့ ကာယကံရှင် တွေ ကိုယ်တိုင်ပဲ သိနိုင် မှာ ဖြစ် ပါတယ် ။

SPORTS MYANMAR