Arsenal

ပရီးမီးယားလိဂ္ ပြဲစဥ္ ၇ ရဲ႕ ေနာက္က် ပြဲစဥ္ ျဖစ္တဲ့ မန္ခ်က္ စတာ ယူႏုိက္တက္ နဲ႔ အာဆင္နယ္ အသင္း တို႔ရဲ႕ ပြဲစဥ္ ကိုေတာ့ ယေန႔ ည ( မနက္ ျဖန္ နံနက္ ) မွာ မန္ခ်က္ စတာ ယူႏုိက္တက္ အသင္း ရဲ႕ အိုးထရက္ဖိုဒ့္ ကြင္း အတြင္း မွာ ယွဥ္ၿပဳိင္ ကစား ၾကေတာ့ မွာပဲ ျဖစ္ ပါတယ္ ။ ဒီ ပြဲ ဟာ ၂ သင္း စလံုး အတြက္ အေရး ပါ ေနၿပီး အမွတ္ေပး ဇယား ထိပ္ပိုင္း ကို ျပန္လည္ တက္ေရာက္ ႏုိင္ဖို႔ သာ မက ဘဲ ဂုဏ္သိကၡာ ပုိင္း အရ ပါ ရလဒ္ ေကာင္း ထြက္ေပၚ ဖို႔ လိုအပ္ ေနတဲ့ ပြဲ လည္း ျဖစ္ ပါတယ္ ။

 

အိမ္ရွင္ မန္ခ်က္ စတာ ယူႏုိက္တက္ ဘက္ မွာ ဒဏ္ရာ ကစား သမား ေတြ ပိုမို မ်ားျပား ေနၿပီး ယေန႔ ည ပြဲ မွာ လူငယ္ေတြ ၊ အရန္ ကစား သမားေတြ နဲ႔ ပြဲထြက္ လာရ ဖို႔ ရွိေန ပါတယ္ ။ အာဆင္နယ္ ဘက္ မွာေတာ့ ေနာက္တန္း အားနည္းမႈ ရွိေန ေပမယ့္ ေျခစြမ္း နဲ႔ ကစား သမား အင္အား ကေတာ့ ယူႏိုက္တက္ ထက္ သာလြန္ ေကာင္းမြန္ ေနခဲ့ ပါတယ္ ။

ယေန႔ ည ပြဲ ကို အဓိက အဆံုးအျဖတ္ ေပးသြားႏုိင္ တဲ့ အခ်က္ ၃ ခ်က္ ကေတာ့ –

၁ ။ အမ္မရီ နဲ႔ ဆိုးရွား
အာဆင္နယ္ နဲ႔ မန္ခ်က္စတာ ယူႏုိက္တက္တို႔ ဟာ မတူညီတဲ့ ကစားဟန္ ေတြ နဲ႔ အတူ ပရီးမီးယားလိဂ္ ရဲ႕ ၂၀၀၀ ျပည့္ႏွစ္ ၀န္းက်င္ ႏွစ္မ်ား မွာ ပရိသတ္ေတြ ကို ရသေတြ ေပးစြမ္းခဲ့ ၾကပါတယ္ ။ ဒါေပမယ့္ လက္ရွိ အခ်ိန္ မွာေတာ့ ၂ သင္း စလံုး ဟာ က်ရိပ္ ျပေနၿပီး ပြဲေတြ ကို ျဖစ္သလို ကစား ေနခဲ့ရ ပါတယ္ ။ အာဆင္နယ္ ဘက္မွာ ထိပ္တန္း အဆင့္ တိုက္စစ္မႈး ရွိၿပီး အနည္းငယ္ သာလြန္ ႏုိင္ေပမယ့္ ၿခဳံငံု ၾကည့္ရင္ေတာ့ ၂ သင္းစလံုး ဟာ ကစားကြက္ မယ္မယ္ ရရ မရွိတာ ကို ေတြ႕ရ မွာပါ ။

ဒီလို အသင္း ၂ သင္း ဆံုေတြ႕ တဲ့ အခ်ိန္္ မွာ နည္းျပ ေတြ ရဲ႕ ဗ်ဳဟာ နဲ႔ အရည္ အေသြး က စကားေျပာ လာမွာပါ ။ အူႏုိင္း အမ္မရီ ဟာ ဆုိးရွား ထက္ အေတြ႕ အႀကဳံ ၾကြယ္၀တဲ့ သူ ဆုိတာ ေမးခြန္း ထုတ္စရာ မရွိ ပါဘူး ။ ဒါေၾကာင့္ အိမ္ရွင္ ျဖစ္တဲ့ ဆိုးရွား အေနနဲ႔ ဒီည ပြဲ ကို ေသခ်ာ ျပင္ဆင္ ထားႏုိင္ မွ အိမ္ကြင္းမွာ မ်က္ႏွာပန္း လွႏုိင္ မွာ ျဖစ္ ပါတယ္ ။

နည္းျပ ေကာင္း တစ္ေယာက္ ဟာ ကိုယ့္မွာ ရွိတဲ့ ကစား သမားေတြ ရဲ႕ အရည္ အေသြး ကို ေကာင္းစြာ သိရွိၿပီး သူတို႔ နဲ႕ ကိုက္ညီ ႏုိင္တဲ့ နည္းဗ်ဳဟာ ကို ခ်မွတ္ ႏုိင္ရ မွာပါ ။ မန္ခ်က္စတာ ယူႏုိက္တက္ ရဲ႕ တိုက္စစ္မွာ ပြဲထြက္ လာမယ့္ ကစား သမားေတြ ဟာ ျမန္ႏႈန္း ျမင့္ၿပီး ေျပးအား ေကာင္းၾက ပါတယ္ ။ ဒါေၾကာင့္ ဆိုးရွား အဖို႔ ေဘာလံုး ပုိင္ဆုိင္ ခြင့္ ကို လက္လႊတ္ ဆံုး၇ွဳံးၿပီး တန္ျပန္ တုိက္စစ္ နဲ႔ ထိုးႏွက္မယ္ ဆုိရင္ အမ္မရီ အတြက္ ျပႆနာ ျဖစ္လာ ႏုိင္ ပါတယ္ ။ ဒီလုိမွ မဟုတ္ဘဲ အာဆင္နယ္ ကို ေဘာလံုး ပုိင္ဆုိင္မႈ အသာစီး ရဖို႔ ႀကဳိးစား မယ္ ဆုိရင္ေတာ့ ဆုိးရွား အေနနဲ႔ ဆုိးရြားတဲ့ ညျခမ္း တစ္ခု ကို ႀကဳံေတြ႕ ရမွာပါ ။

၂ ။ ကြင္းလယ္ အားၿပဳိင္မႈ
ဒါကို အားၿပဳိင္မႈ လို႔ ေခါင္းစဥ္ တပ္ ရမွာေတာင္ ခက္ခက္ ပါပဲ ။ ၂ သင္း စလံုးရဲ႕ ကြင္းလယ္ဟာ အသင္းႀကီး တစ္သင္း ရဲ႕ တည္ၿငိမ္မႈမ်ဳိး ရွိမေန ပါဘူး ။ အာဆင္နယ္ ဘက္ မွာေတာ့ အရည္ အေသြး ပိုေကာင္းတဲ့ သူေတြ ရွိေန ပါတယ္ ။ ဂြမ္ဒိုဇီ ၊ ဆီဘယ္ေလာ့ ၊ ေတာ္ရီးယား တို႔ ပါလာ ႏုိင္သလို ပူပူေႏြးေႏြး အသင္း ေခါင္းေဆာင္ လက္ပတ္ႀကီး နဲ႔ ဂရန္းနစ္ ရွာကာ ကလည္း အသင့္ ေစာင့္ ေန ပါတယ္ ။

ယူႏုိက္တက္ ဘက္ မွာေတာ့ သတင္း ထြက္ ေနတဲ့ အတုိင္း ေပါ့ဘာ မပါႏုိင္ခဲ့ ရင္ တန္ျပန္ တိုက္စစ္ ကစားပံု မွာ အႀကီး အက်ယ္ ဒုကၡ ေရာက္သြား ႏုိင္ ပါတယ္ ။ ဖရက္ ၊ ပါရဲရား ၊ ေတာ္မီေနး တို႔ ဟာ အာဆင္နယ္ ကြင္းလယ္ ကို ျမန္ႏႈန္း နဲ႔ မာေက်ာမႈခ်င္း ယွဥ္ႏုိင္ သည့္တိုင္ေအာင္ အရည္ အေသြး ပုိင္းမွာ အားနည္းေနမွာ အမွန္ ပါပဲ ။ ကြင္းလယ္ မွာ အာဆင္နယ္ သာႏိုင္တာ ေၾကာင့္ ပြဲကို လႊမ္းမိုး ထားႏုိင္ေခ် ရွိေန ပါတယ္ ။

၃ ။ ေအာ္ဘားမီးယန္း နဲ႔ မန္ခ်က္စတာ ယူႏုိက္တက္ ခံစစ္
ဒီ အပုိင္း ကေတာ့ ဒီေန႔ည ပြဲရဲ႕ စိတ္၀င္စား ဖို႔ အေကာင္းဆံုး အပုိင္း ျဖစ္သလို ပြဲရလဒ္ အတြက္ လည္း အလြန္ အေရးပါ တဲ့ အပုိင္း ျဖစ္လာ မွာ ေသခ်ာ ပါတယ္ ။ တိုက္စစ္ ပုိင္း အားနည္း ေနတဲ့ ယူႏုိက္တက္ အတြက္ တစ္ခု တည္းေသာ အားကိုး ရာဟာ ခံစစ္ ျဖစ္ မွာ မလြဲဧကန္ ပါ ။ ပရီးမီးယားလိဂ္ မွာ လည္း လီဗာပူး နဲ႔ လက္စတာ စီးတီး ၿပီးရင္ ေပးဂုိး အနည္းဆံုး ျဖစ္တဲ့ ယူႏုိက္တက္ ခံစစ္ ဟာ ဘစ္ဆာကာ ၊ မက္ဂြဲယားတို႔ ေရာက္ လာ အၿပီး မွာ ပိုမို ေတာင့္တင္းသြား ခဲ့ ပါတယ္ ။

အာဆင္နယ္ ဘက္ မွာေတာ့ တိုးအား နဲ႔ ကန္ခ်က္ ေကာင္းတဲ့ လာကာဇက္ မပါႏုိင္တာ က က်ဥ္းထဲ က်ပ္ထဲ ေရာက္ခ်ိန္ မွာ လြမ္းဆြတ္ သတိရေစ ႏုိင္ ပါတယ္ ။ ဒါေပမယ့္ ေနာက္ပုိင္း ပြဲစဥ္ ေတြ မွာ ေအာ္ဘားမီးယန္း ရဲ႕ အစြမ္းျပမႈ ေတြ က ဂန္းနား ပရိသတ္ေတြ ကို ေပ်ာ္ရႊင္ ေနေစခဲ့ ပါတယ္ ။ အသက္ ၃၀ အရြယ္ ရွိၿပီ ျဖစ္တဲ့ တုိက္စစ္မႈး ႀကီး ဟာ ဂန္းနား တုိက္စစ္ကို ဦးေဆာင္ၿပီး လူငယ္ ကစား သမားေတြ အတြက္ ေခါင္းေဆာင္ တစ္ေယာက္ လို ျပဳမူ ေပး ေနခဲ့ ပါတယ္ ။

ေအာ္ဘားမီးယန္း ဟာ လွ်င္ျမန္တယ္ ၊ အဆံုးသတ္ ေကာင္းတယ္ ၊ မထင္ မွတ္တဲ့ အေန အထား ကေန ကန္တဲ့ ေဘာလံုး ေတြ ဟာလည္း ဂုိး ၀င္ ေလာက္ ေအာင္ ကို အႏၱရာယ္ မ်ားပါတယ္ ။ ဒီည အတြက္ ေတာ့ ဒီဂီယာ နဲ႔ ယူႏုိက္တက္ ခံစစ္ အတြက္ ေအာ္ဘားမီးယန္း ဟာ မန္ဘာေျမြ တစ္ေကာင္လို ဒုကၡ ေပးေန မွာ အေသ အခ်ာ ပါပဲ ။

ေအာ္ဘားမီးယန္း ကို ယူႏုိက္တက္ ခံစစ္ ထိန္းႏုိင္ မယ္ ဆုိရင္ သေရ ေလာက္ အနည္းဆံုး ရႏုိင္ ပါတယ္ ။ မထိန္း ႏုိင္ဘူး ဆုိရင္ေတာ့ အိမ္ကြင္းမွာ အရွဳံးေပး ရဖုိ႔ ေသခ်ာ သေလာက္ ပါပဲ ။ ဘာလုိ႔လည္း ဆိုေတာ့ ယူႏုိက္တက္ တိုက္စစ္ ဟာ အဆိပ္ ကင္းမဲ့ ေန႔မွာ မို႔ပါ . . .

SPORTS MYANMAR

Unicode

မန်ချက်စတာ ယူနို်က်တက် – အာဆင်နယ် ပွဲ ကို အဆုံးအဖြတ် ပေးသွားနိုင်တဲ့ အချက် ၃ ချက်

==========================================

ပရီးမီးယားလိဂ် ပွဲစဉ် ရ ရဲ့ နောက်ကျ ပွဲစဉ် ဖြစ်တဲ့ မန်ချက် စတာ ယူနိုက်တက် နဲ့ အာဆင်နယ် အသင်း တို့ရဲ့ ပွဲစဉ် ကိုတော့ ယနေ့ ည ( မနက် ဖြန် နံနက် ) မှာ မန်ချက် စတာ ယူနိုက်တက် အသင်း ရဲ့ အိုးထရက်ဖိုဒ့် ကွင်း အတွင်း မှာ ယှဉ်ပြိုင် ကစား ကြတော့ မှာပဲ ဖြစ် ပါတယ် ။ ဒီ ပွဲ ဟာ ၂ သင်း စလုံး အတွက် အရေး ပါ နေပြီး အမှတ်ပေး ဇယား ထိပ်ပိုင်း ကို ပြန်လည် တက်ရောက် နိုင်ဖို့ သာ မက ဘဲ ဂုဏ်သိက္ခာ ပိုင်း အရ ပါ ရလဒ် ကောင်း ထွက်ပေါ် ဖို့ လိုအပ် နေတဲ့ ပွဲ လည်း ဖြစ် ပါတယ် ။

အိမ်ရှင် မန်ချက် စတာ ယူနိုက်တက် ဘက် မှာ ဒဏ်ရာ ကစား သမား တွေ ပိုမို များပြား နေပြီး ယနေ့ ည ပွဲ မှာ လူငယ်တွေ ၊ အရန် ကစား သမားတွေ နဲ့ ပွဲထွက် လာရ ဖို့ ရှိနေ ပါတယ် ။ အာဆင်နယ် ဘက် မှာတော့ နောက်တန်း အားနည်းမှု ရှိနေ ပေမယ့် ခြေစွမ်း နဲ့ ကစား သမား အင်အား ကတော့ ယူနိုက်တက် ထက် သာလွန် ကောင်းမွန် နေခဲ့ ပါတယ် ။

ယနေ့ ည ပွဲ ကို အဓိက အဆုံးအဖြတ် ပေးသွားနိုင် တဲ့ အချက် ၃ ချက် ကတော့ –

၁ ။ အမ်မရီ နဲ့ ဆိုးရှား
အာဆင်နယ် နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ ဟာ မတူညီတဲ့ ကစားဟန် တွေ နဲ့ အတူ ပရီးမီးယားလိဂ် ရဲ့ ၂၀၀၀ ပြည့်နှစ် ၀န်းကျင် နှစ်များ မှာ ပရိသတ်တွေ ကို ရသတွေ ပေးစွမ်းခဲ့ ကြပါတယ် ။ ဒါပေမယ့် လက်ရှိ အချိန် မှာတော့ ၂ သင်း စလုံး ဟာ ကျရိပ် ပြနေပြီး ပွဲတွေ ကို ဖြစ်သလို ကစား နေခဲ့ရ ပါတယ် ။ အာဆင်နယ် ဘက်မှာ ထိပ်တန်း အဆင့် တိုက်စစ်မှုး ရှိပြီး အနည်းငယ် သာလွန် နိုင်ပေမယ့် ခြုံငုံ ကြည့်ရင်တော့ ၂ သင်းစလုံး ဟာ ကစားကွက် မယ်မယ် ရရ မရှိတာ ကို တွေ့ရ မှာပါ ။

ဒီလို အသင်း ၂ သင်း ဆုံတွေ့ တဲ့ အချိန်် မှာ နည်းပြ တွေ ရဲ့ ဗျုဟာ နဲ့ အရည် အသွေး က စကားပြော လာမှာပါ ။ အူနိုင်း အမ်မရီ ဟာ ဆိုးရှား ထက် အတွေ့ အကြုံ ကြွယ်ဝတဲ့ သူ ဆိုတာ မေးခွန်း ထုတ်စရာ မရှိ ပါဘူး ။ ဒါကြောင့် အိမ်ရှင် ဖြစ်တဲ့ ဆိုးရှား အနေနဲ့ ဒီည ပွဲ ကို သေချာ ပြင်ဆင် ထားနိုင် မှ အိမ်ကွင်းမှာ မျက်နှာပန်း လှနိုင် မှာ ဖြစ် ပါတယ် ။

နည်းပြ ကောင်း တစ်ယောက် ဟာ ကိုယ့်မှာ ရှိတဲ့ ကစား သမားတွေ ရဲ့ အရည် အသွေး ကို ကောင်းစွာ သိရှိပြီး သူတို့ နဲ့ ကိုက်ညီ နိုင်တဲ့ နည်းဗျုဟာ ကို ချမှတ် နိုင်ရ မှာပါ ။ မန်ချက်စတာ ယူနိုက်တက် ရဲ့ တိုက်စစ်မှာ ပွဲထွက် လာမယ့် ကစား သမားတွေ ဟာ မြန်နှုန်း မြင့်ပြီး ပြေးအား ကောင်းကြ ပါတယ် ။ ဒါကြောင့် ဆိုးရှား အဖို့ ဘောလုံး ပိုင်ဆိုင် ခွင့် ကို လက်လွှတ် ဆုံးရှုံးပြီး တန်ပြန် တိုက်စစ် နဲ့ ထိုးနှက်မယ် ဆိုရင် အမ်မရီ အတွက် ပြဿနာ ဖြစ်လာ နိုင် ပါတယ် ။ ဒီလိုမှ မဟုတ်ဘဲ အာဆင်နယ် ကို ဘောလုံး ပိုင်ဆိုင်မှု အသာစီး ရဖို့ ကြိုးစား မယ် ဆိုရင်တော့ ဆိုးရှား အနေနဲ့ ဆိုးရွားတဲ့ ညခြမ်း တစ်ခု ကို ကြုံတွေ့ ရမှာပါ ။

၂ ။ ကွင်းလယ် အားပြိုင်မှု
ဒါကို အားပြိုင်မှု လို့ ခေါင်းစဉ် တပ် ရမှာတောင် ခက်ခက် ပါပဲ ။ ၂ သင်း စလုံးရဲ့ ကွင်းလယ်ဟာ အသင်းကြီး တစ်သင်း ရဲ့ တည်ငြိမ်မှုမျိုး ရှိမနေ ပါဘူး ။ အာဆင်နယ် ဘက် မှာတော့ အရည် အသွေး ပိုကောင်းတဲ့ သူတွေ ရှိနေ ပါတယ် ။ ဂွမ်ဒိုဇီ ၊ ဆီဘယ်လော့ ၊ တော်ရီးယား တို့ ပါလာ နိုင်သလို ပူပူနွေးနွေး အသင်း ခေါင်းဆောင် လက်ပတ်ကြီး နဲ့ ဂရန်းနစ် ရှာကာ ကလည်း အသင့် စောင့် နေ ပါတယ် ။

ယူနိုက်တက် ဘက် မှာတော့ သတင်း ထွက် နေတဲ့ အတိုင်း ပေါ့ဘာ မပါနိုင်ခဲ့ ရင် တန်ပြန် တိုက်စစ် ကစားပုံ မှာ အကြီး အကျယ် ဒုက္ခ ရောက်သွား နိုင် ပါတယ် ။ ဖရက် ၊ ပါရဲရား ၊ တော်မီနေး တို့ ဟာ အာဆင်နယ် ကွင်းလယ် ကို မြန်နှုန်း နဲ့ မာကျောမှုချင်း ယှဉ်နိုင် သည့်တိုင်အောင် အရည် အသွေး ပိုင်းမှာ အားနည်းနေမှာ အမှန် ပါပဲ ။ ကွင်းလယ် မှာ အာဆင်နယ် သာနိုင်တာ ကြောင့် ပွဲကို လွှမ်းမိုး ထားနိုင်ချေ ရှိနေ ပါတယ် ။

၃ ။ အော်ဘားမီးယန်း နဲ့ မန်ချက်စတာ ယူနိုက်တက် ခံစစ်
ဒီ အပိုင်း ကတော့ ဒီနေ့ည ပွဲရဲ့ စိတ်ဝင်စား ဖို့ အကောင်းဆုံး အပိုင်း ဖြစ်သလို ပွဲရလဒ် အတွက် လည်း အလွန် အရေးပါ တဲ့ အပိုင်း ဖြစ်လာ မှာ သေချာ ပါတယ် ။ တိုက်စစ် ပိုင်း အားနည်း နေတဲ့ ယူနိုက်တက် အတွက် တစ်ခု တည်းသော အားကိုး ရာဟာ ခံစစ် ဖြစ် မှာ မလွဲဧကန် ပါ ။ ပရီးမီးယားလိဂ် မှာ လည်း လီဗာပူး နဲ့ လက်စတာ စီးတီး ပြီးရင် ပေးဂိုး အနည်းဆုံး ဖြစ်တဲ့ ယူနိုက်တက် ခံစစ် ဟာ ဘစ်ဆာကာ ၊ မက်ဂွဲယားတို့ ရောက် လာ အပြီး မှာ ပိုမို တောင့်တင်းသွား ခဲ့ ပါတယ် ။

အာဆင်နယ် ဘက် မှာတော့ တိုးအား နဲ့ ကန်ချက် ကောင်းတဲ့ လာကာဇက် မပါနိုင်တာ က ကျဉ်းထဲ ကျပ်ထဲ ရောက်ချိန် မှာ လွမ်းဆွတ် သတိရစေ နိုင် ပါတယ် ။ ဒါပေမယ့် နောက်ပိုင်း ပွဲစဉ် တွေ မှာ အော်ဘားမီးယန်း ရဲ့ အစွမ်းပြမှု တွေ က ဂန်းနား ပရိသတ်တွေ ကို ပျော်ရွှင် နေစေခဲ့ ပါတယ် ။ အသက် ၃၀ အရွယ် ရှိပြီ ဖြစ်တဲ့ တိုက်စစ်မှုး ကြီး ဟာ ဂန်းနား တိုက်စစ်ကို ဦးဆောင်ပြီး လူငယ် ကစား သမားတွေ အတွက် ခေါင်းဆောင် တစ်ယောက် လို ပြုမူ ပေး နေခဲ့ ပါတယ် ။

အော်ဘားမီးယန်း ဟာ လျှင်မြန်တယ် ၊ အဆုံးသတ် ကောင်းတယ် ၊ မထင် မှတ်တဲ့ အနေ အထား ကနေ ကန်တဲ့ ဘောလုံး တွေ ဟာလည်း ဂိုး ၀င် လောက် အောင် ကို အန္တရာယ် များပါတယ် ။ ဒီည အတွက် တော့ ဒီဂီယာ နဲ့ ယူနိုက်တက် ခံစစ် အတွက် အော်ဘားမီးယန်း ဟာ မန်ဘာမြွေ တစ်ကောင်လို ဒုက္ခ ပေးနေ မှာ အသေ အချာ ပါပဲ ။

အော်ဘားမီးယန်း ကို ယူနိုက်တက် ခံစစ် ထိန်းနိုင် မယ် ဆိုရင် သရေ လောက် အနည်းဆုံး ရနိုင် ပါတယ် ။ မထိန်း နိုင်ဘူး ဆိုရင်တော့ အိမ်ကွင်းမှာ အရှုံးပေး ရဖို့ သေချာ သလောက် ပါပဲ ။ ဘာလို့လည်း ဆိုတော့ ယူနိုက်တက် တိုက်စစ် ဟာ အဆိပ် ကင်းမဲ့ နေ့မှာ မို့ပါ . . .

SPORTS MYANMAR