Medisson
လက်ရှိ ပေါင်သန်း ၆၀ တန်ကြေး ရှိနေတဲ့ မက်ဒီဆင်ဟာ နော့ဝှစ် ကနေ ကင်းပါဝါကို ရောက်လာ ခဲ့သူ ဖြစ်ကာ သူ့ရဲ့ ပထမဦးဆုံး ဘောလုံး ရာသီမှာ ၇ ဂိုး သွင်းကာ ၇ ဂိုး ဖန်တီး ပေးထား ခဲ့ပြီး ဒီရာသီ မှာလည်း လက်စတာ အတွက် ၆ ပွဲ ပါဝင် ပွဲထွက် ကစား ထားခဲ့ကာ မနေ့ညက နယူးကာဆယ် ကို ၅-၀ နဲ့ ရှုံးခဲ့တဲ့ ပွဲကိုသာ ဒဏ်ရာကြောင့် လွဲချော် ထားခဲ့ ပါတယ်။
အဒမ်က “လက်စတာ စီးတီးဟာ လစာပိုင်း ဆိုင်ရာ မှာကော ရည်မှန်းချက်ပိုင်း မှာကော အခြား အသင်းတွေလောက် ကောင်းမွန်တယ် ဆိုတာ ပြသ ထားခဲ့ ပါတယ်။ မက်ဒီဆင် အနေနဲ့ လက်ရှိ လက်စတာ စီးတီး အသင်းမှာ ကြုံတွေ့ နေရတဲ့ အခြေအနေ တွေထက် တိုးတက်ဖို့ အတွက် ဆိုရင် မန်ချက်စတာစီးတီး ဒါမှမဟုတ် လီဗာပူး ကိုသာ ပြောင်းရွေ့ ရမှာ ဖြစ်ပါတယ်။
မန်ယူနိုက်တက် ရဲ့ ကမ်းလှမ်းမှုကို ကြုံတွေ့ လာနိုင်တယ် ဆိုတဲ့ သတင်းတွေ ထွက်နေ ပေမယ့်လည်း လက်စတာ နည်းပြ ဘရန်ဒန်ရော်ဂျာ ကတော့ အသက် ၂၂ နှစ် အရွယ် ကစားသမား ရဲ့ အနာဂတ် အပေါ် စိတ်ပူပန်ခြင်း မရှိဘူးလို့ ဆိုထား ခဲ့ပါတယ်။
ကျွန်တော်တို့ လုပ်နိုင်တဲ့ အရာတွေ ကတော့ သူတို့ တိုးတက်ဖို့ အတွက် ပတ်ဝန်းကျင်ကောင်း တစ်ခု ဖန်တီး ပေးဖို့နဲ့ အနာဂတ်မှာ ကိုယ့်ဘက်က ထိန်းချုပ် သွားလို့ မရတဲ့ အရာတွေ ကြုံတွေ့ လာပြီ ဆိုရင်တော့ ဒါဟာ သူ့ရဲ့ လုပ်ထုံး လုပ်နည်း အတိုင်း ပါပဲ။
SPORTS MYANMAR
Unicode
မက်ဒီဆင် ပြောင်းရမယ့် အသင်း ၂ သင်းသာ ရှိကြောင်း နဲ့ ယူနိုက်တက်ကို ငြင်းပယ်ရန် တိုက်တွန်းလိုက်တဲ့ လက်စတာ မန်နေဂျာဟောင်း
လက်စတာစီးတီး မန်နေဂျာဟောင်း မစ်ကီအဒမ်က ဂျိမ်းမက်ဒီဆင် အနေနဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ချည်းကပ်မှုကို ငြင်းပယ်ကာ အသင်း ပြောင်းရွေ့ ဖြစ်ခဲ့မယ် ဆိုရင် မန်ချက်စတာစီးတီး နဲ့ လီဗာပူး အသင်း တို့ကိုသာ ပြောင်းဖို့ စဉ်းစား သင့်တယ်လို့ ဆိုလိုက် ပါတယ်။
မြေခွေးပြာ တို့ရဲ့ ကွင်းလယ်လူ မက်ဒီဆင်ဟာ လက်စတာ ကစားသမား ဘဝ ပထမဦးဆုံး ဘောလုံး ရာသီ အပြင် ယခု ရာသီမှာလည်း အသင်း အတွက် အကောင်းဆုံး ခြေစွမ်း ပြသ နေပြီး မန်ယူနိုက်တက် အသင်းက ၎င်းကို ခေါ်ယူဖို့ အတွက် ချိတ်ဆက်လျက် ရှိနေ ပါတယ်။
လက်ရှိ ပေါင်သန်း ၆၀ တန်ကြေး ရှိနေတဲ့ မက်ဒီဆင်ဟာ နော့ဝှစ် ကနေ ကင်းပါ၀ါကို ရောက်လာ ခဲ့သူ ဖြစ်ကာ သူ့ရဲ့ ပထမဦးဆုံး ဘောလုံး ရာသီမှာ ရ ဂိုး သွင်းကာ ရ ဂိုး ဖန်တီး ပေးထား ခဲ့ပြီး ဒီရာသီ မှာလည်း လက်စတာ အတွက် ၆ ပွဲ ပါ၀င် ပွဲထွက် ကစား ထားခဲ့ကာ မနေ့ညက နယူးကာဆယ် ကို ၅-၀ နဲ့ ရှုံးခဲ့တဲ့ ပွဲကိုသာ ဒဏ်ရာကြောင့် လွဲချော် ထားခဲ့ ပါတယ်။
၎င်းရဲ့ စွမ်းဆောင်ရည် တွေဟာ ဒီရာသီ လက်စတာ စီးတီး အသင်းကို ပရီးမီးယားလိဂ် အမှတ်ပေးဇယား ရဲ့ အဆင့် ၃ နေရာမှာ ရပ်တည် နိုင်အောင် အကူအညီ ဖြစ်စေ ခဲ့ပြီး လက်ရှိ ခြေစွမ်း အတိုင်းသာ ဆက်လက် ပြသ နေမယ် ဆို၇င် စျေးကွက် တန်ဖိုးပါ ဆက်လက် မြှင့်တက် လာနိုင် ပါတယ်။ ဒါပေမယ့်လည်း အဒမ်ဟာ မက်ဒီဆင် ကို သတိပေး သွားခဲ့ပြီး ယူနိုက်တက်ကို ပြောင်းရွေ့ခြင်းဟာ ၎င်းရဲ့ ကစားသမား ဘဝ တိုးတက်မှုကို ထိခိုက် စေနိုင်တယ်လို့ ဆိုသွားကာ အဲဒီအစား အင်္ဂလန် လက်ရွေးစင် ကစားသမား အနေနဲ့ မန်စီးတီး ဒါမှမဟုတ် လီဗာပူး အသင်း တို့ရဲ့ ကမ်းလှမ်းမှုကို စောင့်ဆိုင်း သင့်တယ်လို့ အကြံ ပေးသွား ပါတယ်။
အဒမ်က “လက်စတာ စီးတီးဟာ လစာပိုင်း ဆိုင်ရာ မှာကော ရည်မှန်းချက်ပိုုင်း မှာကော အခြား အသင်းတွေလောက် ကောင်းမွွန်တယ် ဆိုတာ ပြသ ထားခဲ့ ပါတယ်။ မက်ဒီဆင် အနေနဲ့ လက်ရှိ လက်စတာ စီးတီး အသင်းမှာ ကြံုတွေ့ နေရတဲ့ အခြေအနေ တွေထက် တိုးတက်ဖို့ အတွက် ဆိုရင် မန်ချက်စတာစီးတီး ဒါမှမဟုတ် လီဗာပူး ကိုသာ ပြောင်းရွေ့ ရမှာ ဖြစ်ပါတယ်။
လူငယ် ကစားသမား တစ်ဦး အနေနဲ့ သူ့ရဲ့ စွမ်းဆောင်ရည် နဲ့ အရည်အသွေးတွေ ဆက်လက် တိုးတက်ဖို့ အတွက်ပဲ ကြိုးစား သွားရမှာ ဖြစ်ပါတယ်။ သူ့အနေနဲ့ အလွန်အမင်း ချီးကျူး နေကြတာတွေ ဒါမှမဟုတ် ကိုယ့်ကိုကိုယ် ယုံကြည်မှု လွန်ကဲ နေတာတွေ မရှိ သင့်ပါဘူး။ ဒါတွေဟာ ဘောလုံး သမား တစ်ဦး အတွက် လမ်းချော် သွားစေ နိုင်တဲ့ အရာတွေ ဖြစ်ပါတယ်။” လို့ ဆိုသွား ပါတယ်။
မန်ယူနိုက်တက် ရဲ့ ကမ်းလှမ်းမှုကို ကြံုတွေ့ လာနိုင်တယ် ဆိုတဲ့ သတင်းတွေ ထွက်နေ ပေမယ့်လည်း လက်စတာ နည်းပြ ဘရန်ဒန်ရော်ဂျာ ကတော့ အသက် ၂၂ နှှစ် အရွယ် ကစားသမား ရဲ့ အနာဂတ် အပေါ် စိတ်ပူပန်ခြင်း မရှိဘူးလို့ ဆိုထား ခဲ့ပါတယ်။
ရော်ဂျာက “ကျွန်တော် မစိုးရိမ် ပါဘူး။ ဒါဟာ ဘောလုံး လောကရဲ့ သဘာဝပါ။ ဒီလိုမျိုး ဖြစ်လာမှာပါ။ ထိပ်တန်း ကလပ်တွေဟာ အမြဲတမ်း လိုလို ကစားသမားကောင်း တွေကို လိုက်လံ ရှာဖွေလေ့ ရှိကြ ပါတယ်။ လက်စတာ စီးတီး လို ကလပ်မျိုး ကတော့ အမြဲတမ်း ထိပ်တန်း ကစားသမားတွေ ဆုံးရှံုး ရမယ့် အန္တရာယ် ရှိပါတယ်။ ဒါဟာ ဘောလုံးရဲ့ သဘော သဘာဝပါ။
ကျွန်တော်တို့ လုပ်နိုင်တဲ့ အရာတွေ ကတော့ သူတို့ တိုးတက်ဖို့ အတွက် ပတ်ဝန်းကျင်ကောင်း တစ်ခု ဖန်တီး ပေးဖို့နဲ့ အနာဂတ်မှာ ကိုယ့်ဘက်က ထိန်းချုပ် သွားလို့ မရတဲ့ အရာတွေ ကြံုတွေ့ လာပြီ ဆိုရင်တော့ ဒါဟာ သူ့ရဲ့ လုပ်ထုံး လုပ်နည်း အတိုင်း ပါပဲ။
ကျွန်တော် ကတော့ အများကြီး စိတ်ပူပန် မနေပါဘူး။ ကျွန်တော့် ဘက်က သူတို့ကို အကောင်းဆုံး ဖြစ်ဖို့ အတွက်သာ အာရုံစိုက် ထားပြီး အကယ်၍ သူတို့ အသင်း ပြောင်းခဲ့မယ် ဆိုရင်လည်း ဒါဟာ ဘောလုံး ရဲ့ သဘောသဘာဝ လို့ပဲ သတ်မှတ် ပါတယ်။ ဒါပေမယ့် သူတို့ ဒီမှာ ရှိနေတဲ့ အချိန် သူတို့ အနေနဲ့ ကလပ်နဲ့ ပရိတ်သတ်တွေ အတွက် အကောင်းဆုံး ပေးဆပ် ရမှာ ဖြစ်ပြီး ဒါဟာ ကျွန်တော်တို့ကို ဘယ်အထိ ခရီးရောက်စေ မလဲ ကြည့်ရတာပေါ့။’ လို့ ဆိုလိုက်ပါတယ်။
SPORTS MYANMAR