Solskjaer

ပရီးမီးယားလိဂ္ ပြဲစဥ္ ၇ရဲ႕ စိတ္ဝင္စားစရာအေကာင္းဆံုး ပြဲစဥ္ လည္းျဖစ္ ေနာက္ဆံုး ပြဲစဥ္လည္းျဖစ္တဲ႔ ယူႏိုက္တက္ အသင္းနဲ႔ အာဆင္နယ္တို႔႔ရဲ႕ ပြဲျကီးပြဲေကာင္းကို ယေန႔ ည ညဥ္႔နက္ပိုင္းမွာ ကစားသြားျကေတာ့မွာျဖစ္ပါတယ္။အိုးထရက္ဖို႔ဒ္မွာႏိုင္ပြဲမရတာျကာေနျပီျဖစ္တဲ႔ အာဆင္နယ္တို႔ ယူႏိုက္တက္ အသင္းရဲ႕ လတ္တေလာေျခစြမ္းဆိုးရြားေနမွဳကို အသံုးခ်ႏိုင္ဖို႔ရွိမရွိေစာင့္ျကည့္ရမွာလည္းျဖစ္ပါတယ္။

ယူႏိုက္တက္ အသင္းဟာ နည္းျပေဟာင္း ေမာ္ရင္ဟိုကို ထုတ္ပယ္အျပီး တိုက္စစ္မွဴးေဟာင္းတဦးျဖစ္တဲ႔ ဆိုးလ္ရွားကို တာဝန္ေပးထားခဲ႔တာျဖစ္ပါတယ္။ေမာ္ရင္ဟိုလက္ထက္မွာအဓိကျပသနာအျဖစ္ရွိခဲ႔တဲ႔ ခံစစ္ပိုင္းအတြက္လည္း မက္ဂိြဳင္းယား၊ ဘစ္ဆာကာတို႔လို ပရီးမီးယားလိဂ္အေတြ႔အျကံုမ်ားတဲ႔ လူငယ္ျကယ္ပြင့္ေတြကို ေခၚယူေပးထားပါတယ္။

ဒါေပမယ့္ ကစားသမားေကာင္းေတြ မရွိေတာ့ တဲ႕ ကြင္းလယ္ပိုင္းအတြက္ တစံုတရာအားျဖည့္မွဳ မရွိခဲ႔ပဲ ဆြမ္းဆီးလ္အသင္းရဲ႕ လူငယ္ေတာင္ပံကစားသမားေလး ဒန္နီရယ္ဂ်ိန္းစ္ တဦးတည္းကိုသာေခၚယူထားခဲ႔တာျဖစ္ပါတယ္။ခံစစ္ပိုင္းအတြက္ ေပါင္သန္း ၁၃၀ေက်ာ္သံုးစြဲထားခဲ႔ေပမယ့္ ဒီရာသီပရီးမီးယားလိဂ္မွာ ပ်မ္းမ်ွ တပြဲတဂိုး ႏွဳန္းေပးထားခဲ႕ရတာျဖစ္ပါတယ္။

ဒါ့အျပင္ တိုက္စစ္ ပိုင္းစြမ္းေဆာင္ရည္ကလည္း အေတာ္ေလးဆိုးရြားေနျပီး ခ်ဲဆီးလ္အသင္းကို ၄-၀ ဂိုးနဲ႔အႏိုင္ရခဲ႔တဲ႔ ရာသီအဖြင့္ပြဲစဥ္ ေနာက္ပိုင္းျပိဳင္ပြဲစံုမွာ တဂိုးထက္ပိုသြင္းႏိုင္တဲ႔ ပြဲစဥ္ မရွိထားခဲ႔ေသးတာျဖစ္ပါတယ္။လူကာကူ၊ ဆန္းခ်က္တို႔ မရွိခ်ိန္မွာ ရတ္ဖို႔ဒ္၊ မာရွယ္တို႔ကိုပဲ အားကိုးေနရျပီး လတ္တေလာမွာ အဆိုပါကစားသမား၂ေယာက္လံုးဒဏ္ရာျပသနာေတြရွိေနပါတယ္။

ဒါေျကာင့္လည္း လူငယ္ျကယ္ပြင့္ေလး ဂရင္းဝုဒ္ကို ပဲ ယေန႔ည ပြဲစဥ္မွာ ထပ္ျပီး ပြဲထုတ္သြားရဖို႔ရွိေနတာျဖစ္ပါတယ္။အသင္းရဲ႕ တိုက္စစ္ အင္အားျပတ္လပ္မွဳကို နည္းျပဆိုးလ္ရွားက သေဘာေပါက္သြားပံုရျပီး ဇန္နဝါရီ ေစ်းကြက္အတြင္းမွာ တိုက္စစ္မွဴး တဦးကုိရွာေဖြသြားေတာ့မွာျဖစ္တယ္လို႔ထုတ္ေျပာသြားခဲ႔ပါတယ္။

အင္တာဗ်ဴးတခုမွာ ဆိုးလ္ရွားက – ”
လူကာကူနဲ႔ ဆန္းခ်က္တို႔ကုိ က်ြန္ေတာ္တို႕ လက္လႊတ္ဖို႕ ဆံုးျဖတ္လိုက္ခ်ိန္မွာ ေနာက္ထပ္ ေစ်းကြက္ဖြင့္ခ်ိန္မွာ က်ြန္ေတာ္တို႔ အသင္း ေခၚယူသြားဖို႔ရွိေနတဲ႔ ကစားသမားက တိုက္စစ္မွဴး တဦးျဖစ္တယ္ ဆိုတာကို သိဖို႔ အတြက္ ခင္ဗ်ားတို႔ အေနန႔ဲ ဒံုးက်ည္သိပံၸပညာ ရွင္ တဦးေတာင္ ျဖစ္ေနစရာမလိုပါဘူး။

ဒါေပမယ့္လည္း လူကာကူကို ထြက္ခြာခ်ိန္တန္လို႔ ခြင့္ျပဳခဲ႔တာျဖစ္ျပီး သူကုိယ္တိုင္ကလည္း သူဒီမွာမေနခ်င္ေတာ့ဘူးဆိုတာကို သိနားလည္ပါတယ္။အသင္းမွာ မေနခ်င္ေတာ႔တဲ႕ ကစားသမားေတြဆက္ရွိေနလို႔ ဘာအဓိပၸါယ္ရွိမွာလဲဗ်ာ။

က်ြန္ေတာ္တို႔ ဟာဖန္တီးမွဳေတြ သြင္းဂိုးေတြအတြက္ တိုက္စစ္ကစားသမားေတြ ရွာေဖြေနတာျဖစ္ျပီး အဲ႔ဒီတိုက္စစ္ မွဴးက အသင္းအတြက္ မွန္ကန္သင့္ေတာ္တဲ႔ ကစားသမားမ်ိဳးျဖစ္ဖို႔ ေတာ့ လိုအပ္တာျဖစ္ပါတယ္။ေႏြရာသီမွာ ေခၚလို႔ရႏိုင္မယ့္တိုက္စစ္မွဴးေတြရွိခဲ႔ေပမယ့္က်ြန္ေတာ္တို႔ လိုခ်င္တဲ႔သူတဦးတေယာက္မွာ မရွိခဲ႔တာျဖစ္ပါတယ္။

ရာႏွဳန္းျပည့္မေသခ်ာတဲ႔ ကစားသမားမ်ိဳးကို ေခၚယူဖို႔ျကိုးစားတာဟာ အဓိပၸါယ္မရွိပါဘူး။ကစားသမားတဦးကိုေခၚယူေတာ့မယ့္ဆိုရင္ အသင္းမွာအခ်ိန္အေတာ္ျကာကစားေပးမယ့္မွန္ကန္သင့္ေတာ္မယ့္သူေတြကို ေခၚယူႏိုင္ဖို႔ လိုတာျဖစ္ပါတယ္။ေရရွည္အတြက္စဥ္းစားရတဲ႔ကိစၥမ်ိဳးျဖစ္ပါတယ္ ” လို႔ေျပာသြားခဲ႔တာျဖစ္ပါတယ္။

SM

Unicode

အာဆင်နယ်နဲ့ပွဲစဉ်မတိုင်မီမှာယူနိုက်တက်ဖန်တွေအကြားချင်ဆုံးစကားတခွန်းကိုပြောဆိုလိုက်တဲ့ #ဆိုးလ်ရှား
=====================================

ပရီးမီးယားလိဂ် ပွဲစဉ် ရရဲ့ စိတ်ဝင်စားစရာအကောင်းဆုံး ပွဲစဉ် လည်းဖြစ် နောက်ဆုံး ပွဲစဉ်လည်းဖြစ်တဲ့ ယူနိုက်တက် အသင်းနဲ့ အာဆင်နယ်တို့့ရဲ့ ပွဲကြီးပွဲကောင်းကို ယနေ့ ည ညဉ့်နက်ပိုင်းမှာ ကစားသွားကြတော့မှာဖြစ်ပါတယ်။အိုးထရက်ဖို့ဒ်မှာနိုင်ပွဲမရတာကြာနေပြီဖြစ်တဲ့ အာဆင်နယ်တို့ ယူနိုက်တက် အသင်းရဲ့ လတ်တလောခြေစွမ်းဆိုးရွားနေမှုကို အသုံးချနိုင်ဖို့ရှိမရှိစောင့်ကြည့်ရမှာလည်းဖြစ်ပါတယ်။

ယူနိုက်တက် အသင်းဟာ နည်းပြဟောင်း မော်ရင်ဟိုကို ထုတ်ပယ်အပြီး တိုက်စစ်မှူးဟောင်းတဦးဖြစ်တဲ့ ဆိုးလ်ရှားကို တာဝန်ပေးထားခဲ့တာဖြစ်ပါတယ်။မော်ရင်ဟိုလက်ထက်မှာအဓိကပြသနာအဖြစ်ရှိခဲ့တဲ့ ခံစစ်ပိုင်းအတွက်လည်း မက်ဂွိုင်းယား၊ ဘစ်ဆာကာတို့လို ပရီးမီးယားလိဂ်အတွေ့အကြုံများတဲ့ လူငယ်ကြယ်ပွင့်တွေကို ခေါ်ယူပေးထားပါတယ်။

ဒါပေမယ့် ကစားသမားကောင်းတွေ မရှိတော့ တဲ့ ကွင်းလယ်ပိုင်းအတွက် တစုံတရာအားဖြည့်မှု မရှိခဲ့ပဲ ဆွမ်းဆီးလ်အသင်းရဲ့ လူငယ်တောင်ပံကစားသမားလေး ဒန်နီရယ်ဂျိန်းစ် တဦးတည်းကိုသာခေါ်ယူထားခဲ့တာဖြစ်ပါတယ်။ခံစစ်ပိုင်းအတွက် ပေါင်သန်း ၁၃၀ကျော်သုံးစွဲထားခဲ့ပေမယ့် ဒီရာသီပရီးမီးယားလိဂ်မှာ ပျမ်းမျှ တပွဲတဂိုး နှုန်းပေးထားခဲ့ရတာဖြစ်ပါတယ်။

ဒါ့အပြင် တိုက်စစ် ပိုင်းစွမ်းဆောင်ရည်ကလည်း အတော်လေးဆိုးရွားနေပြီး ချဲဆီးလ်အသင်းကို ၄-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့ ရာသီအဖွင့်ပွဲစဉ် နောက်ပိုင်းပြိုင်ပွဲစုံမှာ တဂိုးထက်ပိုသွင်းနိုင်တဲ့ ပွဲစဉ် မရှိထားခဲ့သေးတာဖြစ်ပါတယ်။လူကာကူ၊ ဆန်းချက်တို့ မရှိချိန်မှာ ရတ်ဖို့ဒ်၊ မာရှယ်တို့ကိုပဲ အားကိုးနေရပြီး လတ်တလောမှာ အဆိုပါကစားသမား၂ယောက်လုံးဒဏ်ရာပြသနာတွေရှိနေပါတယ်။

ဒါကြောင့်လည်း လူငယ်ကြယ်ပွင့်လေး ဂရင်းဝုဒ်ကို ပဲ ယနေ့ည ပွဲစဉ်မှာ ထပ်ပြီး ပွဲထုတ်သွားရဖို့ရှိနေတာဖြစ်ပါတယ်။အသင်းရဲ့ တိုက်စစ် အင်အားပြတ်လပ်မှုကို နည်းပြဆိုးလ်ရှားက သဘောပေါက်သွားပုံရပြီး ဇန်နဝါရီ စျေးကွက်အတွင်းမှာ တိုက်စစ်မှူး တဦးကိုရှာဖွေသွားတော့မှာဖြစ်တယ်လို့ထုတ်ပြောသွားခဲ့ပါတယ်။

အင်တာဗျူးတခုမှာ ဆိုးလ်ရှားက – ”
လူကာကူနဲ့ ဆန်းချက်တို့ကို ကျွန်တော်တို့ လက်လွှတ်ဖို့ ဆုံးဖြတ်လိုက်ချိန်မှာ နောက်ထပ် စျေးကွက်ဖွင့်ချိန်မှာ ကျွန်တော်တို့ အသင်း ခေါ်ယူသွားဖို့ရှိနေတဲ့ ကစားသမားက တိုက်စစ်မှူး တဦးဖြစ်တယ် ဆိုတာကို သိဖို့ အတွက် ခင်ဗျားတို့ အနေနဲ့ ဒုံးကျည်သိပ္ပံပညာ ရှင် တဦးတောင် ဖြစ်နေစရာမလိုပါဘူး။

ဒါပေမယ့်လည်း လူကာကူကို ထွက်ခွာချိန်တန်လို့ ခွင့်ပြုခဲ့တာဖြစ်ပြီး သူကိုယ်တိုင်ကလည်း သူဒီမှာမနေချင်တော့ဘူးဆိုတာကို သိနားလည်ပါတယ်။အသင်းမှာ မနေချင်တော့တဲ့ ကစားသမားတွေဆက်ရှိနေလို့ ဘာအဓိပ္ပါယ်ရှိမှာလဲဗျာ။

ကျွန်တော်တို့ ဟာဖန်တီးမှုတွေ သွင်းဂိုးတွေအတွက် တိုက်စစ်ကစားသမားတွေ ရှာဖွေနေတာဖြစ်ပြီး အဲ့ဒီတိုက်စစ် မှူးက အသင်းအတွက် မှန်ကန်သင့်တော်တဲ့ ကစားသမားမျိုးဖြစ်ဖို့ တော့ လိုအပ်တာဖြစ်ပါတယ်။နွေရာသီမှာ ခေါ်လို့ရနိုင်မယ့်တိုက်စစ်မှူးတွေရှိခဲ့ပေမယ့်ကျွန်တော်တို့ လိုချင်တဲ့သူတဦးတယောက်မှာ မရှိခဲ့တာဖြစ်ပါတယ်။

ရာနှုန်းပြည့်မသေချာတဲ့ ကစားသမားမျိုးကို ခေါ်ယူဖို့ကြိုးစားတာဟာ အဓိပ္ပါယ်မရှိပါဘူး။ကစားသမားတဦးကိုခေါ်ယူတော့မယ့်ဆိုရင် အသင်းမှာအချိန်အတော်ကြာကစားပေးမယ့်မှန်ကန်သင့်တော်မယ့်သူတွေကို ခေါ်ယူနိုင်ဖို့ လိုတာဖြစ်ပါတယ်။ရေရှည်အတွက်စဉ်းစားရတဲ့ကိစ္စမျိုးဖြစ်ပါတယ် ” လို့ပြောသွားခဲ့တာဖြစ်ပါတယ်။

SM