Ivan Perisic

အင္တာ မီလန္ အသင္း ရဲ့ အားထား ရတဲ့ ေတာင္ပံ တုိက္စစ္ ကစားသမား ျဖစ္သူ အိုင္ဗန္ ပါရီဆစ္ က သူဟာ ဟိုေဆး ေမာ္ရင္ဟို ဦးေဆာင္ တဲ့ မန္ခ်က္စတာ ယူနုိက္တက္ အသင္း ဆီ ေရာက္ရွိ ဖို႔ အတြက္ အရမ္း ကို နီးစပ္ ခဲ့ ေပမယ့္ မေျပာင္း နုိင္ခဲ့ ေၾကာင္း ထုတ္ေဖာ္ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

ဒါ့အျပင္ ဟိုေဆး ေမာ္ရင္ဟို ဦးေဆာင္ ခဲ့တဲ့ အိုးလ္ ထရပ္ဖုိ့ဒ္ ေျမဆီ မေျပာင္းေရႊ့ နုိင္ ခဲ့တဲ့ အတြက္ တစ္ကယ္ ကိုပဲ နာက်င္ ခံစား ရေၾကာင္း ဘိုင္ယန္ ျမဴးနစ္ အသင္း ရဲ့ ကစားသမား သစ္ ပါရီဆစ္ က ဆက္လက္ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

ခရိုေအးရွား သားဟာ ယူနုိက္တက္ ဆီကို ေျပာင္းေရႊ့ ဖုိ့ အတြက္ အထူး သတင္း ၾကီးသူ ျဖစ္ခဲ့ ပါတယ္ ။ အထူးသျဖင့္ ယူနုိက္တက္ ကို ဟုိေဆး ေမာ္ရင္ဟို ကိုင္တြယ္ ခဲ့စဥ္ က ပါရီဆစ္ ဟာ ေပၚတူဂီ သားရဲ့ နံပါတ္ တစ္ ပစ္မွတ္ ကစားသမား ျဖစ္ခဲ့ ရ ပါတယ္ ။

ဒါေပမယ့္ သူဟာ ယူနုိက္တက္ ဆီ မေျပာင္းေရႊ့ နုိင္ခဲ့ ပဲ လက္ရွိ အခ်ိန္ မွာေတာ့ ဂ်ာမန္ ထိပ္သီး ဘိုင္ယန္ ျမဴးနစ္ အသင္း ဆီကို တစ္ ရာသီ အငွား နဲ့ ေရာက္ရွိ ေနသူ ပဲ ျဖစ္ ပါတယ္ ။ အခုေတာ့ ပါရီဆစ္ က သူ့ရဲ့ ဆႏၵ ေတြ မျပည့္ဝ ခဲ့တဲ့ အေၾကာင္း ဖြင့္ဟ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

” က်ြန္ေတာ္ ယူနုိက္တက္ အသင္း နဲ့ ဘယ္ေလာက္ အထိ နီးစပ္ ခဲ့ သလဲ ? အရမ္း ကို နီးစပ္ ခဲ့ ပါတယ္ ဗ်ာ ။ ဟုိေဆး ေမာ္ရင္ဟို က က်ြန္ေတာ့္ ကို ေခၚယူ လိုတယ္ ဆုိတာ တစ္ကယ့္ ကို အံ့အား သင့္ဖြယ္ အရာ တစ္ခု ပါပဲ ။ သူ႔ကို နုိး လို့ ေျပာဖုိ႔ ဆုိတာ ခက္ခဲ လြန္းတယ္ ေလ ”

” တစ္ကယ္တမ္း မွာေတာ့ က်ြန္ေတာ္ ဟာ တစ္ကယ္ ပဲ ယူနုိက္တက္ ဆီ ေျပာင္းေရႊ့ လိုခဲ့ ျပီး သူ့ အတြက္ ကစား ေပးခ်င္ ခဲ့ ပါတယ္ ။ ၾကီးမား တဲ့ လိဂ္ တုိင္းမွာ ကစား ရဖုိ႔ ဆိုတာ က်ြန္ေတာ့္ ရဲ့ အိပ္မက္ တစ္ခု ပါပဲ ။ ဒါေပမယ့္ အဲ့တာ က မျဖစ္ပြား ခဲ့ ပါဘူး ” လို့ ပါရီဆစ္ က ဖြင့္ဟ သြားခဲ့ ပါတယ္ ။

ဒါ့အျပင္ အသက္ 30 ရွိျပီ ျဖစ္တဲ့ ပါရီဆစ္ က ယူနုိက္တက္ အသင္း ဆီ ဘာ့ေၾကာင့္ မေျပာင္းေရႊ့ ုျဖစ္ခဲ့ သလဲ ဆုိတဲ့ ေနာက္ထပ္ အေၾကာင္း အရင္း ေတြ ရွိေန ေသးေၾကာင္း အရိပ္အျမြတ္ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

” ဒါဟာ က်ြန္ေတာ့္ အတြက္ တစ္ကယ့္ကို နာက်င္ ခံစား စရာ ပါပဲ ။ ဒါေပမယ့္ အဲ့တာ ကို က်ြန္ေတာ္ အေသးစိတ္ မေျပာလို ပါဘူး ။ က်ြန္ေတာ္ ဟာ တစ္ကယ့္ ကို မွန္ကန္ လွတဲ့ အေၾကာင္း ျပခ်က္ တစ္ခု ကို 2 ႏွစ္ အၾကာမွ ဆက္လက္ ရွာေတြ့ ခဲ့ ပါတယ္ ” လို့ ပါရီဆစ္ က ဖြင့္ဟ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

အခုေတာ့ သူဟာ က်ြမ္းက်င္တဲ့ ဘြန္ဒက္စ္ လီဂါ ျပိဳင္ပြဲ ဆီကို ေျပာင္းေရႊ့ သြားခဲ့ ပါျပီ ။ သူဟာ ယခင္ တုန္းက ယာဂင္ ကေလာ့ပ္ ရဲ့ ေဒါ့မြန္ အသင္း မွာ ကစားေပး ခဲ့သူ တစ္ဦး ျဖစ္ျပီး ဂ်ာမန္ သားကို တစ္ကဟ္ ပဲ ေက်းဇူး တင္ရွိ ေနေၾကာင္း ထုတ္ေဖာ္ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

” က်ြန္ေတာ္ ဟာ တစ္ကယ္ ပဲ အဆင္သင့္ မျဖစ္ခဲ့ ပါဘူး ။ က်ြန္ေတာ္ ဟာ တုိက္စစ္ ကေန ခံစစ္ ဆင္း ကူဖုိ႔ အတြက္ ကစား ခဲ့တာ မဟုတ္ ပါဘူး ။ ဒါဟာ နည္းလမ္း ႏွစ္မ်ိဳး နဲ့ ကစား လို႔ ရရွိ တဲ့ ေနရာ တစ္္ခု ျဖစ္တဲ့ အေၾကာင္း က်ြန္ေတာ္ တစ္ကယ္ ပဲ မသိရွိ ခဲ့ ပါဘူး ”

” ယာဂင္ က က်ြန္ေတာ့္ ကို ေမာ္ဒန္ ေဘာလံုး ေလာက အေၾကာင္း သင္ၾကား ေပးခဲ့ ပါတယ္ ။ အဲ့ဒီ အတြက္ က်ြန္ေတာ္ သူ့ကို တစ္ကယ္ ပဲ ေက်းဇူး တင္ ပါတယ္ ။ က်ြန္ေတာ္ တုိ့ ပထမ ရာသီ မွာ ဆု ဖလား ႏွစ္လံုး ဆြတ္ခူး နုိင္ခဲ့ ပါတယ္ ။ ဒါေပမယ့္ ဒုတိယ ရာသီ မွာ ဘာမွ ေျပာင္းလဲ မသြားတဲ့ အခ်ိန္ က်ြန္ေတာ္ အသင္း ကေန ထြက္ခြာ ခ်င္ခဲ့ ပါတယ္ ”

” က်ြန္ေတာ္ အသင္း အတြက္ ပံုမွန္ ပြဲထြက္ ကစား ခ်င္ ေနတဲ့ အေၾကာင္း သူ့ကို ေျပာၾကား ခဲ့ပါ ေသးတယ္ ။ အဲ့ဒီ အခ်ိန္ မွာ သူက ‘ ငါ မင္းရဲ့ ဆံုးျဖတ္ခ်က္ကို ေလးစား ပါတယ္ ၊ ငါတုိ့ အေျဖ တစ္ခု ကို ရွာေဖြ သြားၾက မွာပါ ‘ လု့ိ သူက ျပန္ေျပာ ခဲ့တယ္ ေလ ” လို့ ပါရီဆစ္ က ဖြင့္ဟ သြားခဲ့ ပါတယ္ ။

#Sports_Myanmar

Unicode

ယူနိုက်တက် နဲ့ မော်ရင်ဟို အတွက် တစ်ကယ်ပဲ ကစားပေး ချင်ခဲ့ကြောင်း ဖွင့်ဟလိုက်တဲ့ ဘိုင်ယန် စတား

==================

အင်တာ မီလန် အသင်း ရဲ့ အားထား ရတဲ့ တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ အိုင်ဗန် ပါရီဆစ် က သူဟာ ဟိုဆေး မော်ရင်ဟို ဦးဆောင် တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း ဆီ ရောက်ရှိ ဖို့ အတွက် အရမ်း ကို နီးစပ် ခဲ့ ပေမယ့် မပြောင်း နိုင်ခဲ့ ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ဒါ့အပြင် ဟိုဆေး မော်ရင်ဟို ဦးဆောင် ခဲ့တဲ့ အိုးလ် ထရပ်ဖို့ဒ် မြေဆီ မပြောင်းရွှေ့ နိုင် ခဲ့တဲ့ အတွက် တစ်ကယ် ကိုပဲ နာကျင် ခံစား ရကြောင်း ဘိုင်ယန် မြူးနစ် အသင်း ရဲ့ ကစားသမား သစ် ပါရီဆစ် က ဆက်လက် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ခရိုအေးရှား သားဟာ ယူနိုက်တက် ဆီကို ပြောင်းရွှေ့ ဖို့ အတွက် အထူး သတင်း ကြီးသူ ဖြစ်ခဲ့ ပါတယ် ။ အထူးသဖြင့် ယူနိုက်တက် ကို ဟိုဆေး မော်ရင်ဟို ကိုင်တွယ် ခဲ့စဉ် က ပါရီဆစ် ဟာ ပေါ်တူဂီ သားရဲ့ နံပါတ် တစ် ပစ်မှတ် ကစားသမား ဖြစ်ခဲ့ ရ ပါတယ် ။

ဒါပေမယ့် သူဟာ ယူနိုက်တက် ဆီ မပြောင်းရွှေ့ နိုင်ခဲ့ ပဲ လက်ရှိ အချိန် မှာတော့ ဂျာမန် ထိပ်သီး ဘိုင်ယန် မြူးနစ် အသင်း ဆီကို တစ် ရာသီ အငှား နဲ့ ရောက်ရှိ နေသူ ပဲ ဖြစ် ပါတယ် ။ အခုတော့ ပါရီဆစ် က သူ့ရဲ့ ဆန္ဒ တွေ မပြည့်ဝ ခဲ့တဲ့ အကြောင်း ဖွင့်ဟ ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” ကျွန်တော် ယူနိုက်တက် အသင်း နဲ့ ဘယ်လောက် အထိ နီးစပ် ခဲ့ သလဲ ? အရမ်း ကို နီးစပ် ခဲ့ ပါတယ် ဗျာ ။ ဟိုဆေး မော်ရင်ဟို က ကျွန်တော့် ကို ခေါ်ယူ လိုတယ် ဆိုတာ တစ်ကယ့် ကို အံ့အား သင့်ဖွယ် အရာ တစ်ခု ပါပဲ ။ သူ့ကို နိုး လို့ ပြောဖို့ ဆိုတာ ခက်ခဲ လွန်းတယ် လေ ”

” တစ်ကယ်တမ်း မှာတော့ ကျွန်တော် ဟာ တစ်ကယ် ပဲ ယူနိုက်တက် ဆီ ပြောင်းရွှေ့ လိုခဲ့ ပြီး သူ့ အတွက် ကစား ပေးချင် ခဲ့ ပါတယ် ။ ကြီးမား တဲ့ လိဂ် တိုင်းမှာ ကစား ရဖို့ ဆိုတာ ကျွန်တော့် ရဲ့ အိပ်မက် တစ်ခု ပါပဲ ။ ဒါပေမယ့် အဲ့တာ က မဖြစ်ပွား ခဲ့ ပါဘူး ” လို့ ပါရီဆစ် က ဖွင့်ဟ သွားခဲ့ ပါတယ် ။

ဒါ့အပြင် အသက် 30 ရှိပြီ ဖြစ်တဲ့ ပါရီဆစ် က ယူနိုက်တက် အသင်း ဆီ ဘာ့ကြောင့် မပြောင်းရွှေ့ ုဖြစ်ခဲ့ သလဲ ဆိုတဲ့ နောက်ထပ် အကြောင်း အရင်း တွေ ရှိနေ သေးကြောင်း အရိပ်အမြွတ် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” ဒါဟာ ကျွန်တော့် အတွက် တစ်ကယ့်ကို နာကျင် ခံစား စရာ ပါပဲ ။ ဒါပေမယ့် အဲ့တာ ကို ကျွန်တော် အသေးစိတ် မပြောလို ပါဘူး ။ ကျွန်တော် ဟာ တစ်ကယ့် ကို မှန်ကန် လှတဲ့ အကြောင်း ပြချက် တစ်ခု ကို 2 နှစ် အကြာမှ ဆက်လက် ရှာတွေ့ ခဲ့ ပါတယ် ” လို့ ပါရီဆစ် က ဖွင့်ဟ ပြောကြား သွားခဲ့ လိုက် ပါတယ် ။

အခုတော့ သူဟာ ကျွမ်းကျင်တဲ့ ဘွန်ဒက်စ် လီဂါ ပြိုင်ပွဲ ဆီကို ပြောင်းရွှေ့ သွားခဲ့ ပါပြီ ။ သူဟာ ယခင် တုန်းက ယာဂင် ကလော့ပ် ရဲ့ ဒေါ့မွန် အသင်း မှာ ကစားပေး ခဲ့သူ တစ်ဦး ဖြစ်ပြီး ဂျာမန် သားကို တစ်ကဟ် ပဲ ကျေးဇူး တင်ရှိ နေကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” ကျွန်တော် ဟာ တစ်ကယ် ပဲ အဆင်သင့် မဖြစ်ခဲ့ ပါဘူး ။ ကျွန်တော် ဟာ တိုက်စစ် ကနေ ခံစစ် ဆင်း ကူဖို့ အတွက် ကစား ခဲ့တာ မဟုတ် ပါဘူး ။ ဒါဟာ နည်းလမ်း နှစ်မျိုး နဲ့ ကစား လို့ ရရှိ တဲ့ နေရာ တစ််ခု ဖြစ်တဲ့ အကြောင်း ကျွန်တော် တစ်ကယ် ပဲ မသိရှိ ခဲ့ ပါဘူး ”

” ယာဂင် က ကျွန်တော့် ကို မော်ဒန် ဘောလုံး လောက အကြောင်း သင်ကြား ပေးခဲ့ ပါတယ် ။ အဲ့ဒီ အတွက် ကျွန်တော် သူ့ကို တစ်ကယ် ပဲ ကျေးဇူး တင် ပါတယ် ။ ကျွန်တော် တို့ ပထမ ရာသီ မှာ ဆု ဖလား နှစ်လုံး ဆွတ်ခူး နိုင်ခဲ့ ပါတယ် ။ ဒါပေမယ့် ဒုတိယ ရာသီ မှာ ဘာမှ ပြောင်းလဲ မသွားတဲ့ အချိန် ကျွန်တော် အသင်း ကနေ ထွက်ခွာ ချင်ခဲ့ ပါတယ် ”

” ကျွန်တော် အသင်း အတွက် ပုံမှန် ပွဲထွက် ကစား ချင် နေတဲ့ အကြောင်း သူ့ကို ပြောကြား ခဲ့ပါ သေးတယ် ။ အဲ့ဒီ အချိန် မှာ သူက ‘ ငါ မင်းရဲ့ ဆုံးဖြတ်ချက်ကို လေးစား ပါတယ် ၊ ငါတို့ အဖြေ တစ်ခု ကို ရှာဖွေ သွားကြ မှာပါ ‘ လို့ သူက ပြန်ပြော ခဲ့တယ် လေ ” လို့ ပါရီဆစ် က ဖွင့်ဟ သွားခဲ့ ပါတယ် ။

#Sports_Myanmar