Wolves

ပရီးမီး ယားလိဂ္ ကလပ္ ၀ုဗာ ဟမ္တန္ အသင္း ဟာ စပိန္ လာလီဂါ ကလပ္ ရီးရဲ ဆိုဆီဒက္ မွာ ကစား ေနတဲ့ ေနာ္ေ၀ ၾကယ္ပြင့္ေလး မာတင္ အိုဒီဂတ္ ကို ေခၚယူ ဖို႔ စိတ္၀င္စား ေနတယ္ လို႔ ေကာလ ဟာလ သတင္း တစ္ပုဒ္ ေပၚထြက္ လာခဲ့ ပါတယ္ ။ အိုဒီဂတ္ ဟာ ရီးရဲ မက္ဒရစ္ အသင္း သား တစ္ဦး ျဖစ္ၿပီး ဆိုဆီဒက္ ထံ အငွား ထြက္ ကစားကာ ယခု ရာသီ မွာ ေျခစြမ္း ေကာင္းေတြ ျပသ ထား သူ တစ္ဦး ျဖစ္ ပါတယ္ ။

ပရီးမီးယားလိဂ္ ရဲ႕ အသင္းႀကီးေတြ ကို ဒုကၡ ေပးေန တဲ့ ၀ုဗ္ ဟာ ယခု ႏွစ္ မွာေတာ့ ရာသီ အစ ရလဒ္ ေတြ မေကာင္းခဲ့ ဘဲ အမွတ္ေပး ဇယား ရဲ႕ ေအာက္ ပုိင္း ကို ေရာက္ရွိ ေနခဲ့ ပါတယ္ ။ ဒါေၾကာင့္ ဇန္န၀ါရီ မွာ ထပ္မံ အင္အား ျဖည့္တင္း ဖို႔ စီစဥ္ ေနၿပီး မာတင္ အိုဒီဂတ္ ဟာလည္း ပစ္မွတ္ ေတြ ထဲက တစ္ခု အပါ အ၀င္ ျဖစ္ေန တယ္ လို႔ ၾကားသိရ ပါတယ္ ။

အိုဒီဂတ္ ဟာ အသက္ ၁၆ ႏွစ္ အရြယ္ မွာ ရီးရဲမက္ဒရစ္ ကို ေျပာင္းေရႊ႕ လာခဲ့သူ ျဖစ္ၿပီး ယခု အခ်ိန္္ အထိ စီနီယာ အသင္းႀကီး နဲ႔ ပံုမွန္ ကစားခြင့္ မရရွိ ေသးဘဲ အငွားထြက္ ခြာမႈ ေတြ နဲ႔ သာ အခ်ိန္ ကုန္ ခဲ့ရ ပါတယ္ ။ ဒါေပမယ့္ မက္ဒရစ္ ပရိသတ္ ေတြ ကေတာ့ အသက္ ၂၀ ရွိေနၿပီ ျဖစ္တဲ့ အိုဒီဂတ္ ဟာ အနာဂါတ္ ၾကယ္စင္စု အသင္း ရဲ႕ အေရးပါ တဲ့ ကစား သမား တစ္ေယာက္ ျဖစ္လာမယ္ လို႔ ေမွ်ာ္လင့္ ထားၾကဆဲ ျဖစ္ ပါတယ္ ။

အိုဒီဂတ္ က ေတာ့ ေမွ်ာ္မွန္း ထားသလို ျဖစ္ မလာခဲ့ မႈ ေတြ အတြက္ စိတ္ညစ္ ေနခဲ့ ၿပီး ပြဲ ကစားခြင့္ နဲ႔ အနာ ဂါတ္ တက္လမ္း ပိုမို ေကာင္းမြန္ ႏုိင္တဲ့ ေနရာ ေတြ ကို ရွာေဖြ ေနခဲ့ ပါတယ္ ။ မႏွစ္ က နယ္သာလန္ လိဂ္ ကို အငွား ထြက္ ကစားၿပီး ေျခစြမး္ျပ ႏုိင္ခဲ့ သလို ယခု ရာသီ မွာလည္း ဆုိဆီဒက္ နဲ႔ ပံုစံ ေကာင္းေတြ ရရွိ ေနတဲ့ အိုဒီဂတ္ ဟာ ဒီထက္ ျမင့္တဲ့ ေလွကားထစ္ ကို တက္လွမ္း ဖို႔ ဆႏၵ ရွိေန မွာ ေသခ်ာ ေနပါတယ္ ။

ဒီရာသီ မွာ အိုဒီဂတ္ ဟာ ဆိုဆီဒက္ အတြက္ ၂ ဂုိး သြင္းယူ ေပးထား ခဲ့ၿပီး ကြင္းလယ္ ကေန အေကာင္းဆံုး ပံ့ပိုး ပံုေဖာ္ ေပးေန ခဲ့ ပါတယ္ ။ ယမန္ေန႔ ညက ဆီဗီးလား ကို ၃ – ၂ နဲ႔ ရွဳံးနိမ့္ ခဲ့တဲ့ ပြဲမွာ လည္း အိုဒီဂတ္ ဟာ ဆိုဆီဒက္ ရဲ႕ ဒုတိယ ဂုိး ကို ဖန္တီးေပး ခဲ့ၿပီး ဒီရာသီ လာလီဂါ မွာ ဖန္တီးမႈ ၂ ႀကိမ္ ျပဳလုပ္ ေပးထားႏုိင္ခဲ့ ၿပီလည္း ျဖစ္ ပါတယ္ ။

၀ုဗ္ ဟာ နည္းျပ ႏူႏို ဆန္းတိုစ့္ လက္ေအာက္ မွာ ကစားပံု ေကာင္းမြန္ တဲ့ အသင္း တစ္သင္း ျဖစ္ လာ ခဲ့ၿပီး ကစား သမား ေကာင္းေတြ လည္း ပုိင္ဆုိင္ ထားခဲ့ ပါတယ္ ။ အိုဒီဂတ္ ရဲ႕ လက္ရွိ တန္ေၾကး ဟာ ေပါင္ သန္း ၂၀ သာ ရွိ ေနၿပီး ရီးရဲ ဘက္က ေရာင္းခ် ဖို႔ စိတ္ကူး ရွိခဲ့ ပါက ေပါင္ သန္း ၄၀ အထိ သာ အမ်ားဆံုး ေပးရႏုိင္ ေခ် ရွိ ပါတယ္ ။

၀ုဗ္ ဟာ ယခု ရာသီ မွာ ပရီးမီးယားလိဂ္ မွာ အေျခ အေန ေကာင္းဖို႔ ႀကဳိးစား ေနရ သလို ယူရိုပါ လိဂ္ ကို လည္း ၀င္ေရာက္ ယွဥ္ၿပဳိင္ ေနရတာ ေၾကာင့္ ကစား သမား အင္အား ေတာင့္တင္း ေနဖို႔ အထူး လိုအပ္ ေနခဲ့ ပါတယ္ ။ အသင္းပုိင္ရွင္ က ေတာ့ နည္းျပ ႏူႏို အတြက္ ျဖည့္ဆည္း ေပးဖို႔ အသင့္ ျဖစ္ေနတာ ေၾကာင့္ ဇန္န၀ါရီ မွာ အိုဒီဂတ္ ကို အမွန္ တကယ္ ကမ္းလွမ္း မလား ဆိုတာ ေစာင့္ ၾကည့္ ရမွာပဲ ျဖစ္ ပါတယ္ ။

SPORTS MYANMAR

Unicode

ရီးရဲ ရဲ့ အငှားချ ကြယ်ပွင့် ကို စိတ်ဝင်စားနေတဲ့ ၀ုဗ် အသင်း ( Rumor )

======================================

ပရီးမီး ယားလိဂ် ကလပ် ၀ုဗာ ဟမ်တန် အသင်း ဟာ စပိန် လာလီဂါ ကလပ် ရီးရဲ ဆိုဆီဒက် မှာ ကစား နေတဲ့ နော်ဝေ ကြယ်ပွင့်လေး မာတင် အိုဒီဂတ် ကို ခေါ်ယူ ဖို့ စိတ်ဝင်စား နေတယ် လို့ ကောလ ဟာလ သတင်း တစ်ပုဒ် ပေါ်ထွက် လာခဲ့ ပါတယ် ။ အိုဒီဂတ် ဟာ ရီးရဲ မက်ဒရစ် အသင်း သား တစ်ဦး ဖြစ်ပြီး ဆိုဆီဒက် ထံ အငှား ထွက် ကစားကာ ယခု ရာသီ မှာ ခြေစွမ်း ကောင်းတွေ ပြသ ထား သူ တစ်ဦး ဖြစ် ပါတယ် ။

ပရီးမီးယားလိဂ် ရဲ့ အသင်းကြီးတွေ ကို ဒုက္ခ ပေးနေ တဲ့ ၀ုဗ် ဟာ ယခု နှစ် မှာတော့ ရာသီ အစ ရလဒ် တွေ မကောင်းခဲ့ ဘဲ အမှတ်ပေး ဇယား ရဲ့ အောက် ပိုင်း ကို ရောက်ရှိ နေခဲ့ ပါတယ် ။ ဒါကြောင့် ဇန်နဝါရီ မှာ ထပ်မံ အင်အား ဖြည့်တင်း ဖို့ စီစဉ် နေပြီး မာတင် အိုဒီဂတ် ဟာလည်း ပစ်မှတ် တွေ ထဲက တစ်ခု အပါ အဝင် ဖြစ်နေ တယ် လို့ ကြားသိရ ပါတယ် ။

အိုဒီဂတ် ဟာ အသက် ၁၆ နှစ် အရွယ် မှာ ရီးရဲမက်ဒရစ် ကို ပြောင်းရွှေ့ လာခဲ့သူ ဖြစ်ပြီး ယခု အချိန်် အထိ စီနီယာ အသင်းကြီး နဲ့ ပုံမှန် ကစားခွင့် မရရှိ သေးဘဲ အငှားထွက် ခွာမှု တွေ နဲ့ သာ အချိန် ကုန် ခဲ့ရ ပါတယ် ။ ဒါပေမယ့် မက်ဒရစ် ပရိသတ် တွေ ကတော့ အသက် ၂၀ ရှိနေပြီ ဖြစ်တဲ့ အိုဒီဂတ် ဟာ အနာဂါတ် ကြယ်စင်စု အသင်း ရဲ့ အရေးပါ တဲ့ ကစား သမား တစ်ယောက် ဖြစ်လာမယ် လို့ မျှော်လင့် ထားကြဆဲ ဖြစ် ပါတယ် ။

အိုဒီဂတ် က တော့ မျှော်မှန်း ထားသလို ဖြစ် မလာခဲ့ မှု တွေ အတွက် စိတ်ညစ် နေခဲ့ ပြီး ပွဲ ကစားခွင့် နဲ့ အနာ ဂါတ် တက်လမ်း ပိုမို ကောင်းမွန် နိုင်တဲ့ နေရာ တွေ ကို ရှာဖွေ နေခဲ့ ပါတယ် ။ မနှစ် က နယ်သာလန် လိဂ် ကို အငှား ထွက် ကစားပြီး ခြေစွမး်ပြ နိုင်ခဲ့ သလို ယခု ရာသီ မှာလည်း ဆိုဆီဒက် နဲ့ ပုံစံ ကောင်းတွေ ရရှိ နေတဲ့ အိုဒီဂတ် ဟာ ဒီထက် မြင့်တဲ့ လှေကားထစ် ကို တက်လှမ်း ဖို့ ဆန္ဒ ရှိနေ မှာ သေချာ နေပါတယ် ။

ဒီရာသီ မှာ အိုဒီဂတ် ဟာ ဆိုဆီဒက် အတွက် ၂ ဂိုး သွင်းယူ ပေးထား ခဲ့ပြီး ကွင်းလယ် ကနေ အကောင်းဆုံး ပံ့ပိုး ပုံဖော် ပေးနေ ခဲ့ ပါတယ် ။ ယမန်နေ့ ညက ဆီဗီးလား ကို ၃ – ၂ နဲ့ ရှုံးနိမ့် ခဲ့တဲ့ ပွဲမှာ လည်း အိုဒီဂတ် ဟာ ဆိုဆီဒက် ရဲ့ ဒုတိယ ဂိုး ကို ဖန်တီးပေး ခဲ့ပြီး ဒီရာသီ လာလီဂါ မှာ ဖန်တီးမှု ၂ ကြိမ် ပြုလုပ် ပေးထားနိုင်ခဲ့ ပြီလည်း ဖြစ် ပါတယ် ။

၀ုဗ် ဟာ နည်းပြ နူနို ဆန်းတိုစ့် လက်အောက် မှာ ကစားပုံ ကောင်းမွန် တဲ့ အသင်း တစ်သင်း ဖြစ် လာ ခဲ့ပြီး ကစား သမား ကောင်းတွေ လည်း ပိုင်ဆိုင် ထားခဲ့ ပါတယ် ။ အိုဒီဂတ် ရဲ့ လက်ရှိ တန်ကြေး ဟာ ပေါင် သန်း ၂၀ သာ ရှိ နေပြီး ရီးရဲ ဘက်က ရောင်းချ ဖို့ စိတ်ကူး ရှိခဲ့ ပါက ပေါင် သန်း ၄၀ အထိ သာ အများဆုံး ပေးရနိုင် ချေ ရှိ ပါတယ် ။

၀ုဗ် ဟာ ယခု ရာသီ မှာ ပရီးမီးယားလိဂ် မှာ အခြေ အနေ ကောင်းဖို့ ကြိုးစား နေရ သလို ယူရိုပါ လိဂ် ကို လည်း ၀င်ရောက် ယှဉ်ပြိုင် နေရတာ ကြောင့် ကစား သမား အင်အား တောင့်တင်း နေဖို့ အထူး လိုအပ် နေခဲ့ ပါတယ် ။ အသင်းပိုင်ရှင် က တော့ နည်းပြ နူနို အတွက် ဖြည့်ဆည်း ပေးဖို့ အသင့် ဖြစ်နေတာ ကြောင့် ဇန်နဝါရီ မှာ အိုဒီဂတ် ကို အမှန် တကယ် ကမ်းလှမ်း မလား ဆိုတာ စောင့် ကြည့် ရမှာပဲ ဖြစ် ပါတယ် ။

SPORTS MYANMAR